Part 14
#zawgyi
"အာ Unnieကလည်း..."
"ဖလူး..."
တီတီ....
"Nae Taeyeon Unnie. ..."
မွေးနေ့ - 11.2.1997
#tbc
#Unicode
Chaeyoungနဲ့ Lisaတို့ ချစ်သူ ဖြစ်နေတာ တစ်လကျော် ရှိသွားပြီ ဖြစ်သည်
ယခုတော့ Lisa က စာမေးပွဲအတွက် စာကြည့်နေရလို့ Chaeyoungနဲ့ ချိန်းတွေ့ချိန်မရှိပေ...
Chaeyoungကိုလည်း သိပ်အချိန်မပေးနိုင်ပေ
သို့သော်လည်း Chaeyoungမှာ အလုပ်က ပြန်ရောက်ရင် Lisaကို ပစ်မထားဘဲ သစ်သီးတွေ ခွာကျွေးပြီး အမြဲ ဂရုစိုက်ပေးသည်
ဒီနေ့ Chaeyoung နားရက်မို့ စာကြည့်နေတဲ့ Lisaကိုလည်း စိတ်အအနှောင့်အယှက် မပေးချင်လို့ Taeyeon Unnie လက်ရှိနေနေတဲ့ Tiffany Unnieရဲ့ အိမ်ကို သွားလည်ဖို့ Lisaဆီက ခွင့်တောင်းလိုက်သည်
"Lisa ငါလေ Taeyeon Unnieဆီ သွားလည်ချင်လို့ရလား....သူ့ဆီ လာလည်ဖို့ ငါ့ကို ခေါ်ထားဖူးလို့ "
Lisa စာကျက်နေရာက ရပ်ပြီး Chaeyoungကို ကြည့်လိုက်သည်
"ရပါတယ် Chaeရ ကိုယ် လိုက်ပို့ပေးမယ်လေ ခဏစောင့် "
"ရပါတယ် Lisaရ ငါ့ဘာသာငါ ဘတ်စ်ကားစီးသွားလိုက်ပါမယ် နင်က စာကိုသာ သေချာကြည့်ပါ "
"ဒါဆို အပြန်ကျ ကိုယ်လာကြိုမယ်နော် "
"Ok Lisa ချစ်တယ်နော် အာဘွား "
Lisaရဲ့ နှုတ်ခမ်းလေးကို Chaeyoungက နမ်းလိုက်တော့ Lisaမှာ Chaeyoungရဲ့ အနမ်းတွေကို ပြန်တုံ့ပြန်လိုက်သည်
"မတွေ့ရတာ အတော်ကြာပေါ့ ငါ့ညီမလေးရေ..."
အိမ်ထဲဝင်လာတဲ့ Chaeyoungကို Taeyeon ဖက်ပြီး ကြိုဆိုလိုက်သည်
"ဟုတ်ပါ့ Unnieရေ.....ဒါနဲ့ Unnie ချစ်သူရော မတွေ့ပါလား..."
"သူက အလုပ်ကိစ္စရှိလို့ LAကို သွားတယ်လေ..."
"Unnie တစ်ယောက်တည်း အထီးကျန်နေမှာပေါ့ chawတို့ဆီ လာနေ တာ မဟုတ်ဘူး "
"အမလေး ရှင်နဲ့ Lisa အေးဆေးနေဖို့ ရှောင်ပေးတာပါ ဒါနဲ့ ခုထိ နင်တို့နှစ်ယောက် ဘာမှအခြေအနေမထူးခြားသေးဘူးလား "
Taeyeon မှာ Lisaနဲ့ Chaeyoungတို့ ချစ်သူဖြစ်နေတာကို မသိသေးပေ....
ဧည့်ခန်းထဲတွင် အအေးသောက်ကြရင်း Chaeyoungတို့ စကားပြောနေကြသည်
Chaeyoungမှာ Taeyeonကို ပြောပြရင် ကောင်းမလားဆိုပြီး တွေးနေသည်
"အတူအိပ်တာတို့ ဖောင်းဒိုင်းတို့ဘာတို့ "
Taeyeonရဲ့ စကားကြောင့် Chaeyoung ရှက်ပြီး မျက်နှာလေးနီရဲသွားတယ်
"အာ Unnieကလည်း..."
"ကောင်မလေး ရှက်နေပြီဟေး "
"တကယ်တော့ Lisaနဲ့ Chawတွဲနေတာ တစ်လကျော်နေပြီ Unnie "
"ဖလူး..."
Chaeyoungရဲ့ စကားကြောင့် Taeyeon လန့်ပြီး အအေးတွေ သီးကုန်သည်
"ဘာ Lisaနဲ့ နင် တွဲနေတာ တစ်လကျော်နေပြီ ဟုတ်လား နင်နဲ့Lisa တွဲနေတာကလေ တစ်လကျော် ဟုတ်လား Chaeyoung "
Taeyeon မယုံနိုင်ဖြစ်ပြီး မေးတော့ Chaeyoungက ခေါင်းညိတ်ပြသည်
"ဘာလို့ ငါ့ကို မပြောပြတာလည်း Chaeyoung "
"ဟို Unnieတို့ကို တမင်မပြောဘဲ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး Chawတို့က ခုမှ...Chawက ခုမှ စပြီး ရည်းစားထားဖူးတာဆိုတော့ နည်းနည်း အချိန် ယူချင်လို့ မပြောခဲ့တာပါ "
"နောက်ဆုံးတော့ ငါ့ညီမလေး Lisa. ..ငပွေမတွေနဲ့ မဟုတ်ဘဲ Chaeyoungလေးလို လူကောင်းတစ်ယောက်နဲ့တွေ့ခွင့်ရပြီဘဲ.....Chaeyoungရေ Lisaက အရင်က ရည်းစားထားဖူးပေမယ့် သူက လူကောင်းတစ်ယောက်ပါ "
"Chaw သိပါတယ် သူက လူကောင်းတစ်ယောက်ဆိုတာ...ဒါကြောင့်မို့ သူ့ကို Chaw ချစ်မိသွားတာလေ...."
