Truyen3h.Co

Vampire's Mate Rosie

Final

KimFany059

အိပ်ပါတော့ကွယ် ကြောင်ကြီး ကိုက်လိမ့်မယ်...
အိပ်ရာကနိုးရင်.........

Lisa တစ်ယောက် သူမ လက်မောင်းပေါ် က ကလေးလေးကို ချော့သိပ်ရင်း Chaeyoungကို သတိရလာသောကြောင့် မျက်ရည်တွေကျလာသည်

Lisa လက်မခံချင်ပေမယ့် ကလေးမွေးပြီး Chaeyoung အသက်မရှူတော့တာ နှစ်ရက်ရှိသွားပြီ....

Namတို့က Chaeyoungကို မြေမြှုပ်ဖို့ ပြောပေမယ့် Lisaကတော့ ခေါင်းမာပြီး Medical Roomထဲမှာဘဲ ထားထားသည်

အူဝဲ......အူဝဲ.....

ကလေးငိုသံကြောင့် Lisa အသိစိတ်ပြန်ဝင်လာပြီး ကလေးကို ချော့လေသည်

"Aigoo မငိုပါနဲ့ Pransé လေးရယ်....Mommy ကို လွမ်းလို့ သမီးလေးကပါ လိုက်ငိုနေတာလား ကဲပါ မငိုနဲ့နော် တိတ် တိတ် "

ကလေးလေးကို ပွေ့ချီကာ ချော့မြူနေတဲ့ Lisaကို ကြည့်််ပြီး Louisတို့ စိတ်မကောင်းဖြစ်နေကြသည်

Pranséလေးကို မိတဆိုးသမီးလေးမို့ Lisa အရမ်း ဂရုစိုက်သည်

လူသွေးကိုလည်း မသောက်တော့ဘဲ နေနိုင်အောင်နေနေသည်...

ကလေးကိုချီတဲ့အခါ သွေးညှီနံ့ထွက်နေတာမျိူး Lisa မဖြစ်စေချင်ဘူးလေ

Mafiaတွေနဲ့ ကိစ္စတွေတောင် Louis တို့ကိုသာ သွားတွေ့ခိုင်းပြီး Lisaကတော့ အခန်းထဲမှာ သူ့သမီးလေးကိုသာ အချိန်ပေးသည်

သူ့သမီးလေးကို ထိန်းရင်း Chaeyoung အကြောင်း ပြောပြပြီးတောင် ငိုသေးသည်

Chaeyoungကို ထားတဲ့ medical roomထဲကိုတော့ Lisa မှာ Chaeyoung အသက်ရှူရပ်သွားတဲ့နေ့ကစပြီး သွားမကြည့်ခဲ့ပေ.....

သူမစိတ်ကို သူမ မထိန်းနိုင်ဘဲ တစ်ခုခုလုပ်မိမှာဆိုးလို့ Pranséလေး မိဘမဲ့ ဖြစ်သွားမှာဆိုးလို့ မသွားခဲ့ခြင်း ဖြစ်သည်

Juliaမှာ Chaeyoung ကို သတိရလို့ medical roomထဲ သွားကြည့်စဥ် Chaeyoungရဲ့ လက်ချောင်းလေးတွေက လှုပ်ရှားသွားတာကို တွေ့လိုက်ရသည်

Julia သူမ အမြင်မှားတာလားဆိုပြီး ထပ်ကြည့်တော့ Chaeyoung အသက်ရှူနေမှန်း တွေ့ပြီး အရမ်းပျော်သွားလို့ Namကို သွားခေါ်သည်

Namလည်း ဝမ်းသာအားရ medical roomထဲ ဝင်လာတော့ ကုတင်ပေါ် ငုတ်တုတ်ထိုင်နေတဲ့ Chaeyoungကို တွေ့လိုက်ရသည်

"Chaeyoung. ..."

Namနဲ့ Juliaမှာ အရမ်း ပျော်ပြီး Chaeyoungကို ပြေးဖက်သည်

"Chaeyoung မသေဘူး ပြန်ရှင်လာတာဘဲ ကြည့်ရတာ မွေးတဲ့နေ့က နှလုံးအားနည်းနေချိန် အကိုက်ခံရလို့ ရှောခ့်ဖြစ်ပြီး နှလုံးရပ်သွားတာထင်တယ် ဒါပေမယ့် Vampire အဖြစ်ပြောင်းသွားတော့......အသက်ပြန်ရှင်လာတာ ဖြစ်ရမယ် "

