Truyen3h.Co

Unknown Girl

Part 27

KimFany059

#Unicode

Lisa ဆေးရုံကဆင်းခွင့်ရပြီးနောက် နန်းတော်မှာဘဲ ခဏအနားယူဖို့ ဘုရင်ကြီးက တောင်းဆိုထားသည်

Lisa နန်းတော်ထဲရှိနေတဲ့အတောအတွင်း ဘုရင်နဲ့မိဘုရားက လာတွေ့ပြီး တောင်းပန်ပေမယ့် Chaeyoungက တစ်ခါမှ သူမကို လာမတွေ့သောကြောင့် Lisa စဥ်းစားရခက်နေသည်

သတိပြန်ရရချင်း Chaeyoungက သူမဘေးနားမှာရှိနေမယ်လို့ Lisa ထင်မိခဲ့ပေမယ့် မျက်လုံးဖွင့်ဖွင့်ချင်း သူမကို မအီမသာကြည့်နေတဲ့ သူမရဲ့အမေကိုသာ Lisa တွေ့ခဲ့ရသည်

"Chaw သတိရပြီးကတည်းက ခုထိ တစ်ပတ်တောင်ကြာပြီ ဒါပေမယ့် Chaeyoungကို အရိပ်လေးတောင်မတွေ့ရသေးဘူး ဘာဖြစ်လို့လည်း  Unnie "

Lisa သိချင်စိတ်နဲ့ Taeyeonကို မေးလိုက်သည်

"သူ သူက "

"သူက သမီးနဲ့ လမ်းခွဲလိုက်ပြီ "

Taeyeonရဲ့ စကားကို သူမတို့ရဲ့ အမေဖြစ်သူက ဖြတ်ပြောလိုက်သည်

"ဟင် "

"သူ့ကြောင့် သမီး အခုလို မသေရုံတမယ်ဖြစ်ရတာလေ Lisa အဲ့တာကြောင့် သမီးကောင်းဖို့ဆိုပြီး လမ်းခွဲလိုက်တာပါလို့ Ommaကို ပြောခိုင်းလိုက်တာ "

သူမ အမေပြောတာတွေ နားထောင်ပြီး Lisa မယုံသက်ာဖြစ်လာသည်

"သူက အဲ့လိုပြောခိုင်းတာ သေချာလို့လား "

"သေချာချာ မသေချာချာ သမီးတို့ နှစ်ယောက်က မိန်းကလေးဖြစ်တာရော အခြေအနေချင်းမတူလို့ လမ်းခွဲမှဖြစ်မယ် အခုလည်း သမီးသက်သာလာပြီဆိုတော့ ဒီကနေထွက်ပြီး အိမ်ပြန်ကြမယ် "

Lisa တစ်ယောက် အရင်က သူ့အမေပြောသမျှ နားထောင်တဲ့ Mama girl ဖြစ်ပေမယ့် ယခုတော့ သူ့အမေစကား နားထောင်ဖို့ ထက် Chaeyoungကို တွေ့ချင်စိတ်က ပိုပြင်းပြနေမိသည်

"သူ့ကို ပြန်တွဲဖို့မစဥ်းစားနဲ့ Lisa Omma သဘောမတူဘူးနော် သူ့အကြောင်းမတွေးဘဲ နားနားနေနေလေးနေ ကြားလား Omma ခဏ သန့်စင်ခန်းသွားအုံးမယ် "

Lisa သူမအမေထွက်သွားတော့ Taeyeonကို လှမ်းကြည့်လိုက်သည်

"Unnie ဘာတွေဖြစ်ခဲ့တာလည်းဆိုတာ အမှန်တိုင်းပြောပြပါလား "

"Lisa. ...."

Taeyeonမှာ ပြောသင့်မပြောသင့်စဥ်းစားနေသည်

"Unnie. ..chaw တို့ကြား ဘာလျှိူ့ဝှက်ချက်မှ မထားဘူးလို့ ကတိပေးထားတယ်လေ....လုပ်ပါ ပြောပြပါ ....chaw သတိရကတည်းက Chaeyoungကို မတွေ့ရဘူးလေ.....အရာအားလုံးက ပုံမှန်မဟုတ်သလို ခံစားရတယ်"

"Ommaက Chaeyoungကို သူ့ကြောင့် နင် သေနတ်နဲ့ပစ်ခံရတာဆိုပြီး နင်နဲ့လမ်းခွဲဖို့ ဖိအားပေးခဲ့တာ....."

