Part 26
#unicode
"Lisa. ...."'
စံအိမ်ရှေ့တွင် Chaeyoung တစ်ယောက် Lisa ကို ဖက်ထားရာမှ မခွာသေးပေ
"ရော် ကလေးကျနေတာဘဲ Chaeလေးကတော့ ကိုယ် Mission ရှိလို့ သွားတာပါ တစ်ရက်ကျော်ဘဲ ကြာမှာ ပြီးရင် ချက်ချင်း ပြန်လာမှာပါ "
Chaeyoung ရဲ့ နဖူးလေးကို နမ်းပြီး Lisa ပြောလိုက်သည်
"ချက်ချင်း ပြန်လာနော် Chaeနဲ့ Chaeတို့ babyလေးက Lisaကို စောင့်နေမှာမို့ ဘာထိခိုက်ဒဏ်ရာမှ မရဘဲ ပြန်လာခဲ့ပါနော် "
"ကိုယ် ဘာထိခိုက်ဒဏ်ရာမှ မရစေရဘူးလို့ ကတိပေးပါတယ် "
Chaeyoung ရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး Lisa ကတိပေးလိုက်သည်
Chaeyoungမှာ ငိုချင်စိတ်ကို ထိန်းပြီး Lisaကို နမ်းလိုက်သည်
"ကိုယ် ဒီမှာ မရှိတဲ့အချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်နေနော် Chae ...တစ်ခုခုဖြစ်တဲ့အခါ Juliaကို ပြော ဒါမှမဟုတ် ကိုယ့်ဆီ ဖုန်းဆက်လိုက် ချက်ချင်း ပြေးလာခဲ့မယ် "
"အင်းပါ....Lisaလည်း ဂရုစိုက်နော် "
"ချစ်တယ် Chae. .."
Chaeyoung ရဲ့ လက်ကလေးကို နမ်းပြီး Lisa နှုတ်ဆက်ကာ သူမကို စောင့်နေတဲ့ Jisooတို့ ကားပေါ်ကို တက်လိုက်သည်
ကားပေါ်ကနေ Chaeyoung ကို လက်ပြနှုတ်ဆက်ရင်း Minoကတော့ Mr. Manobanရှိတဲ့ ရဲတိုက်ကို မောင်းသွားလေသည်
Juliaမှာ Chaeyoung ပခုံးလေးကို ကိုင်ပြီး Julia နှစ်သိမ့်လိုက်သည်
"အထဲဝင်ရအောင်နော် Chaeyoung အပြင်မှာအေးတယ် ဖျားလိမ့်မယ်.....Lisaတို့က mission ပြီးတာနဲ့ ချက်ချင်းပြန်လာမှာပါ Lisaက Vampireတွေထဲ အတော်ဆုံးဖြစ်သလို သူ့ဘေးမှာလည်း သူ့အကိုတွေအပြင် နယူးဇီလန်က Vampire Queenတွေလည်း ပါသွားတာဘဲ ဘာမှမထိခိုက်ဘဲ ပြန်လာမှာပါ....."
Chaeyoungလည်း ခေါင်းညိတ်ပြီး Juliaနဲ့အတူ စံအိမ်ထဲ ဝင်လိုက်လေသည်
Mr. Manobanရဲ့ ရဲတိုက်ရှေ့တွင် Lisaတို့ အဖွဲ့နဲ့ သူ့အဖေတို့ အဖွဲ့က Vampireတွေ တိုက်ခိုက်နေကြသည်
Jennieနဲ့ Jisooကတော့ ဘေးက ရပ်ကြည့်နေစဥ်
တစ်ဖက်က Vampire တွေမှာ Jensooတို့က ကြောက်လို့ထင်ပြီး အထင်မြင်သေးစွာ သွားချသောအခါ Jisooမှာ ဝှားသမ်းပြီး လက်တစ်ဖက်တည်းနဲ့ Vampire တွေကို ချလေသည်
Jennieကတော့ သူ့မိန်းမချတာကြည့်ပြီး လက်ခုပ်တီးကာ အားပေးနေသည်
"ငါ အထဲဝင်သွားတော့မယ် မင်းတို့ချနှင့် "
"နေအုံး Lisa "
Minoတို့က တားပေမယ့် Lisa က ရဲတိုက်ထဲ ဇွတ်ဝင်သွားသည်
သူမ ငယ်ငယ်က နေလာခဲ့ဖူးတဲ့ ရဲတိုက်မို့ ဘယ်နေရာမှာ ဘာတွေရှိတယ်ဆိုတာ Lisaသိသည်....
