Truyen3h.Co

Unknown Girl

Final

KimFany059

#Zawgyi

Lisaနဲ႕ အတူ နန္းေတာ္က ထြက္မသြားခင္ Chaeyoung တစ္ေယာက္ သူမ မိဘေတြအတြက္ စာတစ္ေစာင္ ေရးထားခဲ့သည္

နန္းေတာ္နဲ႕သက္ဆိုင္သမွ် အရာအားလုံး နန္းေတာ္ထဲမွာဘဲ အတိတ္နဲ႕အတူတူ ထားခဲ့ၿပီး Lisaနဲ႕တကယ္ေပ်ာ္႐ႊင္မႈေတြ ရွိရာသို႔ Chaeyoung သြားေတာ့မည္

....လြတ္လပ္မႈမရွိဘဲ ခ်ဳပ္ႏွောင္ခံရတဲ့ Princesses Roseanne....ဘုရင္မျဖစ္ရမယ့္ တာဝန္ေတြအားလုံး ထားခဲ့ၿပီး Lisaကို ႐ူး႐ူးမူးမူး ခ်စ္ေနတဲ့ Chaeyoungဘဝသို႔ ျပန္သြားေတာ့မည္

နန္းေတာ္ထဲက ကားပါကင္တြင္ Lisaက ကားေ႐ြ႕ေနတုံး Chaeyoung ကေတာ့ လက္ႏွစ္ဖက္ကို ဆန့္တန္းၿပီး အသက္ဝဝ ရႈလိုက္သည္

Chaeyoung စိတ္ေရာကိုယ္ပါ ေပါ့ပါးသြားသလို ခံစားရသည္

ဂိတ္က အေစာင့္ေတြကို Chaeyoung ႏႈတ္ဆက္ၿပီး ကားေပၚသို႔ တက္လိုက္သည္

နန္းေတာ္ထဲကေန ကားကေမာင္းထြက္လာေတာ့ Chaeyoung ေပ်ာ္ၿပီး ထေအာ္ေလသည္

"Wow... အရမ္းေပ်ာ္တာဘဲ "

Lisaရဲ႕ ပခုံးေပၚ မွီခ်လိဳက္ၿပီး Chaeyoung ေျပာလိုက္သည္

"ေပ်ာ္လား Chae ေပ်ာ္ဖို႔က အဓိကပါဘဲ "

"ေနာက္ဆုံးေတာ့ တကယ္လြတ္လပ္သြားၿပီ ေက်းဇူးတင္ပါတယ္ Lisa. ...ငါ့ကို ဒီအက်ဥ္းေထာင္ထဲကေန ေခၚထုတ္ကယ္တင္ေပးသြားလို႔ "

"ငါ့ဘဝထဲ နင္ဝင္လာေပးတာကို ငါကေက်းဇူးတင္ေနတာ Chae. .."

Lisa ကားေမာင္းရင္း Chaeyoungရဲ႕ လက္ကေလးကိုယူနမ္းကာ ေျပာလိုက္သည္

"စိတ္ကို ေပါ့ပါးသြားတာဘဲ "

"ခဏအိပ္ခ်င္အိပ္လိုက္ေလ....တစ္ညလုံး စာထိုင္ေရးၿပီး အမေတြနဲ႕ ႏႈတ္ဆက္ထားရတာဆိုေတာ့ Chae ပင္ပန္းေနမွာေပါ့ "

"မအိပ္ခ်င္ပါဘူး ငါ့ရဲ႕ ေခ်ာေမာလွပခန့္ညားတဲ့ ခ်စ္သူေလး ကားေမာင္းတာကို ထိုင္ၾကည့္ခ်င္ေသးတာ "

"စကားေတြ အရမ္းတတ္ေနတာၾကည့္ "

Chaeyoung ရဲ႕ ႏွာေခါင္းေလးကို Lisa ဆြဲညွစ္ၿပီး ေျပာလိုက္သည္

Lisa ကားေမာင္းတာကိုဘဲ ထိုင္ၾကည့္မယ္လို႔ ေျပာတဲ့ Chaeyoung တစ္ေယာက္ မေန႕ညက ပင္ပန္းခဲ့လို႔ သိပ္မၾကာခင္ အိပ္ေပ်ာ္သြားသည္

