Truyen3h.Co

Unknown Girl

Part 24

KimFany059

#zawgyi

"မင္းသားေလး ေရာက္လာပါၿပီ အရွင္မင္းႀကီး "

အိမ္ေတာ္ထိန္းရဲ႕ အသံနဲ႕အတူ ပြင့္လာတဲ့တံခါးကေန နန္းေတာ္ထဲဝင္လာတဲ့ မင္းသားဆိုတဲ့ တစ္ေယာက္ကို Lisa ၾကည့္ရင္း သူမရဲ႕ ေဘးနားမွာ ရပ္ေနတဲ့ Chaeyoung ကို Lisa လွမ္းၾကည့္လိုက္သည္

Chaeyoungေကတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး ထိုမင္းသားကို ၾကည့္ေနသည္

မင္းသားေဘးနားက ႏွစ္ေယာက္ကို ျမင္ေတာ့ Chaeyoung လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားတာကို Lisa သတိထားမိသည္

"ေတြ႕ရတာ ဝမ္းသာပါတယ္ အရွင္မင္းႀကီး ၿပီးေတာ့ မင္းသမီးေလး Roseanne. ...ထပ္ၿပီး မင္းမ်က္ႏွာကို ေတြ႕ခြင့္ရလို႔ ဝမ္းသာမိပါတယ္ "

"ကဲေျပာပါအုံး ရွင္က ဘာလို႔ ကြၽန္မရဲ႕ ေဆြမ်ိဳးႏွစ္ေယာက္နဲ႕ တူတူရွိေနတာလည္း "

Chaeyoung ေဒါသထြက္တဲ့ေလသံနဲ႕ မ်က္ခုံးပင့္ၿပီး ေျပာေနတာၾကည့္ၿပီး Lisa နည္းနည္းေတာ့ရွိန္သြားသည္

"Roseanne ငါတို႔ေတာင္းပန္ပါတယ္ "

မင္းသားေဘးနားက ႏွစ္ေယာက္မွာ ႐ုတ္တရက္ ဒူးေထာက္လိုက္ၿပီး Roseanneကို ေတာင္းပန္လိုက္ၾကသည္

"အဲ့တာဆိုလည္း ဒူးေထာက္ေနလိုက္ၾကေပါ့ "

Chaeyoungေျပာၿပီး ထြက္သြားမယ္လုပ္ေတာ့ မင္းႀကီးက လွမ္းတားသည္

"Roseanne ဘယ္သြားမွာလည္း ဒီမွာေန "

"Chawကို သတ္ဖို႔ ႀကိဳးစား ကူညီခဲ့တဲ့ ႏွစ္ေယာက္ကို မေတြ႕ခ်င္သလို မႀကိဳဆိုခ်င္ပါဘူး ဒါေၾကာင့္မို႔ သြားခြင့္ျပဳပါအုံး "

Chaeyoung ႏႈတ္ဆက္ၿပီး ထြက္သြားေတာ့ Bodyguard ျဖစ္တဲ့ Lisaနဲ႕ Nineလည္း Chaeyoung ေနာက္သို႔လိုက္သြားသည္

လူရွင္းတဲ့ေနရာေရာက္ေတာ့ Lisa တစ္ေယာက္ Chaeyoungရဲ႕ လက္ကို လွမ္းကိုင္လိုက္သည္

"Chae. ...ျဖစ္ေနတာေတြကို နင္ ငါ့ကိို ေျပာျပလို႔ရတယ္ေနာ္ "

"ဟိုေကာင့္ေဘးနားက ႏွစ္ေယာက္က ငါ့ကို ေရထဲပစ္ခ်ဖိဳ႕ ကူညီခဲ့တဲ့ ႏွစ္ေယာက္ Thomas နဲ႕ Bunnyတဲ့ ငါ သူတို႔ကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္ဘူး "

Chaeyoung သက္ျပင္းခ်ၿပီး ေျပာေတာ့ Lisaလည္း စိတ္မေကာင္းျဖစ္သြားသည္

"ငါ စိတ္မေကာင္းပါဘူး...စိတ္ခ်ပါ သူတို႔ နင့္ကို ဘာမွထပ္လုပ္မရေအာင္ ငါ ကာကြယ္ေပးပါမယ္ "

"အင္းပါ နင္လည္းနင့္ကိုယ္နင္ ဂ႐ုစိုက္အုံး ဟူး Lisa ငါ ပင္ပန္းေနလို႔ ခဏနားမယ္ေနာ္ "

