Part 1
#Unicode
Lisa တစ်ယောက် သူ့သူငယ်ချင်း Jisoo, Seulgi ရယ် Wendyနဲ့ Jeongyeonတို့နဲ့အတူ သူမတို့ မြို့ပြင်က ပင်လယ်ကမ်းခြေတွင် အပန်းလာဖြေနေကြသည်
"အားလုံးဘဲ အချစ်ရေး အဆင်ပြေကြရဲ့လား "
အဖွဲ့ထဲက စျေးဦးပေါက် ပထမဆုံး ရည်းစားရသွားတဲ့ Jeongyeon ကမေးတော့ Seulgi က ခေါင်းညိတ်ပြသည်
Jeongyeonရဲ့ တိုက်တွန်းမှုကြောင့် Ireneနဲ့ Seulgi ရည်းစားဖြစ်ခဲ့တာလေ
"ပြေတော့ပြေပါတယ် ဒါပေမယ့်ဟာ တစ်ခါတစ်ခါ ငါ့ Mandu က တအား သဝန်တိုတာဟာ သူ သဝန်တိုပြီး ထင်ရာလျှောက်ပြောတဲ့အခါမျိုးဆို ငါတော်တော် စိတ်ထိန်းထားရတယ် "
"Haha Nayeonလည်း အဲ့လိုပါဘဲ သူ့ရှေ့မှာ တစ်ခြားသူကို မတော်တဆလေးတောင် မကြည့်ရဲဘူးဟေ ကြည့်မိတာနဲ့ ဗိုက်ကြောပြတ်ပြီသာမှတ် "
Jeongyeon ဘီယာဗူးကို ဖောက်ရင်း ရယ်ပြီး ပြောနေသည်
ရှေ့နေဖြစ်ဖို့ ကျောင်းတက်နေရတာနဲ့ ရည်းစားမထားအားသေးတဲ့ Lisaလေးကတော့ သူ့သူငယ်ချင်းတွေ ပြောတာကို အမြည်းစားရင်း နားထောင်နေသည်
"Lisa နင်ရော ရည်းစားမထားသေးဘူးလား "
Jisoo မေးတော့ Lisa ခေါင်းခါပြသည်
"ကျောင်းမပြီးသေးဘူးလေ ပြီးတော့ ရည်းစားထားဖို့လည်း စိတ်မပါသေးပါဘူးဟာ "
"နင်ကသာ စိတ်မပါနေ နင်နဲ့တွဲချင်တဲ့သူတွေက တစ်ပုံကြီး "
"အင်း ငါစိတ်ပါတဲ့တစ်နေ့ အကုန်လုံးကို ထည်လဲတွဲပစ်မယ် '
Lisaရဲ့ စကားကြောင့် Seulgi တို့ ရယ်လိုက်ကြသည်
"အထည်လဲတွဲတာထက် အတည်တကျတွဲဖို့သာ တွေးစမ်းပါ....."
"ငါ့ကို ဆရာမကြီး လာမလုပ်စမ်းပါနဲ့ ဂျပုရာ "
"ဘာ ငါ့ကို ဂျပုလို့ပြောတယ် ဟုတ်လား နင်သေပေတော့ "
Jisooမှာ သူမကို ဂျပုလို့ပြောတဲ့ Lisaကို လိုက်ရိုက်တော့ Lisaမှာ ဖိနပ်ချွတ်ပြီး ကမ်းစပ်ဘက် ပြေးသွားလေသည်
Jisooကို လှည့်ပြီး ပြောင်ပြရင်း Lisaမှာ တစ်ခုခုကို ခလုတ်တိုက်မိပြီး လဲသွားလေသည်
"အား ဘာကြီးလည်း "
Lisa လဲကျရာကနေ ထပြီး သူမ ခလုတ်တိုက်မိတဲ့အရာကို ကြည့်တော့ လူတစ်ယောက် လဲနေတာကို တွေ့လိုက်ရသည်
"Oh my god ဘာကြီးလည်း "
Jisooရဲ့ အော်သံကြောင့် ဘီယာထိုင်သောက်နေတဲ့ Seulgiတို့ပါ ထလာပြီး ကြည့်ရသည်
Lisa ဆံပင်တွေကို ဖယ်ကြည့်တော့ မျက်နှာမှာဒဏ်ရာတွေနဲ့ ယောင်ကိုင်းနေသည်
"မိန်းကလေးဟ "
"ဒီမှာ Excuse Me. ..."
