Truyen3h.Co

Unknown Girl

Part 21

KimFany059

#unicode

"Lisa ထ...ထအုံး "

သံတိုင်တွေကြားထဲ အိပ်ပျော်နေတဲ့ Lisaကို Nineမှာ လှမ်းနှိုးလေသည်

"ဟင် ဘာလည်း "

"မင်းသမီးက မင်းနဲ့ လမ်းလျှောက်ချင်လို့တဲ့ "

"ဘယ်အချိန်ရှိပြီလည်း မှောင်နေတုံးနော် "

"မနက် ငါးနာရီဘဲ ရှိသေးတယ် Lisa... မင်းသမီးက မင်းကို တစ်နေရာခေါ်သွားချင်လို့ဆိုလားဘဲ "

Nineကပြောပြီး အချုပ်ခန်းတံခါးကို ဖွင့်ပေးသည်

Lisaလည်း မျက်နှာသစ်သွားတိုက်ပြီး အချုပ်ခန်းထဲက ထွက်လာလိုက်သည်

"အရှေ့မှာ မင်းသမီးစောင့်...အော် ရောက်လာပါပြီလား မင်းသမီး..."

Nineမှာ Lisaကို ပြောနေစဥ် Roseanneက ရောက်လာသောကြောင့် Nineတစ်ယောက် ဦးညွှတ်ကာ Roseanneကို နှုတ်ဆက်လိုက်သည်

"အင်း ငါ Lisaကို ခဏခေါ်သွားမယ်နော် Nine ကျေးဇူးတင်ပါတယ် "

"ရပါတယ် မင်းသမီးရယ် "

Nineမှာ ဦးညွှတ်ပြီးပြောတော့ Nineကို ကျေးဇူးတင်စကားပြောပြီး Lisaကို ခေါ်ကာ အချုပ်ခန်းဘက်က Roseanne ထွက်လာသည်

"လာ Lisa သွားရအောင် "

"Chae. ..ငါတို့ ဘယ်ကိုသွားနေတာလည်းဟင် "

နန်းတော်ကြီးရဲ့ အနောက်ဘက်သို့ ခေါ်သွားသော Roseanneကို Lisa သိချင်စိတ်နဲ့ မေးလိုက်သည်

"နင့်ကို တစ်ယောက်ယောက်နဲ့ တွေ့ပေးချင်လို့ Lisa "

အတော်အတန်ကြာ လှမ်းလျှောက်ပြီးနောက် သစ်ပင်တွေထူထပ်တဲ့ နေရာသို့ Lisaတို့ ရောက်သွားသည်

"ရောက်ပြီ.....ဟူး ငါလည်းမရှိရော ဘယ်သူမှတောင် သန့်ရှင်းရေးလာမလုပ်ပေးပါလား "

အုတ်ဂူတစ်ခုပေါ်က သစ်ရွက်တွေကို ဖယ်ရင်း Roseanne ပြောလိုက်သည်

"Hey. ..မတွေ့တာ အတော်ကြာရောပေါ့ ....ငါ့ချစ်သူကို နင်နဲ့တွေ့ပေးချင်လို့ ဒီကို ခေါ်လာတာ ..."

Roseanneပြောပြီး Lisaရဲ့ လက်ကို ကောက်တွဲလိုက်သည်

"Lisa. ..ဒါ ငါ့ရည်းစားဟောင်း Hyeriတဲ့ ....ငါ ပင်လယ်ထဲ ပစ်ချမခံရသေးခင်က သူဆုံးသွားခဲ့တာ...Hyeri... သူက Lisaတဲ့ ..."

(Roseanneက သူမ မိဘတွေကို Hyeriရဲ့ အလောင်းကို ဒီမှာမြှုပ်ပေးဖို့ တောင်းဆိုထားလို့ Hyeriရဲ့ အုတ်ဂူက ဒီမှာရှိနေတာပါ😁)

Roseanneက မိတ်ဆက်ပေးတော့ Lisa မှာ ဘာပြန်ပြောရမှန်းမသိသောကြောင့် ခေါင်းညိတ်ပြလေသည်

"ငါ့ကို ဘယ်တော့မှ လက်မလွှတ်မယ့်လူမျိုး ငါရှာတွေ့ခဲ့ပြီ Hyeri.. ဒါကြောင့်မို့ နင့်ကို သူနဲ့ မိတ်ဆက်ပေးချင်လို့ ဒီကို ခေါ်လာခဲ့တာ..ငါ့အတွက်လည်း နင်ပျော်နေမယ်လို့ထင်ပါတယ်.... "

