Truyen3h.Co

Unknown Girl

Part 18

KimFany059

#unicode

Chaelisaတို့ Hankလေးနဲ့ ဆော့နေတုံး တံခါးဖွင့်ဝင်လာသံကြားလို့ ကြည့်လိုက်တော့ Taeyeon ဖြစ်နေသည်

ခွေး ချစ်တဲ့ Taeyeon တစ်ယောက် အိမ်ထဲ ဝင်ဝင်ချင်း Hankလေးကို တွေ့ပြီး

"Omo နင်တို့ ခွေးလေး မွေးထားတာလား "

"Unnie ဒီကို ဘာလာလုပ်တာလည်း "

Tiffany အိမ်မှာနေပြီးကတည်းက Lisaတို့အိမ်ကို Taeyeon ပြန်မလာတာ ကြာပြီလေ

ယခု ရုတ်တရက်ရောက်လာသောကြောင့် Lisa အံ့သြပြီး မေးလိုက်သည်

"ဒီနေ့ ဆေးရုံကို လူနှစ်ယောက် ရောက်လာတယ် Roseanne ကို လာရှာတာလို့ ပြောပေမယ့် သူတို့ပြတဲ့ ဓာတ်ပုံထဲက ကောင်မလေးက Chaeyoung ဖြစ်နေတယ် "

Taeyeonရဲ့ စကားကြောင့် Chaeyoung လန့်သွားတယ်.....Taeyeonများ ထိုလူတွေကို သူ့အကြောင်းများ ပြောလိုက်မလားဆိုပြီးလည်း Chaeyoung စိတ်ပူနေသည်

"ဒါပေမယ့် အဲ့ Roseanneကို  ငါ မသိဘူးလို့ဘဲ ဖြေလိုက်တယ် "

Taeyeon ဆက်ပြောလိုက်တဲ့ စကားကြောင့် Chaeyoung စိတ်သက်သာရာ ရသွားတယ်

ဒါပေမယ့် သူမကို ဘာလို့ ဒီလောက်ထိ အသည်းအသန်လိုက်ရှာနေကြလည်းဆိုတာ Chaeyoung နားမလည်နိုင်ဖြစ်နေသည်"သူတို့ Unnie ကို တစ်ခြား ဘာအကြောင်းတွေများ ပြောသေးသလည်းဟင် "

Chaeyoung ထပ်ပြီး သိချင်စိတ်တွေ ဖြစ်လာလို့ မေးလိုက်သည်

"အင်း ငါက ဘာလို့ အဲ့ဓာတ်ပုံထဲက ကောင်မလေးကို လိုက်ရှာနေတာလည်း မေးတော့ အဲ့ကောင်မလေးက ပျောက်နေလို့တဲ့ Park Royal familyရဲ့ ပျောက်ဆုံးနေတဲ့ မင်းသမီးလေးတဲ့.....ပြီးတော့ Chaeyoung သူတို့က အမှန်တရားကို သိသွားကြတယ်..Hyojinဆိုတဲ့ အမျိုးသမီးက လူငှားပြီး Chaeyoungကို ရေထဲပစ်ချ သတ်ဖို့ ကြိုးစားခဲ့တာတဲ့... "

Taeyeon ပြောပြီး သက်ပြင်းချလိုက်သည်

"ပြီးတော့ရော ဘာဆက်ပြောသေးလည်း "

Lisaလည်း သိချင်စိတ်နဲ့ မေးလိုက်သည်

"သူတို့ Chaeyoungကို လိုက်ရှာနေကြတာ မတွေ့သေးလို့တဲ့ နောက်တော့ ဒီကမ်းခြေနားက မြို့လေးကို တွေ့ပြီး လာရှာတာတဲ့ Seoul Busan အစရှိတဲ့ မြို့တွေမှာလည်း Chaeyoungအကြောင်း flyer တွေ ပိုစတာတွေ လိုက်ကပ်ထားပြီး ရှာဖွေနေတယ်တဲ့  "

"အဲ့လိုတွေ ဖြစ်ခဲ့တာလား...chaw ဘာမှမမှတ်မိဘူး "
Taeyeon ပြောတာတွေ နားထောင်ပြီး Chaeyoung ခေါင်းခါရမ်းရင်း ထိုင်ချလိုက်သည်

