Truyen3h.Co

Vampire's Mate Rosie

Part 17

KimFany059

#Unicode

ခုန တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် Bam Bam  နဲ့ louis ရယ် Mino တို့မှာ ဧည့်ခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးနေကြသည်

သူတို့တွေ Chaeyoungရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတယ်လေ

Lisaကတော့ တစ်ယောက်တည်း အေးဆေးနေချင်တယ်ဆိုပြီး ရုံးခန်းထဲက ထွက်မလာပေ

Mino တို့ အမှန်တိုင်း ပြောရလျှင် Lisa အခုလို ဒေါသတွေဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးကို သူမ အမေသေတဲ့နေ့မှာဘဲ တစ်ခါမြင်ဖူးခဲ့ပြီး နောက်ပိုင်း အခုမှ ထပ်မြင်ရသည်

Chaeyoungကိုလည်း Mino တို့ အားလုံး ညီမလေးလို သဘောထားကြသည် Chaeyoungက ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတယ် ဖြူစင်တယ် ပြီးတော့ တစ်ခြားမိန်းကလေးတွေလို အီစီကလီ မရှိဘူးလေ.....

Mino ရုတ်တရက် ထရပ်လိုက်သည်

"ဘယ်သွားမလို့လည်း '

"Chaeyoung သတိရပြီလား သွားကြည့်မလို့ "

"Ok. ..."

ဆယ်မိနစ်ကြာတော့ Namတစ်ယောက် ဧည့်ခန်းထဲ ရောက်လာသည်

"Chaeyoungရော အဆင်ပြေရဲ့လား သက်သာလား သူ "

"အင်း သူသတိတော့ရလာပြီ Bambam. ...Lisa နဲ့တွေ့ချင်တယ်ဆိုလို့ Mino က သူ့ကို Lisa ရုံးခန်းလိုက်ပို့ပေးနေတယ် "

"အခုက Lisa စိတ်တိုနေတာ အချိန်ကောင်းမဟုတ်သေးဘူးထင်တယ် သူ စိတ်ဖောက်နေတာလေ Chaeyoungကို ရန်လုပ်ရင် ဘယ်လိုလုပ်မလည်း..."

Louis စကားကြောင့် Bambamတို့ ချက်ချင်းဘဲ Lisa ရုံးခန်းဘက်ကို ပြေးသွားလေသညု

Louis ထင်တဲ့ပြောတဲ့အတိုင်းပါဘဲ Lisa တစ်ယောက် စိတ်ဖောက်ပြီး Chaeyoungကို ရန်လုပ်နေတယ်လေ

Bambam မှာ Chaeyoungကို သူမ အခန်းထဲသို့ လိုက်ပို့ပေးလေသည်

Chaeyoungကတော့ လန့်တာရော Lisaက သူမကို ပြောတဲ့ စကားတွေကြောင့် ဝမ်းနည်းပြီး ငိုလေသည်

Bambamမှာ ငိုနေတဲ့ ကောင်မလေးကို နှစ်သိမ့်ပေးနေ ချော့နေသည်

"ရှူး အဆင်ပြေသွားမှာပါ မငိုနဲ့တော့နော် Chaeyoung "

"သူ သူက ဘာလို့ အဲ့လို ဖြစ်သွားရတာလည်းဟင် Bambam "

"သူ မင်းကို နာကျင်အောင်လုပ်ဖို့ထိ မရည်ရွယ်ပါဘူး မင်းကို စိတ်ပူလွန်းရာကနေ စိတ်တွေက Vampire Side ဘက်ရောက်သွားတော့ သူ့ဒေါသကို သူ မထိန်းနိုင်ဘဲ ခုလို လွန်လွန်ကြူးကြူး ပေါက်ကွဲသွားတာ... .မငိုနဲ့တော့နော် ငါ မင်းအနှောင့်အယှက် ဖြစ်မှာဆိုးလို့ သွားတော့မယ်နော် တစ်ခုခု လိုအပ်ရင် ခေါ် လိုက်နောခ Chaeyoung
"

"ကျေးဇူးပါ Bambam "

