Part 23
#unicode
'Lisa မှာ သူမ ဘေးနားက Chaeyoungကို တွေ့ပြီး အရမ်းလန့်သွားတယ်
Chaeyoung ရဲ့ မျက်နှာနဲ့ တစ်ကိုယ်လုံး မှန်ကွဲစတွေစိုက်နေပြီး သွေးတွေကလည်း စိုရွှဲနေသည်
"Chae သတိထားပါအုံး Chae Chae. ...."
Chaeyoungကို လှုပ်နှိုးပေမယ့် Chaeyoungက သတိရမလာပေ
"Shitttt "
Lisa သူမ စံအိမ်နဲ့ အခု accident ဖြစ်တဲ့နေရာက သိပ်မဝေးတာကြောင့် ကားပေါ်က ဆင်းပြီး Chaeyoungကို ပွေ့ချီကာ စံအိမ်ကို ပြေးသွားသည်
လမ်းတစ်လျှောက်လုံး Chaeyoungရဲ့ သွေးအနံ့ကြောင့် Vampire sideဘက် ပြောင်းမသွားအောင် Lisa အာရုံစိုက်ပြီး ပြေးလွှားနေရသည်
Louisတို့မှာ ဧည့်ခန်းထဲ ထိုင်စကားပြောနေရင်း သွေးအနံ့ကို ခံစားမိသောကြောင့် မျက်လုံး အနီရောင်ပြောင်းသွားကြသည်
"Nam. ...medical roomထဲမှာ အသင့်ပြင်ပေးထားပါ "
Bambamမှာ Lisaရဲ့ အော် သံကို နားထဲကြားရသောကြောင့် Lisaသွားတယ်
"Li lisaပါလား ဘာများဖြစ်ကြတာလည်း မသိဘူး Nam မင်းက သူပြောတဲ့အတိုင်း medical roomမှာ သွားနေ ငါတို့က ထွက်ကြည့်လိုက်မယ် "
Bambamနဲ့ Louis တို့ စိတ်ပူပြီး စံအိမ် အပြင်ဘက်ကို ထွက်ကြည့်တော့ သွေးတွေနဲ့ Chaeyoungကို ပွေ့ချီကာ ပြေးလာတဲ့ Lisaကို တွေ့ရလေသည်
"ဘာ ဘာဖြစ်တာလည်း Lisa "
"ဒီစံအိမ်နဲ့ တစ်ပြလောက်အကွာမှာ ငါ အရှိန်နဲ့သစ်ပင်ကို ဝင်တိုက်မိလို့ "
Louisတို့မှာ သွေးအနံ့ကြောင့် Vampire sideပြောင်းချင်စိတ်ကို ထိန်းထားရသည်
"ငါနဲ့ Julia က အဲ့အရှုပ်တွေ သွားရှင်းလိုက်မယ် Namက medical roomထဲရှိတယ် အမြန် သွားလိုက်တော့....Julia baby ကိုယ်နဲ့လိုက်ခဲ့ "
Bam bam နဲ့ Minoမှာတော့ Lisaနဲ့အတူ medical roomဘက် ပြေးသွားလေသည်
"ဘာဖြစ်လာကြတာလည်း "
သွေးတွေစိုရွဲဲပြီး အသက်မဲ့စွာ ကုတင်ပေါ်က Chaeyoungကို ကြည့်ပြီး Nam မေးလိုက်သည်
Chaeyoungကို ထိုသို့ဖြစ်နေတာကို Minoတို့ မကြည့်ရက်ပေ Chaeyoungက Minoတို့အတွက် ညီမလေးတစ်ယောက်လို သဘောထားရသူဆိုတော့ စိတ်မကောင်းဖြစ်နေကြသည်
"အမေးအမြန်းမထူဘဲ သူ့ကို အရင်ကြည့်ပေးစမ်းပါ "
"ဟုတ်ပြီ Mino ရေဇလုံထဲ ရေထည့်လာပြီး တဘတ်ယူပေးထား "
Lisa ပြောတော့ Namမှာ Chaeyoungရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်သည်
နှလုံးခုန်နေသောကြောင့် Nam စိတ်နည်းနည်းအေးသွားပြီး Mino ယူလာတဲ့ ရေဇလုံထဲ တဘတ်ထည့်နှစ်ကာ ရေတွေစိုနေတဲ့ တဘတ်နဲ့ Chaeyoungရဲ့ ကိုယ်ပေါ်က သွေးတွေကို သုတ်ပေးလေသည်
တစ်ဖက်က Lisaမှာတော့ Chaeyoungလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး Minoတို့ရှေ့ မငိုမိအောင် အံကြိတ်ထားရသည်