"ဟုတ်တယ် ခု မင်းသမီး Hyojinက နင့်ကို ရှာမတွေ့မချင်း တိုက်ပိတ်ခံရပြီး အပြစ်ပေးခံနေရတယ်တဲ့.....Chaeyoung နင် တကယ်ဘဲ အဲ့ဒီကို ပြန်မသွားချင်တာလား "

"ပြန်မသွားချင်တာရယ်လို့လည်း မဟုတ်ပါဘူး Chawက တော်ဝင်မင်းသမီး ဘဝကို မမှတ်မိသလို ဒီမှာနေရတာလည်း တကယ် သက်တောင့်သက်သာဖြစ်နေပြီလေ ဒါပေမယ့် အဖြေတစ်ချို့ကို လိုချင်လို့ အဲ့ဒီကို ပြန်သွားကြည့်ချင်တယ် အဖြေလိုချင်ရုံပါဘဲ မင်းသမီးဘဝ ပြန်လိုချင်တာ မဟုတ်ပါဘူး...အခုလို....Lisaနဲ့ သာမန်ဘဝလေးဘဲ chaw လိုချင်တာ...."

Chaeyoung ပြောရင်း မျက်ရည်တွေကျလာတော့ Taeyeon မှာ Chaeyoungကို ဖက်ပြီး နှစ်သိမ့်ပေးလေသည်

"နင့်အတွက် စိတ်မကောင်းပါဘူး Chaeyoung ရယ် "

"Unnie. ...ဒီအကြောင်းကို ဘယ်သူမှမပြောပြပါနဲ့နော် "

"အင်းပါ Lisaရယ် စိတ်မပူပါနဲ့ နင်နဲ့ Chaeyoungသာ ဘာဆက်လုပ်ကြမလည်းဆိုတာ တိုင်ပင်ကြအုံး "

Taeyeon ပြောတော့ Lisa သက်ပြင်းသာချမိသည်

*******

Lisaက စာရွက်စာတမ်းတွေကို ပြင်ဆင်နေစဥ် Chaeyoung မှာ အထုပ်အပိုးတွေ ပြင်ဆင်နေသည်

Lisa သက်ပြင်းချပြီး flyerကို ကောက်ယူကာ စာရွက်ထဲက ဖုန်းနံပါတ်ကို ဖုန်းခေါ်လိုက်သည်

တစ်ဖက်က ဖုန်းမကိုင်တဲ့အချိန်တွင်း Lisa ပြတင်းပေါက်ပေါ်က မိုးရေစက်တွေကို အကြောင်းမဲ့ ငေးကြည့်နေမိသည်

"Hello Royal Park Familyရဲ့ အိမ်တော်ထိန်း Mr. Choiပါ ဘာများကူညီပေးရမလည်း "

တစ်ဖက်က ဖုန်းပြန်ထူးတော့ Lisaရဲ့ လည်ပင်းထဲ တစ်ခုခုတစ်ဆို့နေသလို ဘာမှပြန်မဖြေနိုင်ဖြစ်နေသည်

"Hello ဖုန်းကိုင်ထားသေးလား "

Mr. Choi ဆက်ပြောတော့ Lisa အမြန် ချောင်းဟန့်လိုက်သည်

"ဟုတ် ခုနကအတွက် sorryပါရှင် ဟုတ် Royal princess Roseanne Park ပျောက်နေတယ်ဆိုတဲ့ flyer တွေ့ထားလို့လေ....အဲ့တာ အမှန်တော့ မင်းသမီးလေး Roseanneကို ကျွန်မ ရှာတွေ့ထားကြောင်း သတင်းလှမ်းပေးတာပါ "

"ဗျာ ခဏနော် ကျွန်တော် ဘုရင်ကြီးနဲ့ ဖုန်းလွှဲပေးလိုက်ပါမယ် "

Lisaမှာ ဘုရင်ကြီးနဲ့ စကားပြောရမှာမို့ ဒူးတွေတုန်လာသည်

"Hello ဘုရင်ကြီး Park Seung Yoon ပါ ငါ့သမီးကို ရှာတွေ့ထားတယ်ဆိုတာ ဟုတ်ပါသလား "

"ဟုတ် ဟုတ်ပါတယ် ဘုရင်ကြီး "