Lisaလည္း ကားေမာင္းရင္း အိပ္ေပ်ာ္သြားတဲ့ ေကာင္မေလးကို ၾကည့္ၿပီး ၿပဳံးလိုက္သည္

"ဝွား ငါ အိပ္ေပ်ာ္သြားတာဘဲ "

Chaeyoung တစ္ေရးနိုးလာေတာ့ အေၾကာဆန့္တန္းၿပီး ေျပာလိုက္သည္

"ဟုတ္ပါ့ အိပ္ေရးေရာ ဝရဲ႕လား အခ်စ္ "

"ဝမယ္ထင္တယ္ "

"ဝေလာက္မွာပါ ေဟာက္တာလည္းဆူညံလို႔ "

Lisaရဲ႕ စကားေၾကာင့္ Chaeyoung ႏႈတ္ခမ္းစူသြားသည္

"Yah ငါမေဟာက္ပါဘူးေနာ္ "

"Haha. ..."

"ေရာက္ခါနီးၿပီလား...."

"မိနစ္ ၂၀ေလာက္လိုေသးတယ္...."

"ဟုတ္လား Hankကို ေတြ႕ခ်င္လွၿပီ...."

"မုန့္ဝယ္အုံးမလား ဒါမွမဟုတ္..."

"ဟင့္အင္း အိမ္ကို တန္းသြားၾကမယ္ "

Chaeyoung က အိမ္လို႔ သုံးႏႈန္းလို႔ Lisa တစ္ေယာက္ ေတာ္ေတာ္ၾကည္ႏူးသြားၿပီး ၿပဳံးလိုက္သည္

"ဘာလို႔ ၿပဳံးေနတာလည္း Lisa. ..."

"အိမ္လို႔ နင္ကေျပာလို႔ေလ ငါေတာ္ေတာ္ႏြေးေထြးသြားသလို ခံစားရလို႔....သေဘာက်တယ္ "

"နန္းေတာ္မွာေနရင္း ငါပိုသိသြားတယ္.... နင့္အိမ္က ငါ့အတြက္ အႏြေးေထြးဆုံးနဲ႕ အလုံၿခဳံဆုံးဘဲ သိလား....Lisa..... "

"ဟုတ္ပါၿပီ....."

"ေဟာ မိုးေတြ႐ြာလာပါလား "

႐ုတ္တရက္ ႐ြာခ်လာတဲ့ မိုးေတြေၾကာင့္ chaeyoung ကားျပတင္းေပါက္ အျပင္ဘက္သို႔ လက္ဆန့္တန္းကာ မိုးေရစက္ေတြကို လက္နဲ႕ခံေနသည္

"မိုးေတြ႐ြာတဲ့အခ်ိန္မွာ နင့္ကိုစသိခဲ့ရတာေနာ္ Lisa. ..မွတ္မိပါေသးတယ္ ငါေၾကာက္ၿပီး နင့္ဆီလာအိပ္ခဲ့တာကို "

"ဟုတ္ပါ့ အခုလည္း မိုးနတ္မင္းႀကီးက ငါတို႔ကို ေကာင္းခ်ီးေပးေနတာထင္တယ္ "

"ဟုတ္တယ္ ဟုတ္တယ္ ...မိုးနတ္မင္းႀကီးကေတာင္ ငါတို႔ကို သေဘာတူတယ္...."

ကေလးေလးတစ္ေယာက္လို လက္ခုပ္တီးကာ ေျပာေနတဲ့ Chaeyoungကို ၾကည့္ၿပီး Lisa အသည္းယားလြန္းလာလို႔ ကားကို လမ္းေဘးထိုးရပ္လိုက္သည္

"ဟင္ ဘာျဖစ္တာလည္း ကားပ်က္သြားတာလား "

"မဟုတ္ဘူး ငါနင့္ကို အရမ္းနမ္းခ်င္လာလို႔ ကားရပ္လိုက္တာ Chae. ..."

