Part 29
#Unicode
5 months later
Lisa တစ်ယောက်ကတော့ Chaeyoung ကို Jensooတို့များ ခေါ်သွားလားဆိုပြီး နယူးဇီလန်ထိ လိုက်ရှာသော်လည်း Chaeyoungရဲ့ အရိပ်အယောင်ကို မတွေ့ရပေ
နယူးဇီလန် ပြင်သစ် သြစီ နိုင်ငံပေါင်းစုံအောင် ပတ်ရှာသော်လည်း Chaeyoungနဲ့တူတဲ့ သူတောင် ရှာမတွေ့သောကြောင့် စိတ်ဓာတ်ကျလာသည်
ဆိုးလ်ကို ပြန်လာပြီး စံအိမ်မှာမနေဘဲ Chaeyoung ကိုယ်သင်းရနံ့တွေနဲ့ သူမတို့ အမှတ်တရတွေ အပေါဆုံးဖြစ်တဲ့ Chaeyoung ရဲ့ အိမ်မှာဘဲ Lisa နေတာများသည်
Louisတို့နဲ့လည်း မဆက်သွယ်ဘဲ Lisa တစ်ယောက်တည်း သင်းကွဲနေသော Vampire ဖြစ်နေသည်
Louisနဲ့ Bambamတို့မှာလည်း Chaeyoungကို သတိရနေကြသည်
Lisaကို မြေတိုက်ခန်းထဲ ချုပ်ထားတုံးက Namက သူမနဲ့ ကလေးရဲ့ လုံခြုံရေးအတွက် Lisaနဲ့ ဝေးရာမှာ နေဖို့ Jensoo ရယ် သူနဲ့အတူ ဗီယက်နမ်ကို လိုက်နေဖို့ ပြောတုံးက Chaeyoung မျက်နှာလေး တော်တော်ညှိုးနွမ်းသွားခဲ့သည်....
Lisaကို မခွဲနိုင်ပေမယ့်လည်း Lisaနဲ့ အတူရှိနေရင် သူမ ကလေးအသက်အန္တရာယ်ကိုလည်း စိတ်ပူရသည်
နောက်ဆုံး Chaeyoung စိတ်ကို ဆုံးဖြတ်ချက်ချပြီး Namတို့ နဲ့ လိုက်နေဖို့ သဘောတူလိုက်သည်
Jensooနဲ့ Namတို့မှာ Lisaက နယူးဇီလန်ထိ လာရှာမယ်ဆိုတာ သိသောကြောင့် ဗီယက်နမ်တွင် ပုန်းနေခဲ့ခြင်း ဖြစ်သည်
Chaeyoung လွယ်ထားရတဲ့ ကိုယ်ဝန်က Vampire သွေးပါရောနှောနေသောကြောင့် ကလေးမှာ ကြီးထွားမြန်လာသည်
သာမန်ကိုယ်ဝန်သည်တွေလို ကိုးလလွယ်ဆယ်လဖွားမဟုတ်ဘဲ ငါးလအတွင်း Chaeyoungမှာ မီးဖွားချင်နေသည်
Chaeyoungကို ကြည့်ပြီး Namတို့ စိတ်မချမ်းမသာဖြစ်နေကြသည်
ဘယ်လောက် အားရှိအောင် နွားနို့တွေ ကြက်ဥတွေ ကျွေးပါစေ နှလုံးရောဂါကြောင့် Chaeyoung မှာ တစ်နေ့တစ်ခြား ပိန်လာပြီး မျက်တွင်းတွေကလည်း ချိုင့်လာသည်
တစ်ခါတစ်ခါ အသက်ရှူမဝလို့ အသက်ရှူရပ်မတတ် ဖြစ်သွားလို့ အခုဆို oxygen ဗူးပါ တစ်နေ့တစ်လုံးရှူနေရသည်
"Chaeyoung အဆင်သင့်ဖြစ်ပြီလား "
Jisoo မေးလို့ Chaeyoung ခေါင်းညိတ်ပြသည်
Jensooတို့ နှစ်ယောက်မှာ Chaeyoung ကို တွဲပြီး Private လေယာဥ်ပေါ်တင်ပေးလိုက်သည်