ထို့ကြောင့် သူမ အဖေ ရုံးခန်းရှိရာကို ချက်ချင်း သွားလေသည်
သို့သော်လည်း ရုံးခန်းရှေ့မှာ စောင့်နေတဲ့ Vampire ငါးကောင်က Lisaကိုလည်း တွေ့ရော ပြေးလာပြီး ချလေသည်
"Hey. ..."
Bambamရောက်လာပြီး Lisaနဲ့အတူ ထို Vampire ငါးကောင်ကို ချလေသည်
Vampire တွေလည်း ခေါင်းတွေပြတ်သွားရော Lisaမှာ ရုံးခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်လေသည်
"Warmly Welcome Lisa Manoban "
"မတွေ့ရတာ ကြာပြီနော်..."
"ဟားဟား ငါ့ရုံးခန်းထဲကို သတ္တိရှိရှိ ဝင်လာရဲတယ်ပေါ့ .....အသက်မပါဘဲ ပြန်ထွက်သွားရတော့မှာဘဲ....အင်း....ငါ့မြေးလေးတော့ သူ့ အဖေ...အဖေလိုပြောရမလား ဘယ်လိုပြောရမလည်း...ထားပါတော့ သူတော့ မင်းကို တွေ့နိုင်တော့မယ် မထင်ဘူး"
"အဟက် အဓိပ်ပါယျ မရှိတာတွေ မပြောပါနဲ့ "
Lisa ပြောပြီး Mr. Manobanကို ခုန်ကန်လိုက်သည်...
Lisaဆီက မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုကြောင့် Mr. Manoban လဲကျသွားသည်
"အဟေးဟေး အရင်ကထက်တောင် တိုးတက်လာပါလား "
Mr. Manoban ထလာပြီး Lisaရဲ့ ဆံပင်ကို ဆောင့်ဆွဲလိုက်သည်
Lisaလည်း သူ့ခေါင်းနဲ့ Mr. Manobanရဲ့ ခေါင်းကို တိုက်ပေမယ့် Mr. Manobanမှာ ရှောင်ပြီး Lisaရဲ့ ခေါင်းကို ပိတ်ရိုက်လေသည်
Lisaမှာ Mr. Manobanရဲ့ ရိုက်ချက်ကြောင့် လဲကျသွားတော့ Mr. Manobanမှာ Lisaရဲ့ ခေါင်းကို ပြေးကန်လေသည်
"Lisa. ..."
Lisa သူ့နာမည်ခေါ်သံကြားလို့ တံခါးပေါက်ကို ကြည့်တော့ Namက သူ့ကို ဆေးပုလင်းပစ်ပေးလေသည်
ထိုဆေးပုလင်းက Mr. Manobanကို သတ်ဖို့ Lisaရဲ့ နောက်ဆုံး လက်နက်ဘဲလေ.....
Lisa ဒီတိုင်း ချရင် မနိုင်တော့တာသိလို့ Nam ဆေးပုလင်းလေး လှမ်းပစ်ခြင်း ဖြစ်သည်
Lisaမှာ လဲကျနေရာက အမြန်ထပြီး Nam ပစ်ပေးတဲ့ ပုလင်းကို လှမ်းဖမ်းကာ ဖွင့်သောက်လေသည်
"ငါ့ကို တိုက်ခိုက်နိုင်မယ် မထင်နဲ့ ကောင်မ....နင် ဘာဆေးသောက်သောက် ငါ့ကို နိုင်မှာ မဟုတ်ဘူး ဟားဟား ..."
