Truyen3h.Co

Unknown Girl

Part 19

KimFany059

#unicode

Lisaတို့ အချစ်တွေဖန်တီးပြီးနောက် ချွေးတွေနဲ့
ပျစ်ချွဲနေသော အရည်များကို သန့်စင်ဖို့ ရေအတူချိုးကြလေသည်

Chaeyoung တစ်ယောက် စိတ်တွေတအားလှုပ်ရှားပြီး ကြောက်နေပေမယ့် Lisa က အနားမှာရှိနေလို့ အရာအားလုံး အဆင်ပြေသွားမှာပါဆိုပြီး အားတင်းထားရသည်

Lisa အိမ်ကနေ နန်းတော်ကို သွားတဲ့ လမ်းခရီးက ဘယ်လောက်ကြာမယ်မသိပေမယ့် Lisaနဲ့အတူ ရှိနေရမယ့် အချိန်အတောအတွင်းလေးမှာတော့ Chaeyoung ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်မိသည်

မင်းသမီး အဖြစ်နဲ့ ဘဝကို ကုန်ဆုံးရမယ်ဆိုရင် စိတ်ပျက်ညည်းညူစရာကောင်းတဲ့ ဘဝကို Chaeyoung အဆုံးသတ်မိမှာ အမှန်ပင်....

အိမ်ရှေ့စံမင်းသမီး ဘဝမှာတောင် ဒီလောက် အတိုက်အခိုက်များနေတာ ဘုရင်မဘဝမှာဆို ဖိအားပေါင်းများစွာကို တွေးကြည့်ရုံနဲ့ Chaeyoung စိတ်ပျက်ပြီး သက်ပြင်းချမိသည်

Chaeyoungရဲ့ သက်ပြင်းချသံဟာ တော်တော်ကျယ်သွားပုံရသည် ကားမောင်းနေတဲ့ Lisa တစ်ယောက် စိတ်ပူပြီး လက်တစ်ဖက်က Chaeyoungရဲ့ လက်ကို လှမ်းကိုင်လိုက်သည်

"ဘာဖြစ်လို့လည်း Chae. ..ဘာတွေ အရမ်းတွေးပြီး အဘွားအိုကြီးလို သက်ပြင်းချနေတာလည်း အချစ်ရ...."

Lisa ပြောပြီး ကားမောင်းရင်း Chaeyoung လက်လေးကို ယူကာ နမ်းလိုက်သည်

"Chaeyoungဆိုတဲ့ သာမန်ဘဝလေးကိုဘဲ မက်မောတယ်....အဲ့ဘဝလေးမှာဘဲ နေချင်တယ် Lisaရယ် stressတွေများ အတိုက်အခိုက်များတဲ့ တော်ဝင်မင်းသမီး ဘဝမှာ တစ်ရက်လေးတောင် မနေချင်ဘူး...."

Chaeyoung ပြောပြီး ပြတင်းပေါက်အပြင်ဘက်က လယ်ကွင်းစိမ်းစိမ်းလေးတွေကို လှမ်းကြည့်လိုက်သည်

"Chae. ..ကားကအကြာကြီး မောင်းရမှာဆိုတော့ နင် တစ်လမ်းလုံး အိပ်ချင်ရင်အိပ်လိုက်လာခဲ့လေနော် "

Lisa ပြောတော့ Chaeyoung ခေါင်းခါလိုက်သည်

"ဟင့်အင်း ငါမအိပ်ချင်ဘူး....ဒီအချိန်လေးကအစ ငါ့အတွက် အဖိုးတန် တန်ဖိုးရှိလွန်းတယ်

"ဟုတ်တာပေါ့ အချိန်က အမြဲ တန်ဖိုးရှိတယ် ဘယ်လောက်ဘဲ Chaeနဲ့အတူရှိနေပါစေ ကိုယ့်အတွက် မလုံလောက်ဘူး သိလား.... "

"Lisa. ..ဘာတွေ ဘယ်လိုဘဲ ဖြစ်နေပါစေ ငါ့အနားမှာဘဲ အမြဲရှိနေပေးပါနော် "

"ငါ ကတိပေးပါတယ်....သြော် ဒါနဲ့ Chae. ..နင် လက်ထပ်ထားရတယ်ဆိုတာ သိလား "

Lisaရဲ့ စကားကြောင့် Chaeyoung မျက်လုံးပြူးသွားသည်

"ဟင် ငါက လက်ထပ်ထားရတယ် ဟုတ်လား ...မဖြစ်နိုင်တာ....."

"Taeyeon ပြောတာ နင့်မှာ သတို့သားရှိတယ်တဲ့...."