ဟုတ်ပါတယ် Chaeyoungက အခု ဆိုးလ်ကို ပြန်ဖို့ လုပ်နေတာပါ.... သူမရဲ့ ရင်သွေးလေးကို ဆိုးလ်မှာဘဲ မွေးချင်တယ်ဆိုပြီး ခေါင်းမာနေလို့ Namတို့ ဘာမှမပြောနိုင်ဘဲ ဆိုးလ်ကို ပြန်သွားဖို့ စီစဥ်ခဲ့ရခြင်း ဖြစ်သည်
လေယာဥ်ပေါ်ရောက်တော့ Chaeyoung ဘေးနား ဆရာဝန်ဖြစ်တဲ့ Namက ထိုင်ပြီး Jensooတို့ကတော့ Chaeyoungတို့ အနောက်တွင် ထိုင်နေသည်
"Nam တစ်ခုခုဖြစ်ရင် ခေါ်လိုက်နော် ငါတို့အနောက်မှာ ရှိတယ် "
"Ok Jennie. ..Chaeyoung oxygen လိုသေးလား "
Chaeyoung ခေါင်းညိတ်ပြတော့ Nam မှာ သူ့ဘေးက oxygen ဘူးကို ယူလိုက်သည်
လေယာဥ် ပျံသန်းချိန်တွင် တစ်လမ်းလုံး Chaeyoung အိပ်ပြီး လိုက်လာခဲ့ပေမယ့် Namကတော့ Chaeyoung အိပ်နေတာကြည့်ပြီး အိပ်ပျော်တာလား အသက်ရှိသေးလားဆိုတာ စမ်းသပ်နေရသည်
"Nam. ..ငါ ငါ...."
"ဘာဖြစ်လို့လည်း Chaeyoung ဗိုက်နာလာလို့လား "
"မဟုတ်ဘူး... ဗိုက်ဆာလို့...."
"အာ ဟုတ်ပြီ ခဏ...."
Namမှာ သူ့အနောက်က Jennieတို့ကို အကူအညီလှမ်းတောင်းလိုက်သည်
"Jennie လေယာဥ်မယ်ကို ကျေးဇူးပြုပြီး နွားနို့တစ်ခွက်လောက် လာပို့ပေးဖို့ ပြောပေးပါအုံး "
"Ok. ..."
Lisaကတော့ တောအုပ်ထဲက သစ်ပင်မှ သစ်ကိုင်းပေါ်တွင် ထိုင်ရင်း ဘီယာသောက်ကာ Chaeyoung ပုံလေးကို ထိုင်ကြည့်နေသည်
Chaeရဲ့ Vampireလေး....စိတ်မပူနဲ့တော့နော် Chae အခု ပြန်လာနေပြီ....ဒီတစ်ခါ Lisaဘေးနားကနေ ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်တော့လို့ Chaeကို စိတ်မဆိုးနဲ့တော့လေနော်....ဘာတွေ ဘယ်လိုဖြစ်လာပါစေ အမြဲတမ်း Chaeတို့ရဲ့ ကလေးလေးအတွက် strongဖြစ်အောင် နေပေးပါနော်
Chaeyoung ရဲ့ အသံကို ရုတ်တရက် Lisa ကြားလိုက်ရသောကြောင့် မျက်လုံးလေးပြူးသွားပြီး ပြုံးလာသည်
လက်ထဲက ဘီယာဘူးကို လွှင့်ပစ်ပြီး သစ်ပင်ပေါ်ကနေ ခုန်ကူးကာ သူမ မသွားဘဲနေခဲ့တာ ကြာပြီဖြစ်တဲ့ စံအိမ်ဆီသို့ ပြေးသွားလေသည်
လေယာဥ်က စံအိမ်အနီးနားက ကွင်းပြင်ထဲတွင် ဆင်းသက်လေသည်
Jensooတို့မှာ Chaeyoungကို တွဲပြီး လေယာဥ်ပေါ်က ဆင်းလာကြသည်
"Chaeyoung. ..."
Juliaမှာ ပိန်ညော်ပြီး စုတ်ပြတ်နေတဲ့ Chaeyoungကို တွေ့တော့ စိတ်မကောင်းဖြစ်နေသည်
Korea ကနေ ထွက်မသွားခင်ကတော့ Chaeyoungက ဝဝဖြိုးဖြိုးဖောင်းဖောင်းကားကားလေးလေ.....
