Part 2
#Unicode
Taeyeon ရောက်လာတော့ Lisaက ကောင်မလေးကို အဝတ်အစားတွေ လဲပေးထားတာ တွေ့ရသည်
"လဲပေးထားလို့ တော်သေးတာပေါ့ မဟုတ်ရင် သူအအေးပတ်ပြီး ဖျားနိုင်တယ် ဒါနဲ့ နင် ဘယ်လို အဝတ်အစား လဲပေးလိုက်တာလည်း..."
"အာ Unnie သိစရာမလိုပါဘူး ကောင်မလေးကိုသာ စမ်းသပ်ပေး Chaw သွားပြီ "
Lisaမှာ ကောင်မလေးကို အဝတ်အစား လဲပေးတာ ပြန်မြင်ယောင်မိပြီး ရှက်လို့ သူမ အခန်းထဲ ဝင်သွားသည်
Taeyeon ကတော့ သူ့ညီမလေးကိုကြည့်ပြီး ခေါင်းခါကာ ရယ်လိုက်သည်
ထို့နောက် သတိမေ့နေတဲ့ ကောင်မလေးကို သေချာစမ်းသပ်ပေးပြီး ဒဏ်ရာတွေကို ဆေးထည့်ပေးလိုက်သည်
ညသန်းခေါင်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်စီးတွေလက်ကာ မိုးကြိုးတွေ တဂျိန်းဂျိန်း ပစ်နေသည်
Lisaကတော့ သူမအခန်းထဲ သူမ အိပ်ပျော်နေတုံး တစ်ဖက်အခန်းက ကောင်မလေးမှာတော့ မိုးကြိုးပစ်သံတွေကြောင့် နိုးလာလေသည်
မျက်လုံးဖွင့်ဖွင့်ချင်း အလင်းရောင်ကို မြင်လိုက်ရသောကြောင့် မျက်လုံးအမြင်အာရုံစူးသွားလို့ ကောင်မလေးမှာ အမြန် မျက်စိပြန်မှိတ်ရလေသည်
ခဏကြာမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး အိပ်ရာကနေ ထကာ မတ်တပ်ရပ်လိုက်သည်
သူမ ဘယ်ကိုရောက်နေမှန်း ပြီးတော့ သူမက ဘယ်သူမှန်းဆိုတာ ကောင်မလေး မသိပေ မမှတ်မိပေ
နံရံကိုမှီကာ ထောင်ထားတဲ့ မှန်ထဲက သူမပုံရိပ်ကို သူမ ပြန်ကြည့်နေသည်
ဒဏ်ရာတွေနဲ့ သူမ မျက်နှာကို ကိုင်ကြည့်ရင်း တစ်စုံတစ်ခုကို ပြန်တွေးကြည့်နေသည် သို့သော် သူမ ဦးနှောက်က အလုပ်မလုပ်ပေ
အခန်းတံခါးကို ဖွင့်ကြည့်ပြီး အပြင်ကို ထွက်လိုက်တော့ သူမ အခန်းနဲ့ မျက်နှာချင်းဆိုင်တွင် အခန်းတစ်ခန်းရှိနေတာကို ကောင်မလေး သတိထားမိသွားတယ်
ကောင်မလေးမှာ ထိုအခန်းဘက် လျှောက်သွားပြီး အခန်းတံခါးကို ဖွင့်လိုက်သည်
Lisaမှာ အိပ်နေရင်း အခန်းတံခါး ဖွင့်သံကြောင့် နိုးလာသည်
မီးပိတ်ပြီး အိပ်သောကြောင့် အခန်းထဲ သူ့အမလား သူကယ်ခဲ့တဲ့ ကောင်မလေး ဝင်လာတာလားဆိုတာ Lisa သေချာမသိပေ
Lisa အိပ်ရာက ထထိုင်လိုက်ပြီး မေးဖို့လုပ်စဥ် လျှပ်စီးက ရုတ်တရက် လက်လာသောကြောင့် လျှပ်စီး အလင်းရောင်ကြောင့် သူမ ကယ်ခဲ့တဲ့ ကောင်မလေးက ကုတင်ထောင့်စွန်းတွင် ထိုင်နေတာကို တွေ့လိုက်ရသည်
"Hey. .."
ဂျိန်း......