Namမှာ ဆေးတစ်ချို့ကို Chaeyoungထဲ ထိုးထည့်ပြီးနောက် Chaeyoung မျက်နှာနဲ့ ကိုယ်ပေါ်က မှန်ကွဲစတွေကို နှုတ်ယူပြီး ဒဏ်ရာတွေကို ဆေးသေချာထည့်ပေးနေသည်
Nam မှာ နှလုံးခုန်နှုန်းပြန်စမ်းရင်း မတော်တဆ ဗိုက်ကို ထိမိသွားတော့ တစ်ခုခုကို ခံစားလိုက်ရသည်
Nam မျက်လုံးပြူးသွားပြီး နားကြပ်နဲ့ Chaeyoung ဗိုက်ကို စမ်းသပ်ကြည့်သောအခါ
"သူ ကိုယ်ဝန်ရှိနေတာဘဲ "
Nam တိုးတိုးလေးပြောရင်း ရုတ်တရက် ကျောက်ရုပ်လို ငြိမ်သွားသည်
တစ်ခြားသူတွေမှာ Namပြောတာကို သေချာမကြားလိုက်ရပေ
"မင်း ဘာပြောလိုက်တာလည်း Nam "
"Nam... ဘာဖြစ်လို့လည်း "
"Chaeyoungမှာ ကိုယ်ဝန်ရှိနေပြီ Lisa "
Namရဲ့ စကားကြောင့် Lisaမှာ ရှော့ခ်ရပြီး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်သွားသည်
"ငါ ငါတောင်းပန်ပါတယ် ငါစိတ်မထိန်းနိုင်ဘဲ ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းမိတာ "
"မကောင်းတဲ့ သူ... မင်း ...."
Bambamမှာ Lisaကို နံရံဘက် ဆောင့်တွန်းလိုက်သည်
"မင်း သူ့ကို နာကျင်အောင်လုပ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးနော် Lisa "
"ငါ ငါ...."
"Bambam တော်တော့ "
Minoမှာ Bambamနဲ့ Lisaကြား ဝင်တားလိုက်သည်
"Lisa မင်း မင်း စိတ်ပျက်စရာကောင်းလိုက်တာ....ဒီတစ်ခါ သူက မင်းရဲ့ကလေးကို လွယ်ထားရတာကွ မင်းကွာ ...မင်းစိတ်ကို မင်းထိန်းချုပ်လို့မရဘူးလား....."
"Bambam တော်တော့ လာ ငါ့ကို ကူပေး Mino မင်းက Lisaကို အပြင်ခေါ်ထုတ်သွား Lisa မင်းခဏ အပြင်မှာနေပေး "
Namရဲ့ စကားကြောင့် Minoမှာ Lisaကို အပြင်ဘက် ဆွဲခေါ်သွားတယ်
Namမှာ နှလုံးက အားနည်းတဲ့ အပြင် ကိုယ်ဝန်ပါ လွယ်ထားရတဲ့ Chaeyoungကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
ထို့နောက် Bambamနဲ့အတူ Chaeyoungရော ကလေးကိုပါ ကယ်နိုင်ဖို့ ကြိုးစားလေသည်
Chaeyoungမှာ သူနဲ့ ရင်းနှီးနေတဲ့ အိမ်တစ်အိမ်ထဲ ရောက်နေလို့ လျှောက်ကြည့်ရင်း ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ရလေသည်
"O. ..Omar.... "
Chaeyoungမှာ သူမ အမေကို တွေ့ရလို့ အံ့သြနေစဥ် သူမအဖေက သူမအမေဆီ လျှောက်သွားပြီး ခါးကိုဖက်လိုက်သည်
Chaeyoungရဲ့ မိဘနှစ်ပါးလုံးဟာ Chaeyoungကို မြင်ပုံမရ နှစ်ယောက်တည်း စကားပြောနေကြသည်
Chaeyoungမှာ သူမ သေမတတ်တွေ့ချင်နေခဲ့တဲ့ သူမ မိဘတွေကို တွေ့လိုက်ရတော့ အရမ်းပျော်ပြီး မျက်ရည်တွေ ကျလာသည်
"Aunty. .."
