Truyen3h.Co

Vampire's Mate Rosie

Part 22

KimFany059

#unicode

Chaeyoung ခေါင်းမူးနေသေးလို့ ကုတင်ပေါ်တွင် ခဏလှဲအိပ်နေလိုက်သည်

သို့သော် အန်ချင်လာသောကြောင့် Chaeyoung ထပြီးပြေးအန်ရပြန်သည်

လူကနုံးချိနေသလို ခံစားရလို့ Chaeyoung ရေချိုးဖို့ ဆုံးဖြတ်လိုက်သည်

ရေချိုးပြီး အဝတ်အစားဝတ်နေပေမယ့် Chaeyoung ခေါင်းမူးဝေနေတုံးပင်

ထိုစဥ် Lisa တစ်ယောက် အခန်းထဲဝင်လာသည်

မှန်ရှေ့မှာ ရပ်နေတဲ့ Chaeyoungရဲ့ ခါးလေးကို Lisa အနောက်ကနေ သိုင်းဖက်လိုက်သည်

"Happy Birthday Baby "

Chaeyoungရဲ့ လည်ပင်းလေးကို နမ်းပြီး Lisa ပြောလိုက်သည်

"Gomawo "

Lisa ဘက် Chaeyoung လှည့်ပြီး Lisaရဲ့ နှုတ်ခမ်းလေးကို နမ်းကာ ကျေးဇူးတင်စကားပြောလိုက်သည်

"Chae. ..Chae ကြည့်ရတာ ဖြူဖက်ဖြူရော်နဲ့ နေမကောင်းဘူးလား "

Chaeyoung ကြည့်ရတာ မူမမှန်လို့ Lisa စိတ်ပူပြီး မေးလိုက်သည်

"Chae နေကောင်းပါတယ် ခုမှ အိပ်ရာကနိုးခါစမို့ အယ်..Lisaက Chae ဝယ်ပေးထားတဲ့ Suit အဖြူလေး ဝတ်ထားတယ်တော့ "

Chaeyoung ရဲ့ စကားကြောင့် Lisa ခေါင်းညိတ်ပြီး ပြုံးလိုက်သည်

"ဟုတ်တယ်လေ အရင်က Chae ကိုယ့်ကို အနက်ရောင်မဟုတ်ဘဲ တစ်ခြားအရောင်ဝတ်ထားတာ မြင်ချင်တယ်လို့ ပြောလို့ Chaeရဲ့ မွေးနေ့မှာ Chae ဝယ်ပေးထားတဲ့ အဖြူရောင်လေး ဝတ်ထားတာ "

"Aigoo ချစ်လိုက်တာ My Vampire Girlလေး "

Lisaရဲ့ နှုတ်ခမ်းလေးကို Chaeyoung ထပ်နမ်းပြီး ပြောပြန်သည်

"လာ Chae မွေးနေ့အတွက် ကောင်လေးတွေက မနက်စာပြင်ဆင်ပေးထားတယ် သွားရအောင် "

Chaeyoungရဲ့ လက်ကိုတွဲပြီး Lisa အခန်းအပြင်ဘက်ကို ခေါ်သွားသည်

Dinning Roomကိုရောက်တော့ စားစရာတွေ အပြည့်တင်ထားတဲ့ စားပွဲကိုမြင်ပြီး Chaeyoung ပါးစပ်အဟောင်းသား ဖြစ်သွားသည်

"Wow အဖြူရောင် suitနဲ့က ဘယ်သူလည်း Lisa ဘယ်မှာလည်း မလာသေးဘူးလား "

တစ်ခါမှ အဖြူရောင် မဝတ်ဖူးတဲ့ Lisaက အဖြူရောင် ဝတ်ထားလို့ Bambamတို့မှာ Lisaကို စနောက်နေကြသည်

"မပြောင်နဲ့ မပြောင်နဲ့ "

"Happy birthday Chaeyoung "

Juliaတို့မှာ Chaeyoungကို Happy birthday ပြောပြီး ဖက်လိုက်ကြသည်

Chaeyoungလည်း Lisaရဲ့လက်ကို လွှတ်ပြီး Julia တို့ကို ပြန်ဖက်လိုက်သည်

"ဒီနေ့က Chaeyoungရဲ့ မွေးနေ့မို့ Julia ရေညှိဟင်းရည်ချက်ပေးထားတယ် "