Lisa ေျပာၿပီး Chaeyoungရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

The end

တကယ္ဆို အရင္တပိုင္းကတည္းက ဇာတ္သိမ္းပါၿပီ😁က်ေနာ္ စာအပိုေလးထည့္ခ်င္လို႔ ထည့္ေရးလိုက္တာပါ အဆုံးထိ စိတ္ရွည္ရွည္နဲ႕ ဖတ္ေပးတဲ့သူမ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္

ေနာက္ထပ္ Chaelisa,Jensoo ficေလး ေရးထားတာရွိပါေသးတယ္ မၾကာမွီတင္ေပးပါမယ္ဗ်ိဳ႕ အားလုံးဘဲ stay safeပါ. သဘာဝေဘးအႏၱရာယ္ ကိုဗစ္အႏၱရာယ္ ေခြးအႏၱရာယ္ကင္းေဝးၾကပါေစ

#unicode

Lisaနဲ့ အတူ နန်းတော်က ထွက်မသွားခင် Chaeyoung တစ်ယောက် သူမ မိဘတွေအတွက် စာတစ်စောင်​ ရေးထားခဲ့သည်

နန်းတော်နဲ့သက်ဆိုင်သမျှ အရာအားလုံး နန်းတော်ထဲမှာဘဲ အတိတ်နဲ့အတူတူ ထားခဲ့ပြီး Lisaနဲ့တကယ်ပျော်ရွှင်မှုတွေ ရှိရာသို့ Chaeyoung သွားတော့မည်

....လွတ်လပ်မှုမရှိဘဲ ချုပ်နှောင်ခံရတဲ့ Princesses Roseanne....ဘုရင်မဖြစ်ရမယ့် တာဝန်တွေအားလုံး ထားခဲ့ပြီး Lisaကို ရူးရူးမူးမူး ချစ်နေတဲ့ Chaeyoungဘဝသို့ ပြန်သွားတော့မည်

နန်းတော်ထဲက ကားပါကင်တွင် Lisaက ကားရွေ့နေတုံး Chaeyoung ကတော့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အသက်ဝဝ ရှုလိုက်သည်

Chaeyoung စိတ်ရောကိုယ်ပါ ပေါ့ပါးသွားသလို ခံစားရသည်

ဂိတ်က အစောင့်တွေကို Chaeyoung နှုတ်ဆက်ပြီး ကားပေါ်သို့ တက်လိုက်သည်

နန်းတော်ထဲကနေ ကားကမောင်းထွက်လာတော့ Chaeyoung ပျော်ပြီး ထအော်လေသည်

"Wow... အရမ်းပျော်တာဘဲ "

Lisaရဲ့ ပခုံးပေါ် မှီချလိုက်ပြီး Chaeyoung ပြောလိုက်သည်

"ပျော်လား Chae ပျော်ဖို့က အဓိကပါဘဲ "

"နောက်ဆုံးတော့ တကယ်လွတ်လပ်သွားပြီ ကျေးဇူးတင်ပါတယ် Lisa. ...ငါ့ကို ဒီအကျဥ်းထောင်ထဲကနေ ခေါ်ထုတ်ကယ်တင်ပေးသွားလို့ "

"ငါ့ဘဝထဲ နင်ဝင်လာပေးတာကို ငါကကျေးဇူးတင်နေတာ Chae. .."

Lisa ကားမောင်းရင်း Chaeyoungရဲ့ လက်ကလေးကိုယူနမ်းကာ ပြောလိုက်သည်

"စိတ်ကို ပေါ့ပါးသွားတာဘဲ "

"ခဏအိပ်ချင်အိပ်လိုက်လေ....တစ်ညလုံး စာထိုင်ရေးပြီး အမတွေနဲ့ နှုတ်ဆက်ထားရတာဆိုတော့ Chae ပင်ပန်းနေမှာပေါ့ "

"မအိပ်ချင်ပါဘူး ငါ့ရဲ့ ချောမောလှပခန့်ညားတဲ့ ချစ်သူလေး ကားမောင်းတာကို ထိုင်ကြည့်ချင်သေးတာ "

"စကားတွေ အရမ်းတတ်နေတာကြည့် "

Chaeyoung ရဲ့ နှာခေါင်းလေးကို Lisa ဆွဲညှစ်ပြီး ပြောလိုက်သည်

Lisa ကားမောင်းတာကိုဘဲ ထိုင်ကြည့်မယ်လို့ ပြောတဲ့ Chaeyoung တစ်ယောက် မနေ့ညက ပင်ပန်းခဲ့လို့ သိပ်မကြာခင် အိပ်ပျော်သွားသည်

