Part 25
#Unicode
နောက်တစ်နေ့ မနက်တွင် Partyတစ်ခုကို ဘုရင်ကြီးနဲ့စေခိုင်းချက်အရ Mikeနဲ့တူတူ Roseanne တက်ရောက်ရသည်
အပြန်ကျ Mikeက သူ့ Driverကို ပြန်လွှတ်ပြီး Roseanneနဲ့တူတူ နန်းတော်ကို ပြန်လိုက်ချင်တယ် ပြောလွန်းလို့ Roseanne မှာ မတတ်သာဘဲ Mikeကို ခေါ်လာရသည်
Roseanneနဲ့ Mikeမှာ ကားနောက်ခန်းတွင် ထိုင်ပြီး Lisaကတော့ ကားရှေ့ခန်းတွင် ကားမောင်းနေသည်
Mikeမှာ Roseanne ရဲ့ လက်ကို လှမ်းကိုင်လိုက်တာကို ကားမှန်ကနေ တစ်ဆင့် Lisa မြင်လိုက်ရသောကြောင့် မမြင်ချင်ယောင်ဆောင်ပြီး ကားလမ်းမကိုသာ အာရုံစိုက် မောင်းနေသည်
Lisa မနက်ကတည်းက မျက်နှာမကောင်းနေမှန်း Roseanne သတိထားမိနေသောကြောင့် Mikeရဲ့ လက်ကို ဖယ်ချပြီး အပြင်ဘက်က ရှုခင်းတွေကိုသာ ငေးကြည့်လိုက်သည်
Roseanneက သူ့ရဲ့ လက်ကို ဖယ်ချသော်လည်း Mike မှာ မရှက်သေးဘဲ Roseanne ရဲ့ လက်ကိုထပ်ကိုင်ပြီး ပြွတ်ခနဲ နမ်းလိုက်ပြန်သည်
ကားရှေ့ခန်းမှာမောင်းနေတဲ့ Lisaမှာတော့ ဒေါသကိုထိန်းပြီး မျက်မှောင်ကြုတ်ကာ အံကြိတ်နေရသည်
"Wow လက်ကအနံ့လေးက မွှေးနေတာဘဲ ဘာရေမွှေးသုံးတာလည်း "
"ကျေးဇူး "
Meikမေးတာကို မဖြေဘဲ ကျေးဇူးတင်စကားသာ Roseanne ပြောလိုက်သည်
"Roseanne. ...ဟို တစ်ယောက်ကို မင်းတကယ်ဘဲ ခွင့်မလွှတ်တော့ဘူးလား "
"ပါးစပ်ပိတ်ထားလိုက် Mike... ငါနင့်ကို စကားပြန်ပြောတာနဲ့ ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့ သူ့ကိုခွင့်လွှတ်ပေးရမှာလား ကြည့်ရတာ နင် သူ့ကို တော်တော်ဂရုစိုက်နေသလားလို့ "
"ကိုယ်က ဒီတိုင်း ပြောပြတာပါ Roseanne. ..ပြီးတော့ သူက အမှားလုပ်ခဲ့ပေမယ့် "
"အမှားလုပ်ခဲ့ပေမယ့် ဘာလည်း... ငါမသေဘူးမို့ ခွင့်လွှတ်ပေးရမှာလား Mike. ..ကျေးဇူးပြုပြီး ခွေးစကားတွေမပြောဘဲ တိတ်တိတ်လေးနေပေးလို့ရမလား "
Roseanne ဒေါသထွက်နေမှန်းသိလို့ Lisa သက်ပြင်းချပြီး
"မင်းသမီးလေး ကျွန်တော် ရှေ့က စတိုးဆိုင်မှာ ရပ်ပြီး အအေးဝယ်ပေးရမလား "
"အင်း ကောင်းတယ် စတိုးဆိုင်ရှေ့ရပ်ပေး နင်ဝယ်ပေးစရာမလိုဘူး ငါကိုယ်တိုင်သွားဝယ်မယ် "
"ကိုယ်လည်း လိုက်မယ်လေ "
