Truyen3h.Co

Vampire's Mate Rosie

Part 1

KimFany059

#Unicode

Chaeyoung အိပ်ရာကနေ ရုတ်တရက် လန့်နိုးလာသည်...သူမ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေသည်

"အိမ်မက်ဆိုး မက်နေတာဘဲ....."

Chaeyoung သူမချွေးတွေကို လက်နဲ့သုတ်ရင်း ညည်းညူလိုက်သည်

"Chaeyoung ရေ ထတော့ "

Chaeyoung သူမ အိမ်မက်ဆိုးအကြောင်း ပြန်တွေးနေတုံး အိမ်အောက်ထပ်က သူမအကို အသံကို ကြားရသည်

"ဟုတ် Oppa နိုးပြီနော် "

Chaeyoungရဲ့ အကိုLeo ဆိုတာ တကယ့် အကိုအရင်း မဟုတ်ပါ.......Chaeyoung မိဘတွေက Leoဆီ Chaeyoungကို အပ်ခဲ့ပြီး ထွက်သွားကတည်းက Leoမှာ မိဘမဲ့ Chaeyoung လေးကို စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်......

Chaeyoung သူမ မိဘတွေ ထားသွားခံရတုံးက လေးနှစ်သမီးအရွယ်ဘဲ ရှိသေးတာကြောင့် ဘာကြောင့် ထားသွားမှန်းမသိသလို Leoကလည်း ပြောမပြပေ

Chaeyoung ရေချိုး အဝတ်အစားလဲပြီး အလုပ်သွားဖို့ ပြင်နေသည်

အဝတ်အစားလဲပြီး အောက်ကိုဆင်းလာတဲ့အခါ Leoက သူမအတွက် ပေါင်မုန့်ကို မီးကင်ပေးနေတာ တွေ့ရသည်

"Oppa အလုပ်မသွားဘူးလား "

Chaeyoung သူ့အတွက် မနက်စာပြင်ပေးနေတဲ့ Leoကို မေးလိုက်သည်

ပုံမှန်ဆို Leoက မနက်အစောကြီးကတည်းက အလုပ်သွားနေကြလေ

အလုပ်သွားတယ်လို့သာ Chaeyoung သိပေမယ့် ဘာအလုပ်လုပ်မှန်းမသိပေ....Chaeyoung ကမေးတော့ Leoက အစိုးရအလုပ်လုပ်တာလို့ဘဲ မတိမကျအဖြေပေးသည်

"အခုဘဲ သွားတော့မလို့......ဒါနဲ့ ဆိုင်ကရော ဘယ်လိုလည်း "

"ရောင်းကောင်းပါတယ် "

Chaeyoung သူမအိမ်နဲ့ မျက်နှာချင်းဆိုင်တွင် ပန်းဆိုင်ဖွင့်ထားသည်

ပန်းတွေကို အရမ်းသဘောကျတာမို့ တစ်ခြားအလုပ်ထက် Chaeyoung ပန်းတွေ ရောင်းဖို့ စိုက်ဖို့ အလုပ်ကို ရွေးချယ်ခဲ့သည်

"အင်းပါ ဒါဆို မနက်စာသေချာစားနော် Oppa အလုပ်သွားတော့မယ်....ဆိုင်သွားမယ်ဆို အိမ်တံခါးသေချာသော့ခတ်သွားနော် "

"ဟုတ် Oppa "

Chaeyoung မနက်စာစားပြီးနောက် အိမ်တံခါးကို သော့ခတ်ကာ သူမ ဆိုင်သို့ ထွက်လာခဲ့သည်

ဆိုင်ထဲရောက်တော့ Chaeyoung သူမအိတ်ကို ချကာ ပန်းတွေကို သေချာ ပြင်ဆင်ပြုပြင်ခင်ကျင်းနေသည်

ပန်းဆိုင်က ပြောသလောက်မရောင်းရသောကြောင့် Chaeyoung ဝန်ထမ်းတွေ မငှားဘဲ သူမ တစ်ယောက်တည်းသာ ဦးစီးလုပ်ကိုင်သည်