ထိုစဥ် ကလေးမလေးတစ်ယောက်က Chaeyoung အမေဆီ ပြေးသွားတော့ Chaeyoungရဲ့ အမေမှာ တစ်ဖက်ကို လှည့်လာတော့ ကလေးလေးတစ်ယောက်ကို ချီထားမှန်း Chaeyoung သိလိုက်ရသည်
"အို Lisaလေးပါလား နှုတ်ဆက်လိုက်ပါအုံး Chaeyoungလေးကို "
"Annyeong baby Chaeyoung... ငါက Lisa Manobanပါ Lisaလို့ ခေါ်လို့ ရပါတယ် "
"Haha ဟုတ်ပါပြီကွာ လာ Lisa အန်ကယ်တို့ နေ့လည်စာ ပြင်ထားတယ် သွားစားရအောင် "
Chaeyoungမှာ သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း မျက်လုံးတွေပြာလာသည်
Chaeyoung မျက်လုံးခဏမှိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်တော့ တစ်ခြားနေရာကို ရောက်သွားသည်
သူမရဲ့ အထက်တန်းကျောင်းကို ရောက်နေမှန်း Chaeyoung သတိထားမိသွားတယ်
ပြီးတော့ သူမကိုယ်သူမ ကျောင်းဝတ်စုံဝတ်ထားမှန်းလည်း Chaeyoung သတိထားမိသွားတယ်
ကျောင်းထဲလျှောက်ပတ်ကြည့်တုံး ကောင်မလေး လေးယောက် ရောက်လာပြီး Chaeyoungကို တွန်းလိုက်သည်
"အာ့...."
Chaeyoung လဲကျသွားတော့ ကောင်မလေးတွေမှာ Chaeyoungကို လက်ညိုးထိုးပြီး လှောင်ကြသည်
"မိဘမရှိတဲ့ သနားစရာမိဘမဲ့လေးဟေ့.... ကရော်ကရော် "
"နင်တို့ ငါ့ကို တစ်ယောက်တည်း ပေးနေလို့မရဘူးလား "
ထိုကောင်မလေးလေးယောက်မှာ အမြဲတမ်း Chaeyoungကို မိဘမဲ့ဆိုပြီး ဝိုင်းအနိုင်ကျင့်ကြသူတွေ ဖြစ်သည်
"အောင်မာ မိဘမဲ့ကများ "
ကောင်မလေးတစ်ယောက်က ပြောပြီး Chaeyoungရဲ့ လည်ပင်းကို တက်နင်းမယ်လုပ်တော့ Chaeyoung မျက်လုံးမှိတ်လိုက်သည်
Chaeyoung မျက်လုံးပြန်ဖွင့်လိုက်တော့ အဖြူရောင်ဆေးတွေသုတ်ထားပြီး ဘာမှမရှိတဲ့ ဗလာအခန်းထဲရောက်နေမှန်း သိလိုက်ရသည်
"သမီးလေး Chaeyoung "
Chaeyoungမှာ သူမ အမေရဲ့ အသံကြောင့် အရမ်းပျော်သွားတယ်
Chaeyoung အနောက်ကို လှည့်ကြည့်တော့ သူမကို ပြုံးပြီးကြည့်နေတဲ့ သူမအမေကို တွေ့လိုက်ရသည်
"O. ..omar. ..."