Roseanne ပြောရင်း သူမဘေးနားမှာ ရပ်နေတဲ့ Lisaကို တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်သည်

"နင်က ငါ့ကို ဘာဖြစ်နေနေ ဘယ်တော့မှ လက်လွှတ်ပေးမယ့်သူမဟုတ်လို့ ဒီနေရာကို ငါခေါ်လာခဲ့တာပါ ဒါကြောင့်မို့ ငါ့ကိုစိတ်မဆိုးပါနဲ့နော် နားလည်ပေးပါနော် Lisa. .."

"ငါ စိတ်မဆိုးပါဘူး Chaeရယ် နင့်အတွက်လည်း ခက်ခဲနေမယ်ဆိုတာ ငါနားလည်ပါတယ် "

Roseanneရဲ့ ကျောလေးကို ပုတ်ပေးရင်း Lisa နှစ်သိမ့်ပေးလိုက်သည်

"Hyeri shii. ...Roseanneကို ကျနော် လက်မလွှတ်ဘဲ အမြဲချစ်ပြီး စောင့်ရှောက်ပါမယ်လို့ ကတိပေးတာမို့ စိတ်မပူနဲ့တော့ ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူပါတော့နော် "

Hyeriရဲ့ အုတ်ဂူကို ကန်တော့ပြီး Lisa ပြောလိုက်သည်

"လာ Lisa. ...ငါ နင့်ကို တစ်နေရာခေါ်သွားမယ် "

"ထပ်ပြီးလား "

"ဒါပေါ့ "

Roseanne ပြောပြီး Lisa လက်ကို ဆွဲကာ ခေါ်သွားသည်

အုတ်ဂူနဲ့ မလှမ်းမကမ်းတွင် နှင်းဆီခင်းကြီးနဲ့ အိမ်ငယ်လေးကို တွေ့ရလေသည်

"ဒါက တစ်ခါတစ်လေ ငါ စာအေးဆေးဖတ်ချင်တဲ့အခါ လာလေ့ရှိတဲ့နေရာဘဲ....."

"Chae. ..နေပါအုံး ငါတို့ ပြန်သွားသင့်ပြီထင်တယ် နေထွက်လာတော့မယ် နင့်မိဘတွေနှိုးလာရင် မိနေအုံးမယ် "

"စိတ်မပူပါနဲ့ Ommaတို့က ဘူဆန်ဘက်က ပွဲတစ်ခုတက်စရာရှိလို့ စောကတည်းက ထွက်သွားပြီ ပြီးတော့ CCTV တွေလည်း လုံခြုံရေးကို အကူအညီတောင်းပြီး ငါပိတ်ခိုင်းထားတယ် သူတို့မရှိတဲ့အချိန် ငါနင်နဲ အေးဆေးနေချင်လို့ပါ Lisaရယ်..."

Chaeyoung ပြောပြီး Lisaကို ဖက်တော့ Lisaလည်း Chaeyoungကို ပြန်ဖက်လိုက်သည်

"ဟုတ်ပါပြီ ငါနင့်ကို အရမ်းလွမ်းနေတာ Chaeရယ်...."

"ငါလည်း အတူတူပါဘဲ Lisa. .."

"နင့်ကို နမ်းခွင့်ပြုပါလား မင်းသမီးလေး...."

"ငါ့ ခန္ဓာကိုယ် ငါ့စိတ် ငါ့အရာအားလုံးက နင့်အတွက်ပါဘဲ Lisa နင်ကြိုက်သလို လုပ်ခွင့် ထိန်းချုပ်ခွင့်ရှိပါတယ် ....."

Roseanneရဲ့ စကားကြောင့် Lisa သဘောကျလို့ ရယ်လိုက်သည်

ထို့နောက် Roseanneရဲ့ နှုတ်ခမ်းလေးကို Lisa အနမ်းတွေ ခြွေလိုက်သည်

"ဒီနေရာမှာ ဘယ်သူမှမရှိဘူး ဘယ်သူမှလည်း မလာရဲဘူး ဒါကြောင့် Lisa ငါတို့ အချစ်တွေ ဖန်တီးရအောင်လေ...."