Namမှာ ပြောရင်း မျက်ရည်တွေကျလာတယ်

Juliaကတော့ louisတို့ကို ဖုန်းဆက်ကာ Chaeyoung သတိရလာကြောင်း လှမ်းပြောသည်

ထို့နောက် Lisaကို အသိပေးဖို့ medical roomထဲက ထွက်လာသည်

"Lisa. ...Chaeyoung. ...Chaeyoung. ...အလောင်းပျောက်သွားလို့ medical roomထဲ အမြန်သွားကြည့်အုံး "

Lisa ကို စချင်တာနဲ့ Julia လိမ်ပြောလိုက်သည်

Lisaကတော့ အဖြစ်မှန်ကို မသိဘဲ Juliaရဲ့ စကားကြောင့် မျက်လုံးပြူးကာ လန့်သွားသည်

"ဘာ.... ဘယ်လိုဖြစ်လို့ ပျောက်သွားတာလည်း "

"ကလေးကို ငါ့ပေးပြီး အမြန်သွားကြည့်လိုက် "

Lisaလည်း ခေါင်းညိတ်ပြီး ကလေးကို Juliaဆီ ပေးပြီး medical roomသို့ ပြေးသွားလေသည်

Medical room တံခါးလည်းပွင့်ရော သူမကို ပြုံးပြီး ကြည့်နေတဲ့ Chaeyoungကိုလည်း တွေ့ရော Lisa အရမ်း ပျော်သွားသည်

"My Vampire. ...."

"Chaeeee "

Lisa ပျော်ပြီး Chaeyoungကို ပြေးဖက်လေသည်

Namကတော့ Lisaတို့ နှစ်ယောက်အတူ အေးဆေးစကားပြောဖို့ ရှောင်ထွက်လာသည်

"တကယ်ဘဲ Chaeလား Chae မသေဘူးပေါ့ "

Chaeyoungရဲ့ မျက်နှာကို ကိုင်ပြီး Lisa မေးလိုက်သည်

"Lisaကို ထားမသွားဘူးလို့ Chae ကတိပေးခဲ့တယ်လေ မေ့နေပြီလား "

Lisaရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း Chaeyoung ပြောတော့ Lisa ရယ်လိုက်သည်

ရယ်ပြီး Chaeyoungကို ဖက်ကာ နမ်းလိုက်သည်

Chaeyoungကလည်း Lisaရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်လေသည်

"အရမ်းလွမ်းနေတာ သိလား......"

"Chaeရောပါဘဲ...ဒါနဲ့....ကလေးရော "

"Pransé လေးလား သမီးလေးကို  Julia ထိန်းနေတယ် "

"သမီးလေးမွေးတာလား Lisa "

Chaeyoung မေးတော့ Lisa ပြုံးပြီး ခေါင်းညိတ်ပြသည်

"လာ သမီးလေးဆီ သွားရအောင် "

Chaeyoung ရဲ့ လက်ကိုတွဲပြီး medical roomထဲက Lisaထွက်လာတော့ Bambamတို့မှာ Chaeyoung ကို တွေ့တော့ ပျော်လို့ ပြေးဖက်ကြသည်

"ငါ့ညီမလေး Chae. ...တကယ်မသေဘူးပေါ့....အား ဝမ်းသာလိုက်တာ "

"Lisa ကို ကျေးဇူးတင်ရမယ် သူအသွင်ပြောင်းပေးလို့"

Minoရဲ့ စကားကြောင့် Chaeyoung အံ့သြသွားတယ်

"ဟင်...ဒါဆို "

"ဟုတ်တယ် Chaeက အခု Vampire ဖြစ်သွားပြီ သမီးလေးကတော့ လူတစ်ဝက် Vampire တစ်ဝက်ပေါ့ "

Lisaက ပြောတော့ Chaeyoungက ခေါင်းညိတ်ပြသည်

Chaeyoungလည်း Bambamတို့နဲ့ ခဏစကားပြောပြီးနောက်တော့ သူမ သမီးလေး ရှိတဲ့ အခန်းဘက်ကို ထွက်လာသည်

Juliaမှာ ကလေးကို Chaeyoung လက်မောင်းထဲ ထည့်ပေးပြီး ထွက်လာသည်

Pransé  လေးမှာ ရုတ်တရက် ထငိုသောအခါ

"Mommyလေ သမီးလေးရ.... "

Lisaရဲ့ စကားကြောင့် Prans လေး အငိုတိတ်သွားတော့ Chaeyoungမှာ သူ့လက်မောင်းပေါ်က ကလေးလေးကို ကြည့်ပြီး ငိုလေသည်

"အားဟား သမီးလေးက ချစ်စရာလေး Lisaရယ် ပါးဖောင်းဖောင်းလေးနဲ့ "

"ဟုတ်ပါ့ Chaeနဲ့တူတာလေ....."