Chaeyoungကို မကြည့်ဘဲ လမ်းမကိုသာ အာရုံစိုက်မောင်းရင်း Lisa ပြောလိုက်သည်

"ချီးဘဲ....သတို့သားမကလို့ ဘာကောင်ကြီးရှိနေနေ ငါက နင်နဲ့မပြတ်နိုင်ဘူးနော် Lisa "

"အားလုံးက ငါတို့ကို ဝိုင်းကန့်ကွက်ရင်ရော....နင်နဲ့ငါက မိန်းကလေးဆိုတော့..သူတို့ "

Lisa စကားဆုံးအောင်မပြောလိုက်ရ Lisa ရဲ့ နှုတ်ခမ်းကို Chaeyoung လက်ညိုးနဲ့ပိတ်လိုက်သည်

"သူတို့က ကန့်ကွက်မယ်ဆို ငါ့ရဲ့တော်ဝင်မင်းသမီး ဂုဏ်ပုဒ်ကို စွန့်လွှတ်ပစ်မယ် Lisa "

"Chae. .."

"နင့်အတွက်ဆို ဘာကိုဘဲ စွန့်လွှတ်ရ စွန့်လွှတ်ရ....ငါစွန့်လွှတ်ရဲတယ်.. အားလုံးနဲ့ လဲရတဲ့အထိ နင်က ထိုက်တန်ပါတယ် Lisa "

Chaeyoungရဲ့ စကားကြောင့် Lisa ပြုံးပြီး လမ်းလည်းရှင်းနေတော့ Chaeyoungရဲ့ နှုတ်ခမ်းလေးကို အမိအရနမ်းပစ်လိုက်သည်

ကားလမ်းခရီးတစ်လျှောက်လုံး Chaelisaတို့ စကားတွေပြောရင်း ခရီးသွားနေသည်

Chaeyoung က သူမှတ်မိသလောက်ပြောပြပြီး Lisaကလည်း သူ့ရဲ့ အတိတ်က relationship အကြောင်းပြောပြသည်

Lisa ပြောပြတာတွေ နားထောင်ပြီး Lisaရဲ့ အတိတ်က ရည်းစားဟောင်းကို Chaeyoung သဝန်တိုမိသေးသည်

ခရီးလမ်းက စားသောက်ဆိုင်မှာ အပေါ့သွား မုန့်စား ခဏနားပေမယ့် အိပ်ဖို့ကိုတော့ Chaeyoung ကန့်ကွက်သည်....မအိပ်ဘဲ Lisaနဲ့ စကားပြောရင်း ကုန်ဆုံးချင်မိသည်

"Chae. ..ရှေ့လမ်းမှာ ဘုရားကျောင်းရှိတယ် ဝင်ချင်လားဟင် "

Lisa ကားမောင်းရင်း မေးတော့ Chaeyoungမှာ ခေါင်းအမြန်ညိတ်ပြသည်

Lisaလည်း ဘုရားကျောင်းဘက်ကို မောင်းပြီး ကားစက်ရပ်လိုက်သည်

ထို့နောက် ဘုရားကျောင်းထဲကို Chaeyoungရဲ့ လက်ကို တွဲပြီး ဝင်သွားသည်

ဘုရားကျောင်းထဲတွင် ဆုတောင်းနေသူတစ်ချို့သာရှိလို့ လွတ်နေတဲ့ ခုံတန်းရှည်ဘက်ဝင်ထိုင်လိုက်သည်

Chaelisa နှစ်ယောက် မျက်လုံးမှိတ်ပြီး စိတ်ထဲ အလိုရှိရာကို ဆုတောင်းနေကြသည်

"Lisa နင် ဘာဆုတောင်းတာလည်း...."

"လျှို့ဝှက်ချက်လေ...ဒီဆုတောင်းတွေ တကယ်ဖြစ်လာတဲ့အခါ ပြောပြမယ် "

Lisa winkလုပ်ပြပြီး ပြောတော့ Chaeyoung နှုတ်ခမ်းစူသွားသည်

"ဟွန့်....ပြီးရော....Lisa ဆုတောင်းတွေ ပြည့်လာမှာပါ...."

Lisa တို့ ဘုရားကျောင်းက ထွက်လာပြီးနောက် တစ်လမ်းလုံး သီချင်းဖွင့်ပြီး သီချင်းတွေဆိုရင်း နန်းတော်ကို သွားကြသည်

နန်းတော်ဂိတ်တံခါးနားရောက်တော့ Chaeyoung ရင်တွေခုန်လာပြီး ရုတ်တရက် မှတ်ဥာဏ်တွေ ပြန်ရလာသည်

Chaeyoung မှာ Daraနဲ့ Minzy ဆိုတဲ့ အမနှစ်ယောက်ရှိပြီး Chaeyoung အရင်ကလည်း မိန်းကလေးချင်းတွဲဖူးပြီး Chaeyoungမှာ ချစ်သူရှိခဲ့ဖူးသည်