Lisaမှာ ကောင်မလေးကို ပုတ်ပြီး ခေါ်ပေမယ့် ဘာတုံ့ပြန်မှုမှ မရပေ
လက်ကောက်ဝတ်ကိုစမ်းကြည့်တော့ Lisa သွေးခုန်နှုန်းကို သတိထားမိသွားတယ်
"သူ မသေသေးဘူး အသက်ရှိသေးတယ် သူ သတိမေ့နေတာဘဲ "
Seulgiတို့ ဘေးနားဝန်းကျင်ကို ကြည့်တော့ ဘယ်သူ့ကိုမှ မတွေ့ရပေ
"သူ့ကို ဆေးရုံခေါ်သွားသင့်လား "
"Lisa ဆေးရုံက ငါတို့နဲ့ အဝေးကြီးဘဲ တစ်နာရီကျော်ကျော်လောက် သွားရမှာနော် "
"Jeongyeonပြောတာ မှန်တယ် ငါတို့ သူ့ကို ဒီတိုင်းထားခဲ့လိုက်ရအောင် "
"သူ့ကို ကယ်လို့မရဘူးလား "
"သူ့ကို ကယ်လို့ ရပါတယ် ဒါပေမယ့် သူက ငါတို့ကို အန္တရာယ် ပေးလာရင်ရော"
Jisoo မေးတော့ Lisa သက်ပြင်းချပြီး
"အဲ့တာလည်း ဟုတ်ပါတယ် ဒါပေမယ့် သူ့နေရာမှာ ငါတို့ ဖြစ်ခဲ့ရင်ရော....တစ်စုံတစ်ယောက်က ကူညီတာတော့ လိုချင်မှာဘဲလေ ...."
Lisaမှာ သတိမေ့နေတဲ့ ကောင်မလေးကို ကူညီချင်နေသည်
"နင်တို့ တစ်ယောက်ယောက် သူ့ကိုခေါ်ထားလို့ မရဘူးလားဟင် "
"Jennie Kimရဲ့ လက်ချက်နဲ့ မသေပါရစေနဲ့ Lisaရယ် "
"ဟင့်အင်း Nayeon လက်သံကြောက်တယ် "
"အာ..... Irene လက်ထဲက ငါ့ကိုအရင်ကယ်နိုင်မယ်ဆို.....လာပါဟာ ထားခဲ့လိုက်ပါ သူ့ကို ဘယ်သူမှ မမြင်ခင် သွားကြစို့.."
မယားကြောက် သူငယ်ချင်း သုံးယောက်လုံးက အသေငြင်းနေကြလို့ Lisa သက်ပြင်းချလိုက်သည်
"အင်း ငါတို့ ကယ်ရင်တောင် ဘာမှန်းသိတာ မဟုတ်လို့ အမှုပတ်နိုင်တယ်....တစ်ယောက်ယောက်က လာကယ်ပါလိမ့်မယ်လေ "
Lisaလည်း ထွက်သွားတဲ့ Seulgiတို့နောက် လိုက်သွားရင်း.....ဒဏ်ရာတွေနဲ့ ကောင်မလေးကို မြင်ယောင်ပြီး တစ်ယောက်တည်း ထားခဲ့ရတာ အပြစ်ရှိသလို ခံစားရလို့ အနောက်ကို ပြန်လှည့်လိုက်သည်
"Lisa ဘာလုပ်တာလည်း "
"ငါ မကောင်းသလို ခံစားရလို့.....အသက်ရှိသေးတဲ့သူကို ပစ်မထားချင်ဘူး တစ်ခြားသူတွေလည်း ငါတို့လိုတွေးပြီး ပစ်သွားရင် ဘယ်လိုလုပ်မလည်း မဖြစ်ပါဘူး "
Lisa ပြောပြီး ကောင်မလေးကို ပွေ့ချီလိုက်သည်
"သူ့ကို ငါ့အိမ်မှာခေါ်ထားမယ် ငါ့အကိုကိုပြောကြည့်မယ် "
"နင် သူရဲကောင်းလုပ်နေတာဘဲ "