"အင္းအင္း နင့္အခန္းနဲ႕မ်က္ႏွာခ်င္းဆိုင္က အခန္းမွာ ငါနဲ႕ Nineရွိတယ္ တစ္ခုခုဆို ေခၚလိုက္ေနာ္ "

"Ok "

Chaeyoung အခန္းထဲဝင္သြားေတာ့ Lisaလည္း သက္ျပင္းခ်ၿပီး Nineနဲ႕အတူ မ်က္ႏွာခ်င္းဆိုင္က အခန္းထဲ ဝင္သြားသည္

"ငါ တစ္ခါမွ သူအဲ့လိုျဖစ္ေနတာမ်ိဳး မျမင္ဖူးဘူး "

ကုတင္ေပၚ လွဲအိပ္ေနတဲ့ Nineကို ၾကည့္ၿပီး Lisa ထိုင္ခုံမွာ ထိုင္ရင္းေျပာလိုက္သည္

"ဒါ အခုမြ အစရွိေသးတယ္ "

Nine ေျပာပုံအရဆို Chaeyoung ခဏခဏ စိတ္တိုေနမယ့္အေၾကာင္း Lisa ေတြးမိသြားတယ္

"ဟူး သူ႕အစား ပင္ပန္းလိုက္တာေနာ္ "

Lisa သက္ျပင္းခ်ၿပီး မ်က္လုံးခဏမွိတ္ထားလိုက္သည္

ဆယ္မိနစ္ေလာက္ၾကာေတာ့ တံခါးကိုထုေနတဲ့အသံေၾကာင့္ Lisaတို႔ ခ်က္ခ်င္းမ်က္လုံးပြင့္လာသည္

"Roseanne အျပင္ထြက္ခဲ့အုံး ကိုယ္တို႔ စကားေျပာရေအာင္ "

မင္းသား Mikeမွာ Thomasရယ္ Bunny နဲ႕အတူတူ Chaeyoungရဲ႕ အခန္းေရွ႕ေရာက္ေနၾကသည္

"ဘာမွေျပာစရာမရွိဘူး "

Chaeyoung က ျငင္းေပမယ့္ Mikeမြာ ဆက္တိုက္ တံခါးကိုတဘုန္းဘုန္းထုေနလို႔ Lisa ခ်က္ခ်င္းဘဲ အခန္းထဲကထြက္လာသည္

"မင္းသမီးက စကားမေျပာခ်င္ဘူး ေျပာစရာမရွိဘူးလို႔ ေျပာေနတာ မၾကားဘူးလား ဆက္ၿပီး သူ႕ကို အႏွောင့္အယွက္မေပးပါနဲ႕ "

တံခါးကို ဆက္ထုဖို႔လုပ္ေနတဲ့ Mikeရဲ႕ လက္ကိုဆြဲၿပီး Lisaေျပာလိုက္သည္

"မင္းက ဘယ္သူလည္း မင္းကိစၥမဟုတ္ရင္ ဝင္မရွည္နဲ႕ "

Lisa လက္ကို လႊတ္ခ်ၿပီး Mike ေမးလိုက္ေတာ့ Lisaမွာ Mikeရဲ႕ မ်က္လုံးတည့္တည့္ကို စိုက္ၾကည့္ၿပီး ေျဖလိုက္သည္

"မင္းသမီးရဲ႕ သက္ေတာ္ေစာင့္ပါ မင္းသမီးက အနားယူေနခ်ိန္မို႔ အႏွောင့္အယွက္မေပးပါနဲ႕ "

"ေအာ္ ႐ုတ္တရက္ Personal သက္ေတာ္ေစာင့္ေတြ ရွိလာပါလား သက္ေတာ္ေစာင့္ကလည္း မိန္းကေလးတဲ့ အဟက္ ....အကြက္ေတြ အကြက္ေတြ.....ထားပါေတာ့ မင္းကိုတစ္ခုသတိေပးရအုံးမယ္ သက္ေတာ္ေစာင့္ဆို သက္ေတာ္ေစာင့္ေနရာမွာဘဲေန ငါနဲ႕မင္းသမီးၾကား ဝင္မရႈပ္နဲ႕ "

"ငါက ငါ့အလုပ္ငါလုပ္ၿပီး မင္းသမီးကို ကာကြယ္ေပးေနတာ "

"ဘာကြ"