Chaeyoung ရဲ့ ချစ်သူကောင်မလေး Hyeriမှာ ကားမတော်တမှုကြောင့် ဆုံးသွားပြီး Chaeyoungမှာ Leoဆိုသော အမျိုးသားနဲ့ စေ့စပ်ဖို့ သူမအဖေတို့ရဲ့ ဖိအားပေးခြင်းကို ခံရလေသည်

သို့သော်လည်း ကားမတော်တမှုဟာ ရိုးရိုးမဟုတ်ဘဲ နောက်ကွယ်မှာ နန်းတော်နဲ့ပတ်သက်နေမှန်း Chaeyoung သိတယ်လေ.......

Chaeyoung အတိတ်တွေကို ပြန်သတိရလာပြီး Lisaရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်

"Lisa ငါတို့ ဒီကနေ အမြန်ပြန်ထွက်ရအောင် ..."

"ဘာဖြစ်လို့လည်း Chae. ..."

"ငါ အတိတ်ကို ပြန်မှတ်မိပြီ....ဟင့်အင်း ငါ ဒီမှာ တစ်စက္ကန့်လေးတောင် မနေနိုင်ဘူး "

"Chae. ...နင့်ရဲ့ မိဘတွေ စောင့်နေကြတယ်လေ...."

"မဟုတ်ဘူး သူတို့က ငါ့ကိုမချစ်ဘူး မုန်းနေကြတာ Lisa....ဟိုကိုရောက်ရင် ငါ မှတ်ဥာဏ်တွေပြန်ရလာတာကို မပြောနဲ့နော် ..."

"Hey bae. ..စိတ်လျော့ စိတ်လျော့ ငါရှိတယ် ဘာမှမဖြစ်ဘူးနော် ငါ ကာကွယ်ပေးမယ် "

"ဖြစ်နိုင်ရင် ဒီနေရာကနေ အမြန် ငါ့ကိုခေါ်ထုတ်သွားပေးပါလား Lisaရယ်..."

"ငါ အကောင်းဆုံးကြိုးစားပါမယ် လာ...အထဲဝင်ရအောင်.... "

ကားပေါ်ကနေ Lisa ဆင်းလာပြီး ကြောက်နေတဲ့ Chaeyoung ရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်

"Chae. ...ငါ ရှိတယ် မကြောက်နဲ့နော် လာ အထဲဝင်ရအောင်...."

Chaeyoungကို အားပေးပြီး Lisa နန်းတော်စံအိမ်ထဲ ခေါ်သွားသည်။

စံအိမ်ထဲဝင်တော့ အိမ်တော်ထိန်းနဲ့ အခိုင်းအစေများက Chaeyoungတို့ကို ဦးညွှတ်ကာ ကြိုဆိုနေကြသည်

အခိုင်းအစေများထဲတွင် Chaeyoung နဲ့ ရင်းနှီးတဲ့ Nineနဲ့ Jieunဆိုတဲ့ မောင်နှမနှစ်ယောက်ကို Chaeyoung တွေ့လိုက်ရပေမယ့် ဘာမှမမှတ်မိချင်ယောင်ဆောင်ဖို့ မသိသလိုနေလိုက်သည်

"မင်းကြီးနဲ့ တွေ့ဆုံခွင့်ရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် မိဖုရားရောပါဘဲ "

Lisa ဦးညွှတ်ပြီး Chaeyoung ရဲ့ မိဘနှစ်ပါးကို နှုတ်ဆက်လိုက်သည်

"ငါ့ သမီးလေး Roseanne... သမီးကို ဘယ်လောက်ရှာနေခဲ့ရလည်း သိလား "

Mrs. Parkမှာ Lisa လက်ကို တွဲထားတဲ့ Chaeyoungရဲ့ လက်ကို ဖြုတ်တွဲပြီး ပြောလိုက်သည်

"လာ အခန်းထဲမှာ ပြောကြတာပေါ့...."

ဘုရင်ကြီး Mr. Parkမှာ Lisaတို့ကို သူ့ရဲ့စာကြည့်ခန်းထဲ ခေါ်သွားသည်

"ကဲ မင်း ဘယ်လောက်လိုချင်လည်း ကောင်မလေး "

"ကျွန်မ ပိုက်ဆံကို မလိုချင်ပါဘူး Chaeyoungကို ဒီခေါ်လာရတဲ့ အကြောင်းအရင်းက သူ့မိဘတွေဖြစ်တဲ့ မင်းကြီးတို့နဲ့ တွေ့ဆုံခွင့်ရအောင်ပါ....ပြီးတာနဲ့ သူ့ကို ကျွန်မ ပြန်ခေါ်သွားမှာပါ "

