Part 15
#zawgyi
Chaeyoung သတိျပန္ရရခ်င္း ကုတင္ေပၚတြင္ ငုတ္တုတ္ထိုင္လိုက္သည္
စားပြဲခုံေပၚက Flyerကို ၾကည့္ၿပီး Chaeyoung စိတ္မသက္မသာျဖစ္ေနသည္
Chaeyoung ေရခ်ိဳးခန္းထဲ ဝင္ၿပီး မ်က္ႏွာသစ္လိုက္သည္
Lisaကေတာ့ အေတြးေတြၾကားထဲမွာ နက္နဲေနသည္
Chaeyoung အေပၚ ထားတဲ့ သူမရဲ႕ ခ်စ္ျခင္းေမတၱာေတြအေၾကာင္း ေတြးရင္း သူမရဲ႕ ခါးကို လာဖက္တဲ့ Chaeyoung ရဲ႕ လက္တစ္စုံေၾကာင့္ Lisa အေတြးေတြ ရပ္တန့္သြားတယ္
"ေနလို႔ေကာင္းရဲ႕လား အခ်စ္ေလး "
Chaeyoungကို ေမးရင္း Lisa ဂတ္စ္မီးဖိုကို ပိတ္လိုက္သည္
"အင္း... ေနလို႔ေကာင္းပါတယ္ "
Lisa ေမးခြန္းကို Chaeyoung ေခါင္းညိတ္ျပၿပီး ေျဖေလသည္
"Li. .Lisa.. ငါ့ကို နင္ ျပန္ပို႔မွာလားဟင္..."
Lisaကို ေမးေနတဲ့ Chaeyoungရဲ႕ အသံေတြဟာ တုန္ရီေနသည္
"ငါ ဘာမွမမွတ္မိဘူး....ငါ တစ္ခ်ိဳ႕အရာေတြ စိတ္ထဲေပၚလာေပမယ့္ Lisaရယ္...ငါေလ..."
Chaeyoung စကားမဆုံးေသး Lisaမွာ Chaeyoung ဘက္ကို လွည့္ၿပီး Chaeyoungကို ဖက္ထားလိုက္သည္
"နင့္ကို ငါ ျပန္မပို႔ပါဘူး Chaeရယ္..."
"ငါ...ငါ သိပါတယ္ ဒါေပမယ့္ သူတို႔ ငါ့ကို ရွာေတြ႕ၿပီး နင့္ကို တစ္ခုခုလုပ္ရင္ ဘယ္လိုလုပ္မလည္း Lisaရယ္..."
Chaeyoung အေတြးေပါင္းစုံဝင္လာၿပီး ဝမ္းနည္းလို႔ မ်က္ရည္ေတြက်လာသည္
"သူတို႔ မလုပ္နိုင္ပါဘူး Chaeရ ..."
Lisaမွာ သူမရဲ႕ အရာအားလုံးျဖစ္တဲ့ Chaeyoungကို ဆုံးရႈံးရမွာ စိုးရိမ္လို႔ စိတ္ေတြလႈပ္ရွားေနသည္
"ဘာေတြ ဘယ္လို ျဖစ္ေနပါေစ နင္ ဘယ္ကိုဘဲ သြားသြား နင့္အနားမွာ ငါ အၿမဲရွိေနမယ္လို႔ ေျပာခဲ့တယ္ေလ Chaeေလးရ ..."
"ဒါေပမယ့္ ငါေၾကာက္တယ္ Lisaရယ္..."
Lisa မွာ သူမရင္ခြင္ထဲ ေခါင္းေလးတိုးဝင္လာတဲ့ Chaeyoungရဲ႕ မ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႕ ျငင္ျငင္သာသာ ကိုင္လိုက္သည္
"ငါ့ကိုၾကည့္ Chae. ..အားလုံး အဆင္ေျပသြားလိမ့္မယ္.... ေနာ္ ငါရွိေနတာဘဲ ငါတို႔ကို သူတို႔ ခြဲလို႔မရပါဘူး "
"ငါ နင့္ကို ခ်စ္တယ္ Lisa ...ငါ သူတို႔ဆီ ျပန္မသြားခ်င္ဘူး "
"ငါလည္း နင့္ကို ခ်စ္တယ္ Chae စိတ္ခ်ပါ ဘာေတြျဖစ္ေနေန ငါနင့္ကို လက္မလႊတ္ပါဘူး "
Chaeyoung အတြက္ ခက္ခဲေနမွန္း Lisa သိလို႔ Chaeyoungရဲ႕ ေက်ာျပင္ေလးကို Lisaပုတ္ေပးေနသည္
"Chae သိလား ဒီစာေမးပြဲ ၿပီးသြားရင္ ငါ ဘြဲ႕ရၿပီေလ...ငါ ေရွ႕ေနျဖစ္သြားတဲ့အခါ Chaeတို႔ မိသားစုဆီ အလည္သြားၾကမယ္ေလ "
"ဒါေပမယ့္ ငါက ဘာဆိုဘာမွ မမွတ္မိဘူးေလ Lisa. ...ဟူး ငါ မင္းသမီးေရာ ဘုရင္မေရာ ဘာဆိုဘာမွ မျဖစ္ခ်င္ဘူး Lisaရယ္"
"Chae အတြက္ ခက္ခဲေနတယ္ဆိုတာ သိပါတယ္.....ငါ Chaeေဘးနားမွာ ရွိေနသ၍ ဘယ္သူမွ Chaeကို အေဝးဆြဲမေခၚသြားေစရဘူး ကတိေပးတယ္..."
