Truyen3h.Co

Vampire's Mate Rosie

Part 24

KimFany059

#Unicode

မတော်တဆမှုဖြစ်ခဲ့တာ တစ်ပတ်ကျော်နေပြီ.....Chaeyoungက အခုထိ သတိမရသေးပေ

ကောင်လေးတွေမှာ Chaeyoungကို တစ်နေ့နေ့တစ်ချိန်ချိန် သတိရမှာဘဲဆိုပြီး အမြဲ ဂရုတစိုက်လာကြည့်ပေးသည် ....သို့သော်လည်း Lisaကိုတော့ Chaeyoungနဲ့ အတွေ့မခံပါ

Lisa. ..သူမကလည်း စိတ်တွေလေလွင့်ပြီး လမ်းပျောက်နေတဲ့ လူတစ်ယောက်လို ဖြစ်နေတယ်

Louisတို့က Chaeyoungနဲ့ တွေ့ခွင့်မပေးတိုင်း Lisaမှာ စိတ်တိုပြီး လူတွေကို သွေးစုပ်သောက်သုံးကာ သတ်ပစ်သည်

Nam... .သူတို့တွေက Chaeyoungရဲ့ အခြေအနေ သူ့ကလေးရဲ့ အခြေအနေကို ဘယ်သူမှ ဘာမှမပြောဘဲ Lisa လာလျှင်ကို နှင်လွှတ်သောကြောင့် Lisa စိတ်တိုနေသည်

Chaeyoungကို တစ်ပတ်ကျော်လောက်မတွေ့ရခြင်းက Lisaကို သေအောင်သတ်နေသလိုပင်....

Lisa ဒါကြောင့် Namတို့ မသိအောင် Medical Roomထဲသို့ ခိုးဝင်ဖို့ ဆုံးဖြတ်လေသည်

Namတို့ Medical Roomက ထွက်လာစဥ်မှာ Lisa အပြင်ထွက်ပြီး အမဲလိုက်ဟန်ဆောင်သည်...

Namတို့က Lisa အပြင်သွားတယ်ထင်ပြီး သူတို့အခန်းထဲ သူတို့ ပြန်ဝင်သွားတဲ့အခါမှ Lisa စံအိမ်အနောက်ဘက်ကို သွားကာ ဖွင့်ထားတဲ့ သူမအခန်း ပြတင်းပေါက်ထဲ ခုန်ဝင်ပြီး medical Room ဘက်ကို သွားလေသည်

Medical Roomတွင် အစောင့်တွေရှိပေမယ့်  Lisa ကို ကြောက်လို့ အသာတကြည်ဝင်ခိုင်းကြသည်

Lisa medical roomထဲ ဝင်ပြီး တစ်ခြားသူတွေ ဝင်လာလို့ မရအောင် လော့ချလိုက်သည်

ထို့နောက် Chaeyoungရှိတဲ့နေရာကို သွားလေသည်

ပိုက်ကြိုးတွေနဲ့ သွယ်ဆက်ထားပြီး ကုတင်ပေါ် လှဲနေတဲ့ သတိမရသေးတဲ့ Chaeyoungကို တွေ့တော့ Lisa အရမ်းပျော်သွားတယ်

Chaeyoungကို မတွေ့ရတာ တစ်ပတ်ကျော်ပြီလေ.....ဒါပေမယ့် Chaeyoungရဲ့ လှပတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ ကြည့်ပြီး Lisa စိတ်မကောင်း ဖြစ်သွားသည်

"Chae. ..ကိုယ်တောင်းပန်ပါတယ်.... "

Chaeyoungရဲ့ လက်ကို ကိုင်ပြီး Lisa တောင်းပန်စကားပြောလိုက်သည်

"Chae ကိုယ်လေ တကယ်တောင်းပန်ပါတယ် ....ကိုယ် ဘာဆက်လုပ်ရမလည်း မသိတော့ဘူး...ကိုယ် မင်းကို လိုအပ်တယ်..ကိုယ့်မှာ မင်းဘဲ ရှိတယ်....မင်းကို အခုလို တွေ့ရတာ အဆင်မပြေဘူးကွာ ကျေးဇူးပြကျေးဇူးပြုပြီး သတိရလာပါတော့ ....."

