Intro
#UNICODE
တောအုပ်ထဲတွင် Park Chaeyoungဆိုတဲ့ ကောင်မလေး တစ်ယောက် တစ်စုံတစ်ခုကို ကြောက်လန့်ပြီး ပြေးနေသည်
ပြေးရင်း Chaeyoung မောလာပေမယ့်..... ဆက်ပြေးနေသည်
Chaeyoung ဘယ်ကို ပြေးနေတယ်ဆိုတာ မသိပေမယ့် ယခုနေရာကနေတော့ လွတ်အောင် ပြေးနေသည်
သို့သော်လည်း Chaeyoung ပြေးရင်း ဗိုက်နာလာလို့ သစ်ပင်အကြီးကြီးနောက်တွင် ပုန်းပြီး အမောဖြေနေလိုက်သည်
သူမ ဝမ်းဗိုက်ကို ကိုင်ရင်း Chaeyoung အသက်ကို မနည်းလုရှူနေရသည်
Chaeyoung အမောပြေပြီး ဆက်ပြေးဖို့ ခြေလှမ်းတော့ ကျော့ကွင်းတစ်ခုမှာ မိပြီး သစ်ပင်တွင် ဇောက်ထိုးတွဲလျက် ဖြစ်သွားသည်
"Oh my god "
ထိုစဥ် သူမဆီ လျှောက်လာတဲ့ ခြေသံကြားလို့ Chaeyoung ကြောက်ပြီး မျက်လုံးမှိတ်ထားသည်
ထိုခြေသံ ပိုင်ရှင်ကြောင့် Chaeyoung အသည်းအသန်ပြေးခဲ့ရတာလေ....
"ငါ့ကို ကြည့်ပါအုံး....."
Chaeyoung အသံကြားပေမယ့် မျက်လုံးကို အသေမှိတ်ထားသည်
"မျက်လုံးဖွင့်ပြီး ငါ့ကိုကြည့်စမ်း "
အသံပိုင်ရှင် ကောင်မလေးမှာ အော်လိုက်ပေမယ့် Chaeyoung မျက်လုံးမဖွင့်ရဲပေ.....သူမ မျက်လုံးဖွင့်လိုက်တဲ့အချိန် အသတ်ခံရမှာကို Chaeyoung ကြောက်နေသည်
ကောင်မလေးက ရုတ်တရက် သူမ မျက်နှာကို လာကိုင်သောကြောင့် Chaeyoung ကြောက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်
"ကိုယ့်မျက်လုံးကို သေချာကြည့် မင်း မြင်တာတွေအားလုံး မေ့သွားလိမ့်မယ်...."
Chaeyoung စိတ်ထဲတွင် မျက်လှည့်ဆရာမလားလို့ တွေးရင်း ကောင်မလေးနဲ့ အကြည့်ချင်းဆုံသွားသောအခါ သတိမေ့သွားလေသည်
သတိမေ့သွားတဲ့ ကျော့ကွင်းမှာမိနေတဲ့ Chaeyoungကို သစ်ပင်ပေါ်ကနေ ကောင်မလေး အောက်ချပေးပြီး နဖူးကိုစမ်းကြည့်သည်
ခုန အသေပြေးထားရလို့ ဖျားပြီးများ သတိလစ်သွားလားလို့ ကောင်မလေးတွေးနေသည်
Chaeyoungရဲ့ နဖူးကို စမ်းရင်း အရမ်းလှတဲ့ Chaeyoung မျက်နှာလေးကို ထိုင်ကြည့်နေသည်.....
"လှလိုက်တာ........အရမ်းလှတာဘဲ "
ကောင်မလေးမှာ ရေရွတ်ပြီး Chaeyoung မျက်နှာလေးကို ကိုင်လိုက်သည်
"Lisa ရေ...."
သူ့သူငယ်ချင်း Bam Bamရဲ့အသံကြောင့် Lisa စိတ်အနှောင့်အယှက်ဖြစ်သွားတယ်
"ဘာလည်း "
"အနှောင့်အယှက် ပေးရတာ အားနာပေမယ့် သွားကြစို့....အဖွဲ့က ငါတို့ကို လိုအပ်နေတယ်...."
"နေအုံး သတိလစ်နေတဲ့ ကောင်မလေးကို ဒီတိုင်းထားခဲ့လို့ မဖြစ်ဘူး တောထဲ အန္တရာယ် များတယ် နင် သူ့ကိုသိလား Bam Bam "
"Aww မြို့ထဲ ပန်းဆိုင်က ကောင်မလေးဘဲ "
Bam Bamမှာ Chaeyoungကို ကြည့်ပြီး ပြောလိုက်သည်
"လိပ်စာပြော...."