"ေက်းဇူးတင္ပါတယ္ Lisa. .."
Chaeyoung ေျပာၿပီး Lisaကို ဖက္လိုက္သည္
"အရမ္းေတြးပူမေနနဲ႕ေနာ္ အခ်စ္ကေလး "
Chaeyoung ရဲ႕ နဖူးကိုနမ္းၿပီး Lisa ေျပာလိုက္သည္
"ငါ့ေၾကာင့္ နင္တစ္ခုခုျဖစ္သြားမွာ စိတ္ပူတာပါ "
"ဘာမွမျဖစ္ပါဘူး အဲ့အစား တစ္ခုဘဲ ကတိေပး ငါမသိလိုက္ဘဲ ငါ့ေဘးနားက ထြက္မသြားပါနဲ႕.... ေနာ္...Chae ထြက္သြားခ်င္တဲ့အခါ ေျပာပါ ငါ Chaeကို လက္လႊတ္ေပးပါမယ္ "
"နင့္ေဘးနားကေန ဘယ္ကိုမွ ထြက္မသြားပါဘူး Lisaရ ဘာလို႔ အဲ့လိုေျပာရတာလည္း "
"ဟုတ္ပါၿပီ ေနာက္ဆို မေျပာေတာ့ဘူးေနာ္...ဟား ငါ့ရဲ႕ Chaeyoungေလးက Royal Park Familyရဲ႕ မင္းသမီးေလး ျဖစ္ေနမယ္ဆိုတာ ငါမသိခဲ့ဘူး ...ဒါကို ငါကေရာ မင္းသမီးဘဲလား..."
"ငါက မင္းသမီး မဟုတ္ပါဘူး Chaeyoung ပါ..
မင္းသမီးနဲ႕ ပတ္သက္တဲ့ မွတ္ဥာဏ္ေတြ တစ္ခုမွ ငါမမွတ္မိဘူး "
"ဒါေပမယ့္ Chae က တကယ့္မင္းသမီးဘဲကို "
"ဒါဆို သူတို႔ဘာလို႔ ငါ့ကို သတ္ဖို႔ ႀကိဳးစားခဲ့ၾကတာလည္း ..."
"ဘာလို႔လည္းဆိုေတာ့ သူတို႔က ဘုရင္လုပ္ခ်င္ၾကလို႔ေနမွာေပါ့ "
"ငါ စိတ္ညစ္တယ္ Lisaရယ္...ငါ ဘုရင္မလည္းမလုပ္ခ်င္ပါဘူး သာမန္ဘဝေလးမွာ နင္နဲ႕အတူ ျဖတ္သန္းေနထိုင္ခ်င္တယ္ ...ငါေလ နင္နဲ႕ အတူ ေနရဖို႔ဆို ထီးနန္းပကာသနေတြပါ စြန့္လႊတ္နိုင္တယ္ နင္နဲ႕မခြဲနိုင္ဘူး....Lisaရဲ႕.."