Lisaရဲ့ မကြောက်မရွံ့ပြောချလိုက်တဲ့ စကားကြောင့် Chaeyoung အံ့သြသွားသလို ဘုရင်ကြီး  Mr. Parkမှာလည်း စိတ်တိုပြီး စားပွဲခုံကို လက်နဲ့ရိုက်ချသည်

"ဘာ လက်မခံနိုင်စရာဘဲ...ဒါ နန်းတွင်းရဲ့ lawကို ဆန့်ကျင်နေတာ ငါ့သမီးက အိမ်ရှေ့စံမင်းသမီးမို့ မကြာခင် ဘုရင်မ လုပ်ရမှာ သာမန်လူဘဝနဲ့ နေလို့မရဘူး "

"ရပါတယ် ကျွန်မ Roseanneနဲ့ ချစ်ကျွမ်းဝင်နေတာပါ "

Lisaရဲ့စကားကြောင့် ဘုရင်ကြီးတို့မှာ အံ့သြသွားသည်

"ဘာ သမီး သမီးဆီမှာ လက်ထပ်ရမယ့် သတို့သားရှိတယ်လေ "

"ဖျက်လိုက်ပါ Omma Chaeက Lisaကိုဘဲ ချစ်တာ "

"ဘာပြောတယ် Roseanne Park မိန်းကလေးချင်း ကြိုက်ပြန်ပြီလား "

"Chae ဘယ်သူ့ကိုကြိုက်ကြိုက် Chae လုပ်ပိုင်ခွင့်ပါ အခု chaeကိုလည်း တွေ့ပြီးပြီဆိုတော့ သွားခွင့်ပြုပါအုံး လာ Lisa သွားမယ် "

သူမအဖေရှေ့ ရပ်နေတဲ့ Lisaကို ခေါ်ပြီး Chaeyoung လှည့်အထွက် ဘုရင်ကြီး Mr. Parkရဲ့ ဖုန်းဆက်အချက်ပြမှုကြောင့် အခိုင်းအစေတွေ ဝင်လာပြီး Lisaတို့ကို ဆွဲချုပ်လေသည်

"Lisaဆိုတဲ့ တစ်ယောက်ကို ထောင်ထဲထည့်လိုက် "

"ဟင့်အင်း Chae ဒီမှာ နေပါမယ် Lisaကို လွှတ်ပေးပါ "

"No Chae. ..နင်မပါဘဲ ငါပြန်မသွားဘူးလို့ ကတိပေးထားတယ်လေ ငါဒီကနေ တဖဝါးမှမရွေ့ဘူး ထောင်ကျလည်း ရတယ်..."

"Lisa ခေါင်းမမာစမ်းပါနဲ့ဟာ "

"ငါ ခေါင်းမာတာမဟုတ်ဘူး Chae "

"တယ် ငါ့ရှေ့မှာ ဘာဖြစ်နေကြတာလည်း Lisaကို ထောင်ထဲထည့်ပြီး ရိုက်ကြစမ်း "

"ဒီမှာ Appa. ..သူ့အသားကို တစ်ချက်ထိတာနဲ့ Chae ကိုယ့်ကိုကိုယ်သတ်သေပစ်မယ်ဆိုတာ သိထားပါ "

"ကောင်းပြီ အဟက် ဒါဆိုလည်း သူ့ကိုထောင်ထဲထည့်လိုက် Jieunက Roseanne မင်းသမီးကို သူ့အခန်းလိုက်ပို့ပေးလိုက် အားလုံးထွက်သွားကြ "

ဘုရင်ကြီးမှာ အမိန့်ပေးပြီး ထိုင်ခုံပေါ် ပစ်ထိုင်လိုက်သည်

Lisaမှာ ထောင်ထဲဆွဲခေါ်ခံရပြီး Chaeyoungကတော့ စံအိမ်ထဲက သူမအခန်းထဲသို့ ခေါ်သွားခြင်းခံရသည်

#Tbc

#zawgyi

Lisaတို႔ အခ်စ္ေတြဖန္တီးၿပီးေနာက္ ေခြၽးေတြနဲ႕
ပ်စ္ခြၽဲေနေသာ အရည္မ်ားကို သန့္စင္ဖို႔ ေရအတူခ်ိဳးၾကေလသည္

Chaeyoung တစ္ေယာက္ စိတ္ေတြတအားလႈပ္ရွားၿပီး ေၾကာက္ေနေပမယ့္ Lisa က အနားမွာရွိေနလို႔ အရာအားလုံး အဆင္ေျပသြားမွာပါဆိုၿပီး အားတင္းထားရသည္

Lisa အိမ္ကေန နန္းေတာ္ကို သြားတဲ့ လမ္းခရီးက ဘယ္ေလာက္ၾကာမယ္မသိေပမယ့္ Lisaနဲ႕အတူ ရွိေနရမယ့္ အခ်ိန္အေတာအတြင္းေလးမွာေတာ့ Chaeyoung ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနခ်င္မိသည္

မင္းသမီး အျဖစ္နဲ႕ ဘဝကို ကုန္ဆုံးရမယ္ဆိုရင္ စိတ္ပ်က္ညည္းၫူစရာေကာင္းတဲ့ ဘဝကို Chaeyoung အဆုံးသတ္မိမွာ အမွန္ပင္....