Taeyeon သက်ပြင်းချပြီး ပြောလိုက်သည်

"What the fuck "

Taeyeon ပြောတာ ကြားပြီး Lisa ကျိန်ဆဲလိုက်မိသည်

"Chaeyoung ဒေါသထွက်နေတဲ့ပုံပေါ်ပေမယ့် ဝမ်းနည်းနေတဲ့ပုံလည်းပေါ်တယ်သိလား သူထွက်မသွားခင် နင့်ကိုကြည့်ပြီး ငိုရင်း စကားတွေပြောနေသေးတာ "

"ချီးဘဲ "

Lisa ထပ်ပြီး ကျိန်ဆဲရင်း သူမလက်က အားဆေးသွင်းထားတဲ့ ဆေးထိုးပိုက်ကိုဖြုတ်လိုက်သည်

"Lisa ဘာလုပ်မလို့လည်း "

"Chaeyoungကို သွားရှာမလို့ Chaw သူနဲ့လုံးဝလမ်းမခွဲနိုင်ဘူး "

"ဒါပေမယ့် Ommaကျတော့ရော...."

"မသိဘူးဟာ "

Lisa ကုတင်ပေါ်ကဆင်းပြီး အခန်းထဲကို ဝင်လာတဲ့ သူမအမေကို ကြည့်လိုက်သည်

"သမီး ဘယ်သွားမလို့လည်း "

"ဘာလို့လည်း Omma. ..ဘာလို့ ဒီလိုလုပ်ရတာလည်း "

"Lisa သမီး ဘာပြောနေတာလည်း "

"Chaeyoung ကို ဘာလို့ Chawနဲ့ လမ်းခွဲခိုင်းရတာလည်း သူ့အမှားမှ မဟုတ်တာ "

"Chaeyoungကြောင့် သမီး ခုလိုဆေးရုံတက်ရတာကို ဘာလို့ခုထိ ကာကွယ်ပေးနေတာလည်း Lisa "

"ကျေးဇူးပြုပြီး Omma. ..Chaw က အရွယ်ရောက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေပါပြီ Chaw ဆုံးဖြတ်ချက်အတိုင်းလုပ်မှာမို့ Chaeyoungနဲ့ လမ်းခွဲဖို့ လုံးဝသဘောမတူပါဘူး "

"ငါက နင့်အမေနော် Lisa "

"Chawကလည်း Chaeyoungကို ရူးရူးမူးမူးချစ်မိနေပြီ ဘယ်လိုလုပ်ရမလဲ "

"Lalisa "

"တောင်းပန်ပါတယ် Omma. ..ဒီတစ်ခါတော့ Omma စကားနားမထောင်နိုင်တော့ဘူး Chaw နှလုံးသားကိုဘဲ ရွေးချယ်ပါမယ် "

Lisa သူမဖြစ်ချင်တာပြောပြီး Chaeyoungကို ရှာဖို့ အခန်းထဲက ထွက်လာခဲ့သည်

Chaeyoungကို နန်းတော်နေရာအနှံ့လိုက်ရှာပေမယ့် မတွေ့ရပေ

နောက်ဆုံး သူမစိတ်ညစ်ရင်လာနေကြ စာကြည့်တိုက်ဆီသို့ Lisaရောက်လာတော့ စာကြည့်တိုက်ထဲ မတ်တပ်ရပ်ကာ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေတဲ့ Chaeyoung ကိုတွေ့ရသည်

Chaeyoungကို တွေ့ရတော့ Lisa အရမ်းပျော်ပြီး Chaeyoungရဲ့ နောက်ကျောလေးကို ပြေးဖက်လိုက်သည်

"Chaeyoung "