Roseanne ပြောပြီး Lisaကို အိမ်ငယ်လေးထဲသို့ ခေါ်သွားလေသည်

Roseanne သူမအဖေတို့ ပြန်မရောက်လာခင် နန်းတော်တို့ ပြန်လာခဲ့သည်

အခန်းထဲတွင် အဝတ်အစားလဲနေရင်း သူမ ခန္ဓာကိုယ်ပေါ်က Lisaပေးထားတဲ့ အမှတ်အသားလေးတွေကို ကြည့်ရင်း Roseanne သဘောကျနေမိသည်

သူမ နန်းတော်ထဲဲပြန်လာတုံး သူမအတွက် bodyguard ရှာနေကြောင်း အိမ်တော်ထိန်းဆီမှ သတင်းကြားရသောကြောင့် Lisaကို သူမရဲ့ bodyguard လုပ်ခိုင်းဖို့ အကြံရသွားသည်

"ဟုတ်ပြီ... ထမင်းစားချိိန်ကျ ငါပြောရမယ် "

Roseanne လက်ဖျောက်တီးကာ ပြောလိုက်သည်

Roaeanne အခန်းထဲ စာဖတ်နေရင်း တံခါးခေါက်သံကြားလို့ စာဖတ်နေရာက ရပ်သွားသည်

"မင်းသမီးလေး ညစာစားဖို့ ထွက်လာခဲ့ပါလို့ ဘုရင်ကြီးက ခေါ်ခိုင်းလို့ပါ ".

"ကောင်းပြီ လာခဲ့ပါမယ် "

Roseanne စာအုပ်ကို ပိတ်ပြီး အခန်းထဲက ထွက်လာခဲ့သည်

ညစာစားရင်း Roseanne ချောင်းဟန့်ပြီး

"ဟိုလေ Chawအတွက် Bodyguard ရှာနေတယ်ဆိုလား "

"ဟုတ်တယ် သမီးအတွက် Ommaတို့ သက်တော်စောင့်ရှာနေတာ "

သူမ အမေက ဝင်ပြောတော့ Chaeyoung ပြုံးပြီး

"ဒါဆို Lisaကို Chawရဲ့ Bodyguard လုပ်ခိုင်းလို့ရလား "

Roseanneရဲ့ စကားကြောင့် သူမမိဘတွေမှာ မျက်နှာပျက်သွားကြသည်

"သူ့တော့မရဘူး သမီး "

"ဘာလို့မရတာလည်း Lisaက တိုက်ကွမ်ဒိုလည်း တတ်တယ် သတ္တိလည်းရှိတယ် Chaw အကြောင်းလည်း သိတယ် Chawစိတ်ကိုလည်း သိတယ် အဆင်မပြေဘူးလား "

"မပြေဘူး "

"ဘာလို့ မပြေရတာလည်း....Chawရဲ့ အိမ်ထောင်ဖက်ကို Ommaတို့ စိတ်တိုင်းကျ ရွေးချယ်တာကို လက်ခံပေးခဲ့တယ်လေ Chawရဲ့ Bodyguard ကိုတော့ Chaw ကို ရွေးချယ်ခွင့်မပေးချင်ဘူးလား အတ္တကြီးလိုက်တာ ဒါကြောင့် ဒီနေရာမှာမနေချင်တာ "

Roseanne ပြောချင်တာပြောပြီး ထမင်းဆက်မစားဘဲ စားနေရာက ထွက်လာကာ စာကြည့်ခန်းဘက်သို့ သွားလေသည်

Mrs. Parkကတော့ ဘာလုပ်ရမလည်းဆိုတဲ့ အကြည့်နဲ့ သူ့ယောက်ျားကိုကြည့်ပေမယ့် Mr. Parkကတော့ သက်ပြင်းသာချနေသည်

#tbc

#zawgyi

"Lisa ထ...ထအုံး "

သံတိုင္ေတြၾကားထဲ အိပ္ေပ်ာ္ေနတဲ့ Lisaကို Nineမွာ လွမ္းႏွိုးေလသည္

"ဟင္ ဘာလည္း "

"မင္းသမီးက မင္းနဲ႕ လမ္းေလွ်ာက္ခ်င္လို႔တဲ့ "

"ဘယ္အခ်ိန္ရွိၿပီလည္း ေမွာင္ေနတုံးေနာ္ "

"မနက္ ငါးနာရီဘဲ ရွိေသးတယ္ Lisa... မင္းသမီးက မင္းကို တစ္ေနရာေခၚသြားခ်င္လို႔ဆိုလားဘဲ "

Nineကေျပာၿပီး အခ်ဳပ္ခန္းတံခါးကို ဖြင့္ေပးသည္

Lisaလည္း မ်က္ႏွာသစ္သြားတိုက္ၿပီး အခ်ဳပ္ခန္းထဲက ထြက္လာလိုက္သည္

"အေရွ႕မွာ မင္းသမီးေစာင့္...ေအာ္ ေရာက္လာပါၿပီလား မင္းသမီး..."