မိုးခြိမ်းသံကြောင့် ကောင်မလေးမှာ လန့်ပြီး နားနှစ်ဖက်အုပ်ကာ အော်လေသည်
"အား "
ကောင်မလေးရဲ့ အော်သံကြောင့် Lisaမှာ ကုတင်ပေါ်က အမြန်ဆင်းပြီး အခန်းတံခါးပေါက်နားက မီးခလုတ်ကို အမြန်နှိပ်လိုက်သည်
အခန်းမီးလင်းလာတဲ့အခါမှတော့ ကုတင်ထောင့်စွန်းတွင် နားနှစ်ဖက်ကို ပိတ်ကာအော်နေတဲ့ ကောင်မလေးမှာ Lisaကို မော့ကြည့်လာသည်
"Hey မင်း အဆင်ပြေရဲ့လား "
ကောင်မလေးနဲ့ Lisa မှာ တစ်ယောက်မျက်ဝန်းကို တစ်ယောက် ငေးကြည့်ရင်း စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်
Lisaမှာ သူမကိုယ် သူမ သတိထားမိပြီး ချောင်းဟန့်ကာ အကြည့်လွှဲလိုက်သည်
"အဟမ်း "
"အာ... ..ငါ အခု ဘယ်ရောက်နေတာလည်းဟင် "
"ငါ့အိမ်မှာ "
"ဒီကတစ်ယောက်ရဲ့ အိမ်ကို ငါ ဘယ်လိုရောက်လာတာလည်းဟင် "
"ကမ်းစပ်နားမှာ မင်း သတိလစ်နေတာ တွေ့လို့ ငါနဲ့ ငါ့သူငယ်ချင်းတွေက မင်းကို ဒီခေါ်လာတာ...."
ကောင်မလေးမှာ Lisa ပြောတာကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်
"နင့်နာမည်က ဘယ်သူလည်းဟင် "
"Kim Lisa Manoban. ....နင် ငါ့ကို Lisaလို့ ခေါ်လို့ရပါတယ် "
(Kimလို့ ထည့်ထားရတဲ့အကြောင်းအရင်းက Taeyeonကို Lisa အမ နေရာက ရေးထားလို့ပါနော် )
"Lisa. ..."
"အင်း ဟုတ်တယ် Lisa မင်းနာမည်ကရော ဘယ်သူလည်း "
"ငါ့နာမည်....."
Lisaက ပြန်မေးလို့ ကောင်မလေးမှာ သူ့ကိုယ်သူ လက်ညိုးထိုးပြီး Lisaကို ပြန်မေးလိုက်သည်
"ဟုတ်တယ် မင်းနာမည်က ဘယ်သူလည်း "
"ငါ့နာမည်....ငါ့နာမည်ကို ငါ မမှတ်မိဘူး ငါ့မှာ နာမည်ရှိတယ်လား ငါ့နာမည်က ဘယ်သူလည်းဟင် "
ကောင်မလေးမှာ အူကြောင်ကြောင်နဲ့ Lisaကို ပြန်မေးသောကြောင့် Lisaမှာ မျက်မှောင်ကြုတ်ကာ ကောင်မလေးကို ကြည့်လိုက်သည်
"မင်းနာမည်ကို မင်းကိုယ်တိုင်တောင် မသိတာ ငါက ဘယ်လိုလုပ်သိမှာလည်း "
"ငါ တကယ်မသိဘူး....ငါ့မှာ နာမည်ရှိလား ငါ့နာမည်က ဘာလည်းဆိုတာ ငါတကယ်.....တကယ်မသိဘူး "
"Hey ငါ့ကို လျှောက်စမနေနဲ့ မင်းနာမည်သာ ပြောပါဟ "
"ငါ စနေတာမဟုတ်ဘူး Lisa ငါ့နာမည်ကို တကယ်မသိတာ "
"မင်းပြောချင်တာက မင်းနာမည်ကို မမှတ်မိဘူးလား မင်းမိဘတွေရဲ့ နာမည်ရော "
Lisa သူမ နှုတ်ခမ်းကို ကိုက်ပြီး မေးတော့ ကောင်မလေးမှာ ခေါင်းခါပြသည်
"ငါ ဘာဆိုဘာမှ မမှတ်မိဘူး Lisaရယ် ငါ့မှာမိဘရှိလားဆိုတာလည်း မသိဘူး ငါ ငါတောင်းပန်ပါတယ် ငါ လိမ်ပြောနေတာ မဟုတ်ပါဘူး "
ကောင်မလေးမှာ မျက်နှာငယ်လေးနဲ့ ပြောတော့ Lisa စိတ်မကောင်းဖြစ်သွားတယ်
"အင်းပါ ထားပါတော့ ကြည့်ရတာ မင်း အတိတ်မေ့သွားတယ် ထင်တယ်....မနက်ဖြန် မနက်ကျမှ ဆေးရုံအတူ သွားရအောင်လေနော် အခုတော့ သွားအိပ်လိုက်တော့ မိုးချုပ်နေပြီ "
"ဟိုလေ Lisa "
"အင်းပြော "
"ငါ နင်နဲ့ အတူ အိပ်လို့ရလားဟင်...."
