Part 18
#unuco
"Lisaနဲ့ ပြန်ပြီး အဆင်ပြေသွားလို့ ဝမ်းသာပါတယ် "
Bambam တစ်ယောက် စံအိမ်အနောက်က ပန်းခြံထဲ Chaeyoungနဲ့ လမ်းအတူ လျှောက်ရင်း ပြောလိုက်သည်
"ဟုတ်တယ် သူလည်း ပုံမှန် ပြန်ဖြစ်သွားလို့ Chae ဝမ်းသာနေတာ "
Chaeyoung အခန်းထဲမှာ နေရတာ ပျင်းလို့ ပန်းခြံထဲ လမ်းလျှောက်နေစဥ် Bambamက ရောက်လာခြင်း ဖြစ်သည်
"ဒါနဲ့ သူတို့ ပြန်လာအုံးမှာလားဟင်...Lisaရဲ့ အဖေတို့လေ ..."
"အင်း အခုလတ်တလောတော့ သူတို့ထပ်မလာလောက်ပါဘူး ဘာလို့ဆို Namရဲ့ ဆေးက စွမ်းတယ်လေ Vampireတွေကို သေစေတဲ့ပန်းနဲ့ ဖော်ထားတာ.... Mr. Manoban က အစွမ်းထက်ဆုံး Vampire ဆိုတော့ မသေတောင် သေမလောက်ထိ ဒဏ်ရာခံစားနေရမှာ....ပြန်ပြီး ပျောက်အောင် ကုဖို့ လအတော်ကြာမှာ...အဲ့တော့ သူတို့ ထပ်ပြီး မလာလောက်သေးပါဘူး....ပြန်လာရင်လည်း စိတ်မပူပါနဲ့ ငါတို့အားလုံး မင်းကို ကာကွယ်ပေးမှာပါ ...အထူးသဖြင့် Lisa. ..သူမင်းကို အထိအခိုက်မခံရအောင် ကာကွယ်ပေးမှာ....အခု နယူးဇီလန်က Vampire Queen ဖြစ်တဲ့ သူ့သူငယ်ချင်း အတွဲကိုလည်း ကူညီဖို့ ခေါ်ထားသေးတယ် " (သိတယ်မလား သိတယ်မလား ဘယ်သူဆိုတာ xD)
Bambamရဲ့ စကားကြောင့် Chaeyoung ပြုံးမိသွားတယ်
Lisaတို့ကြောင့် Chaeyoung စိတ်ပူတာတွေ ပျောက်ပြီး လုံခြုံသွားသလို ခံစားရတယ်
ဒါပေမယ့် တစ်ခါတစ်လေကျ Lisaတို့ Bambam တို့အတွက် သူမက ပြဿနာ တစ်ခု ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ Chaeyoung ခံစားရသည်
"Aww ဒါနဲ့ ငါ ပြောစရာရှိလို့လာတာ မေ့သွားတယ် ဟီး Lisaက မင်းကို အပြင် ခေါ်သွားမလို့ အသင့်ပြင်ထားပါတဲ့ "
"ဟွန်း သူကိုယ်တိုင် လာမပြောဘဲ ဘာလို့ Bambamကို ပြောခိုင်းရတာလည်း "
"Nam နဲ့ ဓာတ်ခွဲခန်းထဲ ဆေးတစ်ခုစမ်းသပ်နေလို့ပါ agioo သူ့ကို စိတ်ကောက်မနေနဲ့ ရော့ ချောကလက်စား "
Bambam သူ့အိတ်ကပ်ထဲက ချောကလက်လေး ထုတ်ပြီး Chaeyoungကို ပေးလိုက်သည်
"Gomawo Bambam "
Chaeyoung မှာ Bambamပေးတဲ့ ချောကလက်စားပြီး သူမ အခန်းဘက် ထွက်သွားသည်
Chaeyoung ရေအမြန်ချိုးပြီး Lisaနဲ့ လိုက်ဖက်အောင် ဂါဝန်အမဲရောင်လေး ဝတ်လိုက်သည်
မိတ်ကပ်ပါးပါးလေး လိမ်းပြီး အခန်းအပြင် ထွက်လာတော့ သူမကို နှုတ်ခမ်းကိုက်ကာ ကြည့်နေတဲ့ All black ဝတ်ထားသော Lisaကို တွေ့ရလေသည်
"Hey ဘယ်လို အကြည့်ကြီးနဲ့ ကြည့်နေတာလည်း နှာဘူး "
Chaeyoung စကားကြောင့် Lisa သဘောကျပြီး ရယ်လိုက်သည်
"Chae တစ်ယောက်ထဲကိုဘဲ ဘူးတာပါ လာ သွားစို့ "
"Dinner သွားစားမလို့လား "