"ငါ သူရဲကောင်းလုပ်နေတာ မဟုတ်ဘူး Jeong. ..သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ကိုကယ်တာ...Jisoo နင် ငါ့ကားကို ဒီထိ မောင်းလာလို့ရလား "
Jisoo ခေါင်းညိတ်ပြသည်
"ဘောင်းဘီအိတ်ထဲ သော့ရှိတယ် ယူပြီး ဒီကိုမောင်းလာပေးပါ "
"ဟုတ်ပြီ "
Jisoo ခေါင်းညိတ်ပြီး Lisa ဘောင်းဘီအိတ်ထဲက ကားသော့ကို ယူလိုက်သည်
"ငါ Jisooတို့နဲ့ လိုက်သွားလိုက်မယ်နော် Lisa "
"အင်း အင်း ဟုတ်ပြီ "
Lisaမှာ ကောင်မလေးကို ကားပေါ်တင်လိုက်တော့ Seulgiတို့မှာ Jisooရဲ့ကားနဲ့ဘဲ လိုက်လာခဲ့မယ်လို့ ပြောသည်
Lisaလည်း ခေါင်းညိတ်ပြပြီး ကောင်မလေးကို သူ့အိမ်သို့ ခေါ်လာသည်
အိမ်ကိုရောက်တော့ ဆရာဝန်ဖြစ်တဲ့ သူ့အမကို ဖုန်းဆက်ခေါ်လေသည်
"Hello Lisa "
"Taeyeon Unnie...Chaw အခန်းထဲမှာ စိုရွဲနေတဲ့ ကောင်မလေးတစ်ယောက်ရောက်နေတာ "
"အဲ့ စိုရွဲနေတဲ့ ကောင်မလေးက ငါနဲ့ ဘာဆိုင်လို့လည်း Lisaရ.... "
"အာ Unnie ကတော့ ပေါက်ကရတွေ ပြောပြန်ပြီ Wap နားထောင်တာ လျော့ ...အခုက ရေတွေ စိုရွဲနေတဲ့ ကောင်မလေးကို ပြောတာ "
"Aww မသိဘူးလေ နင်က စကားကို သေချာမှ မပြောတာ "
"Unnie နဲ့တော့ စိတ်ညစ်တယ် ဒီလို Seulgiတို့နဲ့ ကမ်းခြေဘက် ခဏအလည်သွားတာ ကမ်းစပ်မှာ ဒဏ်ရာတွေနဲ့ သတိမေ့နေတဲ့ ကောင်မလေးကို တွေ့လို့ ကယ်မယ့်သူမရှိတာနဲ့ ခေါ်လာခဲ့တာ ဆေးရုံကိုလည်း အမှုပတ်မှာဆိုးလို့ ခေါ်မသွားရဲဘူးရယ် အဲ့တာမို့ Unnie အားရင် လာကြည့်ပေးပါအုံး "
"အင်း အင်း ငါလာကြည့်ပေးမယ် လောလောဆယ် သူ့ကို အဝတ်အစားလဲပေးထားလိုက် ရေစိုဝတ်နဲ့ဆို သူဖျားနိုင်တယ် "
"ရှင် Chawက လဲပေးရမှာလား "
"နင်မလဲပေးလို့ နင့်အိမ်စောင့်နတ်က သူ့ကိုလဲပေးရမှာလား "
"အာ ရှက်စရာ "
"မိန်းကလေးချင်း အတူတူဘဲ ဘာမှရှက်မနေနဲ့ ဒါဘဲ ငါအခုထွက်လာပြီ "
Taeyeon ပြောပြီး ဖုန်းချတော့ ကောင်မလေးကို အဝတ်ဘယ်လို လဲပေးရမလည်းဆိုပြီး Lisa တွေးရင်း ရှက်လာသည်
#Tbc
#zawgyi
Lisa တစ္ေယာက္ သူ႕သူငယ္ခ်င္း Jisoo, Seulgi ရယ္ Wendyနဲ႕ Jeongyeonတို႔နဲ႕အတူ သူမတို႔ ၿမိဳ႕ျပင္က ပင္လယ္ကမ္းေျခတြင္ အပန္းလာေျဖေနၾကသည္