သတိမေ့နေတဲ့ Chaeyoungရဲ့ လက်ကို ကိုင်ပြီး Lisa တောင်းပန်စကားပြောရင်း Chaeyoung ကို Vampire အသွင်ပြောင်းလိုက်ရမလား Lisa တွေးနေသည်

သို့သော် ယခုအခြေအနေအရ Chaeyoung မှာလည်း နှလုံးရောဂါ ရှိနေတော့ နာကျင်မှု ဒဏ်ကို မခံနိုင်ဘဲ သေသွားမှာလည်း Lisa စိုးရိမ်မိသည်

Lisa ဘာလုပ်လို့လုပ်ရမှန်းမသိ.... Chaeyoungရဲ့ လက်ကိုသာ ကိုင်ရင်း သတိရလာဖို့သာ စကားတွေပြောရင်း ငိုနေမိသည်

Lisa ငိုရင်း Chaeyoungရဲ့ ဝမ်းဗိုက်ကို လက်ဖြင့် ကိုင်ကြည့်လိုက်သည်

အထဲက ကလေးလေးရဲ့ လှုပ်ရှားမှုကို Lisa သတိထားမိ ခံစားမိတော့ ငိုရာကနေ ပြုံးသွားသည်

"Lisa. ...."

Lisaမှာ ငိုနေရင်း Chaeyoungရဲ့ အသံကြောင့် အရမ်းပျော်သွားတယ်

"Chae. ...Chae သတိရလာပြီလား "

"Lisa ဘယ်မှာလည်း Chae မမြင်ရဘူး "

Chaeyoung မှာ တစ်ပတ်ကျော်လောက် မျက်လုံး မှိတ်ထားရတော့ ခေတ္တခဏ အမြင်တွေ ဝေဝါးနေသည်

"ကိုယ် ဒီမှာ Chae. ..."

Chaeyoung မျက်လုံးတစ်ခါ ထပ်မှိတ်ပြီး ပြန်ဖွင့်တဲ့အခါမှ Lisaကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်

"Lisa. ..."

"ကိုယ် ဒီမှာ အချစ်လေး ကိုယ် ဒီမှာ...."

Chaeyoung မှာ Lisaကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရရော ပျော်ပြီး ငိုလေသည်

"Hey hey ဘာလို့ငိုတာလည်း Chae ရ "

"Lisaကို အရမ်းလွမ်းနေလို့ "

"ကိုယ်လည်း မင်းကို အရမ်းလွမ်းနေတာ.....ကိုယ်တောင်းပန်ပါတယ် အားလုံး ကိုယ့်အမှားပါ....မင်း ဒီမှာ ဒီလို ရှိနေရတာတွေက ကိုယ့်ကြောင့်ပါ Chae "

"အဲ့လိုမပြောပါနဲ့ Lisaရယ်...Chaeကို ဆုံးရှုံးရမှာကို ကြောက်လို့ ခုလိုဖြစ်တာ Chae နားလည်ပါတယ် "

Lisaမှာ သူမကို နားလည်ပေးတဲ့ Chaeyoung ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

"ကိုယ့်ကို ခွင့်လွှတ်ပေးပါ Chae "

Chaeyoung ခေါင်းညိတ်ပြပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသည်

"ကလေးရော...Chaeတို့ရဲ့ ကလေးရော..."

"ကလေးလေးက ဘာမှမဖြစ်ဘူး Chae. .."

"ဘယ်လိုသိတာလည်း "

"ကိုယ် ခုန Chaeရဲ့ ဗိုက်ကို ကိုင်ကြည့်တော့ လှုပ်ရှားမှုလေး သတိထားမိတာ "

"Chae ထင်ခဲ့တာကလေ....Lisa က ဒီကလေးကို မလိုချင်လောက်ဘူး ထင်ခဲ့တာ.....လုပ်စရာအလုပ်တွေ ကြားက ကလေးက Lisaအတွက် အရှုပ်တစ်ခုလို ဖြစ်မှာ စိတ်ပူခဲ့တာ "

"မဖြစ်ပါဘူး Chaeရ ဒီကလေးလေးက ကိုယ့်အတွက် အားဆေးတစ်ခုပါ ကိုယ်ကသာ....လူတစ်ဝက် vampireတစ်ဝက် ရောထားတဲ့ ဒီကလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ Chaeလေး ပင်ပန်းမှာကိုသာ စိတ်ပူနေတာ "