ကောင်မလေးရဲ့ စကားကြောင့် Lisa မျက်လုံးပြူးသွားသည်
"မင်း ဘာပြောနေတယ်ဆိုတာရော သိရဲ့လား "
"သိပါတယ်...မိန်းကလေး အချင်းချင်းဘဲကို အတူအိပ်လို့မရဘူးလား "
"မရဘူး "
Lisa ခေါင်းခါပြပြီး ငြင်းပေမယ့် ကောင်မလေးမှာ လက်မလျော့ပေ
"လုပ်ပါ Lisaရယ် ငါ မိုးခြိမ်းသံတွေကြောက်လို့ တစ်ယောက်တည်း မအိပ်ရဲလို့ပါ နော် နေရာအကျယ်ကြီး ငါမယူပါဘူး ဒီထောင့်စွန်းမှာဘဲ အိပ်မယ်လေနော် နော်လို့ "
ကောင်မလေးက ဇွတ်တောင်းဆိုနေတာရော မိုးတွေက တဂျိန်းဂျိမ်းခြိမ်းနေ လျှပ်စီးတွေ လက်နေသောကြောင့် ကောင်မလေးကြောက်နေမှာ တွေးမိလို့ Lisa သက်ပြင်းချကာ ခွင့်ပြုလိုက်သည်
"ကဲ လာအိပ် ထောင့်စွန်းမှာ မအိပ်ပါနဲ့ မတော်တဆပြုတ်ကျရင် ထပ်ပြီး ခိုက်မိနေမယ်..... "
Lisaဆီက ခွင့်ပြုချက်ရလို့ ကောင်မလေးမှာ ပျော်ပြီး ကုတင်ပေါ်တက်အိပ်သည်
Lisaလည်း သူ့ခေါင်းသူ ကုတ်ပြီး ကောင်မလေး ဘေးနား ဝင်အိပ်ကာ စောင်ခေါင်းမြီးခြုံလိုက်သည်
"Shit ဘာလို့ ရင်တွေအရမ်းခုန်နေတာလည်း မသိဘူး "
Lisaမှာ ရင်တွေအရမ်းခုန်လွန်းလို့ အိပ်မပျော်နိုင်ဖြစ်နေပေမယ့် မိုးခြိမ်းသံကို ကြောက်တဲ့ ကောင်မလေးမှာတော့ Lisa အနားမှာ လုံခြုံသလို ခံစားရလို့ ချက်ချင်း အိပ်ပျော်သွားသည်
#Tbc
Happy Chaelisa Day Chaelisa Dayမို့ အဆွိလေးလာရေးပေးတာ😁 Vampire က စပ်မှာမို့ မနက်ဖြန်မှ အစပ်လာကျွေးမယ်😎🤧
#zawgyi
Taeyeon ေရာက္လာေတာ့ Lisaက ေကာင္မေလးကို အဝတ္အစားေတြ လဲေပးထားတာ ေတြ႕ရသည္
"လဲေပးထားလို႔ ေတာ္ေသးတာေပါ့ မဟုတ္ရင္ သူအေအးပတ္ၿပီး ဖ်ားနိုင္တယ္ ဒါနဲ႕ နင္ ဘယ္လို အဝတ္အစား လဲေပးလိုက္တာလည္း..."