Chaeyoung ပျော်ပြီး သူမအမေကို ပြေးဖက်လေသည်
"Omarရဲ့ သမီးလေးတောင် လူကြီးဖြစ်လာ အရွယ်ရောက်လာပြီဘဲ "
"Omar. .Omarကို ပြန်တွေ့ရမယ်လို့ Chae မထင်ထားဘူး "
Chaeyoungမှာ ကလေးတစ်ယောက်လို ငိုတော့ သူမ အမေမှာ Chaeyoungကို မျက်ရည်တွေသုတ်ပေးလေသည်
"မငိုပါနဲ့ ကလေးရယ် '
"Ommaကို ပြန်တွေ့ရတာ အိမ်မက်မက်နေရသလိုဘဲ Chae ဘာဖြစ်နေတာလည်း မသိဘူး မျက်လုံးမှိတ်လိုက်တိုင်း နေရာတစ်ခုပြီးတစ်ခုပြောင်းနေတာ Chaeက ကားပေါ်မှာရှိ..... "
Chaeyoung တစ်ခုခုကို သတိရသွားပြီး
"Omar Chae သေ သေ သွားတာလားဟင် "
Chaeyoung အလန့်တကြားမေးတော့ သူမ အမေမှာ ပြုံးပြီး ခေါင်းခါပြသည်
"မဟုတ်ပါဘူး သမီး အိမ်မက်မက်နေတာပါ သမီး မသေသေးပါဘူး "
သူမ အမေရဲ့ စကားကြောင့် Chaeyoung စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်
"နားထောင် Chae. ...သမီး တိုက်ခိုက်ရမယ် "
"Omar ဘာပြောချင်တာလည်း Chae နားမလည်ဘူး "
"Lisaက အခုလိုမဖြစ်စေချင်တာ သမီးသိပါတယ် "
သူမ အမေရဲ့ စကားကြောင့် သူမနဲ့ Lisa စကားများရင်း သစ်ပင်ကိုဝင်တိုက်မိတာကို Chaeyoung သတိရသွားတယ်
"Lisaက သမီးကို တကယ်ချစ်တာပါ သူ့စိတ်သူမထိန်းနိုင်လို့ သမီးကို ကာကွယ်ပေးချင်လွန်းပြီး အခုလိုဖြစ်သွားတာ သမီးကဘဲ သူ့ကိုမမုန်းဘဲ ခွင့်လွှတ်ပေးလိုက်ပါ....သမီးတို့ တစ်ယောက်အပေါ်တစ်ယောက် ပေးထားတဲ့ ကတိတွေကို တည်ပြီး Omarတို့အတွက် ချစ်စရာကောင်းတဲဲ့ မြေးလေး မွေးပေးပါ "
Chaeyoung ခေါင်းညိတ်ပြီး သူမအမေကို ဖက်လိုက်သည်
#Tbc
#Zawgyi
"Shitttt "
"ဘာ ဘာဖြစ်တာလည်း Lisa "
"ဘာဖြစ်လာကြတာလည်း "
သွေးတွေစိုရွဲပြီး အသက်မဲ့စွာ ကုတင်ပေါ်က Chaeyoungကို ကြည့်ပြီး Nam မေးလိုက်သည်
"သူ ကိုယ်ဝန်ရှိနေတာဘဲ "
"Nam... ဘာဖြစ်လို့လည်း "
"မကောင်းတဲ့ သူ... မင်း ...."
"ငါ ငါ...."
"Bambam တော်တော့ "
"O. ..Omar.... "
"Aunty. .."
"အာ့...."
"အောင်မာ မိဘမဲ့ကများ "
"သမီးလေး Chaeyoung "
"O. ..omar. ..."
"မငိုပါနဲ့ ကလေးရယ် '
"Lisaက သမီးကို တကယ်ချစ်တာပါ သူ့စိတ်သူမထိန်းနိုင်လို့ သမီးကို ကာကွယ်ပေးချင်လွန်းပြီး အခုလိုဖြစ်သွားတာ သမီးကဘဲ သူ့ကိုမမုန်းဘဲ ခွင့်လွှတ်ပေးလိုက်ပါ....သမီးတို့ တစ်ယောက်အပေါ်တစ်ယောက် ပေးထားတဲ့ ကတိတွေကို တည်ပြီး Omarတို့အတွက် ချစ်စရာကောင်းတဲ့ မြေးလေး မွေးပေးပါ "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co