"အင်း Dinner သွားစားမလို့ ဒါပေမယ့် ကိုယ်တို့ နှစ်ယောက်တည်း မဟုတ်ဘူးရယ်....Mafia ခေါင်းဆောင်တစ်ယောက်လည်း ပါတယ် mafia ခေါင်းဆောင်တစ်ယောက်နဲ့ တွေ့စရာရှိတယ် "
"အော် ဒါဆို ဘာလို့ Chaeကိုပါ ခေါ်ရတာလည်း "
"ခုတလော Chaeကို မတွေ့ရဘူးလေ တစ်မနက်လုံးလည်း ဓာတ်ခွဲခန်းထဲ အလုပ်များနေတော့..... အခု ညစာစားပြီးရင် Chaeကို တစ်နေရာ ခေါ်သွားစရာရှိလို့ "
"Aww "
"ဒါဆို သွားရအောင်လေ နော် "
Chaeyoungရဲ့ လက်ကို တွဲပြီး Lisa အိမ်အပြင်သို့ ခေါ်သွားသည်
ကားပေါ်တွင် Chaeyoungကို Lisa ခါးပတ် ပတ်ပေးပြီး
"ကိုယ့်ဘေးနားမှာဘဲနေနော် ဘယ်မှလျှောက်မသွားနဲ့ "
"ဘာလို့ "
"အဲ့ကောင်က တဏှာရူးကောင်မို့ "
"ဒါဆို ဘာလို့ Chaeကို ခေါ်ရတာတုံး "
"အကြောင်းပြချက်ရှိလို့ပေါ့ Chae ရ "
"ပြီးရော "
"အဲ့ကောင်ကို စကားမပြောရဘူးနော် "
"ဟုတ်ပါပြီရှင် တအားသဝန်တိုလွန်းတဲ့ Vampire ချစ်သူလေးပါဘဲ "
Lisaရဲ့ပါးလေးကို ဆွဲဖဲ့ပြီး Chaeyoungပြောလိုက်သည်
Lisaကတော့ ရယ်ပြီး ကားစက်နှိုးလိုက်သည်
စားသောက်ဆိုင်ကို ရောက်တော့ Chaeyoungကို Lisaက သူမရဲ့ လက်မောင်းကို တွဲခိုင်းသည်
Chaelisaတို့ စားသောက်ဆိုင်ထဲ ဝင်တော့ အားလုံးက ဝိုင်းကြည့်နေကြသည်
Lisaကတော့ ခက်ထန်တဲ့ မျက်နှာနဲ့ တည်တည်တံ့တံ့နေပေမယ့် Chaeyoung ကတော့ ရှက်နေသည်
"Lisa Manoban လားဗျာ့ "
ဝန်ထမ်းတစ်ယောက်က လာမေးတော့ Lisa ခေါင်းညိတ်ပြသည်
"ကျွန်တော့်နောက်လိုက်ခဲ့ပါ "
ဝန်ထမ်းခေါ်သွားတဲ့ VIP အခန်းဘက် Lisa တို့ လိုက်သွားသည်
"Miss Lisa Manoban တွေ့ရတာ ဝမ်းသာပါတယ် "
VIP အခန်းထဲ ထိုင်နေတဲ့ အမျိုးသားမှာ Lisaကို တွေ့တော့ ထပြီး နှုတ်ဆက်လေသည်
"ကျွန်မလည်း တွေ့ရတာ ဝမ်းသာပါတယ် Mr.Joon "
Lisaနဲ့ Joon တို့ လက်ဆွဲနှုတ်ဆက်ပြီး Joon မှာ Chaeyoungကို ခေါင်းအစခြေအဆုံးကြည့်နေသည်
"အရမ်းလှပတဲ့ ကောင်မလေးက ဘယ်သူလည်း Miss Lisaရဲ့ ညီမလေးလား "
"ကျွန်မရဲ့ မိန်းမပါ Mr. Joon "
Joonမှာ Lisaရဲ့ စကားကြောင့် မျက်လုံးပြူးသွားတယ်
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှုတ်ဆက်ပြီးနောက် Lisaနဲ့ Joonမှာ အလုပ်ကိစ္စတွေ ပြောနေကြသည်
စားပွဲပေါ်က မှာထားတဲ့ ဟင်းတွေထမင်းတွေကို ဘယ်သူမှ ဂရုမစိုက်ကြပေ Joonကလည်း မစားသလို Lisa ကလည်း မထိပေ Lisaမထိသောကြောင့် Chaeyoung လည်း မစားဘဲ ထိုင်နေသည်
"စားကြလေ ဟင်းတွေတောင် အေးကုန်ပြီ"
Joon စကားကြောင့် Chaeyoung ဟင်းကို စားဖို့ လုပ်တော့ Lisaက လှမ်းတားသည်
"ကဲ ပြောစရာရှိတာ ပြောပြီးပြီဆို သွားခွင့်ပြုပါအုံး "
"အယ် အစားအသောက်တွေ မစားတော့ဘူးလား Miss Li. .."