"ကောင်းပြီ ဒါဆို မင်းရဲ့ အိပ်လိပ်စာပြော ငါ့လူတွေ ချက်ချင်း လွှတ်လိုက်မယ် "

"တကယ်တော့ Princess Roseanneကို နန်းတော်ဆီ ပြန်လိုက်ပို့ဖို့ အစီအစဥ်ဆွဲပြီးသားပါ ပြီးတော့ မင်းသမီးလေးက သူမရဲ့ မှတ်ဥာဏ်တစ်ချို့လည်း ပျောက်ဆုံးနေပါတယ် ဒါကြောင့်မို့ သူမရဲ့ မင်းသမီးဘဝကို မမှတ်မိဘူး "

"ဘာ တကယ်လား အခုရော သူ အဆင်ပြေရဲ့လား "

"ဟုတ် ပြေပါတယ် မနက်ဖြန် ကျွန်မ သူ့ကို လာပို့မယ့်အကြောင်း ဖုန်းဆက်ပြောတာပါ ဟုတ် ကျေးဇူးပါ "

Lisa ပြောပြီး ဖုန်းကို အမြန်ချလိုက်သည်

မိုးရေစက်တွေနဲ့အတူ Lisa ခံစားချက်တွေ မထိန်းထားဘဲ ငိုချင်စိတ်တွေ ဖြစ်ပေါ်လာတယ်

ဒါပေမယ့် Chaeyoung ကိုယ်တိုင် သွားကြည့်ချင်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် Lisa ဘာမှမပြောနိုင်ခဲ့ဘူး ငိုချင်စိတ်တွေကို ထိန်းထားရတယ်လေ

"Chae. ..အထုပ်အပိုးတွေ ပြင်ပြီးသွားပြီလား.."

"ပြင်ပြီးပြီ....."

"ငါလည်း နန်းတော်ကို ဖုန်းဆက်ပြီးသွားပြီ
..Chaeရဲ့အဖေကို ကြည့်ရတာ တော်တော်လေးပျော်နေတဲ့ ပုံဘဲ  "

"Lisa ငါကြောက်တယ်..."

Chaeyoung ပြောရင်း မျက်ရည်တစ်စက် သူမပါးပေါ်ကို စီးကျလာတော့ Lisaမှာ Chaeyoung ရဲ့မျက်ရည်လေးကို သုတ်ပေးလေသည်

"ငါလည်း ကြောက်တယ်.....ငါ Chaeyoungကို ဆုံးရှုံးရမှာ ကြောက်တယ် "

"Lisaကလည်း အဲ့လိုမပြောပါနဲ့ Chaeကို ဘာလို့ ဆုံးရှုံးရမှာလည်း "

Lisaပြောမှ Chaeyoung နှုတ်ခမ်းလေးစူပြီး ပိုငိုလေသည်

"ဟော မငိုဘူးလို့ ကတိပေးထားတာကို ဘာလို့ ငိုနေတာလည်း Chaeလေးရ "

"ထိန်းမရတော့လို့ပေါ့.....Lisa ငါနင့်ကို ချစ်တယ် အရမ်းချစ်တယ်ဆိုတာ အမြဲ သိထားပေးနော်  "

"ငါလည်း နင့်ကို အရမ်းချစ်ပါတယ် "

"ဒီညက ငါတို့ရဲ့ နောက်ဆုံးညဆိုတော့ အမှတ်တရတွေ ဖန်တီးရအောင်လေ "

"ဘယ်လိုမျိုးလည်း "

"အချစ်တွေ ဖန်တီးရအောင်..."

Chaeyoung ပြောပြီး Lisaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

#tbc

#Zawgyi

Chaelisaတို႔ Hankေလးနဲ႕ ေဆာ့ေနတုံး တံခါးဖြင့္ဝင္လာသံၾကားလို႔ ၾကည့္လိုက္ေတာ့ Taeyeon ျဖစ္ေနသည္

ေခြး ခ်စ္တဲ့ Taeyeon တစ္ေယာက္ အိမ္ထဲ ဝင္ဝင္ခ်င္း Hankေလးကို ေတြ႕ၿပီး

"Omo နင္တို႔ ေခြးေလး ေမြးထားတာလား "