"အားလုံးဘဲ အခ်စ္ေရး အဆင္ေျပၾကရဲ႕လား "
အဖြဲ႕ထဲက ေစ်းဦးေပါက္ ပထမဆုံး ရည္းစားရသြားတဲ့ Jeongyeon ကေမးေတာ့ Seulgi က ေခါင္းညိတ္ျပသည္
Jeongyeonရဲ႕ တိုက္တြန္းမႈေၾကာင့္ Ireneနဲ႕ Seulgi ရည္းစားျဖစ္ခဲ့တာေလ
"ေျပေတာ့ေျပပါတယ္ ဒါေပမယ့္ဟာ တစ္ခါတစ္ခါ ငါ့ Mandu က တအား သဝန္တိုတာဟာ သူ သဝန္တိုၿပီး ထင္ရာေလွ်ာက္ေျပာတဲ့အခါမ်ိဳးဆို ငါေတာ္ေတာ္ စိတ္ထိန္းထားရတယ္ "
"Haha Nayeonလည္း အဲ့လိုပါဘဲ သူ႕ေရွ႕မွာ တစ္ျခားသူကို မေတာ္တဆေလးေတာင္ မၾကည့္ရဲဘူးေဟ ၾကည့္မိတာနဲ႕ ဗိုက္ေၾကာျပတ္ၿပီသာမွတ္ "
Jeongyeon ဘီယာဗူးကို ေဖာက္ရင္း ရယ္ၿပီး ေျပာေနသည္
ေရွ႕ေနျဖစ္ဖို႔ ေက်ာင္းတက္ေနရတာနဲ႕ ရည္းစားမထားအားေသးတဲ့ Lisaေလးကေတာ့ သူ႕သူငယ္ခ်င္းေတြ ေျပာတာကို အျမည္းစားရင္း နားေထာင္ေနသည္
"Lisa နင္ေရာ ရည္းစားမထားေသးဘူးလား "
Jisoo ေမးေတာ့ Lisa ေခါင္းခါျပသည္
"ေက်ာင္းမၿပီးေသးဘူးေလ ၿပီးေတာ့ ရည္းစားထားဖို႔လည္း စိတ္မပါေသးပါဘူးဟာ "
"နင္ကသာ စိတ္မပါေန နင္နဲ႕တြဲခ်င္တဲ့သူေတြက တစ္ပုံႀကီး "
"အင္း ငါစိတ္ပါတဲ့တစ္ေန႕ အကုန္လုံးကို ထည္လဲတြဲပစ္မယ္ '
Lisaရဲ႕ စကားေၾကာင့္ Seulgi တို႔ ရယ္လိုက္ၾကသည္
"အထည္လဲတြဲတာထက္ အတည္တက်တြဲဖို႔သာ ေတြးစမ္းပါ....."
"ငါ့ကို ဆရာမႀကီး လာမလုပ္စမ္းပါနဲ႕ ဂ်ပဳရာ "
"ဘာ ငါ့ကို ဂ်ပဳလို႔ေျပာတယ္ ဟုတ္လား နင္ေသေပေတာ့ "
Jisooမွာ သူမကို ဂ်ပဳလို႔ေျပာတဲ့ Lisaကို လိုက္ရိုက္ေတာ့ Lisaမွာ ဖိနပ္ခြၽတ္ၿပီး ကမ္းစပ္ဘက္ ေျပးသြားေလသည္
Jisooကို လွည့္ၿပီး ေျပာင္ျပရင္း Lisaမွာ တစ္ခုခုကို ခလုတ္တိုက္မိၿပီး လဲသြားေလသည္
"အား ဘာႀကီးလည္း "
Lisa လဲက်ရာကေန ထၿပီး သူမ ခလုတ္တိုက္မိတဲ့အရာကို ၾကည့္ေတာ့ လူတစ္ေယာက္ လဲေနတာကို ေတြ႕လိုက္ရသည္
"Oh my god ဘာႀကီးလည္း "
Jisooရဲ႕ ေအာ္သံေၾကာင့္ ဘီယာထိုင္ေသာက္ေနတဲ့ Seulgiတို႔ပါ ထလာၿပီး ၾကည့္ရသည္
Lisa ဆံပင္ေတြကို ဖယ္ၾကည့္ေတာ့ မ်က္ႏွာမွာဒဏ္ရာေတြနဲ႕ ေယာင္ကိုင္းေနသည္
"မိန္းကေလးဟ "
"ဒီမွာ Excuse Me. ..."