"ကျေးဇူးတင်ပါတယ် Julia... Chae ကောင်းကောင်းစားပါမယ် "

Chaeyoung မှာ Juliaကို ကျေးဇူးတင်စကားပြောပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်

ထို့နောက် Lisaတို့ စကားပြောကြရင်း မနက်စာအတူစားကြသည်

မနက်စာစားပြီးနောက်

"Chaeyoung ဒီမှာ မင်းအတွက် မွေးနေ့လက်ဆောင် "

Mino ပြောပြီး အပြာရောင်သေတ္တာလေးကို Chaeyoung အား ပေးလိုက်သည်

"ဘာများလည်း '

Chaeyoung ဖွင့်ကြည့်တော့ ပတ္တမြား အပြာရောင်လေးကို တွေ့လိုက်ရသည်

"Omo လှလိုက်တာ ကျေးဇူးတင်ပါတယ် Mino "

"ဒါက Bambamရဲ့ လက်ဆောင်ပါ "

Bambamပေးတဲ့ လက်ဆောင်အိတ်ကို ဖွင့်ကြည့်တော့ Chanelက ပိုက်ဆံအိတ်လေး ဖြစ်နေသည်

"Chanelက အိတ်လေး အား ကျေးဇူးတင်ပါတယ် Bambam "

Namက နာရီပေးပြီး Louis တို့အတွဲက အဝတ်အစားလက်ဆောင်ပေးသည်

Lisaက ဘာမှမပေးဘဲ ရပ်ကြည့်နေတော့ Lisaကို Louisက မေးလိုက်သည်

"Noonaက ဘာမှမပေးဘူးလား "

"ပေးမှာပေါ့ အခုဘဲ သူ့ကို လက်ဆောင်ဝယ်ပေးဖို့ ခေါ်သွားမလို့ နင်တို့ လက်ဆောင်ပေးပြီးတဲ့အထိ စောင့်နေတာ လာ Chae သွားကြစို့ '

"ခဏနော် Lisa ဒီလက်ဆောင်လေးတွေ သွားသိမ်းအုံးမယ်"

Lisaကို ခဏစောင့်ခိုင်းပြီး Chaeyoung သူလက်ဆောင်ရတဲ့ ပစ္စည်းတွေကို အခန်းထဲ သွားသိမ်းလေသည်

"လာ သွားကြစို့ "

Chaeyoung အခန်းထဲက ထွက်လာတော့ Chaeyoung ရဲ့ လက်ကိုတွဲပြီး ကားဆီသို့ Lisa ခေါ်သွားသည်

ထို့နောက် shopping mallကို သွားပြီး တတိယအထပ်က လက်ဝတ်ရတနာဆိုင်သို့ သွားလေသည်

"Couple Ring ဝယ်ရအောင် Chae ကြိုက်တာရွေး "

Lisaရဲ့ စကားကြောင့် Chaeyoung အရမ်းပျော်သွားတယ် တစ်လောက ရုပ်ရှင်ကြည့်နေတုံး မင်းသားက မင်းသမီးကို စုံတွဲလက်စွပ်ပေးတော့ Chaeyoungလည်း Lisa ပေးရင် ကောင်းမှာဘဲလို့ တွေးနေခဲ့တာလေ

တကယ်ပါ Lisaကတော့ အမြဲ Chaeyoung စိတ်ကို သိနေတော့တာဘဲ  ...

လက်စွပ် ဝယ်ပေးပြီး Lisaတို့ ရေခဲမုန့်ဆိုင်တွင် ထိုင်စားနေကြစဥ် Chaeyoungမှာ တစ်ဖက်စားပွဲဝိုင်းက မိသားစု သုံးယောက်ကို ကြည့်နေသည်

ကလေးငယ်လေးကို ရေခဲမုန့် ကျွေးနေတဲ့ အမျိုးသမီးကိုကြည့်ရင်း Chaeyoung တစ်ခုခုကို သတိရသွားသည်

"အာ Lisa ခဏနော် Chae သန့်စင်ခန်း သွားမလို့ "

"ကိုယ် လိုက်ခဲ့မယ်လေ "

"ရပါတယ် Chae အမြန်ပြန်လာခဲ့မယ် ဒီမှာဘဲ စောင့်နေနော် "

Lisaကို ရေခဲမုန့်ဆိုင်တွင် စောင့်ခိုင်းပြီး Chaeyoungမှာ ဆေးဆိုင်က ကိုယ်ဝန်စမ်းသပ်တဲ့ပစ္စည်းကို ဝယ်ပြီး သန့်စင်ခန်းသို့ အမြန်သွားလေသည်

ထို့နောက် စမ်းသပ်ကြည့်သောအခါ

"Omo Positive တဲ့ ဒါ...ဒါဆို .....ငါ ကိုယ်ဝန်ရှိနေတာပေါ့ Lisaရဲ့ ကိုယ်ဝန်ကို ငါ လွယ်ထားရတာပေါ့ "

Chaeyoungမှာ အရမ်းပျော်သွားတယ်.....