Chaeyoungရဲ႕ စကားေတြေၾကာင့္ Lisaမွာ ဟက္ထိၿပီး Chaeyoungရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
Chaeyoungဆိုတဲ့ ေကာင္မေလးက စကားေတြနဲ႕တင္ Lisa Manobanကို ႐ူးေအာင္လုပ္နိုင္တာဘဲ
Chaeyoung က Royal မင္းသမီးဆိုတာ သိၿပီးေနာက္ပိုင္း Lisa မပါဘဲ Chaeyoung ဘယ္ကိုမွမသြားသလို အလုပ္သြား အလုပ္ျပန္ဆိုလည္း Lisaကသာ လိုက္ပို႔လာႀကိဳေပးသည္
တစ္ခါတစ္ခါ Lisaက ေက်ာင္းတက္ေနရလို႔ မအားရင္ Jennieတို႔က Chaeyoungကို အိမ္ျပန္ပို႔ေပးရသည္
Lisa တစ္ေယာက္ ညေန ေက်ာင္းဆင္းေတာ့ အိမ္ကို ျပန္လာသည္
Jennie တို႔က Chaeyoungကို အိမ္ေသခ်ာပို႔ေပးခဲ့ေၾကာင္း Message ပို႔ထားတာကို ဖတ္ၿပီး Lisa စိတ္ေအးသြားရသည္
အိမ္ကို ျပန္ေရာက္ေတာ့ အိမ္ထဲဝင္တာနဲ႕ Chaeyoung ေလးမွာ Lisaကို ေျပးဖက္ေလသည္
"Lisa. ..လြမ္းလိုက္တာ..."
"Aigoo ငါလည္း ငါ့အခ်စ္ေလးကို လြမ္းေနတာ "
"စာေသခ်ာနားေထာင္ခဲ့ရဲ႕လား "
"ဒါေပါ့ ေသခ်ာလုပ္ခဲ့ပါတယ္ေနာ္ "
"ေတာ္လိုက္တာ ေရာ့ အာဘြား "
Chaeyoungမွာ လက္ခုပ္တီးၿပီး Lisaရဲ႕ ပါးေလးကို နမ္းေတာ့ Lisaမွာ သေဘာက်ၿပီး ၿပဳံးေလသည္
"Chae. ..Dinner သြားစားရေအာင္ "
Lisaကေျပာေတာ့ Chaeyoungမွာ ေခါင္းခါျပသည္
"ဟင့္အင္း အျပင္မထြက္ခ်င္ဘူး ငါ့ကို သူတို႔ ရွာေတြ႕သြားရင္ ဘယ္လိုလုပ္မလည္း "
Chaeyoung မွာ သူမကို သူမမိသားစုက ရွာေတြ႕သြားမွာ စိတ္ပူလို႔ အလုပ္သြားအလုပ္ျပန္ကလြဲလို႔ အျပင္မထြက္ဘဲ အိမ္တြင္းသာပုန္းခ်င္ေနသည္
"Chae. ..ဒီလိုပုန္းေနလို႔ မရဘူးေလ အခ်စ္ရ....လာပါ ဒါဆို စားေသာက္ဆိုင္မသြားဘဲ စားစရာဝယ္သြားၿပီး ကမ္းေျခမွာဘဲ sunset ၾကည့္ရင္း စားမယ္ေလေနာ္ ..."
Lisaက ဇြတ္ေခၚေနေသာေၾကာင့္ Chaeyoungလည္း ကမ္းေျခမွာ Dinner ဒိတ္ဖို႔ ဆုံးျဖတ္လိုက္သည္
#Tbc
#unicode
Chaeyoung သတိပြန်ရရချင်း ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်သည်
စားပွဲခုံပေါ်က Flyerကို ကြည့်ပြီး Chaeyoung စိတ်မသက်မသာဖြစ်နေသည်
Chaeyoung ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာသစ်လိုက်သည်
Lisaကတော့ အတွေးတွေကြားထဲမှာ နက်နဲနေသည်
Chaeyoung အပေါ် ထားတဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း တွေးရင်း သူမရဲ့ ခါးကို လာဖက်တဲ့ Chaeyoung ရဲ့ လက်တစ်စုံကြောင့် Lisa အတွေးတွေ ရပ်တန့်သွားတယ်
"နေလို့ကောင်းရဲ့လား အချစ်လေး "
Chaeyoungကို မေးရင်း Lisa ဂတ်စ်မီးဖိုကို ပိတ်လိုက်သည်
"အင်း... နေလို့ကောင်းပါတယ် "
Lisa မေးခွန်းကို Chaeyoung ခေါင်းညိတ်ပြပြီး ဖြေလေသည်
"Li. .Lisa.. ငါ့ကို နင် ပြန်ပို့မှာလားဟင်..."
Lisaကို မေးနေတဲ့ Chaeyoungရဲ့ အသံတွေဟာ တုန်ရီနေသည်
"ငါ ဘာမှမမှတ်မိဘူး....ငါ တစ်ချို့အရာတွေ စိတ်ထဲပေါ်လာပေမယ့် Lisaရယ်...ငါလေ..."