Lisaက တစ္ခြန္းမက်န္ျပန္ေျပာေနေတာ့ Mikeက စိတ္တိုၿပီး Lisaကို ေဆာင့္ဆြဲသည္

Lisaလည္း Mikeကို ျပန္တြန္းခ်ေတာ့ Bunnyတို႔မွာ Mikeကို ဝိုင္းဆြဲၾကေလသည္

"မင္း မင္းေတြ႕မယ္ "

နန္းေတာ္ထဲ ျပႆနာမျဖစ္ခ်င္လို႔ Mikeတို႔ ထြက္သြားေတာ့ Nine မွာ Lisaရဲ႕ ပခုံးကိုပုတ္ၿပီး

"Wow Mikeလို မင္းသားကို ျပန္ေျပာရဲတဲ့ သတၱိကို ေလးစားတယ္ lisa"

"ငါက ငါ့အလုပ္ငါလုပ္ေနတာ Nine Chaeyoung ကို ဘယ္သူမွ မေလးမစားလုပ္ၿပီး အႏွောင့္ယွက္ေပးေနတာမ်ိဳး ငါလက္ပိုက္ၿငိမ္မခံနိုင္ဘူး "

"သူတို႔ထြက္သြားၿပီလား "

႐ုတ္တရက္ တံခါးဖြင့္လာတဲ့ Chaeyoungေၾကာင့္ Lisaတို႔ လန့္သြားသည္

"Oh လန့္တာ ဟုတ္တယ္ ထြက္သြားၿပီ ငါတို႔ သူတို႔နဲ႕စကားေျပာလိုက္တာ "

"Lisa တစ္ေယာက္ဘဲ ေျပာတာပါ ငါကေဘးနားရပ္ၾကည့္ေန႐ုံ...."

"ေက်းဇူးတင္ပါတယ္ Lisa "

Chaeyoung က ေက်းဇူးတင္စကားေျပာၿပီး Lisaကို ဖက္လိုက္ေတာ့ Thirdwheel ေလး Nineမွာ Mikeတို႔ကို သြားေခ်ာင္းအုံးမယ္ဆိုၿပီး Chaeyoungတို႔ အခန္းဘက္က ထြက္လာခဲ့ရျပန္သည္

#Tbc

Long Time No See ပါ Readerတို႔ေရ။ ျမစ္ႀကီးနားေရာ မႏၱေလးေရာ ရန္ကုန္ကလူေတြေရာ အစစအရာရာဂ႐ုစိုက္ၾကပါ ၿပီးေတာ့ covid 19ကိုလည္း ကာကြယ္ဂ႐ုစိုက္ၾကပါေနာ္။ Fic updateတာ နည္းနည္းၾကာသြားလို႔ sorry ပါဗ်ာ Idea ေတြထြက္မလာလို႔ပါ 🙌

#unicode

"မင်းသားလေး ရောက်လာပါပြီ အရှင်မင်းကြီး "

အိမ်တော်ထိန်းရဲ့ အသံနဲ့အတူ ပွင့်လာတဲ့တံခါးကနေ နန်းတော်ထဲဝင်လာတဲ့ မင်းသားဆိုတဲ့ တစ်ယောက်ကို Lisa ကြည့်ရင်း သူမရဲ့ ဘေးနားမှာ ရပ်နေတဲ့ Chaeyoung ကို Lisa လှမ်းကြည့်လိုက်သည်

Chaeyoungကေတာ့ မျက်မှောင်ကြုတ်ပြီး ထိုမင်းသားကို ကြည့်နေသည်

မင်းသားဘေးနားက နှစ်ယောက်ကို မြင်တော့ Chaeyoung လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို Lisa သတိထားမိသည်

"တွေ့ရတာ ဝမ်းသာပါတယ် အရှင်မင်းကြီး ပြီးတော့ မင်းသမီးလေး Roseanne. ...ထပ်ပြီး မင်းမျက်နှာကို တွေ့ခွင့်ရလို့ ဝမ်းသာမိပါတယ် "

"ကဲပြောပါအုံး ရှင်က ဘာလို့ ကျွန်မရဲ့ ဆွေမျိုးနှစ်ယောက်နဲ့ တူတူရှိနေတာလည်း "

Chaeyoung ဒေါသထွက်တဲ့လေသံနဲ့ မျက်ခုံးပင့်ပြီး ပြောနေတာကြည့်ပြီး Lisa နည်းနည်းတော့ရှိန်သွားသည်