Chaeyoung ကုတင်ပေါ် တက်ထိုင်ပြီး ကလေးလေးကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်

"Chae. ..'

"ဟင် "

"Vampire အဖြစ် နေရတာ Chae အတွက် ခက်ခဲမယ်ဆိုတာ သိပါတယ် ဒါကြောင့် ကိုယ် တောင်းပန်ပါတယ် "

"မဟုတ်တာ Lisa တောင်းပန်စရာမလိုပါဘူး Lisaကြောင့် Chae အသက်ပြန်ရှင်ခွင့်ရပြီး Pranséလေးကို တွေ့ခွင့်ရတာပါ...Lisa နဲ့ အတူရှိခွင့်ရတာလေ.....ဘာဖြစ်လည်း Lisaက Chaeကို Vampireလိုနေနည်း သင်ပေးလေ မဟုတ်ဘူးလား "

Chaeyoung ကပြောတော့ Lisa ပြုံးပြီး ခေါင်းညိတ်ပြသည်

"ချစ်တယ် Lisa "

"ကိုယ်က ပိုချစ်တယ် "

Lisa ပြောပြီး Chaeyoungရဲ့ နဖူးကို နမ်းလိုက်သည်

နောက်ဆုံးတော့ ဘာအနှောင့်အယှက်မှမရှိဘဲ Vampire Family သုံးယောက်မှာ ပျော်ပျော်ရွင်ရွင်နဲ့ နေနိုင်သွားပြီလေ

#The End

မကောင်းမကန်း ficလေးကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် Vampire ficရေးနေကြမဟုတ်လို့ အမှားပါရင် ခွင့်လွှတ်ပါ

အိပ္ပါေတာ့ကြယ္ ေၾကာင္ႀကီး ကိုက္လိမ့္မယ္...
အိပ္ရာကနိုးရင္.........

Lisa တစ္ေယာက္ သူမ လက္ေမာင္းေပၚ က ကေလးေလးကို ေခ်ာ့သိပ္ရင္း Chaeyoungကို သတိရလာေသာေၾကာင့္ မ်က္ရည္ေတြက်လာသည္

Lisa လက္မခံခ်င္ေပမယ့္ ကေလးေမြးၿပီး Chaeyoung အသက္မရႉေတာ့တာ ႏွစ္ရက္ရွိသြားၿပီ....

Namတို႔က Chaeyoungကို ေျမျမႇုပ္ဖို႔ ေျပာေပမယ့္ Lisaကေတာ့ ေခါင္းမာၿပီး Medical Roomထဲမွာဘဲ ထားထားသည္

အူဝဲ......အူဝဲ.....

ကေလးငိုသံေၾကာင့္ Lisa အသိစိတ္ျပန္ဝင္လာၿပီး ကေလးကို ေခ်ာ့ေလသည္

"Aigoo မငိုပါနဲ႕ Pransé ေလးရယ္....Mommy ကို လြမ္းလို႔ သမီးေလးကပါ လိုက္ငိုေနတာလား ကဲပါ မငိုနဲ႕ေနာ္ တိတ္ တိတ္ "

ကေလးေလးကို ေပြ႕ခ်ီကာ ေခ်ာ့ျမဴေနတဲ့ Lisaကို ၾကည့္္္ၿပီး Louisတို႔ စိတ္မေကာင္းျဖစ္ေနၾကသည္

Pranséေလးကို မိတဆိုးသမီးေလးမို႔ Lisa အရမ္း ဂ႐ုစိုက္သည္

လူေသြးကိုလည္း မေသာက္ေတာ့ဘဲ ေနနိုင္ေအာင္ေနေနသည္...

ကေလးကိုခ်ီတဲ့အခါ ေသြးညွီနံ႕ထြက္ေနတာမ်ိဴး Lisa မျဖစ္ေစခ်င္ဘူးေလ

Mafiaေတြနဲ႕ ကိစၥေတြေတာင္ Louis တို႔ကိုသာ သြားေတြ႕ခိုင္းၿပီး Lisaကေတာ့ အခန္းထဲမွာ သူ႕သမီးေလးကိုသာ အခ်ိန္ေပးသည္

သူ႕သမီးေလးကို ထိန္းရင္း Chaeyoung အေၾကာင္း ေျပာျပၿပီးေတာင္ ငိုေသးသည္

Chaeyoungကို ထားတဲ့ medical roomထဲကိုေတာ့ Lisa မွာ Chaeyoung အသက္ရႉရပ္သြားတဲ့ေန႕ကစၿပီး သြားမၾကည့္ခဲ့ေပ.....