Nineမွာ Lisaကို ေျပာေနစဥ္ Roseanneက ေရာက္လာေသာေၾကာင့္ Nineတစ္ေယာက္ ဦးၫႊတ္ကာ Roseanneကို ႏႈတ္ဆက္လိုက္သည္

"အင္း ငါ Lisaကို ခဏေခၚသြားမယ္ေနာ္ Nine ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ မင္းသမီးရယ္ "

Nineမွာ ဦးၫႊတ္ၿပီးေျပာေတာ့ Nineကို ေက်းဇူးတင္စကားေျပာၿပီး Lisaကို ေခၚကာ အခ်ဳပ္ခန္းဘက္က Roseanne ထြက္လာသည္

"လာ Lisa သြားရေအာင္ "

"Chae. ..ငါတို႔ ဘယ္ကိုသြားေနတာလည္းဟင္ "

နန္းေတာ္ႀကီးရဲ႕ အေနာက္ဘက္သို႔ ေခၚသြားေသာ Roseanneကို Lisa သိခ်င္စိတ္နဲ႕ ေမးလိုက္သည္

"နင့္ကို တစ္ေယာက္ေယာက္နဲ႕ ေတြ႕ေပးခ်င္လို႔ Lisa "

အေတာ္အတန္ၾကာ လွမ္းေလွ်ာက္ၿပီးေနာက္ သစ္ပင္ေတြထူထပ္တဲ့ ေနရာသို႔ Lisaတို႔ ေရာက္သြားသည္

"ေရာက္ၿပီ.....ဟူး ငါလည္းမရွိေရာ ဘယ္သူမွေတာင္ သန့္ရွင္းေရးလာမလုပ္ေပးပါလား "

အုတ္ဂူတစ္ခုေပၚက သစ္႐ြက္ေတြကို ဖယ္ရင္း Roseanne ေျပာလိုက္သည္

"Hey. ..မေတြ႕တာ အေတာ္ၾကာေရာေပါ့ ....ငါ့ခ်စ္သူကို နင္နဲ႕ေတြ႕ေပးခ်င္လို႔ ဒီကို ေခၚလာတာ ..."

Roseanneေျပာၿပီး Lisaရဲ႕ လက္ကို ေကာက္တြဲလိုက္သည္

"Lisa. ..ဒါ ငါ့ရည္းစားေဟာင္း Hyeriတဲ့ ....ငါ ပင္လယ္ထဲ ပစ္ခ်မခံရေသးခင္က သူဆုံးသြားခဲ့တာ...Hyeri... သူက Lisaတဲ့ ..."

(Roseanneက သူမ မိဘေတြကို Hyeriရဲ႕ အေလာင္းကို ဒီမွာျမႇုပ္ေပးဖို႔ ေတာင္းဆိုထားလို႔ Hyeriရဲ႕ အုတ္ဂူက ဒီမွာရွိေနတာပါ😁)

Roseanneက မိတ္ဆက္ေပးေတာ့ Lisa မွာ ဘာျပန္ေျပာရမွန္းမသိေသာေၾကာင့္ ေခါင္းညိတ္ျပေလသည္

"ငါ့ကို ဘယ္ေတာ့မွ လက္မလႊတ္မယ့္လူမ်ိဳး ငါရွာေတြ႕ခဲ့ၿပီ Hyeri.. ဒါေၾကာင့္မို႔ နင့္ကို သူနဲ႕ မိတ္ဆက္ေပးခ်င္လို႔ ဒီကို ေခၚလာခဲ့တာ..ငါ့အတြက္လည္း နင္ေပ်ာ္ေနမယ္လို႔ထင္ပါတယ္.... "

Roseanne ေျပာရင္း သူမေဘးနားမွာ ရပ္ေနတဲ့ Lisaကို တင္းတင္းၾကပ္ၾကပ္ ဆြဲဖက္လိုက္သည္

"နင္က ငါ့ကို ဘာျဖစ္ေနေန ဘယ္ေတာ့မွ လက္လႊတ္ေပးမယ့္သူမဟုတ္လို႔ ဒီေနရာကို ငါေခၚလာခဲ့တာပါ ဒါေၾကာင့္မို႔ ငါ့ကိုစိတ္မဆိုးပါနဲ႕ေနာ္ နားလည္ေပးပါေနာ္ Lisa. .."

