Part 22
#Unicode
Chaeyoungမှာ ထမင်းစားခန်းထဲက ထွက်လာပြီးနောက် သူမ စိတ်ညစ်ရင် အမြဲ သွားလေ့ရှိတဲ့ စာကြည့်ခန်းထဲတွင် ငိုနေရင်း အိပ်ပျော်သွားသည်
Lisaမှာ ထောင်ထဲတွင် စာဖတ်နေရင်း ဘုရင်က သူမကိုတွေ့ချင်တယ်လို့ Nineက ပြောသောကြောင့် စိတ်လှုပ်ရှားနေသည်
Nineခေါ်ရာနောက် လိုက်သွားရင်း ရုံးခန်းထဲက ဘုရင်နဲ့ စကားပြောပြီးနောက် Lisa ပြုံးရွှင်ပြီး ရုံးခန်းထဲက ထွက်လာခဲ့သည်
Lisaကို Chaeyoungရဲ့ Body guardအဖြစ် ထားရမှာကို ဘုရင်ကြီးမှာ မနှစ်သက်သောလည်း သူ့သမီးကို ပျော်စေချင်သောကြောင့် အလျော့ပေးလိုက်ရသည်
"ဘာတဲ့လည်း Lisa နင့်ကြည့်ရတာ ပြုံးပျော်နေတာဘဲ "
Nineကမေးတော့ Lisa မှာ လက်မထောင်ပြီး ပြုံးကာ
"ငါ့ကို ဘုရင်ကြီးက.... Chaeyoungရဲ့ Personal Bodyguard လုပ်ဖို့ ပြောလိုက်တာ ပျော်လိုက်တာ ဟိဟိ "
"ဟာ တကယ်လား "
"ဒါပေါ့ ငါက အခု မင်းသမီးလေးရဲ့ သက်တော်စောင့်ဖြစ်နေပြီ....ဒါနဲ့ မင်းသမီးက ဘယ်မှာလည်း "
"ခုန Maid တစ်ယောက်ပြောပုံအရ စာကြည့်ခန်းဘက်သွားတယ်ပြောတယ် အဲ့ကို လိုက်သွားကြည့်တာပေါ့ လာ ငါနင့်ကို လိုက်ပြမယ် "
Lisaလည်း စာကြည့်ခန်းကို လိုက်ပြမယ့် Nine နောက်ကို လိုက်သွားသည်
"ကဲ ရောက်ပြီ ဒီအခန်းဘဲ နင် ဝင်သွားလိုက်လေ ငါအရှေ့မှာ စောင့်နေမယ် Lisa "
"Ok Nine "
"ကြိုက်သလောက် အချိန်ယူနော် ငါအရှေ့မှာ အေးဆေးစောင့်ပေးမယ် "
"ကျေးဇူးပါ Nine "
Nineကို ကျေးဇူးတင်စကားပြောပြီး Lisa စာကြည့်တိုက်ထဲ ဝင်လာသည်
ခမ်းနားကြီးကျယ်ပြီး စာအုပ်စင်အပြည့်ရှိတဲ့ စာကြည့်တိုက်ထဲ Chaeyoungကို Lisa လိုက်ရှာနေမိသည်
စာကြည့်တိုက်ထဲ လိုက်ရှာရင်း တစ်နေရာရောက်တော့ စားပွဲခုံပေါ် ခေါင်းလေးမှောက်ကာ အိပ်ပျော်နေတဲ့ Chaeyoungကို Lisa တွေ့တော့ ပျော်သွားသည်
Chaeyoungဆီ Lisa လျှောက်လာပြီး Chaeyoung ရဲ့ ပခုံးလေးကို ပုတ်ကာနှိုးလိုက်သည်
"Chae. ..Chae. .."
Chaeyoungမှာ အိပ်နေရင်း Lisa အသံကြားရလို့ အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်တော့ Lisaကို မြင်ပြီး အရမ်းပျော်သွားတယ်
"Lisa. ...နင် နင်ဒီကို ဘယ်လိုရောက်လာတာလည်း "
"ငါ့ရဲ့ Assistant Nine လိုက်ပို့တာလေ....."