Lisaကို ပြောဖို့ သန့်စင်ခန်းထဲက ဝမ်းသာအားရထွက်လာစဥ် Leoနဲ့ ဝင်တိုက်မိလေသည်

"တောင်းပန်ပါ...ဟင် Oppa "

"ဟော ငါ့ညီမလေး Chaeyoungပါလား မတွေ့တာ အတော်ကြာရောပေါ့ တစ်ယောက်တည်း လာတာလား "

Leoမှာ သူ လိုချင်နေတဲ့ Chaeyoungကို တစ်ယောက်တည်းတွေ့လိုက်ရလို့ ဝမ်းသာပြီး မေးလိုက်သည်

"မဟုတ်ဘူး ငါပါတယ်...."

Lisa ရောက်လာပြီး Chaeyoungရဲ့ လက်ကို တွဲလိုက်သည်

"လူတွေအများကြီး ရှိနေတဲ့ Mallမှာ သွေးထွက်သံယိုမဖြစ်ချင်လို့ ခွင့်ပြုပါအုံး "

Leoကိုပြောပြီး Chaeyoungရဲ့ လက်ကို ဆောင့်ဆွဲကာ ကားပါကင်ဘက် Lisaခေါ်သွားသည်

"Li. ..lisa "

Lisaမှာ သာမန်ထက် ကားကို အရှိန်ပြင်းပြင်းမောင်းနေလို့ Chaeyoung ကြောက်နေသည်

"သန့်စင်ခန်းကို ဘာလို့ တစ်ယောက်တည်း သွားချင်ရတာလည်း ဟမ်..."

"ဟို..."

"ငါ စိတ်မချလို့ လိုက်လာတာ မှန်သွားတယ် မဟုတ်ရင် နင် ဟိုခွေးကောင်ဖမ်းသွားတာ ခံရအုံးမှာ တောက် .....နေပါအုံး နင်က အဖမ်းခံချင်လို့လား ဖြေစမ်း Chaeyoung... ငါသာရောက်မလာရင် လိုက်မလာရင်....နင်ဘာဖြစ်မယ် ထင်လည်း Chaeyoung... ."

Lisaမှာ စိတ်တိုပြီး သူမရဲ့ Vampire sideကို ထိန်းမရဘဲ ဖြစ်နေသည်

"Chae Chae တောင်းပန်ပါတယ် ကားကို အရှိန်လျော့မောင်းပါနော် Lisa. ...နော် နောက်တစ်ခါ Chaeကလေ Lisaမပါဘဲ ဘယ်မှ မသွားတော့ဘူးနော် နော်လို့  "

Chaeyoung မှာ ကားအရှိန်တင်မောင်းနေတဲ့ Lisaကို တောင်းပန်စကားပြောလေသည်

သို့သော် Lisaကတော့ စကားနားမထောင်သည့်အပြင် လီဗာပါ နင်းချသည်

ကျွီ ဒုန်း!!!!!

Lisa!!!!

Lisa တစ်ယောက် အရှိန်မထိန်းနိုင်ဘဲ ကားဘီးချော်ပြီး လမ်းဘေးက သစ်ပင်ကို ဝင်တိုက်မိသွားသည်

#Tbc

#Zawgyi

Chaeyoung ေခါင္းမူးေနေသးလို႔ ကုတင္ေပၚတြင္ ခဏလွဲအိပ္ေနလိုက္သည္

သို႔ေသာ္ အန္ခ်င္လာေသာေၾကာင့္ Chaeyoung ထၿပီးေျပးအန္ရျပန္သည္

လူကႏုံးခ်ိေနသလို ခံစားရလို႔ Chaeyoung ေရခ်ိဳးဖို႔ ဆုံးျဖတ္လိုက္သည္

ေရခ်ိဳးၿပီး အဝတ္အစားဝတ္ေနေပမယ့္ Chaeyoung ေခါင္းမူးေဝေနတုံးပင္

ထိုစဥ္ Lisa တစ္ေယာက္ အခန္းထဲဝင္လာသည္

မွန္ေရွ႕မွာ ရပ္ေနတဲ့ Chaeyoungရဲ႕ ခါးေလးကို Lisa အေနာက္ကေန သိုင္းဖက္လိုက္သည္

"Happy Birthday Baby "