"ငါလိုက်ပို့..."
"သူ့အသားကို ထိမယ် မကြံနဲ့ "
Lisaရဲ့ မျက်စောင်းကြောင့် Bam Bam ဇတ်လေးပုသွားပြီး Chaeyoungရဲ့ အိမ်လိပ်စာကို ပြောလိုက်သည်
Lisa လည်း Chaeyoungကို ပွေ့ချီပြီး လေပေါ်ပျံကာ တောစပ်က သူမကားဆီသို့ သွားလေသည်
Chaeyoung အိမ်ကိုရောက်တော့ အိမ်တံခါးက သော့ခတ်ထားသောကြောင့် Lisa အိမ်ကိုတစ်ချက်ကြည့်တော့ ပြတင်းပေါက်တံခါးက ပွင့်နေသည်
ထို့ကြောင့် Chaeyoungကို ချီပြီး ခုန်ကာ ပြတင်းပေါက်ကနေ အခန်းထဲကို ဝင်လိုက်သည်
ထို့နောက် Chaeyoungကို ကုတင်ပေါ် တင်လိုက်ပြီး chaeyoung မျက်နှာလေးကို Lisa အနမ်းပေးလိုက်သည်
"မကြာခင်တွေ့မယ်နော် ကောင်မလေးရေ "
Chaeyoungကို နှုတ်ဆက်ပြီး Lisa ပြတင်းပေါက်ကနေ ခုန်ချသွားသည်
#TBC
Park Chaeyoung
ပန်းဆိုင်ဖွင့်ထားသော ကောင်မလေး
Lisa Manoban
#ZAWGYI
ေတာအုပ္ထဲတြင္ Park Chaeyoungဆိုတဲ့ ေကာင္မေလး တစ္ေယာက္ တစ္စုံတစ္ခုကို ေၾကာက္လန့္ၿပီး ေျပးေနသည္
ေျပးရင္း Chaeyoung ေမာလာေပမယ့္..... ဆက္ေျပးေနသည္
Chaeyoung ဘယ္ကို ေျပးေနတယ္ဆိုတာ မသိေပမယ့္ ယခုေနရာကေနေတာ့ လြတ္ေအာင္ ေျပးေနသည္
သို႔ေသာ္လည္း Chaeyoung ေျပးရင္း ဗိုက္နာလာလို႔ သစ္ပင္အႀကီးႀကီးေနာက္တြင္ ပုန္းၿပီး အေမာေျဖေနလိုက္သည္
သူမ ဝမ္းဗိုက္ကို ကိုင္ရင္း Chaeyoung အသက္ကို မနည္းလုရႉေနရသည္
Chaeyoung အေမာေျပၿပီး ဆက္ေျပးဖို႔ ေျခလွမ္းေတာ့ ေက်ာ့ကြင္းတစ္ခုမွာ မိၿပီး သစ္ပင္တြင္ ေဇာက္ထိုးတြဲလ်က္ ျဖစ္သြားသည္
"Oh my god "
ထိုစဥ္ သူမဆီ ေလွ်ာက္လာတဲ့ ေျခသံၾကားလို႔ Chaeyoung ေၾကာက္ၿပီး မ်က္လုံးမွိတ္ထားသည္
ထိုေျခသံ ပိုင္ရွင္ေၾကာင့္ Chaeyoung အသည္းအသန္ေျပးခဲ့ရတာေလ....
"ငါ့ကို ၾကည့္ပါအုံး....."
Chaeyoung အသံၾကားေပမယ့္ မ်က္လုံးကို အေသမွိတ္ထားသည္
"မ်က္လုံးဖြင့္ၿပီး ငါ့ကိုၾကည့္စမ္း "
အသံပိုင္ရွင္ ေကာင္မေလးမွာ ေအာ္လိုက္ေပမယ့္ Chaeyoung မ်က္လုံးမဖြင့္ရဲေပ.....သူမ မ်က္လုံးဖြင့္လိုက္တဲ့အခ်ိန္ အသတ္ခံရမွာကို Chaeyoung ေၾကာက္ေနသည္
ေကာင္မေလးက ႐ုတ္တရက္ သူမ မ်က္ႏွာကို လာကိုင္ေသာေၾကာင့္ Chaeyoung ေၾကာက္ၿပီး မ်က္လုံးကို ဖြင့္လိုက္သည္
"ကိုယ့္မ်က္လုံးကို ေသခ်ာၾကည့္ မင္း ျမင္တာေတြအားလုံး ေမ့သြားလိမ့္မယ္...."