Chaeyoung မျက်ရည်တွေ သုတ်ပြီး Bambam ကို ကျေးဇူးတင်စကားပြောလိုက်သည်

"ရပါတယ် Chaeyoungရ "

Chaeyoungကို ပြုံးပြပြီး Bambam အခန်းထဲက ထွက်သွားတယ်

Bambam လည်း ထွက်သွားရော Chaeyoung ကုတင်ပေါ် ပစ်လှဲပြီး ခေါင်းအုံးကို ဖက်ကာ ငိုလေသည်

"ငါ သိတဲ့ Lisa မဟုတ်ဘူး သူ သူငါ့ကို စိတ်ဆိုးနေတာ ကြောက်စရာကြီး.....နာကျင်လိုက်တာ သူ ငါ့ကို.... အော်တာ....ကြောက်စရာကြီး .  ."

ကလေးတစ်ယောက်လို ခေါင်းအုံးကို ဖက်ပြီး Chaeyoung ငိုနေသည်

"မရဘူး မင်း ဒီမှာ နေရမယ် သူ့ဆီ သွားလို့ မရဘူး မင်း ပြဿနာ အကြီးကြီး ဖန်တီးပြီးပြီ လုံလောက်ပြီမို့ တော်ပါတော့ "

"လုပ်ပါ ငါ့ကို သူနဲ့ တွေ့ခွင့်ပေးပါ သူနဲ့ စကားပြောချင်လို့ "

Lisaမှာ သူမကို ချုပ်ထားတဲ့ Minoနဲ့ Nam ကို Chaeyoungနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုလေသည်

တစ်ခါမှ Minoတို့ကို တောင်းဆိုစကားမပြောဖူးတဲ့ Lisa မှာ Chaeyoungနဲ့ တွေ့ချင်လို့ တွေ့ခွင့်ရဖို့ တောင်းပန်စကားပြောနေသည်

Lisaကို ခုလိုတွေ့ရတော့လည်း Minoတို့ စိတ်မကောင်းဖြစ်နေကြသည်

သို့သော်လည်း Chaeyoung ဘက်က တွေးပေးရမယ်ဆို Chaeyoungအတွက် အခု နားဖို့ အချိန်လိုအပ်သလို Lisaအတွက်လည်း စိတ်တည်ငြိမ်နေဖို့ လိုအပ်တယ်လေ

"စိတ်မကောင်းပါဘူး Lisa "

ထိုစဥ် ရုံးခန်းထဲသို့ Bambam ဝင်လာလေသည်

"Bambam..... Chaeyoung ဘယ်မှာလည်း....သူ ဘယ်မှာလည်း အဆင်ပြေရဲ့လား "

Bambamကို Lisa မေးခွန်းတွေ တရစပ်မေးလေသည်

"သူ နားနေတယ် Lisa "

"Bambam... Chaeyoung အခန်းနား Lisaကို လုံးဝ အကပ်မခံနဲ့....."

"ဘာ ငါက ဒီမှာ ခေါင်းဆောင်နော် Nam မင်း ငါ့ကို ဒီလိုလာလုပ်လို့မရဘူး "

Lisa ပြောပြီး Mino တို့ကို တွန်းလွှတ်ကာ တံခါးပေါက်ဆီ ပြေးသွားသည်

Bambamနဲ့ Louisမှာ Lisaကို ဝိုင်းဖမ်းကာ ချုပ်လိုက်ကြသည်

"အခုလို လုပ်ရလို့စိတ်မကောင်းပါဘူး Lisa..... "

Bambam ပြောပြီး သူ့ ဘောင်းဘီအိတ်ထဲက ဆေးထိုးအပ်ကို ထုတ်ပြီး Lisaလက်မောင်းကို ထိုးလိုက်သည်