Chaeyoungရဲ႕ လည္ပင္းေလးကို နမ္းၿပီး Lisa ေျပာလိုက္သည္

"Gomawo "

Lisa ဘက္ Chaeyoung လွည့္ၿပီး Lisaရဲ႕ ႏႈတ္ခမ္းေလးကို နမ္းကာ ေက်းဇူးတင္စကားေျပာလိုက္သည္

"Chae. ..Chae ၾကည့္ရတာ ျဖဴဖက္ျဖဴေရာ္နဲ႕ ေနမေကာင္းဘူးလား "

Chaeyoung ၾကည့္ရတာ မူမမွန္လို႔ Lisa စိတ္ပူၿပီး ေမးလိုက္သည္

"Chae ေနေကာင္းပါတယ္ ခုမွ အိပ္ရာကနိုးခါစမို႔ အယ္..Lisaက Chae ဝယ္ေပးထားတဲ့ Suit အျဖဴေလး ဝတ္ထားတယ္ေတာ့ "

Chaeyoung ရဲ႕ စကားေၾကာင့္ Lisa ေခါင္းညိတ္ၿပီး ၿပဳံးလိုက္သည္

"ဟုတ္တယ္ေလ အရင္က Chae ကိုယ့္ကို အနက္ေရာင္မဟုတ္ဘဲ တစ္ျခားအေရာင္ဝတ္ထားတာ ျမင္ခ်င္တယ္လို႔ ေျပာလို႔ Chaeရဲ႕ ေမြးေန႕မွာ Chae ဝယ္ေပးထားတဲ့ အျဖဴေရာင္ေလး ဝတ္ထားတာ "

"Aigoo ခ်စ္လိုက္တာ My Vampire Girlေလး "

Lisaရဲ႕ ႏႈတ္ခမ္းေလးကို Chaeyoung ထပ္နမ္းၿပီး ေျပာျပန္သည္

"လာ Chae ေမြးေန႕အတြက္ ေကာင္ေလးေတြက မနက္စာျပင္ဆင္ေပးထားတယ္ သြားရေအာင္ "

Chaeyoungရဲ႕ လက္ကိုတြဲၿပီး Lisa အခန္းအျပင္ဘက္ကို ေခၚသြားသည္

Dinning Roomကိုေရာက္ေတာ့ စားစရာေတြ အျပည့္တင္ထားတဲ့ စားပြဲကိုျမင္ၿပီး Chaeyoung ပါးစပ္အေဟာင္းသား ျဖစ္သြားသည္

"Wow အျဖဴေရာင္ suitနဲ႕က ဘယ္သူလည္း Lisa ဘယ္မွာလည္း မလာေသးဘူးလား "

တစ္ခါမွ အျဖဴေရာင္ မဝတ္ဖူးတဲ့ Lisaက အျဖဴေရာင္ ဝတ္ထားလို႔ Bambamတို႔မွာ Lisaကို စေနာက္ေနၾကသည္

"မေျပာင္နဲ႕ မေျပာင္နဲ႕ "

"Happy birthday Chaeyoung "

Juliaတို႔မွာ Chaeyoungကို Happy birthday ေျပာၿပီး ဖက္လိုက္ၾကသည္

Chaeyoungလည္း Lisaရဲ႕လက္ကို လႊတ္ၿပီး Julia တို႔ကို ျပန္ဖက္လိုက္သည္

"ဒီေန႕က Chaeyoungရဲ႕ ေမြးေန႕မို႔ Julia ေရညွိဟင္းရည္ခ်က္ေပးထားတယ္ "

"ေက်းဇူးတင္ပါတယ္ Julia... Chae ေကာင္းေကာင္းစားပါမယ္ "