သူမစိတ္ကို သူမ မထိန္းနိုင္ဘဲ တစ္ခုခုလုပ္မိမွာဆိုးလို႔ Pranséေလး မိဘမဲ့ ျဖစ္သြားမွာဆိုးလို႔ မသြားခဲ့ျခင္း ျဖစ္သည္

Juliaမွာ Chaeyoung ကို သတိရလို႔ medical roomထဲ သြားၾကည့္စဥ္ Chaeyoungရဲ႕ လက္ေခ်ာင္းေလးေတြက လႈပ္ရွားသြားတာကို ေတြ႕လိုက္ရသည္

Julia သူမ အျမင္မွားတာလားဆိုၿပီး ထပ္ၾကည့္ေတာ့ Chaeyoung အသက္ရႉေနမွန္း ေတြ႕ၿပီး အရမ္းေပ်ာ္သြားလို႔ Namကို သြားေခၚသည္

Namလည္း ဝမ္းသာအားရ medical roomထဲ ဝင္လာေတာ့ ကုတင္ေပၚ ငုတ္တုတ္ထိုင္ေနတဲ့ Chaeyoungကို ေတြ႕လိုက္ရသည္

"Chaeyoung. ..."

Namနဲ႕ Juliaမွာ အရမ္း ေပ်ာ္ၿပီး Chaeyoungကို ေျပးဖက္သည္

"Chaeyoung မေသဘူး ျပန္ရွင္လာတာဘဲ ၾကည့္ရတာ ေမြးတဲ့ေန႕က ႏွလုံးအားနည္းေနခ်ိန္ အကိုက္ခံရလို႔ ေရွာခ့္ျဖစ္ၿပီး ႏွလုံးရပ္သြားတာထင္တယ္ ဒါေပမယ့္ Vampire အျဖစ္ေျပာင္းသြားေတာ့......အသက္ျပန္ရွင္လာတာ ျဖစ္ရမယ္ "

Namမွာ ေျပာရင္း မ်က္ရည္ေတြက်လာတယ္

Juliaကေတာ့ louisတို႔ကို ဖုန္းဆက္ကာ Chaeyoung သတိရလာေၾကာင္း လွမ္းေျပာသည္

ထို႔ေနာက္ Lisaကို အသိေပးဖို႔ medical roomထဲက ထြက္လာသည္

"Lisa. ...Chaeyoung. ...Chaeyoung. ...အေလာင္းေပ်ာက္သြားလို႔ medical roomထဲ အျမန္သြားၾကည့္အုံး "

Lisa ကို စခ်င္တာနဲ႕ Julia လိမ္ေျပာလိုက္သည္

Lisaကေတာ့ အျဖစ္မွန္ကို မသိဘဲ Juliaရဲ႕ စကားေၾကာင့္ မ်က္လုံးျပဴးကာ လန့္သြားသည္

"ဘာ.... ဘယ္လိုျဖစ္လို႔ ေပ်ာက္သြားတာလည္း "

"ကေလးကို ငါ့ေပးၿပီး အျမန္သြားၾကည့္လိုက္ "

Lisaလည္း ေခါင္းညိတ္ၿပီး ကေလးကို Juliaဆီ ေပးၿပီး medical roomသို႔ ေျပးသြားေလသည္

Medical room တံခါးလည္းပြင့္ေရာ သူမကို ၿပဳံးၿပီး ၾကည့္ေနတဲ့ Chaeyoungကိုလည္း ေတြ႕ေရာ Lisa အရမ္း ေပ်ာ္သြားသည္

"My Vampire. ...."

"Chaeeee "

Lisa ေပ်ာ္ၿပီး Chaeyoungကို ေျပးဖက္ေလသည္

Namကေတာ့ Lisaတို႔ ႏွစ္ေယာက္အတူ ေအးေဆးစကားေျပာဖို႔ ေရွာင္ထြက္လာသည္

"တကယ္ဘဲ Chaeလား Chae မေသဘူးေပါ့ "

Chaeyoungရဲ႕ မ်က္ႏွာကို ကိုင္ၿပီး Lisa ေမးလိုက္သည္

"Lisaကို ထားမသြားဘူးလို႔ Chae ကတိေပးခဲ့တယ္ေလ ေမ့ေနၿပီလား "

Lisaရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း Chaeyoung ေျပာေတာ့ Lisa ရယ္လိုက္သည္

ရယ္ၿပီး Chaeyoungကို ဖက္ကာ နမ္းလိုက္သည္

Chaeyoungကလည္း Lisaရဲ႕ အနမ္းေတြကို ျပန္လည္တုံ႕ျပန္ေလသည္

"အရမ္းလြမ္းေနတာ သိလား......"