Mr. Manoban ရယ်လိုက်ပေမယ့် Lisaရဲ့ မျက်လုံးက အနီရောင်ကနေ အပြာရောင်အဖြစ် ပြောင်းသွားလို့ Mr. Manobanမှာ အံ့သြသွားတယ်
"ခင်ဗျား သေနေ့စေ့ပြီ "
Lisa အော်လိုက်ပြီး Mr. Manobanကို ပြေးချလေသည်
Mr. Manobanမှာ ရုတ်တရက် အရူးတစ်ယောက်လို အားပြင်းစွာချနေတဲ့ Lisa တိုက်ခိုက်မှုကို ခုခံကာကွယ်နေသည်
သို့သော် Lisaရဲ့ ရှည်လျားတဲ့ အပြာရောင် လက်သည်းဟာ Mr. Mabobanရဲ့ လည်ပင်းကို ဖြတ်လိုက်လေသည်
ပြတ်လုနီးပါးဖြစ်နေတဲ့ Mr. Manobanရဲ့ ခေါင်းကို Lisa ဆွဲဖြုတ်လိုက်သည်
"Finally....... အမေ့ကို သတ်ခဲ့တဲ့ ခင်ဗျားကို လက်စားချေခွင့်ရပြီ "
Lisa မှာ Mr. Manobanရဲ့ ခေါင်းပြတ်ကို ကိုင်ရင်း အော်ပြီး သတိလစ်သွားလေသည်
*************
"သုံးရက်ရှိပြီ Julia. ..Mission ပြီးပြီလို့ Louisက အကြောင်းကြာပေမယ့် Lisa တို့ ဘာလို့ အခုထိ မလာသေးတာလည်း.... "
ပြတင်းပေါက်အပြင်ဘက်ကို Chaeyoung ငေးကြည့်ရင်း Julia ကို မေးလိုက်သည်
"ကြည့်ရတာ Jisooတို့ကို ဆိုးလ်မြို့အနှံ့လိုက်ပြနေတာ ဖြစ်မယ်.... စိတ်မပူပါနဲ့ Chaeyoungက Louisက ဘယ်သူမှ ဘာမှမဖြစ်ဘူးလို့ ပြောတယ်လေ...."
"Louisကဘဲ ပြောတာလေ Lisaက အခုထိ ငါ့ကို ဆက်သွယ်ဖို့ မပြောနဲ.....ဖုန်းတောင်မဆက်..စာတစ်စောင်တောင် မပို့ဘူး "
"သူ့ဖုန်းတစ်ခုခုဖြစ်လို့နေမှာပါ ...Namတို့ပါ အကုန်ပါသွားတာဘဲလေ ဘာမှမဖြစ်လောက်ပါဘူး... "
Chaeyoung သက်ပြင်းချပြီး သူမဗိုက်ကလေးကို ပွတ်လိုက်သည်
"ကလေးလေးရေ.....Lisa Mommy ဘာမှမဖြစ်ဘဲ ပြန်လာပါစေလို့ ကူဆုတောင်းပေးပါအုံး "
**************
"အား...."
Lisa အော်သံကြောင့် Namတို့ ထိုင်ရာက အမြန်ထလိုက်ကြသည် .....နောက်ဆုံးတော့ Lisa သတိရလာပြီလေ....Lisa သတိလစ်နေခဲ့တာ လေးရက်ရှိပြီ
Lisa သတိရလာတော့ သူမကို တိုင်မှာ သံကြိုးတွေနဲ့ ချည်ထားတာကို တွေ့ရလေသည်
"Sorry Lisa. ..အားလုံးရဲ့ လုံခြုံရေး အရ အခုလို မင်းကို သံကြိုးနဲ့ ချည်ထားတာပါ "
Lisa မျက်လုံးဖွင့်လိုက်တော့ သူမ မျက်လုံး အပြာရောင်ဖြစ်ပြီး မပြောင်းလဲသေးတာကို Nam တွေ့လိုက်ရသည်
"ဟာ...မျက်လုံးက အရောင်မပြောင်းသေးဘူး "
Namမှာ သူ့အိတ်ထဲက ဖြေဆေး ဆေးထိုးအပ်ကို ယူပြီး Lisa လက်မောင်းကို ထိုးလိုက်သည်
"ဘာလုပ်တာလည်း...."
Lisa အော်ပေမယ့် သူ့မျက်လုံးက Louis ဆီမှာဘဲ..... Louisကို ကြည့်ရင်း Lisa အစွယ်တွေထွက်လာပြီး လက်သည်းတွေပါ ရှည်လာသည်
"Nam Hyung. ..Noona. ..Noona က ကျွန်တော့်ကိုဘဲ ကြည့်နေတယ် "
"သူ စိတ်ရိုင်းဝင်နေတာ ဆေးအာနိသင်က သွေးသားကိုတောင် သတ်နိုင်တော့ Louis. ..မင်း အပြင်ခဏထွက်နေပါလား မဟုတ်ရင်......"