"အာ Unnie သိစရာမလိုပါဘူး ေကာင္မေလးကိုသာ စမ္းသပ္ေပး Chaw သြားၿပီ "
Lisaမွာ ေကာင္မေလးကို အဝတ္အစား လဲေပးတာ ျပန္ျမင္ေယာင္မိၿပီး ရွက္လို႔ သူမ အခန္းထဲ ဝင္သြားသည္
Taeyeon ကေတာ့ သူ႕ညီမေလးကိုၾကည့္ၿပီး ေခါင္းခါကာ ရယ္လိုက္သည္
ထို႔ေနာက္ သတိေမ့ေနတဲ့ ေကာင္မေလးကို ေသခ်ာစမ္းသပ္ေပးၿပီး ဒဏ္ရာေတြကို ေဆးထည့္ေပးလိုက္သည္
ညသန္းေခါင္အခ်ိန္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး လွ်ပ္စီးေတြလက္ကာ မိုးႀကိဳးေတြ တဂ်ိန္းဂ်ိန္း ပစ္ေနသည္
Lisaကေတာ့ သူမအခန္းထဲ သူမ အိပ္ေပ်ာ္ေနတုံး တစ္ဖက္အခန္းက ေကာင္မေလးမွာေတာ့ မိုးႀကိဳးပစ္သံေတြေၾကာင့္ နိုးလာေလသည္
မ်က္လုံးဖြင့္ဖြင့္ခ်င္း အလင္းေရာင္ကို ျမင္လိုက္ရေသာေၾကာင့္ မ်က္လုံးအျမင္အာ႐ုံစူးသြားလို႔ ေကာင္မေလးမွာ အျမန္ မ်က္စိျပန္မွိတ္ရေလသည္
ခဏၾကာမွ မ်က္လုံးျပန္ဖြင့္လိုက္ၿပီး အိပ္ရာကေန ထကာ မတ္တပ္ရပ္လိုက္သည္
သူမ ဘယ္ကိုေရာက္ေနမွန္း ၿပီးေတာ့ သူမက ဘယ္သူမွန္းဆိုတာ ေကာင္မေလး မသိေပ မမွတ္မိေပ
နံရံကိုမွီကာ ေထာင္ထားတဲ့ မွန္ထဲက သူမပုံရိပ္ကို သူမ ျပန္ၾကည့္ေနသည္
ဒဏ္ရာေတြနဲ႕ သူမ မ်က္ႏွာကို ကိုင္ၾကည့္ရင္း တစ္စုံတစ္ခုကို ျပန္ေတြးၾကည့္ေနသည္ သို႔ေသာ္ သူမ ဦးႏွောက္က အလုပ္မလုပ္ေပ
အခန္းတံခါးကို ဖြင့္ၾကည့္ၿပီး အျပင္ကို ထြက္လိုက္ေတာ့ သူမ အခန္းနဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ အခန္းတစ္ခန္းရွိေနတာကို ေကာင္မေလး သတိထားမိသြားတယ္
ေကာင္မေလးမွာ ထိုအခန္းဘက္ ေလွ်ာက္သြားၿပီး အခန္းတံခါးကို ဖြင့္လိုက္သည္
Lisaမွာ အိပ္ေနရင္း အခန္းတံခါး ဖြင့္သံေၾကာင့္ နိုးလာသည္
မီးပိတ္ၿပီး အိပ္ေသာေၾကာင့္ အခန္းထဲ သူ႕အမလား သူကယ္ခဲ့တဲ့ ေကာင္မေလး ဝင္လာတာလားဆိုတာ Lisa ေသခ်ာမသိေပ
Lisa အိပ္ရာက ထထိုင္လိုက္ၿပီး ေမးဖို႔လုပ္စဥ္ လွ်ပ္စီးက ႐ုတ္တရက္ လက္လာေသာေၾကာင့္ လွ်ပ္စီး အလင္းေရာင္ေၾကာင့္ သူမ ကယ္ခဲ့တဲ့ ေကာင္မေလးက ကုတင္ေထာင့္စြန္းတြင္ ထိုင္ေနတာကို ေတြ႕လိုက္ရသည္
"Hey. .."
ဂ်ိန္း......