အိမ္ေရွ႕စံမင္းသမီး ဘဝမွာေတာင္ ဒီေလာက္ အတိုက္အခိုက္မ်ားေနတာ ဘုရင္မဘဝမွာဆို ဖိအားေပါင္းမ်ားစြာကို ေတြးၾကည့္႐ုံနဲ႕ Chaeyoung စိတ္ပ်က္ၿပီး သက္ျပင္းခ်မိသည္

Chaeyoungရဲ႕ သက္ျပင္းခ်သံဟာ ေတာ္ေတာ္က်ယ္သြားပုံရသည္ ကားေမာင္းေနတဲ့ Lisa တစ္ေယာက္ စိတ္ပူၿပီး လက္တစ္ဖက္က Chaeyoungရဲ႕ လက္ကို လွမ္းကိုင္လိုက္သည္

"ဘာျဖစ္လို႔လည္း Chae. ..ဘာေတြ အရမ္းေတြးၿပီး အဘြားအိုႀကီးလို သက္ျပင္းခ်ေနတာလည္း အခ်စ္ရ...."

Lisa ေျပာၿပီး ကားေမာင္းရင္း Chaeyoung လက္ေလးကို ယူကာ နမ္းလိုက္သည္

"Chaeyoungဆိုတဲ့ သာမန္ဘဝေလးကိုဘဲ မက္ေမာတယ္....အဲ့ဘဝေလးမွာဘဲ ေနခ်င္တယ္ Lisaရယ္ stressေတြမ်ား အတိုက္အခိုက္မ်ားတဲ့ ေတာ္ဝင္မင္းသမီး ဘဝမွာ တစ္ရက္ေလးေတာင္ မေနခ်င္ဘူး...."

Chaeyoung ေျပာၿပီး ျပတင္းေပါက္အျပင္ဘက္က လယ္ကြင္းစိမ္းစိမ္းေလးေတြကို လွမ္းၾကည့္လိုက္သည္

"Chae. ..ကားကအၾကာႀကီး ေမာင္းရမွာဆိုေတာ့ နင္ တစ္လမ္းလုံး အိပ္ခ်င္ရင္အိပ္လိုက္လာခဲ့ေလေနာ္ "

Lisa ေျပာေတာ့ Chaeyoung ေခါင္းခါလိုက္သည္

"ဟင့္အင္း ငါမအိပ္ခ်င္ဘူး....ဒီအခ်ိန္ေလးကအစ ငါ့အတြက္ အဖိုးတန္ တန္ဖိုးရွိလြန္းတယ္

"ဟုတ္တာေပါ့ အခ်ိန္က အၿမဲ တန္ဖိုးရွိတယ္ ဘယ္ေလာက္ဘဲ Chaeနဲ႕အတူရွိေနပါေစ ကိုယ့္အတြက္ မလုံေလာက္ဘူး သိလား.... "

"Lisa. ..ဘာေတြ ဘယ္လိုဘဲ ျဖစ္ေနပါေစ ငါ့အနားမွာဘဲ အၿမဲရွိေနေပးပါေနာ္ "

"ငါ ကတိေပးပါတယ္....ေၾသာ္ ဒါနဲ႕ Chae. ..နင္ လက္ထပ္ထားရတယ္ဆိုတာ သိလား "

Lisaရဲ႕ စကားေၾကာင့္ Chaeyoung မ်က္လုံးျပဴးသြားသည္

"ဟင္ ငါက လက္ထပ္ထားရတယ္ ဟုတ္လား ...မျဖစ္နိုင္တာ....."

"Taeyeon ေျပာတာ နင့္မွာ သတို႔သားရွိတယ္တဲ့...."

Chaeyoungကို မၾကည့္ဘဲ လမ္းမကိုသာ အာ႐ုံစိုက္ေမာင္းရင္း Lisa ေျပာလိုက္သည္

"ခ်ီးဘဲ....သတို႔သားမကလို႔ ဘာေကာင္ႀကီးရွိေနေန ငါက နင္နဲ႕မျပတ္နိုင္ဘူးေနာ္ Lisa "

"အားလုံးက ငါတို႔ကို ဝိုင္းကန့္ကြက္ရင္ေရာ....နင္နဲ႕ငါက မိန္းကေလးဆိုေတာ့..သူတို႔ "

Lisa စကားဆုံးေအာင္မေျပာလိုက္ရ Lisa ရဲ႕ ႏႈတ္ခမ္းကို Chaeyoung လက္ညိုးနဲ႕ပိတ္လိုက္သည္

"သူတို႔က ကန့္ကြက္မယ္ဆို ငါ့ရဲ႕ေတာ္ဝင္မင္းသမီး ဂုဏ္ပုဒ္ကို စြန့္လႊတ္ပစ္မယ္ Lisa "

"Chae. .."