"Roseanne ငါတို့တောင်းပန်ပါတယ် "

မင်းသားဘေးနားက နှစ်ယောက်မှာ ရုတ်တရက် ဒူးထောက်လိုက်ပြီး Roseanneကို တောင်းပန်လိုက်ကြသည်

"အဲ့တာဆိုလည်း ဒူးထောက်နေလိုက်ကြပေါ့ "

Chaeyoungပြောပြီး ထွက်သွားမယ်လုပ်တော့ မင်းကြီးက လှမ်းတားသည်

"Roseanne ဘယ်သွားမှာလည်း ဒီမှာနေ "

"Chawကို သတ်ဖို့ ကြိုးစား ကူညီခဲ့တဲ့ နှစ်ယောက်ကို မတွေ့ချင်သလို မကြိုဆိုချင်ပါဘူး ဒါကြောင့်မို့ သွားခွင့်ပြုပါအုံး "

Chaeyoung နှုတ်ဆက်ပြီး ထွက်သွားတော့ Bodyguard ဖြစ်တဲ့ Lisaနဲ့ Nineလည်း Chaeyoung နောက်သို့လိုက်သွားသည်

လူရှင်းတဲ့နေရာရောက်တော့ Lisa တစ်ယောက် Chaeyoungရဲ့ လက်ကို လှမ်းကိုင်လိုက်သည်

"Chae. ...ဖြစ်နေတာတွေကို နင် ငါ့ကိို ပြောပြလို့ရတယ်နော် "

"ဟိုကောင့်ဘေးနားက နှစ်ယောက်က ငါ့ကို ရေထဲပစ်ချဖို့ ကူညီခဲ့တဲ့ နှစ်ယောက် Thomas နဲ့ Bunnyတဲ့ ငါ သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး "

Chaeyoung သက်ပြင်းချပြီး ပြောတော့ Lisaလည်း စိတ်မကောင်းဖြစ်သွားသည်

"ငါ စိတ်မကောင်းပါဘူး...စိတ်ချပါ သူတို့ နင့်ကို ဘာမှထပ်လုပ်မရအောင် ငါ ကာကွယ်ပေးပါမယ် "

"အင်းပါ နင်လည်းနင့်ကိုယ်နင် ဂရုစိုက်အုံး ဟူး Lisa ငါ ပင်ပန်းနေလို့ ခဏနားမယ်နော် "

"အင်းအင်း နင့်အခန်းနဲ့မျက်နှာချင်းဆိုင်က အခန်းမှာ ငါနဲ့ Nineရှိတယ် တစ်ခုခုဆို ခေါ်လိုက်နော် "

"Ok "

Chaeyoung အခန်းထဲဝင်သွားတော့ Lisaလည်း သက်ပြင်းချပြီး Nineနဲ့အတူ မျက်နှာချင်းဆိုင်က အခန်းထဲ ဝင်သွားသည်

"ငါ တစ်ခါမှ သူအဲ့လိုဖြစ်နေတာမျိုး မမြင်ဖူးဘူး "

ကုတင်ပေါ် လှဲအိပ်နေတဲ့ Nineကို ကြည့်ပြီး Lisa ထိုင်ခုံမှာ ထိုင်ရင်းပြောလိုက်သည်

"ဒါ အခုမွ အစရှိသေးတယ် "

Nine ပြောပုံအရဆို Chaeyoung ခဏခဏ စိတ်တိုနေမယ့်အကြောင်း Lisa တွေးမိသွားတယ်

"ဟူး သူ့အစား ပင်ပန်းလိုက်တာနော် "

Lisa သက်ပြင်းချပြီး မျက်လုံးခဏမှိတ်ထားလိုက်သည်

ဆယ်မိနစ်လောက်ကြာတော့ တံခါးကိုထုနေတဲ့အသံကြောင့် Lisaတို့ ချက်ချင်းမျက်လုံးပွင့်လာသည်

"Roseanne အပြင်ထွက်ခဲ့အုံး ကိုယ်တို့ စကားပြောရအောင် "

မင်းသား Mikeမှာ Thomasရယ် Bunny နဲ့အတူတူ Chaeyoungရဲ့ အခန်းရှေ့ရောက်နေကြသည်

"ဘာမှပြောစရာမရှိဘူး "

Chaeyoung က ငြင်းပေမယ့် Mikeမွာ ဆက်တိုက် တံခါးကိုတဘုန်းဘုန်းထုနေလို့ Lisa ချက်ချင်းဘဲ အခန်းထဲကထွက်လာသည်