"ငါ စိတ္မဆိုးပါဘူး Chaeရယ္ နင့္အတြက္လည္း ခက္ခဲေနမယ္ဆိုတာ ငါနားလည္ပါတယ္ "

Roseanneရဲ႕ ေက်ာေလးကို ပုတ္ေပးရင္း Lisa ႏွစ္သိမ့္ေပးလိုက္သည္

"Hyeri shii. ...Roseanneကို က်ေနာ္ လက္မလႊတ္ဘဲ အၿမဲခ်စ္ၿပီး ေစာင့္ေရွာက္ပါမယ္လို႔ ကတိေပးတာမို႔ စိတ္မပူနဲ႕ေတာ့ ေကာင္းကင္ဘုံမွာ ေအးခ်မ္းစြာ အနားယူပါေတာ့ေနာ္ "

Hyeriရဲ႕ အုတ္ဂူကို ကန္ေတာ့ၿပီး Lisa ေျပာလိုက္သည္

"လာ Lisa. ...ငါ နင့္ကို တစ္ေနရာေခၚသြားမယ္ "

"ထပ္ၿပီးလား "

"ဒါေပါ့ "

Roseanne ေျပာၿပီး Lisa လက္ကို ဆြဲကာ ေခၚသြားသည္

အုတ္ဂူနဲ႕ မလွမ္းမကမ္းတြင္ ႏွင္းဆီခင္းႀကီးနဲ႕ အိမ္ငယ္ေလးကို ေတြ႕ရေလသည္

"ဒါက တစ္ခါတစ္ေလ ငါ စာေအးေဆးဖတ္ခ်င္တဲ့အခါ လာေလ့ရွိတဲ့ေနရာဘဲ....."

"Chae. ..ေနပါအုံး ငါတို႔ ျပန္သြားသင့္ၿပီထင္တယ္ ေနထြက္လာေတာ့မယ္ နင့္မိဘေတြႏွိုးလာရင္ မိေနအုံးမယ္ "

"စိတ္မပူပါနဲ႕ Ommaတို႔က ဘူဆန္ဘက္က ပြဲတစ္ခုတက္စရာရွိလို႔ ေစာကတည္းက ထြက္သြားၿပီ ၿပီးေတာ့ CCTV ေတြလည္း လုံၿခဳံေရးကို အကူအညီေတာင္းၿပီး ငါပိတ္ခိုင္းထားတယ္ သူတို႔မရွိတဲ့အခ်ိန္ ငါနင္နဲ ေအးေဆးေနခ်င္လို႔ပါ Lisaရယ္..."

Chaeyoung ေျပာၿပီး Lisaကို ဖက္ေတာ့ Lisaလည္း Chaeyoungကို ျပန္ဖက္လိုက္သည္

"ဟုတ္ပါၿပီ ငါနင့္ကို အရမ္းလြမ္းေနတာ Chaeရယ္...."

"ငါလည္း အတူတူပါဘဲ Lisa. .."

"နင့္ကို နမ္းခြင့္ျပဳပါလား မင္းသမီးေလး...."

"ငါ့ ခႏၶာကိုယ္ ငါ့စိတ္ ငါ့အရာအားလုံးက နင့္အတြက္ပါဘဲ Lisa နင္ႀကိဳက္သလို လုပ္ခြင့္ ထိန္းခ်ဳပ္ခြင့္ရွိပါတယ္ ....."

Roseanneရဲ႕ စကားေၾကာင့္ Lisa သေဘာက်လိဳ႕ ရယ္လိုက္သည္

ထို႔ေနာက္ Roseanneရဲ႕ ႏႈတ္ခမ္းေလးကို Lisa အနမ္းေတြ ေႁခြလိုက္သည္

"ဒီေနရာမွာ ဘယ္သူမွမရွိဘူး ဘယ္သူမွလည္း မလာရဲဘူး ဒါေၾကာင့္ Lisa ငါတို႔ အခ်စ္ေတြ ဖန္တီးရေအာင္ေလ...."