"နင့်ကို ဘယ်သူက ခေါ်လို့လည်း Mike "
စတိုးဆိုင်ထဲ Roseanne ဝင်သွားတော့ Lisaမှာ ကားပေါ်ကဆင်းပြီး စတိုးဆိုင်ရှေ့တွင် စောင့်နေသည်
"ကဲ ပြောပါအုံး မင်းလို မိန်းကလေးက ဘယ်လိုလုပ် Roseanneရဲ့ Bodyguard ဖြစ်နေရတာလည်း "
Mike ကားပေါ်ကဆင်းလာပြီး မေးတော့ Lisa သက်ပြင်းချလိုက်သည်
"မင်းသမီးလေးက ငါ့ကို သက်တော်စောင့်အဖြစ် ခန့်ချင်လို့ ခန့်လိုက်တာ ဘာဖြစ်လို့လည်း "
"အဲ့တာဘဲလား "
Mikeက မယုံသက်ာနဲ့ မဲ့ပြုံးပြုံးပြီး ပြောတော့ Lisa ပခုံးတွန့်ပြသည်
"မင်း မပြောလည်း ဘာမှမဖြစ်ပါဘူး ဘာလို့ဆို အဆုံးမှာ Roseanne Parkက ငါ့အပိုင် Roseanneနဲ့ပတ်သက်သမျှ အားလုံးက ငါပိုင်မှာမို့လို့ အေးဆေးပေါ့ "
"အဟက် စောင့်ကြည့်ရတာပေါ့ "
Lisaရဲ့ လှောင်ပြောင်တဲ့လေသံကြောင့် Mike ဒေါသထွက်သွားတယ်
"ဘာ မင်း ဘာပြောတယ် ငါ့ကို စောက်ရူးလိုလိုလာမလှောင်နဲ့ "
Lisaရဲ့ အင်ကျီကိုဆောင့်ဆွဲပြီး Mikeမှာ ပြောတော့ Lisaမှာ နှာခေါင်းရှုံ့ကာရယ်လေသည်
"ဟေး သူ့ကိုအပိုင်ရမှာဆိုတဲ့ မင်းသားက ဘာလို့ အရမ်းစိတ်တိုနေရတာလည်း ငါပြောတဲ့ထဲ ဘာအမှားမှလည်းမပါပါဘူး Oops....စိတ်တိုနေပုံကို ကြည့်ရတာ...သူ့ရဲ့ နှလုံးသားနဲ့အချစ်တွေကို မပိုင်ဆိုင်ရလို့ထင််တယ် "
"ဘာကွ "
Mikeမှာ စိတ်တိုပြီး Lisaရဲ့ လည်ပင်းကို ညှစ်စဥ် စတိုးဆိုင်ထဲက ထွက်လာတဲ့ Roseanne မြင်ပြီး စိတ်တိုသွားသည်
"နင် ဘာလုပ်တာလည်း Mike "
Mikeကို ဆောင့်တွန်းလွှတ်ပြီး Lisa မေးလိုက်သည်း
"သူက အရင် ကိုယ့်ကိုမလေးမစားလုပ်တာ Roseanne "
"Mike နင် ငါ့ Bodyguard ကိုပါ ကိုယ်ထိလက်ရောက် လုပ်နေတာ မဟုတ်သေးဘူး အားနာပေမယ့် နင့်လူတွေဆီသာ ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်ပါ ငါ့ကားပေါ်မလိုက်လာနဲ့ "
"Roseanne "
"ထွက်သွား နင် လူတွေအများကြီး ရှေ့မှာ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် လက်ပါစရာလိုလို့လား "
"တောက် "
Mike တောက်ခေါက်ပြီး ထွက်သွားတော့ Roseanneမှာ ဖရိုဖရဲဖြစ်နေတဲ့ Lisaရဲ့ Suitကို ပြန်လုပ်ပေးရင်း မေးလိုက်သည်
"အဆင်ပြေရဲ့လား Lisa. .."