"အဆိပ်တွေ ထည့်ထားတဲ့ ထမင်းတွေဟင်းတွေကို ရှင်တစ်ယောက်ဘဲ အဝစားလိုက်ပါ Mr. Joon "
Lisaရဲ့ စကားကြောင့် Mr. Joonရော Chaeyoung ပါ အံ့သြသွားကြသည်
"ဟို ဟို "
"သွားလိုက်ပါအုံးမယ် "
Lisaမှာ Chaeyoungရဲ့ လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲက ထွက်လာသည်
ကားပေါ်တွင်
"Lisa အဆိပ်ခတ်ထားမှန်း ဘယ်လိုသိတာလည်း "
"ကိုယ်က Vampire လေ အနံ့ခံကောင်းတယ် အဆိပ်အနံ့ကို ခံစားမိသလို ကိုယ်တို့စကားပြောတဲ့အချိန်အတောအတွင်းမှာရော သူ အဲ့အစားအသောက်တွေကို မထိလို့ သတိထားမိသွားတာ "
"သူက ဘာလို့ Lisaကို သတ်ချင်ရတာလည်း"
"Mafiaလောကမှာ ကိုယ်လည်း နာမည်ရှိတယ်လေ ကိုယ့်နေရာကို လိုချင်လို့ပေါ့ Chaeရာ "
Lisa စကားပြောရင်း Chaeyoung ဗိုက်ထဲက အသံမြည်လာသောကြောင့် ရယ်လိုက်သည်
Chaeyoungကတော့ ရှက်ပြီး မျက်နှာလေးနီရဲလာသည်
"ဗိုက်ဆာနေပြီလား ကိုယ် ညစာဝယ်ပေးမယ် "
"ဟင် ဆိုင်မှာ မစားဘူးလား "
"ကိုယ် မင်းကို တစ်နေရာခေါ်သွားစရာရှိတယ် "
Chaeyoung အတွက် ညစာ ဝယ်ပြီးနောက် တောင်ထိပ်ပေါ်သို့ Lisa ကားမောင်းလာသည်
ချောက်ကမ်းပါး အစွန်းနားတွင် ကားရပ်လိုက်သည်
Chaeyoung ကားပေါ်က ဆင်းပြီး ကြည့်လိုက်တော့ သူမတို့ မြို့လေးကို အပေါ်စီးကနေ လှလှပပလေး မြင်နေရတော့ အရမ်း သဘောကျနေသည်
"Wow လှလိုက်တာ "
"သဘောကျရဲ့လား "
"သဘောကျတယ် ဒီနေရာ Lisa ဘယ်လို ရှာတွေ့လည်း "
"ကိုယ် ဒီနေရာကို စိတ်ညစ်တိုင်း လာတယ်လေ.... လာ Chae ညစာစားအုံး ဆာနေပြီမလား "
Lisa ကားနောက်ဖုံးကို ဖွင့်ပြီး ထိုင်ရင်း Chaeyoungကိုလည်း လာထိုင်ခိုင်းသည်
သူ့ဘေးနား လာထိုင်တဲ့ Chaeyoungကို Lisa ထမင်းခွံ့ကျွေးနေသည်
Chaeyoung ထမင်းစားပြီးနောက်မှာတော့ Lisaရဲ့ ပခုံးပေါ်မှီပြီး ရှုခင်းလေးတွေ ကြည့်နေသည်
"Baby "
Chaeyoungရဲ့ မျက်နှာလေးကို ကိုင်ပြီး Lisa ခေါ်လိုက်သည်
"Humm "
"Chaeကို ကိုယ် အရမ်းချစ်တယ်...."
"Chae သိပါတယ် Chaeလည်း Lisaကို အရမ်းချစ်တယ် "
"ကိုယ့်ကို အမြဲ ယုံကြည်ပေးနော် ကိုယ်လည်း Chaeရဲ့ လက်ကို မလွှတ်သလို ကိုယ့်လက်ကိုလည်း Chae မလွှတ်ပါနဲ့နော် ကိုယ်က လူသားတစ်ယောက် မဟုတ်လို့ ကိုယ့်ကို ချစ်ရတာ ခက်ခဲတယ်ဆိုတာ သိပေမယ့် ကိုယ် မင်းကို စောင့်ရှောက်ပြီး ပျော်အောင် ထားပါမယ်လို့ ကတိပေးပါတယ် "
Lisa ပြောပြီး Chaeyoung နှုတ်ခမ်းလေးကို နမ်းလိုက်သည်....နမ်းရင်းနဲ့ Lisaရဲ့ လျှာလေးဟာ Chaeyoungရဲ့ ပါးစပ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး Chaeyoungရဲ့ လျှာလေးနဲ့ စီးချင်းထိုးကာ ဆော့ကစားနေသည်
အနမ်းတွေကလည်း ပြင်းထန်လာသလို ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာလည်း နှစ်ယောက်လုံး သိသည်....Lisaကလည်း Chaeyoungကို လိုချင်သလို Chaeyoungကလည်း Lisa လိုချင်တာ ပေးဖို့ အဆင်သင့် ဖြစ်နေပြီလေ
#Tbc
#zawgyi
"Gomawo Bambam "
"Aww "
"ဘာလို့ "
"ပြီးရော "
"Lisa Manoban လားဗျာ့ "
"ဟို ဟို "
"သွားလိုက်ပါအုံးမယ် "
ကားပေါ်တွင်
"Wow လှလိုက်တာ "
"သဘောကျရဲ့လား "
"Baby "
"Humm "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co