"နင့္အတြက္ဆို ဘာကိုဘဲ စြန့္လႊတ္ရ စြန့္လႊတ္ရ....ငါစြန့္လႊတ္ရဲတယ္.. အားလုံးနဲ႕ လဲရတဲ့အထိ နင္က ထိုက္တန္ပါတယ္ Lisa "

Chaeyoungရဲ႕ စကားေၾကာင့္ Lisa ၿပဳံးၿပီး လမ္းလည္းရွင္းေနေတာ့ Chaeyoungရဲ႕ ႏႈတ္ခမ္းေလးကို အမိအရနမ္းပစ္လိုက္သည္

ကားလမ္းခရီးတစ္ေလွ်ာက္လုံး Chaelisaတို႔ စကားေတြေျပာရင္း ခရီးသြားေနသည္

Chaeyoung က သူမွတ္မိသေလာက္ေျပာျပၿပီး Lisaကလည္း သူ႕ရဲ႕ အတိတ္က relationship အေၾကာင္းေျပာျပသည္

Lisa ေျပာျပတာေတြ နားေထာင္ၿပီး Lisaရဲ႕ အတိတ္က ရည္းစားေဟာင္းကို Chaeyoung သဝန္တိုမိေသးသည္

ခရီးလမ္းက စားေသာက္ဆိုင္မွာ အေပါ့သြား မုန့္စား ခဏနားေပမယ့္ အိပ္ဖို႔ကိုေတာ့ Chaeyoung ကန့္ကြက္သည္....မအိပ္ဘဲ Lisaနဲ႕ စကားေျပာရင္း ကုန္ဆုံးခ်င္မိသည္

"Chae. ..ေရွ႕လမ္းမွာ ဘုရားေက်ာင္းရွိတယ္ ဝင္ခ်င္လားဟင္ "

Lisa ကားေမာင္းရင္း ေမးေတာ့ Chaeyoungမွာ ေခါင္းအျမန္ညိတ္ျပသည္

Lisaလည္း ဘုရားေက်ာင္းဘက္ကို ေမာင္းၿပီး ကားစက္ရပ္လိုက္သည္

ထို႔ေနာက္ ဘုရားေက်ာင္းထဲကို Chaeyoungရဲ႕ လက္ကို တြဲၿပီး ဝင္သြားသည္

ဘုရားေက်ာင္းထဲတြင္ ဆုေတာင္းေနသူတစ္ခ်ိဳ႕သာရွိလို႔ လြတ္ေနတဲ့ ခုံတန္းရွည္ဘက္ဝင္ထိုင္လိုက္သည္

Chaelisa ႏွစ္ေယာက္ မ်က္လုံးမွိတ္ၿပီး စိတ္ထဲ အလိုရွိရာကို ဆုေတာင္းေနၾကသည္

"Lisa နင္ ဘာဆုေတာင္းတာလည္း...."

"လွ်ို႔ဝွက္ခ်က္ေလ...ဒီဆုေတာင္းေတြ တကယ္ျဖစ္လာတဲ့အခါ ေျပာျပမယ္ "

Lisa winkလုပ္ျပၿပီး ေျပာေတာ့ Chaeyoung ႏႈတ္ခမ္းစူသြားသည္

"ဟြန့္....ၿပီးေရာ....Lisa ဆုေတာင္းေတြ ျပည့္လာမွာပါ...."

Lisa တို႔ ဘုရားေက်ာင္းက ထြက္လာၿပီးေနာက္ တစ္လမ္းလုံး သီခ်င္းဖြင့္ၿပီး သီခ်င္းေတြဆိုရင္း နန္းေတာ္ကို သြားၾကသည္

နန္းေတာ္ဂိတ္တံခါးနားေရာက္ေတာ့ Chaeyoung ရင္ေတြခုန္လာၿပီး ႐ုတ္တရက္ မွတ္ဥာဏ္ေတြ ျပန္ရလာသည္

Chaeyoung မွာ Daraနဲ႕ Minzy ဆိုတဲ့ အမႏွစ္ေယာက္ရွိၿပီး Chaeyoung အရင္ကလည္း မိန္းကေလးခ်င္းတြဲဖူးၿပီး Chaeyoungမွာ ခ်စ္သူရွိခဲ့ဖူးသည္