မိုးၿခိမ္းသံေၾကာင့္ ေကာင္မေလးမွာ လန့္ၿပီး နားႏွစ္ဖက္အုပ္ကာ ေအာ္ေလသည္
"အား "
ေကာင္မေလးရဲ႕ ေအာ္သံေၾကာင့္ Lisaမွာ ကုတင္ေပၚက အျမန္ဆင္းၿပီး အခန္းတံခါးေပါက္နားက မီးခလုတ္ကို အျမန္ႏွိပ္လိုက္သည္
အခန္းမီးလင္းလာတဲ့အခါမွေတာ့ ကုတင္ေထာင့္စြန္းတြင္ နားႏွစ္ဖက္ကို ပိတ္ကာေအာ္ေနတဲ့ ေကာင္မေလးမွာ Lisaကို ေမာ့ၾကည့္လာသည္
"Hey မင္း အဆင္ေျပရဲ႕လား "
ေကာင္မေလးနဲ႕ Lisa မွာ တစ္ေယာက္မ်က္ဝန္းကို တစ္ေယာက္ ေငးၾကည့္ရင္း စကၠန့္အနည္းငယ္ၾကာ တိတ္ဆိတ္သြားသည္
Lisaမွာ သူမကိုယ္ သူမ သတိထားမိၿပီး ေခ်ာင္းဟန့္ကာ အၾကည့္လႊဲလိုက္သည္
"အဟမ္း "
"အာ... ..ငါ အခု ဘယ္ေရာက္ေနတာလည္းဟင္ "
"ငါ့အိမ္မွာ "
"ဒီကတစ္ေယာက္ရဲ႕ အိမ္ကို ငါ ဘယ္လိုေရာက္လာတာလည္းဟင္ "
"ကမ္းစပ္နားမွာ မင္း သတိလစ္ေနတာ ေတြ႕လို႔ ငါနဲ႕ ငါ့သူငယ္ခ်င္းေတြက မင္းကို ဒီေခၚလာတာ...."
ေကာင္မေလးမွာ Lisa ေျပာတာကို နားေထာင္ၿပီး ေခါင္းညိတ္လိုက္သည္
"နင့္နာမည္က ဘယ္သူလည္းဟင္ "
"Kim Lisa Manoban. ....နင္ ငါ့ကို Lisaလို႔ ေခၚလို႔ရပါတယ္ "
(Kimလို႔ ထည့္ထားရတဲ့အေၾကာင္းအရင္းက Taeyeonကို Lisa အမ ေနရာက ေရးထားလို႔ပါေနာ္ )
"Lisa. ..."
"အင္း ဟုတ္တယ္ Lisa မင္းနာမည္ကေရာ ဘယ္သူလည္း "
"ငါ့နာမည္....."
Lisaက ျပန္ေမးလို႔ ေကာင္မေလးမွာ သူ႕ကိုယ္သူ လက္ညိုးထိုးၿပီး Lisaကို ျပန္ေမးလိုက္သည္
"ဟုတ္တယ္ မင္းနာမည္က ဘယ္သူလည္း "
"ငါ့နာမည္....ငါ့နာမည္ကို ငါ မမွတ္မိဘူး ငါ့မွာ နာမည္ရွိတယ္လား ငါ့နာမည္က ဘယ္သူလည္းဟင္ "
ေကာင္မေလးမွာ အူေၾကာင္ေၾကာင္နဲ႕ Lisaကို ျပန္ေမးေသာေၾကာင့္ Lisaမွာ မ်က္ေမွာင္ၾကဳတ္ကာ ေကာင္မေလးကို ၾကည့္လိုက္သည္
"မင္းနာမည္ကို မင္းကိုယ္တိုင္ေတာင္ မသိတာ ငါက ဘယ္လိုလုပ္သိမွာလည္း "
"ငါ တကယ္မသိဘူး....ငါ့မွာ နာမည္ရွိလား ငါ့နာမည္က ဘာလည္းဆိုတာ ငါတကယ္.....တကယ္မသိဘူး "
"Hey ငါ့ကို ေလွ်ာက္စမေနနဲ႕ မင္းနာမည္သာ ေျပာပါဟ "
"ငါ စေနတာမဟုတ္ဘူး Lisa ငါ့နာမည္ကို တကယ္မသိတာ "
"မင္းေျပာခ်င္တာက မင္းနာမည္ကို မမွတ္မိဘူးလား မင္းမိဘေတြရဲ႕ နာမည္ေရာ "
Lisa သူမ ႏႈတ္ခမ္းကို ကိုက္ၿပီး ေမးေတာ့ ေကာင္မေလးမွာ ေခါင္းခါျပသည္
"ငါ ဘာဆိုဘာမွ မမွတ္မိဘူး Lisaရယ္ ငါ့မွာမိဘရွိလားဆိုတာလည္း မသိဘူး ငါ ငါေတာင္းပန္ပါတယ္ ငါ လိမ္ေျပာေနတာ မဟုတ္ပါဘူး "
ေကာင္မေလးမွာ မ်က္ႏွာငယ္ေလးနဲ႕ ေျပာေတာ့ Lisa စိတ္မေကာင္းျဖစ္သြားတယ္
"အင္းပါ ထားပါေတာ့ ၾကည့္ရတာ မင္း အတိတ္ေမ့သြားတယ္ ထင္တယ္....မနက္ျဖန္ မနက္က်မွ ေဆး႐ုံအတူ သြားရေအာင္ေလေနာ္ အခုေတာ့ သြားအိပ္လိုက္ေတာ့ မိုးခ်ဳပ္ေနၿပီ "
"ဟိုေလ Lisa "
"အင္းေျပာ "
"ငါ နင္နဲ႕ အတူ အိပ္လို႔ရလားဟင္...."