Chaeyoung စိတ္ထဲတြင္ မ်က္လွည့္ဆရာမလားလို႔ ေတြးရင္း ေကာင္မေလးနဲ႕ အၾကည့္ခ်င္းဆုံသြားေသာအခါ သတိေမ့သြားေလသည္
သတိေမ့သြားတဲ့ ေက်ာ့ကြင္းမွာမိေနတဲ့ Chaeyoungကို သစ္ပင္ေပၚကေန ေကာင္မေလး ေအာက္ခ်ေပးၿပီး နဖူးကိုစမ္းၾကည့္သည္
ခုန အေသေျပးထားရလို႔ ဖ်ားၿပီးမ်ား သတိလစ္သြားလားလို႔ ေကာင္မေလးေတြးေနသည္
Chaeyoungရဲ႕ နဖူးကို စမ္းရင္း အရမ္းလွတဲ့ Chaeyoung မ်က္ႏွာေလးကို ထိုင္ၾကည့္ေနသည္.....
"လွလိုက္တာ........အရမ္းလွတာဘဲ "
ေကာင္မေလးမွာ ေရ႐ြတ္ၿပီး Chaeyoung မ်က္ႏွာေလးကို ကိုင္လိုက္သည္
"Lisa ေရ...."
သူ႕သူငယ္ခ်င္း Bam Bamရဲ႕အသံေၾကာင့္ Lisa စိတ္အႏွောင့္အယွက္ျဖစ္သြားတယ္
"ဘာလည္း "
"အႏွောင့္အယွက္ ေပးရတာ အားနာေပမယ့္ သြားၾကစို႔....အဖြဲ႕က ငါတို႔ကို လိုအပ္ေနတယ္...."
"ေနအုံး သတိလစ္ေနတဲ့ ေကာင္မေလးကို ဒီတိုင္းထားခဲ့လို႔ မျဖစ္ဘူး ေတာထဲ အႏၱရာယ္ မ်ားတယ္ နင္ သူ႕ကိုသိလား Bam Bam "
"Aww ၿမိဳ႕ထဲ ပန္းဆိုင္က ေကာင္မေလးဘဲ "
Bam Bamမွာ Chaeyoungကို ၾကည့္ၿပီး ေျပာလိုက္သည္
"လိပ္စာေျပာ...."
"ငါလိုက္ပို႔..."
"သူ႕အသားကို ထိမယ္ မႀကံနဲ႕ "
Lisaရဲ႕ မ်က္ေစာင္းေၾကာင့္ Bam Bam ဇတ္ေလးပုသြားၿပီး Chaeyoungရဲ႕ အိမ္လိပ္စာကို ေျပာလိုက္သည္
Lisa လည္း Chaeyoungကို ေပြ႕ခ်ီၿပီး ေလေပၚပ်ံကာ ေတာစပ္က သူမကားဆီသို႔ သြားေလသည္
Chaeyoung အိမ္ကိုေရာက္ေတာ့ အိမ္တံခါးက ေသာ့ခတ္ထားေသာေၾကာင့္ Lisa အိမ္ကိုတစ္ခ်က္ၾကည့္ေတာ့ ျပတင္းေပါက္တံခါးက ပြင့္ေနသည္
ထို႔ေၾကာင့္ Chaeyoungကို ခ်ီၿပီး ခုန္ကာ ျပတင္းေပါက္ကေန အခန္းထဲကို ဝင္လိုက္သည္
ထို႔ေနာက္ Chaeyoungကို ကုတင္ေပၚ တင္လိုက္ၿပီး chaeyoung မ်က္ႏွာေလးကို Lisa အနမ္းေပးလိုက္သည္
"မၾကာခင္ေတြ႕မယ္ေနာ္ ေကာင္မေလးေရ "
Chaeyoungကို ႏႈတ္ဆက္ၿပီး Lisa ျပတင္းေပါက္ကေန ခုန္ခ်သြားသည္
#TBC
Park Chaeyoung
ပန္းဆိုင္ဖြင့္ထားေသာ ေကာင္မေလး
Lisa Manoban
Bạn đang đọc truyện trên: Truyen3h.Co