Chaeyoung ရဲ႕ ခ်စ္သူေကာင္မေလး Hyeriမွာ ကားမေတာ္တမႈေၾကာင့္ ဆုံးသြားၿပီး Chaeyoungမွာ Leoဆိုေသာ အမ်ိဳးသားနဲ႕ ေစ့စပ္ဖို႔ သူမအေဖတို႔ရဲ႕ ဖိအားေပးျခင္းကို ခံရေလသည္

သို႔ေသာ္လည္း ကားမေတာ္တမႈဟာ ရိုးရိုးမဟုတ္ဘဲ ေနာက္ကြယ္မွာ နန္းေတာ္နဲ႕ပတ္သက္ေနမွန္း Chaeyoung သိတယ္ေလ.......

Chaeyoung အတိတ္ေတြကို ျပန္သတိရလာၿပီး Lisaရဲ႕ လက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္

"Lisa ငါတို႔ ဒီကေန အျမန္ျပန္ထြက္ရေအာင္ ..."

"ဘာျဖစ္လို႔လည္း Chae. ..."

"ငါ အတိတ္ကို ျပန္မွတ္မိၿပီ....ဟင့္အင္း ငါ ဒီမွာ တစ္စကၠန့္ေလးေတာင္ မေနနိုင္ဘူး "

"Chae. ...နင့္ရဲ႕ မိဘေတြ ေစာင့္ေနၾကတယ္ေလ...."

"မဟုတ္ဘူး သူတို႔က ငါ့ကိုမခ်စ္ဘူး မုန္းေနၾကတာ Lisa....ဟိုကိုေရာက္ရင္ ငါ မွတ္ဥာဏ္ေတြျပန္ရလာတာကို မေျပာနဲ႕ေနာ္ ..."

"Hey bae. ..စိတ္ေလ်ာ့ စိတ္ေလ်ာ့ ငါရွိတယ္ ဘာမွမျဖစ္ဘူးေနာ္ ငါ ကာကြယ္ေပးမယ္ "

"ျဖစ္နိုင္ရင္ ဒီေနရာကေန အျမန္ ငါ့ကိုေခၚထုတ္သြားေပးပါလား Lisaရယ္..."

"ငါ အေကာင္းဆုံးႀကိဳးစားပါမယ္ လာ...အထဲဝင္ရေအာင္.... "

ကားေပၚကေန Lisa ဆင္းလာၿပီး ေၾကာက္ေနတဲ့ Chaeyoung ရဲ႕ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္

"Chae. ...ငါ ရွိတယ္ မေၾကာက္နဲ႕ေနာ္ လာ အထဲဝင္ရေအာင္...."

Chaeyoungကို အားေပးၿပီး Lisa နန္းေတာ္စံအိမ္ထဲ ေခၚသြားသည္။

စံအိမ္ထဲဝင္ေတာ့ အိမ္ေတာ္ထိန္းနဲ႕ အခိုင္းအေစမ်ားက Chaeyoungတို႔ကို ဦးၫႊတ္ကာ ႀကိဳဆိုေနၾကသည္

အခိုင္းအေစမ်ားထဲတြင္ Chaeyoung နဲ႕ ရင္းႏွီးတဲ့ Nineနဲ႕ Jieunဆိုတဲ့ ေမာင္ႏွမႏွစ္ေယာက္ကို Chaeyoung ေတြ႕လိုက္ရေပမယ့္ ဘာမွမမွတ္မိခ်င္ေယာင္ေဆာင္ဖို႔ မသိသလိုေနလိုက္သည္

"မင္းႀကီးနဲ႕ ေတြ႕ဆုံခြင့္ရလို႔ ဝမ္းေျမာက္ဝမ္းသာျဖစ္မိပါတယ္ မိဖုရားေရာပါဘဲ "

Lisa ဦးၫႊတ္ၿပီး Chaeyoung ရဲ႕ မိဘႏွစ္ပါးကို ႏႈတ္ဆက္လိုက္သည္

"ငါ့ သမီးေလး Roseanne... သမီးကို ဘယ္ေလာက္ရွာေနခဲ့ရလည္း သိလား "

Mrs. Parkမွာ Lisa လက္ကို တြဲထားတဲ့ Chaeyoungရဲ႕ လက္ကို ျဖဳတ္တြဲၿပီး ေျပာလိုက္သည္

"လာ အခန္းထဲမွာ ေျပာၾကတာေပါ့...."