"Unnie ဒီကို ဘာလာလုပ္တာလည္း "

Tiffany အိမ္မွာေနၿပီးကတည္းက Lisaတို႔အိမ္ကို Taeyeon ျပန္မလာတာ ၾကာၿပီေလ

ယခု ႐ုတ္တရက္ေရာက္လာေသာေၾကာင့္ Lisa အံ့ၾသၿပီး ေမးလိုက္သည္

"ဒီေန႕ ေဆး႐ုံကို လူႏွစ္ေယာက္ ေရာက္လာတယ္ Roseanne ကို လာရွာတာလို႔ ေျပာေပမယ့္ သူတို႔ျပတဲ့ ဓာတ္ပုံထဲက ေကာင္မေလးက Chaeyoung ျဖစ္ေနတယ္ "

Taeyeonရဲ႕ စကားေၾကာင့္ Chaeyoung လန့္သြားတယ္.....Taeyeonမ်ား ထိုလူေတြကို သူ႕အေၾကာင္းမ်ား ေျပာလိုက္မလားဆိုၿပီးလည္း Chaeyoung စိတ္ပူေနသည္

"ဒါေပမယ့္ အဲ့ Roseanneကို  ငါ မသိဘူးလို႔ဘဲ ေျဖလိုက္တယ္ "

Taeyeon ဆက္ေျပာလိုက္တဲ့ စကားေၾကာင့္ Chaeyoung စိတ္သက္သာရာ ရသြားတယ္

ဒါေပမယ့္ သူမကို ဘာလို႔ ဒီေလာက္ထိ အသည္းအသန္လိုက္ရွာေနၾကလည္းဆိုတာ Chaeyoung နားမလည္နိုင္ျဖစ္ေနသည္"သူတို႔ Unnie ကို တစ္ျခား ဘာအေၾကာင္းေတြမ်ား ေျပာေသးသလည္းဟင္ "

Chaeyoung ထပ္ၿပီး သိခ်င္စိတ္ေတြ ျဖစ္လာလို႔ ေမးလိုက္သည္

"အင္း ငါက ဘာလို႔ အဲ့ဓာတ္ပုံထဲက ေကာင္မေလးကို လိုက္ရွာေနတာလည္း ေမးေတာ့ အဲ့ေကာင္မေလးက ေပ်ာက္ေနလို႔တဲ့ Park Royal familyရဲ႕ ေပ်ာက္ဆုံးေနတဲ့ မင္းသမီးေလးတဲ့.....ၿပီးေတာ့ Chaeyoung သူတို႔က အမွန္တရားကို သိသြားၾကတယ္..Hyojinဆိုတဲ့ အမ်ိဳးသမီးက လူငွားၿပီး Chaeyoungကို ေရထဲပစ္ခ် သတ္ဖို႔ ႀကိဳးစားခဲ့တာတဲ့... "

Taeyeon ေျပာၿပီး သက္ျပင္းခ်လိဳက္သည္

"ၿပီးေတာ့ေရာ ဘာဆက္ေျပာေသးလည္း "

Lisaလည္း သိခ်င္စိတ္နဲ႕ ေမးလိုက္သည္

"သူတို႔ Chaeyoungကို လိုက္ရွာေနၾကတာ မေတြ႕ေသးလို႔တဲ့ ေနာက္ေတာ့ ဒီကမ္းေျခနားက ၿမိဳ႕ေလးကို ေတြ႕ၿပီး လာရွာတာတဲ့ Seoul Busan အစရွိတဲ့ ၿမိဳ႕ေတြမွာလည္း Chaeyoungအေၾကာင္း flyer ေတြ ပိုစတာေတြ လိုက္ကပ္ထားၿပီး ရွာေဖြေနတယ္တဲ့  "

"အဲ့လိုေတြ ျဖစ္ခဲ့တာလား...chaw ဘာမွမမွတ္မိဘူး "
Taeyeon ေျပာတာေတြ နားေထာင္ၿပီး Chaeyoung ေခါင္းခါရမ္းရင္း ထိုင္ခ်လိဳက္သည္