Lisa ရုန်းရင်း ခဏကြာတော့ Mino လက်မောင်းပေါ် လဲကျ သွားတယ်

After One Week

တစ်ပတ်ကြာသွားပြီးနောက် Chaeyoung စိတ်က လန်းလန်းဆန်းဆန်း ဖြစ်သွားပြီလေ

အရင်ရက်ပိုင်းတွေက Chaeyoung စိတ်ရှုပ်နေလို့ အခန်းအပြင်တောင် မထွက်ခဲ့ပေ

Bambamတို့က မနက်စာ နေ့လည်စာ ညစာကို Chaeyoungရဲ့  အခန်းထဲ လာပို့ရသည်

Namကလည်း နေ့တိုင်း Chaeyoungရဲ့ ကျန်းမာရေးကို လာစစ်ဆေးပေးသည်

Chaeyoungမှာ တစ်ပတ်ကြာတဲ့ထိ Lisaက သူမကို လာမတွေ့သောကြောင့် ဝမ်းနည်းနေသည်

Louisတို့ကို lisaအကြောင်း မေးတော့လည်း စကားလမ်းကြောင်း လွှဲသွားကြတော့ ဘာမှ မေးမရပေ

"Chaeyoung ဒီနေ့ရော နေရတာ အဆင်ပြေလား "

Nam တစ်​ယောက် Chaeyoungရဲ့ အခန်းထဲ ဝင်လာပြီး ကျန်းမာရေး စစ်ဆေးပေးနေသည်

"ပြေပါတယ် Nam. ..ဒါနဲ့ Lisaရောဟင် "

"ဘာလို့ သူ့ကို မေးတာလည်း "

"သူ ငါ့ကို လာမတွေ့တာ ကြာပြီလေ အဲ့တာ တစ်ခုခုများ ဖြစ်နေမလား စိတ်ပူလို့ "

"မင်းက သူနဲ့တွေ့ဖို့ အဆင်ပြေလို့လား "

"ဟို.... "

"သေချာ စဥ်းစားပါအုံး Chaeyoung.... Lisa နဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ပြီလား ကြောက်နေတုံးလားဆိုတာ သေချာစဥ်းစားပါအုံး "

Namပြောပြီး အခန်းထဲက ထွက်လာသည်

Namပြောတဲ့ စကားတွေကို Chaeyoung သေချာတွေးနေသည်

ဟိုတစ်ခါကလို သူမကို အော်ပြီးဆောင့်ဆွဲမှာကို ကြောက်တာက လွဲရင် Lisaနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်နေလောက်ပါပြီ

Lisa မှာ Bambam ထိုးလိုက်တဲ့ ဆေးကြောင့် အိပ်ပျော်နေတာ တစ်ပတ်ကြာပြီလေ

သတိရလာတော့ သူမဘေးနား ထိုင်ပြီး စာအုပ်ဖတ်နေတဲ့ Louisကို တွေ့ရလေသည်

"Noona နိုးလာပြီလား "

"ငါ ငါ အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလည်း "

"တစ်ပတ်ကျော်ပြီ "

"ဘာ.... Bambam က ငါ့ကို ဘာဆေးတွေ ထိုးပေးလိုက်တာလည်း "

"အိပ်ဆေးနေမှာပေါ့ "

"Chae... chaeyoungရော...."

"သူ့အခန်းထဲမှာ "

"ငါ ငါ သူနဲ့ သွားတွေ့မယ်"

Lisa ကုတင်ပေါ်က ထရပ်တော့ Louisမှာ Lisaကို တားလေသည်

"မရဘူး အခု တွေ့လို့ မရသေးဘူး "

"ငါ့ ချစ်သူကို ငါ တွေ့တာ ဘယ်သူ့ဆီက ခွင့်ပြုချက်တောင်းရအုံးမှာလည်း ဖယ်စမ်း နင် "

Louisကို ဆောင့်တွန်ပြီး Lisa လေ၏လျှင်မြန်ခြင်းနဲ့အတူ Chaeyoung အခန်းဘက် ပြေးသွားလေသည်

Louis မှာ Bambam တို့ကို ဖုန်းဆက်ခေါ်ပြီး Lisa နော​က် ပြေးလိုက်သွားသည်

Chaeyoung ခေါင်းအုံးကို ဖက်ပြီး စဥ်းစား​နေတုံး ရုတ်တရက် တံခါးဖွင့်သံကြောင့် လန့်သွားတယ်

အခန်းထဲ ဝင်လာတဲ့ သူကို မြင်တော့ Chaeyoung ပျော်သွားပြီး လန့်လည်းလန့်သွားသည်

"Li. ..Lisa "

"Chae. .."