တစ်ဖက်က Mikeကတော့ တကယ်ထွက်မသွားသေးဘဲ နံရံအကွယ်ကနေ Roseanneတို့ကို ချောင်းကြည့်နေသည်
Lesbianလို့ come out လုပ်ထားတဲ့ မကြာခင် သူ့ရဲ့ မိန်းမဖြစ်တဲ့ Roseanneက အမျိုးသမီးတစ်ယောက်ကို သူ့ဘေးနားထားပြီး ဂရုစိုက်နေတာ ကြည့်ကတည်းက ဘယ်လိုအခြေအနေလည်းဆိုတာ Mike ရိပ်မိနေပြီလေ
"ပြေပါတယ် လာ ကားပေါ်တက် သွားရအောင် "
ကားမောင်းထွက်သွားတဲ့ Chaelisaကို ကြည့်ပြီး Mike အံကြိတ်ကာ လက်သီးကိုဆုပ်ထားလေသည်
ကားလမ်းမတွင်
"ပြောပါအုံး ဘာဖြစ်ကြတာလည်း "
"သူက အရင်စတာ "
"အသေးစိတ်ပြောပြလေ "
"ပြောရရင်တော့ အရှည်ကြီးဘဲ ဒါပေမယ့် သူက နင့်အတွက် ဘာမှမဟုတ်ဘူးလို့ ပြောလိုက်တာ အဲ့စကားက သူ့အရှိုက်ကို ထိသွားပုံပေါ်တယ် ဟီး "'
"ဟီးမနေနဲ့ သူ အဖေတို့ကို ပြန်မပြောဖို့ ဆုတောင်းရမယ် "
"စိတ်မပူပါနဲ့ မင်းကြီးတို့ကို ပြန်ပြောလည်း ပြဿနာဖြစ်မှာ ငါဘဲကို "
"အဲ့တာကြောင့် စိတ်ပူတာလေ.... ဟူး နောက်ခါ သူနဲ့ ရန်မဖြစ်ပါနဲ့ Lisaရယ် "
"ငါ ဘယ်လောက်ထိ ထိန်းချုပ်ထားရအုံးမှာလည်း "
Lisa ကားမောင်းရင်း သက်ပြင်းချပြီး မေးလိုက်သည်
"နင့်လေသံက ဘာဖြစ်နေတာလည်း ငါ့ကိုမလိုချင်တော့ဘူးလား ငါလည်း ငါလည်း အခုလိုဖြစ်နေတာကြီး မကြိုက်ဘူးဟာ..."
"တောင်းပန်ပါတယ် ငါအရမ်းသဝန်တိုမိသွားလို့ပါ...."