ေကာင္မေလးရဲ႕ စကားေၾကာင့္ Lisa မ်က္လုံးျပဴးသြားသည္
"မင္း ဘာေျပာေနတယ္ဆိုတာေရာ သိရဲ႕လား "
"သိပါတယ္...မိန္းကေလး အခ်င္းခ်င္းဘဲကို အတူအိပ္လို႔မရဘူးလား "
"မရဘူး "
Lisa ေခါင္းခါျပၿပီး ျငင္းေပမယ့္ ေကာင္မေလးမွာ လက္မေလ်ာ့ေပ
"လုပ္ပါ Lisaရယ္ ငါ မိုးၿခိမ္းသံေတြေၾကာက္လို႔ တစ္ေယာက္တည္း မအိပ္ရဲလို႔ပါ ေနာ္ ေနရာအက်ယ္ႀကီး ငါမယူပါဘူး ဒီေထာင့္စြန္းမွာဘဲ အိပ္မယ္ေလေနာ္ ေနာ္လို႔ "
ေကာင္မေလးက ဇြတ္ေတာင္းဆိုေနတာေရာ မိုးေတြက တဂ်ိန္းဂ်ိမ္းၿခိမ္းေန လွ်ပ္စီးေတြ လက္ေနေသာေၾကာင့္ ေကာင္မေလးေၾကာက္ေနမွာ ေတြးမိလို႔ Lisa သက္ျပင္းခ်ကာ ခြင့္ျပဳလိုက္သည္
"ကဲ လာအိပ္ ေထာင့္စြန္းမွာ မအိပ္ပါနဲ႕ မေတာ္တဆျပဳတ္က်ရင္ ထပ္ၿပီး ခိုက္မိေနမယ္..... "
Lisaဆီက ခြင့္ျပဳခ်က္ရလို႔ ေကာင္မေလးမွာ ေပ်ာ္ၿပီး ကုတင္ေပၚတက္အိပ္သည္
Lisaလည္း သူ႕ေခါင္းသူ ကုတ္ၿပီး ေကာင္မေလး ေဘးနား ဝင္အိပ္ကာ ေစာင္ေခါင္းၿမီးၿခဳံလိုက္သည္
"Shit ဘာလို႔ ရင္ေတြအရမ္းခုန္ေနတာလည္း မသိဘူး "
Lisaမွာ ရင္ေတြအရမ္းခုန္လြန္းလို႔ အိပ္မေပ်ာ္နိုင္ျဖစ္ေနေပမယ့္ မိုးၿခိမ္းသံကို ေၾကာက္တဲ့ ေကာင္မေလးမွာေတာ့ Lisa အနားမွာ လုံၿခဳံသလို ခံစားရလို႔ ခ်က္ခ်င္း အိပ္ေပ်ာ္သြားသည္
#Tbc
Happy Chaelisa Day Chaelisa Dayမို႔ အဆြိေလးလာေရးေပးတာ😁 Vampire က စပ္မွာမို႔ မနက္ျဖန္မွ အစပ္လာေကြၽးမယ္😎
Bạn đang đọc truyện trên: Truyen3h.Co