"နင်တို့ နှစ်ယောက်အတွက် တကယ် ဝမ်းသာမိပါတယ် ဒါပေမယ့် ငါ့ကို မပြောပြဘဲ ဖုံးကွယ်ထားလို့ Lisaကို လုပ်အုံးမယ် "
Taeyeon လက်ဟန်ခြေဟန်နဲ့ ပြောတော့ Chaeyoung မှာ သဘောကျပြီး ရယ်လေသည်
Chaeyoungတို့ စကားပြောရင်း အအေးသောက်ရင်းနဲ့ အချိန်ကုန်လို့ ကုန်သွားမှန်းမသိကြပေ
Chaeyoungမှာ Taeyeon နဲ့ စကားပြောရင်း Message ဝင်လာလို့ ဖတ်ကြည့်တော့ Lisaက သူ့ကို လာခေါ်နေပြီလို့ ပို့ထားတာကို တွေ့ရသည်
"Unnie. ..Lisaက လာကြိုနေပြီတဲ့ "
"Aigoo ဒင်းဟာလေ စကားပြောလို့တောင် မဝသေးတာကို တအားကဲတာဘဲ...."
Taeyeonက မျက်မှောင်ကြုတ်ပြီး ပြောတော့ Chaeyoungမှာ Taeyeonကို ကြည့်ပြီး ရယ်လေသည်
တီတီ....
ကားဟွန်းတီးသံကြောင့် Lisaမှန်းသိပြီး Chaeyoung တို့ အိမ်ထဲက ထွက်လာကြသည်
"Lisa နင်နော် ငါ့ကို အကူအညီလိုမှ သတိရ...ဟင်း Chaeyoungနဲ့ နင် တွဲနေတာကိုကျ မပြောပြနဲ့သိလား "
Taeyeonက မျက်စောင်းထိုးကာ ပြောတော့ Lisaမှာ သူမခေါင်းကို ကုတ်ရင်း Taeyeonကို ရယ်ပြလေသည်
"အဟီး...Unnieကလည်း Chawက စာမေးပွဲအတွက် ပြင်ဆင်နေရလို့ မအားဘူးလေ "
"ဟုတ်ပါပြီ နင်တို့နှစ်ယောက်အတွက် ငါဝမ်းသာပါတယ်... Chaeyoung ကို ပျော်အောင်ထားနော် သူ့ကို ငိုအောင်လုပ်ရင် နင့်ကို လာရိုက်မှာ Lisa "
"အမလေး စိတ်ချ Chaeyoungကို ငိုအောင်လုပ်ဖို့ မပြောနဲ့ သူနဲ့ပတ်သက်ရင် သေးသေးလေးကအစ Chawက တန်ဖိုးထားတယ် သိလား...ကဲပါ တာ့တာ Unnieရေ Chawတို့ ပြန်တော့မယ် "
"Ok. ..chaeyoung လည်း အားတဲ့အခါ လာလည်အုံးပေါ့ "
"Nae Taeyeon Unnie. ..."
Taeyeonကို နှုတ်ဆက်ပြီး Lisa တို့ အိမ်ကို ပြန်လာကြသည်
Chaeyoung ကားပေါ်က ဆင်းလာစဥ် လေတိုက်လို့ flyer စာရွက်တစ်ရွက်က လွှင့်လာပြီး Lisa မျက်နှာပေါ် ရောက်လာသည်
Lisaမှာ ထို flyerကို ဖယ်ပြီး ကြည့်လိုက်တော့ flyerထဲတွင် Chaeyoungရဲ့ ပုံကို တွေ့လိုက်ရသည်
Chaeyoungရဲ့ ပုံအပြင် ပုံမှာ ရေးထားတဲ့စာကို ဖတ်ပြီး Lisa မျက်လုံးပြူးသွားသည်
မင်းသမီးလေး Roseanne Park
မွေးနေ့ - 11.2.1997
Park မိသားစုရဲ့ မင်းသမီးဖြစ်ပြီး နောင်တစ်ချိန်တွင် ဘုရင်မဖြစ်မည့် Roseanne Park ပျောက်ဆုံးနေပါသည်.... ရှာဖွေတွေ့ရှိထိန်းသိမ်းထားသူများ အမြန်ဆက်သွယ်ပေးပါရန်....
ဂရုစိုက်ထိန်းသိမ်းပေးထားသူကို ထိုက်တန်စွာ ဆုချီးမြှင့်ပါမည်
"Chae. ..ဒီ flyerထဲက ပုံက နင့်ပုံဘဲ "
Chaeyoungမှာ တအံ့တသြနဲ့ သူမကို ပြောနေတဲ့ Lisa လက်ထဲက Flyerကို ယူကြည့်လိုက်သည်
Chaeyoung သူ့ပုံသူပြန်ကြည့်ရင်း မှတ်ဥာဏ်တစ်ချို့ကို ပြန်သတိရသလိုရှိပြီး ရှောခ့်ဖြစ်သွားကာ သတိလစ်သွားလေသည်
Lisaမှာ သတိလစ်သွားတဲ့ Chaeyoungကို အမြန်ပွေ့ချီပြီး အိမ်ထဲသို့ ခေါ်သွားလေသည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co