"ဟုတ္တယ္ ခု မင္းသမီး Hyojinက နင့္ကို ရွာမေတြ႕မခ်င္း တိုက္ပိတ္ခံရၿပီး အျပစ္ေပးခံေနရတယ္တဲ့.....Chaeyoung နင္ တကယ္ဘဲ အဲ့ဒီကို ျပန္မသြားခ်င္တာလား "

"ျပန္မသြားခ်င္တာရယ္လို႔လည္း မဟုတ္ပါဘူး Chawက ေတာ္ဝင္မင္းသမီး ဘဝကို မမွတ္မိသလို ဒီမွာေနရတာလည္း တကယ္ သက္ေတာင့္သက္သာျဖစ္ေနၿပီေလ ဒါေပမယ့္ အေျဖတစ္ခ်ိဳ႕ကို လိုခ်င္လို႔ အဲ့ဒီကို ျပန္သြားၾကည့္ခ်င္တယ္ အေျဖလိုခ်င္႐ုံပါဘဲ မင္းသမီးဘဝ ျပန္လိုခ်င္တာ မဟုတ္ပါဘူး...အခုလို....Lisaနဲ႕ သာမန္ဘဝေလးဘဲ chaw လိုခ်င္တာ...."

Chaeyoung ေျပာရင္း မ်က္ရည္ေတြက်လာေတာ့ Taeyeon မွာ Chaeyoungကို ဖက္ၿပီး ႏွစ္သိမ့္ေပးေလသည္

"နင့္အတြက္ စိတ္မေကာင္းပါဘူး Chaeyoung ရယ္ "

"Unnie. ...ဒီအေၾကာင္းကို ဘယ္သူမွမေျပာျပပါနဲ႕ေနာ္ "

"အင္းပါ Lisaရယ္ စိတ္မပူပါနဲ႕ နင္နဲ႕ Chaeyoungသာ ဘာဆက္လုပ္ၾကမလည္းဆိုတာ တိုင္ပင္ၾကအုံး "

Taeyeon ေျပာေတာ့ Lisa သက္ျပင္းသာခ်မိသည္

*******

Lisaက စာ႐ြက္စာတမ္းေတြကို ျပင္ဆင္ေနစဥ္ Chaeyoung မွာ အထုပ္အပိုးေတြ ျပင္ဆင္ေနသည္

Lisa သက္ျပင္းခ်ၿပီး flyerကို ေကာက္ယူကာ စာ႐ြက္ထဲက ဖုန္းနံပါတ္ကို ဖုန္းေခၚလိုက္သည္

တစ္ဖက္က ဖုန္းမကိုင္တဲ့အခ်ိန္တြင္း Lisa ျပတင္းေပါက္ေပၚက မိုးေရစက္ေတြကို အေၾကာင္းမဲ့ ေငးၾကည့္ေနမိသည္

"Hello Royal Park Familyရဲ႕ အိမ္ေတာ္ထိန္း Mr. Choiပါ ဘာမ်ားကူညီေပးရမလည္း "

တစ္ဖက္က ဖုန္းျပန္ထူးေတာ့ Lisaရဲ႕ လည္ပင္းထဲ တစ္ခုခုတစ္ဆို႔ေနသလို ဘာမွျပန္မေျဖနိုင္ျဖစ္ေနသည္

"Hello ဖုန္းကိုင္ထားေသးလား "

Mr. Choi ဆက္ေျပာေတာ့ Lisa အျမန္ ေခ်ာင္းဟန့္လိုက္သည္

"ဟုတ္ ခုနကအတြက္ sorryပါရွင္ ဟုတ္ Royal princess Roseanne Park ေပ်ာက္ေနတယ္ဆိုတဲ့ flyer ေတြ႕ထားလို႔ေလ....အဲ့တာ အမွန္ေတာ့ မင္းသမီးေလး Roseanneကို ကြၽန္မ ရွာေတြ႕ထားေၾကာင္း သတင္းလွမ္းေပးတာပါ "

"ဗ်ာ ခဏေနာ္ ကြၽန္ေတာ္ ဘုရင္ႀကီးနဲ႕ ဖုန္းလႊဲေပးလိုက္ပါမယ္ "

Lisaမွာ ဘုရင္ႀကီးနဲ႕ စကားေျပာရမွာမို႔ ဒူးေတြတုန္လာသည္

"Hello ဘုရင္ႀကီး Park Seung Yoon ပါ ငါ့သမီးကို ရွာေတြ႕ထားတယ္ဆိုတာ ဟုတ္ပါသလား "