Chaeyoung စကားမဆုံးသေး Lisaမှာ Chaeyoung ဘက်ကို လှည့်ပြီး Chaeyoungကို ဖက်ထားလိုက်သည်
"နင့်ကို ငါ ပြန်မပို့ပါဘူး Chaeရယ်..."
"ငါ...ငါ သိပါတယ် ဒါပေမယ့် သူတို့ ငါ့ကို ရှာတွေ့ပြီး နင့်ကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလည်း Lisaရယ်..."
Chaeyoung အတွေးပေါင်းစုံဝင်လာပြီး ဝမ်းနည်းလို့ မျက်ရည်တွေကျလာသည်
"သူတို့ မလုပ်နိုင်ပါဘူး Chaeရ ..."
Lisaမှာ သူမရဲ့ အရာအားလုံးဖြစ်တဲ့ Chaeyoungကို ဆုံးရှုံးရမှာ စိုးရိမ်လို့ စိတ်တွေလှုပ်ရှားနေသည်
"ဘာတွေ ဘယ်လို ဖြစ်နေပါစေ နင် ဘယ်ကိုဘဲ သွားသွား နင့်အနားမှာ ငါ အမြဲရှိနေမယ်လို့ ပြောခဲ့တယ်လေ Chaeလေးရ ..."
"ဒါပေမယ့် ငါကြောက်တယ် Lisaရယ်..."
Lisa မှာ သူမရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လာတဲ့ Chaeyoungရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ငြင်ငြင်သာသာ ကိုင်လိုက်သည်
"ငါ့ကိုကြည့် Chae. ..အားလုံး အဆင်ပြေသွားလိမ့်မယ်.... နော် ငါရှိနေတာဘဲ ငါတို့ကို သူတို့ ခွဲလို့မရပါဘူး "
"ငါ နင့်ကို ချစ်တယ် Lisa ...ငါ သူတို့ဆီ ပြန်မသွားချင်ဘူး "
"ငါလည်း နင့်ကို ချစ်တယ် Chae စိတ်ချပါ ဘာတွေဖြစ်နေနေ ငါနင့်ကို လက်မလွှတ်ပါဘူး "
Chaeyoung အတွက် ခက်ခဲနေမှန်း Lisa သိလို့ Chaeyoungရဲ့ ကျောပြင်လေးကို Lisaပုတ်ပေးနေသည်
"Chae သိလား ဒီစာမေးပွဲ ပြီးသွားရင် ငါ ဘွဲ့ရပြီလေ...ငါ ရှေ့နေဖြစ်သွားတဲ့အခါ Chaeတို့ မိသားစုဆီ အလည်သွားကြမယ်လေ "
"ဒါပေမယ့် ငါက ဘာဆိုဘာမှ မမှတ်မိဘူးလေ Lisa. ...ဟူး ငါ မင်းသမီးရော ဘုရင်မရော ဘာဆိုဘာမှ မဖြစ်ချင်ဘူး Lisaရယ်"
"Chae အတွက် ခက်ခဲနေတယ်ဆိုတာ သိပါတယ်.....ငါ Chaeဘေးနားမှာ ရှိနေသ၍ ဘယ်သူမှ Chaeကို အဝေးဆွဲမခေါ်သွားစေရဘူး ကတိပေးတယ်..."
"ကျေးဇူးတင်ပါတယ် Lisa. .."
Chaeyoung ပြောပြီး Lisaကို ဖက်လိုက်သည်
"အရမ်းတွေးပူမနေနဲ့နော် အချစ်ကလေး "
Chaeyoung ရဲ့ နဖူးကိုနမ်းပြီး Lisa ပြောလိုက်သည်
"ငါ့ကြောင့် နင်တစ်ခုခုဖြစ်သွားမှာ စိတ်ပူတာပါ "
"ဘာမှမဖြစ်ပါဘူး အဲ့အစား တစ်ခုဘဲ ကတိပေး ငါမသိလိုက်ဘဲ ငါ့ဘေးနားက ထွက်မသွားပါနဲ့.... နော်...Chae ထွက်သွားချင်တဲ့အခါ ပြောပါ ငါ Chaeကို လက်လွှတ်ပေးပါမယ် "
"နင့်ဘေးနားကနေ ဘယ်ကိုမှ ထွက်မသွားပါဘူး Lisaရ ဘာလို့ အဲ့လိုပြောရတာလည်း "
"ဟုတ်ပါပြီ နောက်ဆို မပြောတော့ဘူးနော်...ဟား ငါ့ရဲ့ Chaeyoungလေးက Royal Park Familyရဲ့ မင်းသမီးလေး ဖြစ်နေမယ်ဆိုတာ ငါမသိခဲ့ဘူး ...ဒါကို ငါကရော မင်းသမီးဘဲလား..."