Lisaလည်း ကားမောင်းရင်း အိပ်ပျော်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး ပြုံးလိုက်သည်

"ဝှား ငါ အိပ်ပျော်သွားတာဘဲ "

Chaeyoung တစ်ရေးနိုးလာတော့ အကြောဆန့်တန်းပြီး ပြောလိုက်သည်

"ဟုတ်ပါ့ အိပ်ရေးရော ဝရဲ့လား အချစ် "

"ဝမယ်ထင်တယ် "

"ဝလောက်မှာပါ ဟောက်တာလည်းဆူညံလို့ "

Lisaရဲ့ စကားကြောင့် Chaeyoung နှုတ်ခမ်းစူသွားသည်

"Yah ငါမဟောက်ပါဘူးနော် "

"Haha. ..."

"ရောက်ခါနီးပြီလား...."

"မိနစ် ၂၀လောက်လိုသေးတယ်...."

"ဟုတ်လား Hankကို တွေ့ချင်လှပြီ...."

"မုန့်ဝယ်အုံးမလား ဒါမှမဟုတ်..."

"ဟင့်အင်း အိမ်ကို တန်းသွားကြမယ် "

Chaeyoung က အိမ်လို့ သုံးနှုန်းလို့ Lisa တစ်ယောက် တော်တော်ကြည်နူးသွားပြီး ပြုံးလိုက်သည်

"ဘာလို့ ပြုံးနေတာလည်း Lisa. ..."

"အိမ်လို့ နင်ကပြောလို့လေ ငါတော်တော်နွေးထွေးသွားသလို ခံစားရလို့....သဘောကျတယ် "

"နန်းတော်မှာနေရင်း ငါပိုသိသွားတယ်.... နင့်အိမ်က ငါ့အတွက် အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးဘဲ သိလား....Lisa..... "

"ဟုတ်ပါပြီ....."

"ဟော မိုးတွေရွာလာပါလား "

ရုတ်တရက် ရွာချလာတဲ့ မိုးတွေကြောင့် chaeyoung ကားပြတင်းပေါက် အပြင်ဘက်သို့ လက်ဆန့်တန်းကာ မိုးရေစက်တွေကို လက်နဲ့ခံနေသည်

"မိုးတွေရွာတဲ့အချိန်မှာ နင့်ကိုစသိခဲ့ရတာနော် Lisa. ..မှတ်မိပါသေးတယ် ငါကြောက်ပြီး နင့်ဆီလာအိပ်ခဲ့တာကို "

"ဟုတ်ပါ့ အခုလည်း မိုးနတ်မင်းကြီးက ငါတို့ကို ကောင်းချီးပေးနေတာထင်တယ် "

"ဟုတ်တယ် ဟုတ်တယ် ...မိုးနတ်မင်းကြီးကတောင် ငါတို့ကို သဘောတူတယ်...."

ကလေးလေးတစ်ယောက်လို လက်ခုပ်တီးကာ ပြောနေတဲ့ Chaeyoungကို ကြည့်ပြီး Lisa အသည်းယားလွန်းလာလို့ ကားကို လမ်းဘေးထိုးရပ်လိုက်သည်

"ဟင် ဘာဖြစ်တာလည်း ကားပျက်သွားတာလား "

"မဟုတ်ဘူး ငါနင့်ကို အရမ်းနမ်းချင်လာလို့ ကားရပ်လိုက်တာ Chae. ..."

Lisa ပြောပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

The end

တကယ်ဆို အရင်တပိုင်းကတည်းက ဇာတ်သိမ်းပါပြီ😁ကျနော် စာအပိုလေးထည့်ချင်လို့ ထည့်ရေးလိုက်တာပါ အဆုံးထိ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတဲ့သူများကို ကျေးဇူးအများကြီးတင်ပါတယ် ❤

နောက်ထပ် Chaelisa,Jensoo ficလေး ရေးထားတာရှိပါသေးတယ် မကြာမှီတင်ပေးပါမယ်ဗျို့ အားလုံးဘဲ stay safeပါ. သဘာဝဘေးအန္တရာယ် ကိုဗစ်အန္တရာယ် ခွေးအန္တရာယ်ကင်းဝေးကြပါစေ

Bạn đang đọc truyện trên: Truyen3h.Co