Part 27
#Unicode
"သေချာတယ် Chaeyoungဆီ သွားတာဖြစ်မယ် Louis က ငါတို့ဆီမှာဆိုတော့ ...Chaeyoung ကဘဲ သူ့သွေးသားကို လွယ်ထားရတာလေ အမြန် လိုက်သွားမှ ဖြစ်မယ် "
Bambamတို့မှာ ကားစက်နှိုးပြီး Chaeyoungရှိရာ စံအိမ်ကို အမြန်မောင်းသွားလေသည်
Chaeyoungမှာတော့ ထမင်းစားခန်းထဲ Juliaနဲ့အတူ မုန့်စားနေသည်
"အဒေါ်ကြီး...အဒေါ်ကြီးက Vampireတွေနဲ့ အတူနေရတာကို သိလားဟင် ..."
Juliaရဲ့ မေးခွန်းကြောင့် အဒေါ်ကြီး ဖြေမယ့် အဖြေကို Chaeyoung နားစွင့်နားထောင်လိုက်သည်
ဘာလို့လည်းဆိုတော့ ဒီက အိမ်ဖော်တွေနဲ့ အစောင့်တစ်ချို့က Lisaတို့ကို Mafia ဂိုဏ်းက လူတွေလို့ဘဲ သိကြလို့လေ
"အင်း သိတာပေါ့ ကျွန်မရဲ့ အကြောင်း ပြောပြမယ်လေ နားထောင်မလား "
အဒေါ်ကြီးကမေးတော့ Chaeyoung တို့ ခေါင်းညိတ်ပြသည်
"သိပါတယ်.....ကျွန်မကို Miss Lisaရဲ့ အမေက အကူအဖြစ်ငှားထားပြီး ဒီစံအိမ်မှာ ကျွန်မကို အစောင့်အဖြစ်ထားခဲ့ပါတယ်...တစ်နေ့ကျ သူ အသက်အန္တရာယ် ရှိနေပြီမို့ Miss Lisaကို စောင့်ရှောက်ပေးဖို့ ကျွန်မ လက်ထဲ Miss Lisaကို အပ်ခဲ့ပါတယ်.....Miss Lisaရဲ့ အမေ ဆုံးသွားတော့ Miss. Lisaက သူ့မောင်လေးရယ် သူ့သူငယ်ချင်းတွေနဲ့အတူ ဒီအိမ်ပြောင်းလာပြီး သူတို့က သွေးစုပ်ဖုတ်ကောင်တွေပါလို့ သတိပေးခဲ့တယ်လေ "
"အဒေါ်ကြီးက သူ သွေးစုပ်ဖုတ်ကောင်ဆိုတာ သိရက်နဲ့ ထွက်မပြေးခဲ့ဘူးနော် မကြောက်ဘူးလား "
"သူ့အမေက ကျွန်မလက်ထဲ အပ်ခဲ့တော့ ကျွန်မ နောက်ဆုံးအချိန်ထိ ဒီအိမ်မှာ နေသွားမှာပါ "
Chaeyoung တို့လည်း အဒေါ်ကြီး ပြောတဲ့စကား ကို ခေါင်းတစ်ညိတ်ညိတ်နဲ့ နားထောင်နေသည်
စားသောက်ပြီးနောက် Chaeyoung က လမ်းလျှောက်ချင်တယ်ဆိုလို့ စံအိမ်အပြင်ဘက်သို့ Julia တစ်ယောက် လိုက်ပို့ပေးလေသည်
"ဗိုက်က တော်တော်လေး ပူလာတယ်နော် Chaeyoung. ..."
"အင်း ဟုတ်ပါ့နော်....."