Chaeyoungမှာ သူမကို စိတ်မကောင်းဖြစ်နေတဲ့အကြည့်နဲ့ ကြည့်နေတဲ့ Juliaတို့ကို အားနည်းတဲ့ အပြုံးနဲ့ ပြုံးပြနေသည်
Bambamမှာ Chaeyoungကို ကြည့်ပြီး ငိုချင်လာသောကြောင့် အံကိုကြိတ်ထားလေသည်
အသည်းနုတဲ့ Minoကတော့ တစ်ဖက်ကို လှည့်ကာငိုနေသည်
"Chae. ......"
Chaeyoung အသက်ရှူမဝဖြစ်နေစဥ် သူမ အရမ်းလွမ်းနေရတဲ့အသံကို ကြားတော့ မျက်ရည်တွေက ထိန်းမရအောင် ကျလာသည်
"Li. ...li. ..lisa. ..."
Lisaမှာ သူမ လိုက်ရှာခဲ့ရပြီး လွမ်းနေခဲ့ရတဲ့ ကောင်မလေးကို ပြန်တွေ့ရတော့ အရမ်းပျော်သွားပေမယ့် ပိန်လှီသွားပြီး အရိုးပေါ်အရေတင် ဖြစ်နေတာကို မြင်ရတော့ ရင်ထဲအရမ်းနာကျင်နေသည်
"Chaeeeeee "
Chaeyoung ဆီ Lisa ပြေးလာပေမယ့် ကလေးထိခိုက်မှာဆိုးလို့ Bambamနဲ့ Minoက ဝင်တားသည်
ထိုစဥ်...
အား.....
Chaeyoung ပေါင်ကြားထဲမှ ရေတွေ စီးကျလာသောအခါ Namမှာ မျက်လုံးပြူးသွားသည်
"ရေမြွှာပေါက်သွားပြီ Medical roomထဲ အမြန်ခေါ်လာကြ ကလေးမွေးတော့မှာ သူ "
Namပြောပြီး အဆင်သင့်ပြင်နိုင်အောင် စံအိမ်ထဲပြေးဝင်သွားသည်
တစ်ခြားသူတွေက လန့်ပြီး ကြောင်နေကြစဥ် Lisaမှာ Bambamတို့ကို တွန်းပြီး Chaeyoungကို ပွေ့ချီကာ စံအိမ်ထဲ ပြေးဝင်သွားသည်
"Lisa.... အရမ်း...အရမ်းလွမ်းနေခဲ့တာ "
Chaeyoungမှာ Lisa မျက်နှာလေးကို ကိုင်ပြီးပြောနေစဥ် Lisaမှာတော့ Medical roomထဲ အမြန်ပြေးဝင်ကာ ကုတင်ပေါ်သို့ တင်လိုက်သည်
"Chaeyoung နှလုံးအားနည်းတာနဲ့ဆို ရိုးရိုးမွေးလို့ မဖြစ်ဘူး တအားညှစ်ရမှာ.....ဗိုက်ခွဲမွေးလိုက်မယ်နော် Chaeyoung "
Namကပြောတော့ Chaeyoungမှာ Lisa မျက်နှာကို ကြည့်ပြီး ခေါင်းညိတ်ပြသည်
Namက ထုံဆေးထိုးတော့ Chaeyoungမှာ Lisaရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်
"Chae အားတင်းထား ကိုယ်ရှိတယ်နော်...."
Namမှာ ထုံးဆေးလည်းအရှိန်လာရရော Chaeyoungကို Oxygenတပ်ပေးပြီး ဗိုက်ကို ဓားနဲ့စခွဲလေသည်
Chaeyoung မှာ ကုန်းပေါ်က ငါးတစ်ကောင်လို အသက်ကိုလုရှူနေရသည်
"Chae ကိုယ်ရှိတယ်နော် အားတင်းထားပါ Please..... "
Minoတို့ရောက်လာတော့ Namမှာ ကလေးကို ထုတ်ပြီး Minoတို့ကို ပေးလိုက်သည်
"ကလေးကို သန့်စင်ပေးပါ "
Minoတို့မှာ သွေးအနံ့ကြောင့် အမြန် အခန်းထဲက ထွက်ပြေးသွားကြတော့ လူသားဖြစ်တဲ့ Juliaနဲ့ အဒေါ်ကြီးကဘဲ Namဆီက ကလေးကို ယူပြီး medical roomထဲက ထွက်သွားသည်
Namမှာ Chaeyoungရဲ့ ဗိုက်ကို ပြန်ချုပ်နေစဥ် Chaeyoung နှလုံးခုန်အရမ်းမြန်လာတာကို တွေ့လိုက်ရသည်
Chaeyoung မှာ oxygen ပိုက်ကိုဖြုတ်ပြီး
"Li. ....lisa. ...Chae... Chae ကို ပြောင်းလဲပေးပါ..."