ဆိုင်ဖွင့်ဖွင့်ချင်း customer နှစ်ယောက် လာဝယ်သွားလို့ Chaeyoung ပျော်နေသည်

သို့သော်လည်း ဆိုင်ထဲဝင်လာတဲ့ တစ်ယောက်ကြောင့် Chaeyoung အပျော်တွေပျောက်သွားသည်

"Good morning ဘာအလိုရှိ...ash နင်လာပြန်ပြီ "

Chaeyoungရဲ့ အထက်တန်းကျောင်းတုံးက သူငယ်ချင်း ဖြစ်သူ David မှာ Chaeyoungရှိတဲ့ ကောင်တာကို ကြော့ကြော့မော့မော့လျှောက်လာသည်

"ရော် ပန်းလာဝယ်တဲ့ customer ကို ဘယ်လိုပြောလိုက်တာလဲ "

"သတိထား အဲ့နားက ချော်နေတာ "

Chaeyoung ခုနက ကြမ်းတိုက်ထားတဲ့နေရာကို Davidက လျှောက်လာလို့ သတိပေးလိုက်သော်လည်း ပဲများနေတဲ့ Davideတစ်ယောက် ကံမကောင်းစွာဖြင့် သူ သဘောကျနေတဲ့ ကောင်မလေးရှေ့ ချော်လဲသွားလေသည်

"အော် ဟဲ့ သတိပေးတဲ့ကြားက "

Chaeyoung လုပ်လက်စ အလုပ်ကို ထားပြီး David ကို ဆွဲထူလိုက်သည်

"ရလား ခြေခေါက်သွားတာ ထင်တယ် ဆေးလိမ်းမလား ..."

"ရတယ် ရတယ် ငါ့ဘောင်းဘီတွေလည်း ညစ်ပတ်ကုန်လို့ ပြန်တော့မယ် Chaeyoung. ..နောက်တစ်ခါမှ လာအားပေးတော့မယ် "

ထော့နဲ့ထော့နဲ့နဲ့ ထွက်သွားတဲ့ Davidကို ကြည့်ပြီး Chaeyoung သက်ပြင်းချကာ ကျန်ခဲ့သည်

လွန်ခဲ့တဲ့ သုံးလက David သူမကို သဘောကျနေကြောင်း ဖွင့်ပြောခဲ့သည် သို့သော်လည်း Chaeyoungက Davidကို သူငယ်ချင်းလိုဘဲ သဘောထားကြောင်း ပြောပြီး ငြင်းခဲ့သည်

Chaeyoung မှာ Davidလည်း ထွက်သွားရော သူမ ပန်းပင်တွေကို ရေလောင်းပြီး ပိုးသတ်ဆေးတွေဖြန်းနေသည်

ဒီလိုနဲ့ ညနေစောင်းတော့ Chaeyoung ဆိုင်သိမ်းဖို့ ပြင်ဆင်နေသည်

ထိုစဥ် သူမ အကိုဆီု ဖုန်းဝင်လာသည်

"Hello Oppa. ..ဟုတ် Chae အခုဘဲ ဆိုင်သိမ်းနေတာ Oppaကရော "

"Sorryပါ Chaeလေး ဒီနေ့ Oppa အလုပ်ရှုပ်နေလို့ အိမ်ပြန်မလာနိုင်ဘူး ကိုယ့်ဘာသာကိုယ် ညစာချက်စားပြီး အိမ်တံခါးသေချာသော့ပိတ်နေနော် "

"ဟုတ်ကဲ့ စိတ်ချပါ Oppa. ..Oppa ပြောသလိုနေပါမယ် "

"Ok ဒါဘဲနော် "

"Nae "

Chaeyoung phချပြီး သူမ ပန်းဆိုင်ကို သော့ခတ်ကာ သူမအိမ်ဘက်သို့ လျှောက်သွားသည်

တစ်ဖက်မှာလည်း မှောင်ရိပ်ကျသော ရထားလှိုဏ်ဂူထဲတွင် ကောင်မလေးမှာ သူဖမ်းခေါ်လာတဲ့ လူတစ်ယောက်ကို အသက်ရှူမရအောင် လည်ပင်းကို ညှစ်ထားသည်

"ငါ့ကို လွှတ်ပေးပါ...."