Chaeyoung တစ်ယောက် ရုတ်တရက် အဖက်ခံရလို့ လန့်ပြီး တုန်သွားသည်

"Li. ..Lisa ဒီကို ဘယ်လိုရောက်လာတာလည်း "

"အရမ်းလွမ်းနေခဲ့တာသိလား "

Chaeyoungကို သူမဘက်သို့ Lisa ဆွဲလှည့်လိုက်သည်

"ဘယ်သူက နင့်ကိုလမ်းခွဲဖို့ ခွင့်ပြုထားလို့လည်း ဘာလို့ ငါ့ကို အလွယ်တကူလက်လွှတ်ပေးရတာလည်း...."

"Lisa.... နင်က ငါ့ထက်ပိုကောင်းတဲ့သူနဲ့ဘဲ ထိုက်တန်ပါတယ် "

"ဘာတွေပြောနေတာလည်း Chaeyoung ရယ် "

"နင့်အမေ စိတ်ပူနေလိမ့်မယ် ပြန်တော့ "

"မပြန်ဘူး Unnieက ငါ့ကို အကုန်ပြောပြထားတယ်....."

"နင့်အမေ ပြောသလိုဘဲ ငါ့ကြောင့် နင်သေနတ်နဲ့ပစ်ခံရတာလေ "

"မဟုတ်တာ Chaeရယ် ငါ့အမေပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ် "

"သွားပါတော့ ငါ...ငါနဲ့နင် အတူရှိနေရင် နင်ဘဲထိခိုက်ရမှာ "

"နင်ငါ့ကိုတကယ်သွားခိုင်းနေတာလား..  ကောင်းပြီ ဒါဆို နင်မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ငါပျော်နေတာကို နင်ကြည့်နိုင်လား နင်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ရဲ့ လက်ကို ငါတွဲထားတာရော နင်ကြည့်နိုင်လား ...."

Lisaက မေးတော့ Chaeyoung ဘာမှမဖြေဘဲ Lisaကို ကျောပေးလိုက်သည်

"ကောင်းပြီလေ နင့်ဆုံးဖြတ်ချက်ကို နောင်တမရဖို့ ငါမျှော်လင့်ပါတယ် "

Lisa ပြောပြီး လှည့်ထွက်သွားမယ်လုပ်တော့ Lisaရဲ့ နောက်ကျောလေးကို Chaeyoung ပြေးဖက်ပြီး ငိုလိုက်သည်

"ငါ မုန်းတယ်သိလား နင်တစ်ခြားသူနဲ့ ပျော်ရွှင်နေတာကိုတွေးမိရုံနဲ့တင် ငါအရမ်းမုန်းတယ်"

"Chae. .."

"ကျေးဇူးပြုပြီး ငါ့ကိုထားမသွားပါနဲ့ ...."

Lisaမှာ Chaeyoung ဘက်ကိုလှည့်လာပြီး မျက်ရည်တွေကိုသုတ်ပေးကာ

"ငါ နင့်ကိုဘယ်တော့မှ ထားမသွားပါဘူး ခုနက ငါနင့်ကို စမ်းသပ်ကြည့်တာပါ....ငါနင့်ကို အရာအားလုံးထက် ပိုချစ်တယ် Chae... "

Lisa ပြောပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

#tbc

#zawgyi






"သူ သူက "



"ဟင် "









"Lisa. ...."


"Unnie. ..chaw တို့ကြား ဘာလျှို့ဝှက်ချက်မှ မထားဘူးလို့ ကတိပေးထားတယ်လေ....လုပ်ပါ ပြောပြပါ ....chaw သတိရကတည်းက Chaeyoungကို မတွေ့ရဘူးလေ.....အရာအားလုံးက ပုံမှန်မဟုတ်သလို ခံစားရတယ်"



"What the fuck "



"ချီးဘဲ "


"Lisa ဘာလုပ်မလို့လည်း "



"မသိဘူးဟာ "








"ငါက နင့်အမေနော် Lisa "


"Lalisa "






"Chaeyoung "


















"Chae. .."





#tbc

Bạn đang đọc truyện trên: Truyen3h.Co