Chaeyoungက ပြောတော့ Lisa ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
"Nam သူ့ကို ပြောင်းလဲပေးလို့ဖြစ်ပါ့မလား အခုလို နှလုံးတအားခုန်နေချိန်.....ရှော့ခ်ရသွားရင်...."
"ဒါတော့ ကံတရားအပေါ် မူတည်တာဘဲ...အခုချိန် မင်း သူ့ကို ပြောင်းလဲပေးလိုက်ရင် သူ Vampire ဖြစ်ပြီး အသက် ဆက်ရှင်နိုင်သလို....ဒီတိုင်း ...."
"Chaeကို ကိုက်လိုက်ပါ မဟုတ်ရင်...Chae သေမှာ သိနေတယ် "
Nam စကားမဆုံးသေး Chaeyoungက ဖြတ်ပြောသောကြောင့် Lisaမှာ Chaeyoung ရဲ့ လည်ပင်းကို ကိုက်လေသည်
အား....
တီတီတီတီ...............အသက်ရှူနှုန်းတိုင်းတဲ့ စက်က ရုတ်တရက် ရပ်သွားသောကြောင့် Namရော Lisaရော လန့်သွားကြသည်
Lisaမှာ Chaeyoungရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်သောအခါ....
"Nam. ...Chaeyoung သွေးမခုန်တော့ဘူး အသက်မရှူတော့ဘူး သေ သေသွားပြီလား မသိဘူး "
Namမှာ ခေါင်းငုံ့ထားပြီး
"စိတ်မကောင်းပါဘူး Lisa "
"No. ...မဟုတ်ဘူး ဒါတကယ် မဟုတ်ဘူး Hey baby. ..Chae ကိုယ့်ကို ခုလိုထားမသွားရဘူးလေ ကိုယ့်ကိုထားမသွားပါဘူးလို့ ကတိပေးထားတာ ကတိတည်ရမယ်လေ လူဆိုးမရ....ကိုယ့်ကို ဘယ်နှခါတောင် အပြစ်ပေးပြီး ထားသွားရတာလည်း လာပါ ကိုယ့်ကို မစပါနဲ့တော့ ထတော့ နော် Chaeလေးက လိမ်မာပါတယ် ထစမ်းပါကွာ ကိုယ် တောင်းပန်ပါတယ် ရူးတော့မယ် Park Chaeyoung. ....ကိုယ့်ကို ထားမသွားနဲ့လို့ ....ကလေးလေးကို အတူတူ အရွယ်ရောက်တဲ့အထိ ပျိုးထောင်ကြမယ်လေ....Chaeမရှိဘဲ ကိုယ် ဘယ်လို....ကလေးကို တစ်ယောက်တည်း ပျိုးထောင်နိုင်မှာလည်း....Chae. ......."
Chaeyoung ရဲ့ အသက်မရှိတဲ့ ခန္ဓာကိုယ် ကို ဖက်ကာ ငိုနေတဲ့ Lisaကို ကြည့်ပြီး Nam ပါ ငိုချင်လာလို့ medical roomထဲက ထွက်လာခဲ့သည်
Medical roomရှေ့က Minoတို့ကတော့ ခေါင်းငိုက်စိုက်ကာ ငိုနေကြသည်.....Namမှာ ငိုနေတဲ့ Louisတို့ကို ဖက်ပြီး သူပါ စိတ်မထိန်းနိုင်လို့ ငိုချလိုက်သည်
#tbc
မနက်ဖြန် ဇာတ်သိမ်းနော် 🤕
#zawgyi
5 months later
"Nam. ..ငါ ငါ...."
"မဟုတ်ဘူး... ဗိုက်ဆာလို့...."
"အာ ဟုတ်ပြီ ခဏ...."
"Ok. ..."
"Chaeyoung. ..."
"Chae. ......"
"Li. ...li. ..lisa. ..."
"Chaeeeeee "
ထိုစဉ်...
အား.....
"ကလေးကို သန့်စင်ပေးပါ "
အား....
#tbc
Bạn đang đọc truyện trên: Truyen3h.Co