"ဟင် ဘယ်လို "
Lisa ပြောတာကို Chaeyoung နားမလည်နိုင်ဘဲ ဖြစ်နေတော့ Lisaမှာ ရယ်ပြီး Chaeyoungရဲ့ ဆံပင်လေးကို လက်နဲ့ဖွလိုက်သည်
"ဒီလိုလေ Chaeရ....ခုနက ဘုရင်ကြီးက ငါ့ကိုခေါ်တွေ့တယ် Chaeရဲ့ Personal bodyguard ဖြစ်ပေးဖို့ ပြောတယ် "
Lisaရဲ့ စကားကြောင့် Chaeyoung ပျော်ပြီး ထခုန်ကာ Lisaကို ဖက်လိုက်သည်
"အား ပျော်လိုက်တာ နောက်ဆုံးတော့ ငါဖြစ်ချင်တာကို သူတို့လိုက်လျောပေးတာဘဲ "
"Hey bae bae. ....နန်းတော်ထဲမှာ ဒီလိုမလုပ်..."
Chaeyoungကို Lisa ဆုံးအောင်မဆူလိုက်ရ Chaeyoungရဲ့ နှုတ်ခမ်းတစ်စုံက သူမရဲ့ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်
"အရမ်းချစ်တယ် Lisaရယ်....နင်နဲ့အတူတူရှိနေချိန် ငါ ဘာဆိုဘာမှမတွေးချင်သလို ငါ့ကိုယ်ငါပါ မေ့တဲ့အထိ.....နင်သိလား Lisa..."
"သိတာပေါ့ Chaeရ ငါလည်း နင့်ကို အရမ်းချစ်တာ ဒါကြောင့်မို့ ဘာဖြစ်နေနေ နင့်ဘေးနားမှာ ငါရှိနေပေးတာပေါ့ ....အခု ငါက နင့်ရဲ့ Bodyguard ဖြစ်ပြီး နင့်နားမှာ အချိန်တိုင်းရှိခွင့်ရတော့မှာလေ ဒါကြောင့်မို့ တစ်ခြားသူတွေ မျက်စိစပါးမွှေးမဆူးအောင် ငါတို့ "
"ဘာမှမနေဘူး ဟွန့်....လာမတားနဲ့နော် "
"Chae. ..."
"မနက်ဖြန် မင်းသားဆိုတဲ့ ဟိုတစ်ယောက်လာတော့မှာ "
"ဟင် ဒါဆို ငါက နင်နဲ့သူနဲ့ စကားပြောတာတွေကို ရပ်ကြည့်နေရအုံးမှာပေါ့ what the fuck "
သဝန်တိုလာပြီး ဘဲပေါက်လေးလို နှုတ်ခမ်းစူနေတဲ့ Lisaကို ကြည့်ပြီး Chaeyoung သဘောကျလို့ ရယ်လိုက်သည်
"အဲ့အတွက် sorryပါ Lisaရယ်..."
"တောင်းပန်စရာမလိုပါဘူး Chaeရဲ့ အမှားမှမဟုတ်တာ...လာ သွားကြစို့ အရှေ့မှာ Nine စောင့်နေရတာ တော်တော် ကြာနေပြီ အားနာစရာ "
Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး Lisa ပြောလိုက်သည်
"ဟင့်အင်း ငါနဲ့ ဒီည ဒီမှာ အတူနေပေး..."