Lisa ကားကိုလမ်းဘေးထိုးရပ်ပြီး Roseanneရဲ့ မျက်နှာကိုကြည့်ကာ ပြောလိုက်သည်
"ငါ နင့်ကိုချစ်တယ် Roseanne နင့်ကိုချစ်လွန်းလို့ ငါသဝန်တိုမိနေတာပါ "
Lisaပြောပြီး Roseanneရဲ့ မျက်နှာကိုကိုင်ကာ Roseanne ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
#Tbc
#Zawgyi
ေနာက္တစ္ေန႕ မနက္တြင္ Partyတစ္ခုကို ဘုရင္ႀကီးနဲ႕ေစခိုင္းခ်က္အရ Mikeနဲ႕တူတူ Roseanne တက္ေရာက္ရသည္
အျပန္က် Mikeက သူ႕ Driverကို ျပန္လႊတ္ၿပီး Roseanneနဲ႕တူတူ နန္းေတာ္ကို ျပန္လိုက္ခ်င္တယ္ ေျပာလြန္းလို႔ Roseanne မွာ မတတ္သာဘဲ Mikeကို ေခၚလာရသည္
Roseanneနဲ႕ Mikeမွာ ကားေနာက္ခန္းတြင္ ထိုင္ၿပီး Lisaကေတာ့ ကားေရွ႕ခန္းတြင္ ကားေမာင္းေနသည္
Mikeမွာ Roseanne ရဲ႕ လက္ကို လွမ္းကိုင္လိုက္တာကို ကားမွန္ကေန တစ္ဆင့္ Lisa ျမင္လိုက္ရေသာေၾကာင့္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး ကားလမ္းမကိုသာ အာ႐ုံစိုက္ ေမာင္းေနသည္
Lisa မနက္ကတည္းက မ်က္ႏွာမေကာင္းေနမွန္း Roseanne သတိထားမိေနေသာေၾကာင့္ Mikeရဲ႕ လက္ကို ဖယ္ခ်ၿပီး အျပင္ဘက္က ရႈခင္းေတြကိုသာ ေငးၾကည့္လိုက္သည္
Roseanneက သူ႕ရဲ႕ လက္ကို ဖယ္ခ်ေသာ္လည္း Mike မွာ မရွက္ေသးဘဲ Roseanne ရဲ႕ လက္ကိုထပ္ကိုင္ၿပီး ႁပြတ္ခနဲ နမ္းလိုက္ျပန္သည္
ကားေရွ႕ခန္းမွာေမာင္းေနတဲ့ Lisaမွာေတာ့ ေဒါသကိုထိန္းၿပီး မ်က္ေမွာင္ၾကဳတ္ကာ အံႀကိတ္ေနရသည္
"Wow လက္ကအနံ႕ေလးက ေမႊးေနတာဘဲ ဘာေရေမႊးသုံးတာလည္း "
"ေက်းဇူး "
Meikေမးတာကို မေျဖဘဲ ေက်းဇူးတင္စကားသာ Roseanne ေျပာလိုက္သည္
"Roseanne. ...ဟို တစ္ေယာက္ကို မင္းတကယ္ဘဲ ခြင့္မလႊတ္ေတာ့ဘူးလား "
"ပါးစပ္ပိတ္ထားလိုက္ Mike... ငါနင့္ကို စကားျပန္ေျပာတာနဲ႕ ငါ့ကိုသတ္ဖို႔ ႀကိဳးစားခဲ့တဲ့ သူ႕ကိုခြင့္လႊတ္ေပးရမွာလား ၾကည့္ရတာ နင္ သူ႕ကို ေတာ္ေတာ္ဂ႐ုစိုက္ေနသလားလို႔ "
"ကိုယ္က ဒီတိုင္း ေျပာျပတာပါ Roseanne. ..ၿပီးေတာ့ သူက အမွားလုပ္ခဲ့ေပမယ့္ "
"အမွားလုပ္ခဲ့ေပမယ့္ ဘာလည္း... ငါမေသဘူးမို႔ ခြင့္လႊတ္ေပးရမွာလား Mike. ..ေက်းဇူးျပဳၿပီး ေခြးစကားေတြမေျပာဘဲ တိတ္တိတ္ေလးေနေပးလို႔ရမလား "
Roseanne ေဒါသထြက္ေနမွန္းသိလို႔ Lisa သက္ျပင္းခ်ၿပီး
"မင္းသမီးေလး ကြၽန္ေတာ္ ေရွ႕က စတိုးဆိုင္မွာ ရပ္ၿပီး အေအးဝယ္ေပးရမလား "