"Lisa သူ့ဆီကနေ ဖယ်စမ်း "

Medical Roomထဲ ဝင်လာတဲ့ Bambamတို့ အသံကြောင့် Chaeyoungတို့ လန့်သွားတယ်

"Hey hey man စိတ်လျော့ပါ သူ ငါ့ကို ခွင့်လွှတ်ပေးလိုက်ပြီ "

"ကျစ်....မင်း  ဘာလုပ်လုပ် Park Chaeyoungက ခွင့်လွှတ်ပေးနေအုံးမှာဘဲ "

Mino ပြောတော့ Lisa ပြုံးလိုက်သည်

"Lisa. ..Mino မင်းတို့ အားလုံး အပြင်ခဏထွက်ပေးပါလား Chaeyoung သတိရလာပြီဆိုတော့ သူနဲ့ငါ နှစ်ယောက်တည်း ပြောစရာရှိလို့ "

"ဘာပြောမလို့လည်း "

"ကိုယ်ဝန်ဆောင်သည်နဲ့ ပတ်သက်ပြီး ဆောင်ရရှောင်ရမယ့် အရာတွေနေမှာပေါ့ လာပါ Noonaရာ.... Namလည်း Chaeyoung Noonaကို စမ်းသပ်စရာတွေ ရှိသေးတယ် လွှတ်ထားလိုက်ပါ ဘာမှမဖြစ်ပါဘူး "

Louisမှာ medical roomထဲက မထွက်ချင်တဲ့ သူ့ အမကို ဆွဲခေါ်လာသည်

Medical roomထဲတွင် Chaeyoung အခြေအနေကို Nam စမ်းသပ်ပြီးနောက် Nam သက်ပြင်းချပြီး Chaeyoung ဘေးနား ဝင်ထိုင်လိုက်သည်

"ပြောစရာရှိလို့ဆို...ဘာများလည်း Nam. ..."

"သေချာနားထောင်နော် Chaeyoung ....အရင်အပတ်က မတော်တဆမှုမှာ ငါတို့ မင်းရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ခဲ့တယ် ....နှလုံးနဲ့ ဦးနှောက် ဆက်သွယ်နေတဲ့ သွေးကြောတစ်ခုကို ငါတို့ မဖြစ်မနေ ဖျက်လိုက်ရတယ်.......မင်းအသက်ရှင်မလားတောင် ငါတို့ စိတ်ပူနေခဲ့ပေမယ့် တော်သေးတယ် မင်း သတိပြန်ရလာလို့...."

Namရဲ့ စကားကြောင့် Chaeyoung ရှောခ့်ရသွားတယ်

"Chaeyoung. ..မင်းရဲ့ နှလုံးက တော်တော်လေး အားနည်းနေတာနော်...တစ်ခုခု ကြီးကြီးမားမားဖြစ်ရင် မင်း နှလုံးရှောခ့်ရပြီး ချက်ချင်း သေမှာ....ပြီးတော့.. မင်းရဲ့ ကလေး..."

"ကလေး ကလေးက ဘာဖြစ်လို့လည်း Nam "

Chaeyoung စိတ်ပူပြီး မေးလိုက်သည်

"ကလေးက Vampire တစ်ဝက် စပ်ထားတော့ တော်တော် အင်အားရှိတယ် သူ့ကိုမွေးရမှာ မင်းလိုနှလုံးရောဂါသည်အတွက် အဆင်မပြေဘူး......"

Chaeyoungမှာ Namရဲ့ စကားကြောင့် လန့်သွားတယ်

"ဒါဆို...Chae. ..Chae ဘာလုပ်ရမလည်းဟင် "

Nam သက်ပြင်းချပြီး Chaeyoungကို ကြည့်လိုက်သည်

#Tbc

#Zawgyi























"Lisa. ...."





"ကိုယ် ဒီမှာ Chae. ..."


"Lisa. ..."












"ဘယ်လိုသိတာလည်း "




"Lisa သူ့ဆီကနေ ဖယ်စမ်း "






"ဘာပြောမလို့လည်း "














#Tbc

Bạn đang đọc truyện trên: Truyen3h.Co