Nam ပြောတော့ Louis ကြောက်ကြောက်လန့်လန့်နဲ့ အခန်းအပြင်ဘက်ကို ထွက်သွားသည်
"သူ့ကို အခုလို ကြိုးတုပ်ပြီး ဒီမှာထားထားတာ မှန်သွားတာဘဲ မဟုတ်ရင် Chaeyoung အတွက်ပါ စိတ်ပူရတယ်...."
Bambam သက်ပြင်းချပြီး ပြောလိုက်သည်
Namကတော့ သူ့အိတ်ထဲကဆေးတွေထုတ်ကာ ဖော်စပ်နေသည်
After one week later
Lisa မူလအတိုင်း ပြန်မဖြစ်သေးလို့ သူ့အဖေစံအိမ်မှာဘဲ ကြိုးတုပ်ကာ ဖမ်းထားရသည်
Jensoo နဲ့ Minoက တောထဲ အမဲလိုက်ရင်း Lisaအတွက် တိရစ္ဆာန် သွေးတွေ ယူလာကာ တိုက်ပေးသည်
Namကလည်း သူဖော်စပ်ထားတဲ့ ဆေးတွေ Lisa ခန္ဓာကိုယ်ထဲ ထိုးသွင်းပေးရင်း ပြန်ကောင်းလာဖို့ မျှော်လင့်နေသည်
Jensooတို့နဲ့အတူ Namတို့ Lisaအတွက် meetingလုပ်ပြီးနောက် Lisaရှိရာ ရုံးခန်းတံခါးဖွင့်လိုက်သောအခါ Lisaကို မတွေ့ရဘဲ သံကြိုးအပိုင်းစတွေနဲ့ နံရံပေါက်ကြီး တစ်ခုကိုသာ တွေ့ရသည်
"သေပြီ Lisa လွတ်သွားပြီ... "
Jisoo လန့်ပြီး အော်လိုက်မိသည်
"သူ့ကို လိုက်ရှာမှဖြစ်မယ် "
"ဘယ်သွားရှာရမှာလည်း "
Bambamတို့ ပြာယာခတ်နေစဥ် Jennieမှာ တစ်ခုခုကို တွေးမိသွားသည်
"တစ်လောက သူ Louisကို သတ်ချင်တဲ့အကြည့်နဲ့ ကြည့်နေခဲ့တာ မဟုတ်လား "
"ဟုတ်တယ် Jennie Noona "
Louisက ဝင်ထောက်ခံလိုက်သည်
"အခု သူဖြစ်နေတာက သူ့သွေးသားအရင်းကို သတ်ချင်နေတာဆိုတော့....."
"Park Chaeyoung!! '
Jennie စကားကြောင့် Namတို့ Chaeyoungကို သတိရပြီး ပြိုင်တူအော်လိုက်ကြသည်
#TBC
မကြာခင် ဇာတ်သိမ်းတော့မယ်နော် 👀👐 ဒီ Ficလေး ဇာတ်သိမ်းမှ Unknown girlဆိုတဲ့ Chaelisa fic အသစ်လေးတင်ပေးပါမယ် xD
#Zawgyi
"Lisa. ...."'
"ချစ်တယ် Chae. .."
"နေအုံး Lisa "
"Hey. ..."
"မတွေ့ရတာ ကြာပြီနော်..."
"Lisa. ..."
"ခင်ဗျား သေနေ့စေ့ပြီ "
*************
**************
"အား...."
"ဘာလုပ်တာလည်း...."
After one week later
Jensoo နဲ့ Minoက တောထဲ အမဲလိုက်ရင်း Lisaအတွက် တိရစ်ဆာန် သွေးတွေ ယူလာကာ တိုက်ပေးသည်
"ဘယ်သွားရှာရမှာလည်း "
"ဟုတ်တယ် Jennie Noona "
"Park Chaeyoung!! '
#TBC
Bạn đang đọc truyện trên: Truyen3h.Co