"ဟင် "
"မဟင်နဲ့ Nineက အရှေ့မှာ စောင့်နေတာလား သူနဲ့စကားပြောလိုက်အုံးမယ် ခဏစောင့် "
Chaeyoung မှာ Nineဆီ သွားတော့ Lisaလည်း Chaeyoungရဲ့ နောက်သို့လိုက်သွားသည်
"Nine "
"ဟုတ် မင်းသမီးလေး "
"Appaတို့ကို ပြောလိုက် ဒီည ငါဒီမှာဘဲ နေမှာလို့ ....ပြီးတော့ သူတို့ကို အခုထိ စိတ်ဆိုးနေပြီး အေးဆေးနေချင်လို့ လာမနှောင့်ယှက်ပါနဲ့လို့ ပြောပေး "
"ဟုတ်ကဲ့ မင်းသမီးလေး အမိန့်အတိုင်းပါ "
"ကျေးဇူး Nine "
Nine ထွက်သွားတော့ Chaeyoungမှာ သူမဘေးနားက Lisa လက်ကိုတွဲပြီး စာကြည့်တိုက်ထဲက ထွက်လာသည်
"ဘယ်သွားမလို့လည်း Chae "
"ရှူး "
စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်က ဆင်ရုပ်ထုက နှာမောင်းလေးကို Chaeyoung ထိလိုက်တော့ လျှိူ့ဝှက်တံခါးပွင့်လာသည်
"ဒါက ငါ့ရဲ့ သီးသန့်အခန်းတစ်ခုဘဲ Lisa. ..ဒီည ဒီအခန်းထဲမှာ အချိန်ကုန်ရအောင်လေ လာ "
Lisaရဲ့ လက်ကိုတင်းတင်းကြပ်ကြပ်တွဲပြီး အခန်းထဲသို့ Chaeyoung ခေါ်သွားသည်
ကုတင်ပေါ်တွင် Lisaရဲ့ ရင်ခွင်ထဲ Chaeyoungမှာ ကြောင်ပေါက်လေးလို ခေါင်းလေးတိုးဝှေ့ကာ ချွဲနေသည်
"ငါနင့်ကို အရမ်းလွမ်းနေတာ....ပြီးတော့ Hankyလေးရော ...Taeyeon Unnieနဲ့အဆင်ပြေရဲ့လားမသိဘူး "
"ဟွန်း ...."
"ငါနင့်ကို ပိုလွမ်းတာပါ Lisaရ.... "
"အဲ့စကားတွေနဲ့ဘဲ ငါ့ကိုချုပ်နေနော် Chaeyoung.... ငါကလည်း နင်ချုပ်သမျှ ကျေကျေနပ်နပ်ကြီး ငြိမ်ခံနေတာ "
"တကယ် ငါ Hyeriကိုတောင် ဒီလိုမပြောဖူးဘူး.....နင့်ကိုဘဲ ငါပြောဖူးတာ....ငါ့အပျိူဘဝတောင် လက်ထပ်ပြီးမှ သူ့ကိုပေးမယ်လို့ပြောခဲ့တာ ...."
"ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ် Chae. ..ငါ့ကို ချစ်ပေးပြီး ယုံကြည်ပေးလို့ "
Lisa ပြောပြီး Chaeyoung ကိုနမ်းကာ အင်ကျီကြယ်သီးလေးတွေကို ဖြည်းဖြည်းချင်းဖြုတ်လေသည်
#tbc
အကြာကြီး စောင့်ခိုင်းထားရလို့ အားနာပါတယ်ဗျာ့ ခုတလော Author အလုပ်များနေလို့ပါ နောက်ရက်တွေကျ ပုံမှန်နီးပါး ဖြစ်အောင် ဒိတ်ပေးပါမယ်❤အခုထိ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်❤
#Zawgyi
"ဟာ တကယ်လား "
"Ok Nine "
"ကျေးဇူးပါ Nine "
"Chae. ..Chae. .."
"ဟင် ဘယ်လို "
"Chae. ..."
"ဟင် "
"Nine "
"ဟုတ် မင်းသမီးလေး "
"ကျေးဇူး Nine "
"ရှူး "
စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်က ဆင်ရုပ်ထုက နှာမောင်းလေးကို Chaeyoung ထိလိုက်တော့ လျှို့ဝှက်တံခါးပွင့်လာသည်
"ဟွန်း ...."
"တကယ် ငါ Hyeriကိုတောင် ဒီလိုမပြောဖူးဘူး.....နင့်ကိုဘဲ ငါပြောဖူးတာ....ငါ့အပျိုဘဝတောင် လက်ထပ်ပြီးမှ သူ့ကိုပေးမယ်လို့ပြောခဲ့တာ ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co