Chaeyoung မွာ Juliaကို ေက်းဇူးတင္စကားေျပာၿပီး ထိုင္ခုံတြင္ ထိုင္လိုက္သည္

ထို႔ေနာက္ Lisaတို႔ စကားေျပာၾကရင္း မနက္စာအတူစားၾကသည္

မနက္စာစားၿပီးေနာက္

"Chaeyoung ဒီမွာ မင္းအတြက္ ေမြးေန႕လက္ေဆာင္ "

Mino ေျပာၿပီး အျပာေရာင္ေသတၱာေလးကို Chaeyoung အား ေပးလိုက္သည္

"ဘာမ်ားလည္း '

Chaeyoung ဖြင့္ၾကည့္ေတာ့ ပတၱျမား အျပာေရာင္ေလးကို ေတြ႕လိုက္ရသည္

"Omo လွလိုက္တာ ေက်းဇူးတင္ပါတယ္ Mino "

"ဒါက Bambamရဲ႕ လက္ေဆာင္ပါ "

Bambamေပးတဲ့ လက္ေဆာင္အိတ္ကို ဖြင့္ၾကည့္ေတာ့ Chanelက ပိုက္ဆံအိတ္ေလး ျဖစ္ေနသည္

"Chanelက အိတ္ေလး အား ေက်းဇူးတင္ပါတယ္ Bambam "

Namက နာရီေပးၿပီး Louis တို႔အတြဲက အဝတ္အစားလက္ေဆာင္ေပးသည္

Lisaက ဘာမွမေပးဘဲ ရပ္ၾကည့္ေနေတာ့ Lisaကို Louisက ေမးလိုက္သည္

"Noonaက ဘာမွမေပးဘူးလား "

"ေပးမွာေပါ့ အခုဘဲ သူ႕ကို လက္ေဆာင္ဝယ္ေပးဖို႔ ေခၚသြားမလို႔ နင္တို႔ လက္ေဆာင္ေပးၿပီးတဲ့အထိ ေစာင့္ေနတာ လာ Chae သြားၾကစို႔ '

"ခဏေနာ္ Lisa ဒီလက္ေဆာင္ေလးေတြ သြားသိမ္းအုံးမယ္"

Lisaကို ခဏေစာင့္ခိုင္းၿပီး Chaeyoung သူလက္ေဆာင္ရတဲ့ ပစၥည္းေတြကို အခန္းထဲ သြားသိမ္းေလသည္

"လာ သြားၾကစို႔ "

Chaeyoung အခန္းထဲက ထြက္လာေတာ့ Chaeyoung ရဲ႕ လက္ကိုတြဲၿပီး ကားဆီသို႔ Lisa ေခၚသြားသည္

ထို႔ေနာက္ shopping mallကို သြားၿပီး တတိယအထပ္က လက္ဝတ္ရတနာဆိုင္သို႔ သြားေလသည္

"Couple Ring ဝယ္ရေအာင္ Chae ႀကိဳက္တာေ႐ြး "

Lisaရဲ႕ စကားေၾကာင့္ Chaeyoung အရမ္းေပ်ာ္သြားတယ္ တစ္ေလာက ႐ုပ္ရွင္ၾကည့္ေနတုံး မင္းသားက မင္းသမီးကို စုံတြဲလက္စြပ္ေပးေတာ့ Chaeyoungလည္း Lisa ေပးရင္ ေကာင္းမွာဘဲလို႔ ေတြးေနခဲ့တာေလ

တကယ္ပါ Lisaကေတာ့ အၿမဲ Chaeyoung စိတ္ကို သိေနေတာ့တာဘဲ  ...

လက္စြပ္ ဝယ္ေပးၿပီး Lisaတို႔ ေရခဲမုန့္ဆိုင္တြင္ ထိုင္စားေနၾကစဥ္ Chaeyoungမွာ တစ္ဖက္စားပြဲဝိုင္းက မိသားစု သုံးေယာက္ကို ၾကည့္ေနသည္

ကေလးငယ္ေလးကို ေရခဲမုန့္ ေကြၽးေနတဲ့ အမ်ိဳးသမီးကိုၾကည့္ရင္း Chaeyoung တစ္ခုခုကို သတိရသြားသည္

"အာ Lisa ခဏေနာ္ Chae သန့္စင္ခန္း သြားမလို႔ "

"ကိုယ္ လိုက္ခဲ့မယ္ေလ "

"ရပါတယ္ Chae အျမန္ျပန္လာခဲ့မယ္ ဒီမွာဘဲ ေစာင့္ေနေနာ္ "