ဘုရင္ႀကီး Mr. Parkမွာ Lisaတို႔ကို သူ႕ရဲ႕စာၾကည့္ခန္းထဲ ေခၚသြားသည္

"ကဲ မင္း ဘယ္ေလာက္လိုခ်င္လည္း ေကာင္မေလး "

"ကြၽန္မ ပိုက္ဆံကို မလိုခ်င္ပါဘူး Chaeyoungကို ဒီေခၚလာရတဲ့ အေၾကာင္းအရင္းက သူ႕မိဘေတြျဖစ္တဲ့ မင္းႀကီးတို႔နဲ႕ ေတြ႕ဆုံခြင့္ရေအာင္ပါ....ၿပီးတာနဲ႕ သူ႕ကို ကြၽန္မ ျပန္ေခၚသြားမွာပါ "

Lisaရဲ႕ မေၾကာက္မ႐ြံ႕ေျပာခ်လိဳက္တဲ့ စကားေၾကာင့္ Chaeyoung အံ့ၾသသြားသလို ဘုရင္ႀကီး  Mr. Parkမွာလည္း စိတ္တိုၿပီး စားပြဲခုံကို လက္နဲ႕ရိုက္ခ်သည္

"ဘာ လက္မခံနိုင္စရာဘဲ...ဒါ နန္းတြင္းရဲ႕ lawကို ဆန့္က်င္ေနတာ ငါ့သမီးက အိမ္ေရွ႕စံမင္းသမီးမို႔ မၾကာခင္ ဘုရင္မ လုပ္ရမွာ သာမန္လူဘဝနဲ႕ ေနလို႔မရဘူး "

"ရပါတယ္ ကြၽန္မ Roseanneနဲ႕ ခ်စ္ကြၽမ္းဝင္ေနတာပါ "

Lisaရဲ႕စကားေၾကာင့္ ဘုရင္ႀကီးတို႔မွာ အံ့ၾသသြားသည္

"ဘာ သမီး သမီးဆီမွာ လက္ထပ္ရမယ့္ သတို႔သားရွိတယ္ေလ "

"ဖ်က္လိုက္ပါ Omma Chaeက Lisaကိုဘဲ ခ်စ္တာ "

"ဘာေျပာတယ္ Roseanne Park မိန္းကေလးခ်င္း ႀကိဳက္ျပန္ၿပီလား "

"Chae ဘယ္သူ႕ကိုႀကိဳက္ႀကိဳက္ Chae လုပ္ပိုင္ခြင့္ပါ အခု chaeကိုလည္း ေတြ႕ၿပီးၿပီဆိုေတာ့ သြားခြင့္ျပဳပါအုံး လာ Lisa သြားမယ္ "

သူမအေဖေရွ႕ ရပ္ေနတဲ့ Lisaကို ေခၚၿပီး Chaeyoung လွည့္အထြက္ ဘုရင္ႀကီး Mr. Parkရဲ႕ ဖုန္းဆက္အခ်က္ျပမႈေၾကာင့္ အခိုင္းအေစေတြ ဝင္လာၿပီး Lisaတို႔ကို ဆြဲခ်ဳပ္ေလသည္

"Lisaဆိုတဲ့ တစ္ေယာက္ကို ေထာင္ထဲထည့္လိုက္ "

"ဟင့္အင္း Chae ဒီမွာ ေနပါမယ္ Lisaကို လႊတ္ေပးပါ "

"No Chae. ..နင္မပါဘဲ ငါျပန္မသြားဘူးလို႔ ကတိေပးထားတယ္ေလ ငါဒီကေန တဖဝါးမွမေ႐ြ႕ဘူး ေထာင္က်လည္း ရတယ္..."

"Lisa ေခါင္းမမာစမ္းပါနဲ႕ဟာ "

"ငါ ေခါင္းမာတာမဟုတ္ဘူး Chae "

"တယ္ ငါ့ေရွ႕မွာ ဘာျဖစ္ေနၾကတာလည္း Lisaကို ေထာင္ထဲထည့္ၿပီး ရိုက္ၾကစမ္း "

"ဒီမွာ Appa. ..သူ႕အသားကို တစ္ခ်က္ထိတာနဲ႕ Chae ကိုယ့္ကိုကိုယ္သတ္ေသပစ္မယ္ဆိုတာ သိထားပါ "

"ေကာင္းၿပီ အဟက္ ဒါဆိုလည္း သူ႕ကိုေထာင္ထဲထည့္လိုက္ Jieunက Roseanne မင္းသမီးကို သူ႕အခန္းလိုက္ပို႔ေပးလိုက္ အားလုံးထြက္သြားၾက "

ဘုရင္ႀကီးမွာ အမိန့္ေပးၿပီး ထိုင္ခုံေပၚ ပစ္ထိုင္လိုက္သည္

Lisaမွာ ေထာင္ထဲဆြဲေခၚခံရၿပီး Chaeyoungကေတာ့ စံအိမ္ထဲက သူမအခန္းထဲသို႔ ေခၚသြားျခင္းခံရသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co