"အင္း ေကာင္းတယ္ စတိုးဆိုင္ေရွ႕ရပ္ေပး နင္ဝယ္ေပးစရာမလိုဘူး ငါကိုယ္တိုင္သြားဝယ္မယ္ "
"ကိုယ္လည္း လိုက္မယ္ေလ "
"နင့္ကို ဘယ္သူက ေခၚလို႔လည္း Mike "
စတိုးဆိုင္ထဲ Roseanne ဝင္သြားေတာ့ Lisaမွာ ကားေပၚကဆင္းၿပီး စတိုးဆိုင္ေရွ႕တြင္ ေစာင့္ေနသည္
"ကဲ ေျပာပါအုံး မင္းလို မိန္းကေလးက ဘယ္လိုလုပ္ Roseanneရဲ႕ Bodyguard ျဖစ္ေနရတာလည္း "
Mike ကားေပၚကဆင္းလာၿပီး ေမးေတာ့ Lisa သက္ျပင္းခ်လိဳက္သည္
"မင္းသမီးေလးက ငါ့ကို သက္ေတာ္ေစာင့္အျဖစ္ ခန့္ခ်င္လို႔ ခန့္လိုက္တာ ဘာျဖစ္လို႔လည္း "
"အဲ့တာဘဲလား "
Mikeက မယုံသက္ာနဲ႕ မဲ့ၿပဳံးၿပဳံးၿပီး ေျပာေတာ့ Lisa ပခုံးတြန့္ျပသည္
"မင္း မေျပာလည္း ဘာမွမျဖစ္ပါဘူး ဘာလို႔ဆို အဆုံးမွာ Roseanne Parkက ငါ့အပိုင္ Roseanneနဲ႕ပတ္သက္သမွ် အားလုံးက ငါပိုင္မွာမို႔လို႔ ေအးေဆးေပါ့ "
"အဟက္ ေစာင့္ၾကည့္ရတာေပါ့ "
Lisaရဲ႕ ေလွာင္ေျပာင္တဲ့ေလသံေၾကာင့္ Mike ေဒါသထြက္သြားတယ္
"ဘာ မင္း ဘာေျပာတယ္ ငါ့ကို ေစာက္႐ူးလိုလိုလာမေလွာင္နဲ႕ "
Lisaရဲ႕ အင္က်ီကိုေဆာင့္ဆြဲၿပီး Mikeမွာ ေျပာေတာ့ Lisaမွာ ႏွာေခါင္းရႈံ႕ကာရယ္ေလသည္
"ေဟး သူ႕ကိုအပိုင္ရမွာဆိုတဲ့ မင္းသားက ဘာလို႔ အရမ္းစိတ္တိုေနရတာလည္း ငါေျပာတဲ့ထဲ ဘာအမွားမွလည္းမပါပါဘူး Oops....စိတ္တိုေနပုံကို ၾကည့္ရတာ...သူ႕ရဲ႕ ႏွလုံးသားနဲ႕အခ်စ္ေတြကို မပိုင္ဆိုင္ရလို႔ထင္္တယ္ "
"ဘာကြ "
Mikeမွာ စိတ္တိုၿပီး Lisaရဲ႕ လည္ပင္းကို ညွစ္စဥ္ စတိုးဆိုင္ထဲက ထြက္လာတဲ့ Roseanne ျမင္ၿပီး စိတ္တိုသြားသည္
"နင္ ဘာလုပ္တာလည္း Mike "
Mikeကို ေဆာင့္တြန္းလႊတ္ၿပီး Lisa ေမးလိုက္သည္း
"သူက အရင္ ကိုယ့္ကိုမေလးမစားလုပ္တာ Roseanne "
"Mike နင္ ငါ့ Bodyguard ကိုပါ ကိုယ္ထိလက္ေရာက္ လုပ္ေနတာ မဟုတ္ေသးဘူး အားနာေပမယ့္ နင့္လူေတြဆီသာ ဖုန္းဆက္ၿပီး လာေခၚခိုင္းလိုက္ပါ ငါ့ကားေပၚမလိုက္လာနဲ႕ "
"Roseanne "
"ထြက္သြား နင္ လူေတြအမ်ားႀကီး ေရွ႕မွာ မိန္းကေလးတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ လက္ပါစရာလိုလို႔လား "
"ေတာက္ "
Mike ေတာက္ေခါက္ၿပီး ထြက္သြားေတာ့ Roseanneမွာ ဖရိုဖရဲျဖစ္ေနတဲ့ Lisaရဲ႕ Suitကို ျပန္လုပ္ေပးရင္း ေမးလိုက္သည္
"အဆင္ေျပရဲ႕လား Lisa. .."