Lisaမွာ ေကာင္မေလးကို ပုတ္ၿပီး ေခၚေပမယ့္ ဘာတုံ႕ျပန္မႈမွ မရေပ
လက္ေကာက္ဝတ္ကိုစမ္းၾကည့္ေတာ့ Lisa ေသြးခုန္ႏႈန္းကို သတိထားမိသြားတယ္
"သူ မေသေသးဘူး အသက္ရွိေသးတယ္ သူ သတိေမ့ေနတာဘဲ "
Seulgiတို႔ ေဘးနားဝန္းက်င္ကို ၾကည့္ေတာ့ ဘယ္သူ႕ကိုမွ မေတြ႕ရေပ
"သူ႕ကို ေဆး႐ုံေခၚသြားသင့္လား "
"Lisa ေဆး႐ုံက ငါတို႔နဲ႕ အေဝးႀကီးဘဲ တစ္နာရီေက်ာ္ေက်ာ္ေလာက္ သြားရမွာေနာ္ "
"Jeongyeonေျပာတာ မွန္တယ္ ငါတို႔ သူ႕ကို ဒီတိုင္းထားခဲ့လိုက္ရေအာင္ "
"သူ႕ကို ကယ္လို႔မရဘူးလား "
"သူ႕ကို ကယ္လို႔ ရပါတယ္ ဒါေပမယ့္ သူက ငါတို႔ကို အႏၱရာယ္ ေပးလာရင္ေရာ"
Jisoo ေမးေတာ့ Lisa သက္ျပင္းခ်ၿပီး
"အဲ့တာလည္း ဟုတ္ပါတယ္ ဒါေပမယ့္ သူ႕ေနရာမွာ ငါတို႔ ျဖစ္ခဲ့ရင္ေရာ....တစ္စုံတစ္ေယာက္က ကူညီတာေတာ့ လိုခ်င္မွာဘဲေလ ...."
Lisaမွာ သတိေမ့ေနတဲ့ ေကာင္မေလးကို ကူညီခ်င္ေနသည္
"နင္တို႔ တစ္ေယာက္ေယာက္ သူ႕ကိုေခၚထားလို႔ မရဘူးလားဟင္ "
"Jennie Kimရဲ႕ လက္ခ်က္နဲ႕ မေသပါရေစနဲ႕ Lisaရယ္ "
"ဟင့္အင္း Nayeon လက္သံေၾကာက္တယ္ "
"အာ..... Irene လက္ထဲက ငါ့ကိုအရင္ကယ္နိုင္မယ္ဆို.....လာပါဟာ ထားခဲ့လိုက္ပါ သူ႕ကို ဘယ္သူမွ မျမင္ခင္ သြားၾကစို႔.."
မယားေၾကာက္ သူငယ္ခ်င္း သုံးေယာက္လုံးက အေသျငင္းေနၾကလို႔ Lisa သက္ျပင္းခ်လိဳက္သည္
"အင္း ငါတို႔ ကယ္ရင္ေတာင္ ဘာမွန္းသိတာ မဟုတ္လို႔ အမႈပတ္နိုင္တယ္....တစ္ေယာက္ေယာက္က လာကယ္ပါလိမ့္မယ္ေလ "
Lisaလည္း ထြက္သြားတဲ့ Seulgiတို႔ေနာက္ လိုက္သြားရင္း.....ဒဏ္ရာေတြနဲ႕ ေကာင္မေလးကို ျမင္ေယာင္ၿပီး တစ္ေယာက္တည္း ထားခဲ့ရတာ အျပစ္ရွိသလို ခံစားရလို႔ အေနာက္ကို ျပန္လွည့္လိုက္သည္
"Lisa ဘာလုပ္တာလည္း "
"ငါ မေကာင္းသလို ခံစားရလို႔.....အသက္ရွိေသးတဲ့သူကို ပစ္မထားခ်င္ဘူး တစ္ျခားသူေတြလည္း ငါတို႔လိုေတြးၿပီး ပစ္သြားရင္ ဘယ္လိုလုပ္မလည္း မျဖစ္ပါဘူး "
Lisa ေျပာၿပီး ေကာင္မေလးကို ေပြ႕ခ်ီလိုက္သည္
"သူ႕ကို ငါ့အိမ္မွာေခၚထားမယ္ ငါ့အကိုကိုေျပာၾကည့္မယ္ "