"ငါက မင်းသမီး မဟုတ်ပါဘူး Chaeyoung ပါ..
မင်းသမီးနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေ တစ်ခုမှ ငါမမှတ်မိဘူး "
"ဒါပေမယ့် Chae က တကယ့်မင်းသမီးဘဲကို "
"ဒါဆို သူတို့ဘာလို့ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတာလည်း ..."
"ဘာလို့လည်းဆိုတော့ သူတို့က ဘုရင်လုပ်ချင်ကြလို့နေမှာပေါ့ "
"ငါ စိတ်ညစ်တယ် Lisaရယ်...ငါ ဘုရင်မလည်းမလုပ်ချင်ပါဘူး သာမန်ဘဝလေးမှာ နင်နဲ့အတူ ဖြတ်သန်းနေထိုင်ချင်တယ် ...ငါလေ နင်နဲ့ အတူ နေရဖို့ဆို ထီးနန်းပကာသနတွေပါ စွန့်လွှတ်နိုင်တယ် နင်နဲ့မခွဲနိုင်ဘူး....Lisaရဲ့.."
Chaeyoungရဲ့ စကားတွေကြောင့် Lisaမှာ ဟက်ထိပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
Chaeyoungဆိုတဲ့ ကောင်မလေးက စကားတွေနဲ့တင် Lisa Manobanကို ရူးအောင်လုပ်နိုင်တာဘဲ
Chaeyoung က Royal မင်းသမီးဆိုတာ သိပြီးနောက်ပိုင်း Lisa မပါဘဲ Chaeyoung ဘယ်ကိုမှမသွားသလို အလုပ်သွား အလုပ်ပြန်ဆိုလည်း Lisaကသာ လိုက်ပို့လာကြိုပေးသည်
တစ်ခါတစ်ခါ Lisaက ကျောင်းတက်နေရလို့ မအားရင် Jennieတို့က Chaeyoungကို အိမ်ပြန်ပို့ပေးရသည်
Lisa တစ်ယောက် ညနေ ကျောင်းဆင်းတော့ အိမ်ကို ပြန်လာသည်
Jennie တို့က Chaeyoungကို အိမ်သေချာပို့ပေးခဲ့ကြောင်း Message ပို့ထားတာကို ဖတ်ပြီး Lisa စိတ်အေးသွားရသည်
အိမ်ကို ပြန်ရောက်တော့ အိမ်ထဲဝင်တာနဲ့ Chaeyoung လေးမှာ Lisaကို ပြေးဖက်လေသည်
"Lisa. ..လွမ်းလိုက်တာ..."
"Aigoo ငါလည်း ငါ့အချစ်လေးကို လွမ်းနေတာ "
"စာသေချာနားထောင်ခဲ့ရဲ့လား "
"ဒါပေါ့ သေချာလုပ်ခဲ့ပါတယ်နော် "
"တော်လိုက်တာ ရော့ အာဘွား "
Chaeyoungမှာ လက်ခုပ်တီးပြီး Lisaရဲ့ ပါးလေးကို နမ်းတော့ Lisaမှာ သဘောကျပြီး ပြုံးလေသည်
"Chae. ..Dinner သွားစားရအောင် "
Lisaကပြောတော့ Chaeyoungမှာ ခေါင်းခါပြသည်
"ဟင့်အင်း အပြင်မထွက်ချင်ဘူး ငါ့ကို သူတို့ ရှာတွေ့သွားရင် ဘယ်လိုလုပ်မလည်း "
Chaeyoung မှာ သူမကို သူမမိသားစုက ရှာတွေ့သွားမှာ စိတ်ပူလို့ အလုပ်သွားအလုပ်ပြန်ကလွဲလို့ အပြင်မထွက်ဘဲ အိမ်တွင်းသာပုန်းချင်နေသည်
"Chae. ..ဒီလိုပုန်းနေလို့ မရဘူးလေ အချစ်ရ....လာပါ ဒါဆို စားသောက်ဆိုင်မသွားဘဲ စားစရာဝယ်သွားပြီး ကမ်းခြေမှာဘဲ sunset ကြည့်ရင်း စားမယ်လေနော် ..."
Lisaက ဇွတ်ခေါ်နေသောကြောင့် Chaeyoungလည်း ကမ်းခြေမှာ Dinner ဒိတ်ဖို့ ဆုံးဖြတ်လိုက်သည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co