Lisaမှာ ကုတင်ပေါ်က ဆင်းလာတဲ့ Chaeyoung ကို ဖက်မယ်လုပ်သော်လည်း Chaeyoungက လက်မခံပေ

"Chae. ..Chae က ကိုယ့်ကို စိတ်ဆိုးနေတာလား ကိုယ် တောင်းပန်ပါတယ် Chae. ..အဲ့တုံးက တအား စိတ်တိုပြီး..... စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားလို့ မင်းကို နာကျင်အောင် လုပ်မိသွားတယ်....အဲ့အတွက် ကိုယ် တောင်းပန်ပါတယ် "

Lisaက တောင်းပန်စကားပြောတော့ Chaeyoung က ခေါင်းငုံ့ထားသည်

"မင်းကို စိတ်ပူလွန်ပြီး ဖြစ်သွားတာ...ကိုယ့်ဒေါသကို ကိုယ်ထိန်းပါမယ်လို့ ကတိပေးပါတယ် Chae. .."

"တကယ် ကတိပေးလား "

"အင်း ကတိ "

Lisa လက်သန်းကို ထောင်ပြပြီး ပြောသည်

ထိုစဥ် Bambam နဲ့ Louis တို့ အခန်းထဲ ရောက်လာကြသည်

"Lisa. ..."

"Chaeyoung"

"Chae သူနဲ့ နှစ်​ယောက်တည်း စကားပြောချင်လို့...... "

Lisaမှာ အစက Chaeyoungက သူ့ကို ဆွဲထုတ်ခိုင်းမယ် တွေးထားသော်လည်း Chaeyoung စကားကြောင့် အံ့သြသွားတယ်

"Chaeyoung တကယ်ဘဲ အဆင်ပြေရဲ့လား "

"ဟုတ် ပြေပါတယ် Bambam "

"ကောင်းပြီလေ "

Bambamတို့လည်း Chaelisa ကို အခန်းထဲ ထားခဲ့ပြီး ထွက်သွားတယ်

"Chae တောင်းပန်ပါတယ် Lisa နောက်ဆို Lisa စကားနားထောင်ပါမယ် "

Chaeyoungမှာ Lisa ကို ဖက်ပြီး တောင်းပန်စကား ပြောလေသည်

"ကိုယ်လည်း တောင်းပန်ပါတယ် နောက်ဆို ကိုယ့်ဒေါသကို ကိုယ်ထိန်းပါမယ်. . '

"Lisaကို Chae အရမ်းလွမ်းနေတာ သိလား "

"ကိုယ်ရောဘဲ "

Lisa ပြောပြီး Chaeyoungမျက်နှာလေးကို ကိုင်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

Chaeyoung လည်း Lisa အနမ်းတွေကို ပြန်လည်တုံ့ပြန်ရင်း Lisa လည်ပင်းကို ဖက်ထားလေသည်

#Tbc

ခုနအပိုင်း တော်တော်တိုသွားလို့ တောင်းပန်ပါတယ်ဗျာ့ အဲ့အတွက် Author အသစ်ထပ်ဒိတ်ပေးထားပါတယ်နော် 🤧🖤

#Zawgyi







"ဘယ်သွားမလို့လည်း '


"Ok. ..."












"

"ကျေးဇူးပါ Bambam "


"ရပါတယ် Chaeyoungရ "















"သူ နားနေတယ် Lisa "








After One Week













"ဟို.... "







"Noona နိုးလာပြီလား "


"တစ်ပတ်ကျော်ပြီ "


"အိပ်ဆေးနေမှာပေါ့ "

"Chae... chaeyoungရော...."

"သူ့အခန်းထဲမှာ "









"Li. ..Lisa "

"Chae. .."





"တကယ် ကတိပေးလား "

"အင်း ကတိ "



"Lisa. ..."

"Chaeyoung"




"ဟုတ် ပြေပါတယ် Bambam "

"ကောင်းပြီလေ "






"ကိုယ်ရောဘဲ "



#Tbc


Bạn đang đọc truyện trên: Truyen3h.Co