Roseanne ေျပာၿပီး Lisaကို အိမ္ငယ္ေလးထဲသို႔ ေခၚသြားေလသည္

Roseanne သူမအေဖတို႔ ျပန္မေရာက္လာခင္ နန္းေတာ္တို႔ ျပန္လာခဲ့သည္

အခန္းထဲတြင္ အဝတ္အစားလဲေနရင္း သူမ ခႏၶာကိုယ္ေပၚက Lisaေပးထားတဲ့ အမွတ္အသားေလးေတြကို ၾကည့္ရင္း Roseanne သေဘာက်ေနမိသည္

သူမ နန္းေတာ္ထဲဲျပန္လာတုံး သူမအတြက္ bodyguard ရွာေနေၾကာင္း အိမ္ေတာ္ထိန္းဆီမွ သတင္းၾကားရေသာေၾကာင့္ Lisaကို သူမရဲ႕ bodyguard လုပ္ခိုင္းဖို႔ အႀကံရသြားသည္

"ဟုတ္ၿပီ... ထမင္းစားခ်ိိန္က် ငါေျပာရမယ္ "

Roseanne လက္ေဖ်ာက္တီးကာ ေျပာလိုက္သည္

Roaeanne အခန္းထဲ စာဖတ္ေနရင္း တံခါးေခါက္သံၾကားလို႔ စာဖတ္ေနရာက ရပ္သြားသည္

"မင္းသမီးေလး ညစာစားဖို႔ ထြက္လာခဲ့ပါလို႔ ဘုရင္ႀကီးက ေခၚခိုင္းလို႔ပါ ".

"ေကာင္းၿပီ လာခဲ့ပါမယ္ "

Roseanne စာအုပ္ကို ပိတ္ၿပီး အခန္းထဲက ထြက္လာခဲ့သည္

ညစာစားရင္း Roseanne ေခ်ာင္းဟန့္ၿပီး

"ဟိုေလ Chawအတြက္ Bodyguard ရွာေနတယ္ဆိုလား "

"ဟုတ္တယ္ သမီးအတြက္ Ommaတို႔ သက္ေတာ္ေစာင့္ရွာေနတာ "

သူမ အေမက ဝင္ေျပာေတာ့ Chaeyoung ၿပဳံးၿပီး

"ဒါဆို Lisaကို Chawရဲ႕ Bodyguard လုပ္ခိုင္းလို႔ရလား "

Roseanneရဲ႕ စကားေၾကာင့္ သူမမိဘေတြမွာ မ်က္ႏွာပ်က္သြားၾကသည္

"သူ႕ေတာ့မရဘူး သမီး "

"ဘာလို႔မရတာလည္း Lisaက တိုက္ကြမ္ဒိုလည္း တတ္တယ္ သတၱိလည္းရွိတယ္ Chaw အေၾကာင္းလည္း သိတယ္ Chawစိတ္ကိုလည္း သိတယ္ အဆင္မေျပဘူးလား "

"မေျပဘူး "

"ဘာလို႔ မေျပရတာလည္း....Chawရဲ႕ အိမ္ေထာင္ဖက္ကို Ommaတို႔ စိတ္တိုင္းက် ေ႐ြးခ်ယ္တာကို လက္ခံေပးခဲ့တယ္ေလ Chawရဲ႕ Bodyguard ကိုေတာ့ Chaw ကို ေ႐ြးခ်ယ္ခြင့္မေပးခ်င္ဘူးလား အတၱႀကီးလိုက္တာ ဒါေၾကာင့္ ဒီေနရာမွာမေနခ်င္တာ "

Roseanne ေျပာခ်င္တာေျပာၿပီး ထမင္းဆက္မစားဘဲ စားေနရာက ထြက္လာကာ စာၾကည့္ခန္းဘက္သို႔ သြားေလသည္

Mrs. Parkကေတာ့ ဘာလုပ္ရမလည္းဆိုတဲ့ အၾကည့္နဲ႕ သူ႕ေယာက္်ားကိုၾကည့္ေပမယ့္ Mr. Parkကေတာ့ သက္ျပင္းသာခ်ေနသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co