"နင္ သူရဲေကာင္းလုပ္ေနတာဘဲ "
"ငါ သူရဲေကာင္းလုပ္ေနတာ မဟုတ္ဘူး Jeong. ..သူ႕ေနရာမွာ ငါသာဆိုရင္ဆိုတဲ့ ကိုယ္ခ်င္းစာစိတ္နဲ႕ သူ႕ကိုကယ္တာ...Jisoo နင္ ငါ့ကားကို ဒီထိ ေမာင္းလာလို႔ရလား "
Jisoo ေခါင္းညိတ္ျပသည္
"ေဘာင္းဘီအိတ္ထဲ ေသာ့ရွိတယ္ ယူၿပီး ဒီကိုေမာင္းလာေပးပါ "
"ဟုတ္ၿပီ "
Jisoo ေခါင္းညိတ္ၿပီး Lisa ေဘာင္းဘီအိတ္ထဲက ကားေသာ့ကို ယူလိုက္သည္
"ငါ Jisooတို႔နဲ႕ လိုက္သြားလိုက္မယ္ေနာ္ Lisa "
"အင္း အင္း ဟုတ္ၿပီ "
Lisaမွာ ေကာင္မေလးကို ကားေပၚတင္လိုက္ေတာ့ Seulgiတို႔မွာ Jisooရဲ႕ကားနဲ႕ဘဲ လိုက္လာခဲ့မယ္လို႔ ေျပာသည္
Lisaလည္း ေခါင္းညိတ္ျပၿပီး ေကာင္မေလးကို သူ႕အိမ္သို႔ ေခၚလာသည္
အိမ္ကိုေရာက္ေတာ့ ဆရာဝန္ျဖစ္တဲ့ သူ႕အမကို ဖုန္းဆက္ေခၚေလသည္
"Hello Lisa "
"Taeyeon Unnie...Chaw အခန္းထဲမွာ စို႐ြဲေနတဲ့ ေကာင္မေလးတစ္ေယာက္ေရာက္ေနတာ "
"အဲ့ စို႐ြဲေနတဲ့ ေကာင္မေလးက ငါနဲ႕ ဘာဆိုင္လို႔လည္း Lisaရ.... "
"အာ Unnie ကေတာ့ ေပါက္ကရေတြ ေျပာျပတ္န်ပီ Wap နားေထာင္တာ ေလ်ာ့ ...အခုက ေရေတြ စို႐ြဲေနတဲ့ ေကာင္မေလးကို ေျပာတာ "
"Aww မသိဘူးေလ နင္က စကားကို ေသခ်ာမွ မေျပာတာ "
"Unnie နဲ႕ေတာ့ စိတ္ညစ္တယ္ ဒီလို Seulgiတို႔နဲ႕ ကမ္းေျခဘက္ ခဏအလည္သြားတာ ကမ္းစပ္မွာ ဒဏ္ရာေတြနဲ႕ သတိေမ့ေနတဲ့ ေကာင္မေလးကို ေတြ႕လို႔ ကယ္မယ့္သူမရွိတာနဲ႕ ေခၚလာခဲ့တာ ေဆး႐ုံကိုလည္း အမႈပတ္မွာဆိုးလို႔ ေခၚမသြားရဲဘူးရယ္ အဲ့တာမို႔ Unnie အားရင္ လာၾကည့္ေပးပါအုံး "
"အင္း အင္း ငါလာၾကည့္ေပးမယ္ ေလာေလာဆယ္ သူ႕ကို အဝတ္အစားလဲေပးထားလိုက္ ေရစိုဝတ္နဲ႕ဆို သူဖ်ားနိုင္တယ္ "
"ရွင္ Chawက လဲေပးရမွာလား "
"နင္မလဲေပးလို႔ နင့္အိမ္ေစာင့္နတ္က သူ႕ကိုလဲေပးရမွာလား "
"အာ ရွက္စရာ "
"မိန္းကေလးခ်င္း အတူတူဘဲ ဘာမွရွက္မေနနဲ႕ ဒါဘဲ ငါအခုထြက္လာၿပီ "
Taeyeon ေျပာၿပီး ဖုန္းခ်ေတာ့ ေကာင္မေလးကို အဝတ္ဘယ္လို လဲေပးရမလည္းဆိုၿပီး Lisa ေတြးရင္း ရွက္လာသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co