တစ္ဖက္က Mikeကေတာ့ တကယ္ထြက္မသြားေသးဘဲ နံရံအကြယ္ကေန Roseanneတို႔ကို ေခ်ာင္းၾကည့္ေနသည္
Lesbianလို႔ come out လုပ္ထားတဲ့ မၾကာခင္ သူ႕ရဲ႕ မိန္းမျဖစ္တဲ့ Roseanneက အမ်ိဳးသမီးတစ္ေယာက္ကို သူ႕ေဘးနားထားၿပီး ဂ႐ုစိုက္ေနတာ ၾကည့္ကတည္းက ဘယ္လိုအေျခအေနလည္းဆိုတာ Mike ရိပ္မိေနၿပီေလ
"ေျပပါတယ္ လာ ကားေပၚတက္ သြားရေအာင္ "
ကားေမာင္းထြက္သြားတဲ့ Chaelisaကို ၾကည့္ၿပီး Mike အံႀကိတ္ကာ လက္သီးကိုဆုပ္ထားေလသည္
ကားလမ္းမတြင္
"ေျပာပါအုံး ဘာျဖစ္ၾကတာလည္း "
"သူက အရင္စတာ "
"အေသးစိတ္ေျပာျပေလ "
"ေျပာရရင္ေတာ့ အရွည္ႀကီးဘဲ ဒါေပမယ့္ သူက နင့္အတြက္ ဘာမွမဟုတ္ဘူးလို႔ ေျပာလိုက္တာ အဲ့စကားက သူ႕အရွိုက္ကို ထိသြားပုံေပၚတယ္ ဟီး "'
"ဟီးမေနနဲ႕ သူ အေဖတို႔ကို ျပန္မေျပာဖို႔ ဆုေတာင္းရမယ္ "
"စိတ္မပူပါနဲ႕ မင္းႀကီးတို႔ကို ျပန္ေျပာလည္း ျပႆနာျဖစ္မွာ ငါဘဲကို "
"အဲ့တာေၾကာင့္ စိတ္ပူတာေလ.... ဟူး ေနာက္ခါ သူနဲ႕ ရန္မျဖစ္ပါနဲ႕ Lisaရယ္ "
"ငါ ဘယ္ေလာက္ထိ ထိန္းခ်ဳပ္ထားရအုံးမွာလည္း "
Lisa ကားေမာင္းရင္း သက္ျပင္းခ်ၿပီး ေမးလိုက္သည္
"နင့္ေလသံက ဘာျဖစ္ေနတာလည္း ငါ့ကိုမလိုခ်င္ေတာ့ဘူးလား ငါလည္း ငါလည္း အခုလိုျဖစ္ေနတာႀကီး မႀကိဳက္ဘူးဟာ..."
"ေတာင္းပန္ပါတယ္ ငါအရမ္းသဝန္တိုမိသြားလို႔ပါ...."
Lisa ကားကိုလမ္းေဘးထိုးရပ္ၿပီး Roseanneရဲ႕ မ်က္ႏွာကိုၾကည့္ကာ ေျပာလိုက္သည္
"ငါ နင့္ကိုခ်စ္တယ္ Roseanne နင့္ကိုခ်စ္လြန္းလို႔ ငါသဝန္တိုမိေနတာပါ "
Lisaေျပာၿပီး Roseanneရဲ႕ မ်က္ႏွာကိုကိုင္ကာ Roseanne ရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co