"ဟုတ္ ဟုတ္ပါတယ္ ဘုရင္ႀကီး "

"ေကာင္းၿပီ ဒါဆို မင္းရဲ႕ အိပ္လိပ္စာေျပာ ငါ့လူေတြ ခ်က္ခ်င္း လႊတ္လိုက္မယ္ "

"တကယ္ေတာ့ Princess Roseanneကို နန္းေတာ္ဆီ ျပန္လိုက္ပို႔ဖို႔ အစီအစဥ္ဆြဲၿပီးသားပါ ၿပီးေတာ့ မင္းသမီးေလးက သူမရဲ႕ မွတ္ဥာဏ္တစ္ခ်ိဳ႕လည္း ေပ်ာက္ဆုံးေနပါတယ္ ဒါေၾကာင့္မို႔ သူမရဲ႕ မင္းသမီးဘဝကို မမွတ္မိဘူး "

"ဘာ တကယ္လား အခုေရာ သူ အဆင္ေျပရဲ႕လား "

"ဟုတ္ ေျပပါတယ္ မနက္ျဖန္ ကြၽန္မ သူ႕ကို လာပို႔မယ့္အေၾကာင္း ဖုန္းဆက္ေျပာတာပါ ဟုတ္ ေက်းဇူးပါ "

Lisa ေျပာၿပီး ဖုန္းကို အျမန္ခ်လိဳက္သည္

မိုးေရစက္ေတြနဲ႕အတူ Lisa ခံစားခ်က္ေတြ မထိန္းထားဘဲ ငိုခ်င္စိတ္ေတြ ျဖစ္ေပၚလာတယ္

ဒါေပမယ့္ Chaeyoung ကိုယ္တိုင္ သြားၾကည့္ခ်င္တယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့အတြက္ Lisa ဘာမွမေျပာနိုင္ခဲ့ဘူး ငိုခ်င္စိတ္ေတြကို ထိန္းထားရတယ္ေလ

"Chae. ..အထုပ္အပိုးေတြ ျပင္ၿပီးသြားၿပီလား.."

"ျပင္ၿပီးၿပီ....."

"ငါလည္း နန္းေတာ္ကို ဖုန္းဆက္ၿပီးသြားၿပီ
..Chaeရဲ႕အေဖကို ၾကည့္ရတာ ေတာ္ေတာ္ေလးေပ်ာ္ေနတဲ့ ပုံဘဲ  "

"Lisa ငါေၾကာက္တယ္..."

Chaeyoung ေျပာရင္း မ်က္ရည္တစ္စက္ သူမပါးေပၚကို စီးက်လာေတာ့ Lisaမွာ Chaeyoung ရဲ႕မ်က္ရည္ေလးကို သုတ္ေပးေလသည္

"ငါလည္း ေၾကာက္တယ္.....ငါ Chaeyoungကို ဆုံးရႈံးရမွာ ေၾကာက္တယ္ "

"Lisaကလည္း အဲ့လိုမေျပာပါနဲ႕ Chaeကို ဘာလို႔ ဆုံးရႈံးရမွာလည္း "

Lisaေျပာမွ Chaeyoung ႏႈတ္ခမ္းေလးစူၿပီး ပိုငိုေလသည္

"ေဟာ မငိုဘူးလို႔ ကတိေပးထားတာကို ဘာလို႔ ငိုေနတာလည္း Chaeေလးရ "

"ထိန္းမရေတာ့လို႔ေပါ့.....Lisa ငါနင့္ကို ခ်စ္တယ္ အရမ္းခ်စ္တယ္ဆိုတာ အၿမဲ သိထားေပးေနာ္  "

"ငါလည္း နင့္ကို အရမ္းခ်စ္ပါတယ္ "

"ဒီညက ငါတို႔ရဲ႕ ေနာက္ဆုံးညဆိုေတာ့ အမွတ္တရေတြ ဖန္တီးရေအာင္ေလ "

"ဘယ္လိုမ်ိဳးလည္း "

"အခ်စ္ေတြ ဖန္တီးရေအာင္..."

Chaeyoung ေျပာၿပီး Lisaရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co