ကောင်မလေး လက်ထဲက လူတစ်ယောက်မှာ ရုန်းရင်း တောင်းပန်နေသည်

"Sorry Bro "

သို့သော် ကောင်မလေးမှာ နီရဲနေတဲ့ မျက်လုံးနဲ့ ထိုလူကို ကြည့်ပြီး  ထိုလူရဲ့ လည်ပင်းကို ကိုက်ကာ သွေးတွေစုပ်လိုက်သည်

ထိုလူမှာတော့ ရပ်ကန်ကန်ဖြစ်ပြီး.....သွေးတွေဆုံးရှုံးလိုက်ရတော့ အသက်ပျောက်သွားလေသည်

ကောင်မလေးမှာ သွေးတွေလည်း စုပ်လို့ဝရော ထိုလူကို လွှင့်ပစ်ပြီး သူမနှုတ်ခမ်းပေါ်က သွေးစက်တွေကို လက်နဲ့သုတ်လိုက်သည်

"ဒီညတော့ ဗိုက်ကားပြီ "

"Wow.... Wow မင်း ငါ့အတွက်ကျ မချန်ဘူး "

ကောင်မလေးရဲ့ သူငယ်ချင်း ရောက်လာတော့ သေနေတဲ့ အလောင်းကိုကြည့်ပြီး ကောင်မလေးကို ရန်လုပ်လိုက်သည်

"သူမရော..."

ကောင်မလေးမှာတော့ သူ့သူငယ်ချင်း စကားကို လျစ်လျူရှုပြီး သိချင်တာ မေးလိုက်သည်

"ပန်းဆိုင် သိမ်းပြီး အိမ်ပြန်သွားပြီ "

ကောင်မလေးမှာ မျက်လုံးမှိတ်ပြီး ဇတ်ချိူးလိုက်သည် ထို့နောက် ပန်းဆိုင်ပိုင်ရှင်မလေးကို မြင်ယောင်ပြီး နှုတ်ခမ်းလေးက ပြုံးမိလာသည်

"ငါ သူ့ကို စောက်ရမ်းလိုချင်နေပြီ "

"ဒါဆိုလည်း အမြန် လှုပ်ရှားတော့ မဟုတ်ရင် တခြားသူနောက် ပါသွားလိမ့်မယ် Lisa "

"ငါ့အပိုင်ကို ဘယ်သူက ယူသွားချင်တာလည်း ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်သွားအောင် စုတ်ဖြဲပစ်လိုက်မယ် အဟက် "

"Ok Lisa clam down "

Lisa သက်ပြင်းချပြီး မြေကြီးပေါ်က အလောင်းကို ကြည့်လိုက်သည်

"သူ့ကို ဖျောက်ပစ်လိုက် ပြီးတော့ Bam Bam. ..Minoနဲ့အတူ မနက်ဖြန် အတွက် အဆင်သင့် ဖြစ်အောင် လုပ်ထားပါ....ငါသွားပြီ "

Lisa ပြောပြီး ရထားလှိုဏ်ဂူထဲကနေ ထွက်သွားသည်

Bam Bamကတော့ အလောင်းဖျောက်ဖို့ အလောင်းကို ယူစဥ် Lisaရဲ့ အသံကျယ်ကြီးကို ကြားရလေသည်

"Park Chaeyoung ငါ့ကို စောင့်နေပါ မကြာခင် မင်းဆီ အရောက်လာမယ်.....ဟားဟားဟား "

#TBC

#ZAWGYI




"Chaeyoung ရေ ထတော့ "


"ဟုတ် Oppa နိုးပြီနော် "










"ရောင်းကောင်းပါတယ် "




"ဟုတ် Oppa "























"Ok ဒါဘဲနော် "

"Nae "



"ငါ့ကို လွှတ်ပေးပါ...."


"Sorry Bro "




"ဒီညတော့ ဗိုက်ကားပြီ "



"သူမရော..."



ကောင်မလေးမှာ မျက်လုံးမှိတ်ပြီး ဇတ်ချိုးလိုက်သည် ထို့နောက် ပန်းဆိုင်ပိုင်ရှင်မလေးကို မြင်ယောင်ပြီး နှုတ်ခမ်းလေးက ပြုံးမိလာသည်




"Ok Lisa clam down "






#TBC

Bạn đang đọc truyện trên: Truyen3h.Co