"Chaeေရာပါဘဲ...ဒါနဲ႕....ကေလးေရာ "

"Pransé ေလးလား သမီးေလးကို  Julia ထိန္းေနတယ္ "

"သမီးေလးေမြးတာလား Lisa "

Chaeyoung ေမးေတာ့ Lisa ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

"လာ သမီးေလးဆီ သြားရေအာင္ "

Chaeyoung ရဲ႕ လက္ကိုတြဲၿပီး medical roomထဲက Lisaထြက္လာေတာ့ Bambamတို႔မွာ Chaeyoung ကို ေတြ႕ေတာ့ ေပ်ာ္လို႔ ေျပးဖက္ၾကသည္

"ငါ့ညီမေလး Chae. ...တကယ္မေသဘူးေပါ့....အား ဝမ္းသာလိုက္တာ "

"Lisa ကို ေက်းဇူးတင္ရမယ္ သူအသြင္ေျပာင္းေပးလို႔"

Minoရဲ႕ စကားေၾကာင့္ Chaeyoung အံ့ၾသသြားတယ္

"ဟင္...ဒါဆို "

"ဟုတ္တယ္ Chaeက အခု Vampire ျဖစ္သြားၿပီ သမီးေလးကေတာ့ လူတစ္ဝက္ Vampire တစ္ဝက္ေပါ့ "

Lisaက ေျပာေတာ့ Chaeyoungက ေခါင္းညိတ္ျပသည္

Chaeyoungလည္း Bambamတို႔နဲ႕ ခဏစကားေျပာၿပီးေနာက္ေတာ့ သူမ သမီးေလး ရွိတဲ့ အခန္းဘက္ကို ထြက္လာသည္

Juliaမွာ ကေလးကို Chaeyoung လက္ေမာင္းထဲ ထည့္ေပးၿပီး ထြက္လာသည္

Prans  ေလးမွာ ႐ုတ္တရက္ ထငိုေသာအခါ

"Mommyေလ သမီးေလးရ.... "

Lisaရဲ႕ စကားေၾကာင့္ Pransé ေလး အငိုတိတ္သြားေတာ့ Chaeyoungမွာ သူ႕လက္ေမာင္းေပၚက ကေလးေလးကို ၾကည့္ၿပီး ငိုေလသည္

"အားဟား သမီးေလးက ခ်စ္စရာေလး Lisaရယ္ ပါးေဖာင္းေဖာင္းေလးနဲ႕ "

"ဟုတ္ပါ့ Chaeနဲ႕တူတာေလ....."

Chaeyoung ကုတင္ေပၚ တက္ထိုင္ၿပီး ကေလးေလးကို တစ္စိမ့္စိမ့္ထိုင္ၾကည့္ေနသည္

"Chae. ..'

"ဟင္ "

"Vampire အျဖစ္ ေနရတာ Chae အတြက္ ခက္ခဲမယ္ဆိုတာ သိပါတယ္ ဒါေၾကာင့္ ကိုယ္ ေတာင္းပန္ပါတယ္ "

"မဟုတ္တာ Lisa ေတာင္းပန္စရာမလိုပါဘူး Lisaေၾကာင့္ Chae အသက္ျပန္ရွင္ခြင့္ရၿပီး Pranséေလးကို ေတြ႕ခြင့္ရတာပါ...Lisa နဲ႕ အတူရွိခြင့္ရတာေလ.....ဘာျဖစ္လည္း Lisaက Chaeကို Vampireလိုေနနည္း သင္ေပးေလ မဟုတ္ဘူးလား "

Chaeyoung ကေျပာေတာ့ Lisa ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

"ခ်စ္တယ္ Lisa "

"ကိုယ္က ပိုခ်စ္တယ္ "

Lisa ေျပာၿပီး Chaeyoungရဲ႕ နဖူးကို နမ္းလိုက္သည္

ေနာက္ဆုံးေတာ့ ဘာအႏွောင့္အယွက္မွမရွိဘဲ Vampire Family သုံးေယာက္မွာ ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ ေနနိုင္သြားၿပီေလ

#The End

မေကာင္းမကန္း ficေလးကို အဆုံးထိဖတ္ေပးလို႔ ေက်းဇူးတင္ပါတယ္ Vampire ficေရးေနၾကမဟုတ္လို႔ အမွားပါရင္ ခြင့္လႊတ္ပါ ❤

Bạn đang đọc truyện trên: Truyen3h.Co