"မင်းသမီးက စကားမပြောချင်ဘူး ပြောစရာမရှိဘူးလို့ ပြောနေတာ မကြားဘူးလား ဆက်ပြီး သူ့ကို အနှောင့်အယှက်မပေးပါနဲ့ "

တံခါးကို ဆက်ထုဖို့လုပ်နေတဲ့ Mikeရဲ့ လက်ကိုဆွဲပြီး Lisaပြောလိုက်သည်

"မင်းက ဘယ်သူလည်း မင်းကိစ္စမဟုတ်ရင် ဝင်မရှည်နဲ့ "

Lisa လက်ကို လွှတ်ချပြီး Mike မေးလိုက်တော့ Lisaမှာ Mikeရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ဖြေလိုက်သည်

"မင်းသမီးရဲ့ သက်တော်စောင့်ပါ မင်းသမီးက အနားယူနေချိန်မို့ အနှောင့်အယှက်မပေးပါနဲ့ "

"အော် ရုတ်တရက် Personal သက်တော်စောင့်တွေ ရှိလာပါလား သက်တော်စောင့်ကလည်း မိန်းကလေးတဲ့ အဟက် ....အကွက်တွေ အကွက်တွေ.....ထားပါတော့ မင်းကိုတစ်ခုသတိပေးရအုံးမယ် သက်တော်စောင့်ဆို သက်တော်စောင့်နေရာမှာဘဲနေ ငါနဲ့မင်းသမီးကြား ဝင်မရှုပ်နဲ့ "

"ငါက ငါ့အလုပ်ငါလုပ်ပြီး မင်းသမီးကို ကာကွယ်ပေးနေတာ "

"ဘာကွ"

Lisaက တစ်ခွန်းမကျန်ပြန်ပြောနေတော့ Mikeက စိတ်တိုပြီး Lisaကို ဆောင့်ဆွဲသည်

Lisaလည်း Mikeကို ပြန်တွန်းချတော့ Bunnyတို့မှာ Mikeကို ဝိုင်းဆွဲကြလေသည်

"မင်း မင်းတွေ့မယ် "

နန်းတော်ထဲ ပြဿနာမဖြစ်ချင်လို့ Mikeတို့ ထွက်သွားတော့ Nine မှာ Lisaရဲ့ ပခုံးကိုပုတ်ပြီး

"Wow Mikeလို မင်းသားကို ပြန်ပြောရဲတဲ့ သတ္တိကို လေးစားတယ် lisa"

"ငါက ငါ့အလုပ်ငါလုပ်နေတာ Nine Chaeyoung ကို ဘယ်သူမှ မလေးမစားလုပ်ပြီး အနှောင့်ယှက်ပေးနေတာမျိုး ငါလက်ပိုက်ငြိမ်မခံနိုင်ဘူး "

"သူတို့ထွက်သွားပြီလား "

ရုတ်တရက် တံခါးဖွင့်လာတဲ့ Chaeyoungကြောင့် Lisaတို့ လန့်သွားသည်

"Oh လန့်တာ ဟုတ်တယ် ထွက်သွားပြီ ငါတို့ သူတို့နဲ့စကားပြောလိုက်တာ "

"Lisa တစ်ယောက်ဘဲ ပြောတာပါ ငါကဘေးနားရပ်ကြည့်နေရုံ...."

"ကျေးဇူးတင်ပါတယ် Lisa "

Chaeyoung က ကျေးဇူးတင်စကားပြောပြီး Lisaကို ဖက်လိုက်တော့ Thirdwheel လေး Nineမှာ Mikeတို့ကို သွားချောင်းအုံးမယ်ဆိုပြီး Chaeyoungတို့ အခန်းဘက်က ထွက်လာခဲ့ရပြန်သည်

#Tbc

Long Time No See ပါ Readerတို့ရေ။ မြစ်ကြီးနားရော မန္တလေးရော ရန်ကုန်ကလူတွေရော အစစအရာရာဂရုစိုက်ကြပါ ပြီးတော့ covid 19ကိုလည်း ကာကွယ်ဂရုစိုက်ကြပါနော်။ Fic updateတာ နည်းနည်းကြာသွားလို့ sorry ပါဗျာ Idea တွေထွက်မလာလို့ပါ 🙌

Bạn đang đọc truyện trên: Truyen3h.Co