Lisaကို ေရခဲမုန့္ဆိုင္တြင္ ေစာင့္ခိုင္းၿပီး Chaeyoungမွာ ေဆးဆိုင္က ကိုယ္ဝန္စမ္းသပ္တဲ့ပစၥည္းကို ဝယ္ၿပီး သန့္စင္ခန္းသို႔ အျမန္သြားေလသည္

ထို႔ေနာက္ စမ္းသပ္ၾကည့္ေသာအခါ

"Omo Positive တဲ့ ဒါ...ဒါဆို .....ငါ ကိုယ္ဝန္ရွိေနတာေပါ့ Lisaရဲ႕ ကိုယ္ဝန္ကို ငါ လြယ္ထားရတာေပါ့ "

Chaeyoungမွာ အရမ္းေပ်ာ္သြားတယ္.....

Lisaကို ေျပာဖို႔ သန့္စင္ခန္းထဲက ဝမ္းသာအားရထြက္လာစဥ္ Leoနဲ႕ ဝင္တိုက္မိေလသည္

"ေတာင္းပန္ပါ...ဟင္ Oppa "

"ေဟာ ငါ့ညီမေလး Chaeyoungပါလား မေတြ႕တာ အေတာ္ၾကာေရာေပါ့ တစ္ေယာက္တည္း လာတာလား "

Leoမွာ သူ လိုခ်င္ေနတဲ့ Chaeyoungကို တစ္ေယာက္တည္းေတြ႕လိုက္ရလို႔ ဝမ္းသာၿပီး ေမးလိုက္သည္

"မဟုတ္ဘူး ငါပါတယ္...."

Lisa ေရာက္လာၿပီး Chaeyoungရဲ႕ လက္ကို တြဲလိုက္သည္

"လူေတြအမ်ားႀကီး ရွိေနတဲ့ Mallမွာ ေသြးထြက္သံယိုမျဖစ္ခ်င္လို႔ ခြင့္ျပဳပါအုံး "

Leoကိုေျပာၿပီး Chaeyoungရဲ႕ လက္ကို ေဆာင့္ဆြဲကာ ကားပါကင္ဘက္ Lisaေခၚသြားသည္

"Li. ..lisa "

Lisaမွာ သာမန္ထက္ ကားကို အရွိန္ျပင္းျပင္းေမာင္းေနလို႔ Chaeyoung ေၾကာက္ေနသည္

"သန့္စင္ခန္းကို ဘာလို႔ တစ္ေယာက္တည္း သြားခ်င္ရတာလည္း ဟမ္..."

"ဟို..."

"ငါ စိတ္မခ်လိဳ႕ လိုက္လာတာ မွန္သြားတယ္ မဟုတ္ရင္ နင္ ဟိုေခြးေကာင္ဖမ္းသြားတာ ခံရအုံးမွာ ေတာက္ .....ေနပါအုံး နင္က အဖမ္းခံခ်င္လို႔လား ေျဖစမ္း Chaeyoung... ငါသာေရာက္မလာရင္ လိုက္မလာရင္....နင္ဘာျဖစ္မယ္ ထင္လည္း Chaeyoung... ."

Lisaမွာ စိတ္တိုၿပီး သူမရဲ႕ Vampire sideကို ထိန္းမရဘဲ ျဖစ္ေနသည္

"Chae Chae ေတာင္းပန္ပါတယ္ ကားကို အရွိန္ေလ်ာ့ေမာင္းပါေနာ္ Lisa. ...ေနာ္ ေနာက္တစ္ခါ Chaeကေလ Lisaမပါဘဲ ဘယ္မွ မသြားေတာ့ဘူးေနာ္ ေနာ္လို႔  "

Chaeyoung မွာ ကားအရွိန္တင္ေမာင္းေနတဲ့ Lisaကို ေတာင္းပန္စကားေျပာေလသည္

သို႔ေသာ္ Lisaကေတာ့ စကားနားမေထာင္သည့္အျပင္ လီဗာပါ နင္းခ်သည္

ကြၽီ ဒုန္း!!!!!

Lisa!!!!

Lisa တစ္ေယာက္ အရွိန္မထိန္းနိုင္ဘဲ ကားဘီးေခ်ာ္ၿပီး လမ္းေဘးက သစ္ပင္ကို ဝင္တိုက္မိသြားသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co