Chaeyoung ပြောပြီး မျက်နှာပျက်သွားတာကို Julia သတိထားမိသည်
"Chaeyoung ဘာဖြစ်လို့လည်း "
"Lisaကို သတိရလို့ပါ Juliaရယ် Chaeကို သူ တစ်ခါမှ မဆက်သွယ်ဘူးဟာ "
"Aww Chaeyoungရယ် ဝမ်းနည်းမနေပါနဲ့...သူတို့က ဘယ်အချိန်မဆို ပြန်လာမှာပါ စိတ်ရှည်ရှည်နဲ့ စောင့်လေနော်..."
"Juliaရော Louisကို သတိမရဘူးလား မလွမ်းဘူးလား "
"သတိရတာပေါ့ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်ဆိုတာ ငါသိတယ်လေ Chaeyoungရ "
"ဒါဆို Chaeက ဘာလို့ စောင့်လို့မရတာလည်း စိတ်မရှည်နေတာလည်း "
"May Be Chaeyoungက ကိုယ်ဝန်နဲ့မို့လို့ စိတ်ခံစားလွယ်နေလို့နေမှာပေါ့ "
"Humm. .."
Chaeyoung သက်ပြင်းချလိုက်ပြီးနောက် မလှမ်းမကမ်းကနေ ကောင်မလေးတစ်ယောက်က သူတို့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်
"ဘယ်သူလည်း မသိ...ဟာ Lisaဘဲ "
Chaeyoungမှာ သူမတို့ဆီ လျှောက်လာတဲ့ Lisaကို တွေ့တော့ အရမ်းပျော်သွားတယ်
...... သူမကို Lisa က အန္တရာယ် ဖြစ်စေနိုင်မှန်းသာ သိခဲ့ရင်.....
"အဟမ်း ဒါဆို ငါ နင်တို့ကို ထားခဲ့မယ်နော် ဟီး နှစ်ယောက်သား အလွမ်းသယ်ကြပါအုံး "
Juliaကတော့ ဘာမှမသိဘဲ Chaeyoungကို Lisa နဲ့ အလွမ်းသယ်ဖို့ ထားခဲ့ကာ စံအိမ်ထဲ ဝင်သွားသည်
"Lisa. ..."
Lisaက သူမအနား နီးကပ်လာတဲ့အခါ Lisaမျက်လုံးတွေက အပြာရောင်ဖြစ်နေတာကို Chaeyoung တွေ့ပြီး ပုံမှန်မဟုတ်တော့ဘူးဆိုတာ သတိထားမိသွားတယ်
Lisaကို ပြေးဖက်ချင်ပေမယ့် Chaeyoung ခန္ဓာကိုယ်ကို မသွားအောင် တစ်ခုခုက တားနေသလို ခံစားရသည်
"Lisa ပြန်လာပြီလား "
Lisa ဘာမှမပြောဘဲ Chaeyoungဆီ လျှောက်လာပြီး Chaeyoungရဲ့ လည်ပင်းကို ညှစ်လိုက်သည်
"Li. ..li ဒါဘာလုပ်တာလည်း "
Chaeyoung ရုန်းပေမယ့် မရ Lisaက လက်နှစ်ဖက်နဲ့ သူမလည်ပင်းကို အသေညှစ်လေသည်
ဘုန်း!
ကားနဲ့ Lisaနောက် အချိန်မှီလိုက်လာနိုင်တဲ့ Bambamတို့မှာ ကားပေါ်က ဆင်းပြီး Lisaကို ပြေးကန်လေသည်
Lisa လဲကျသွားတော့ Jisooမှာ Chaeyoungကို လှမ်းဖမ်းလိုက်သည်
Minoနဲ့ Bambamမှာ Lisaကို ချုပ်ထားပြီး Chaeyoung ကို ပြေးခိုင်းလေသည်
"Chaeyoung ပြေး...ပြေးတော့ ....."
"Chaeyoung ကားပေါ်တက် "
ကားပေါ်က Jennie မှာ သူ့ဆီလာဖို့ Chaeyoung ကို ခေါ်နေသည်
Namကတော့ ကားပေါ်က ဆင်းပြီး စံအိမ်ထဲ ပြေးဝင်သွားသည်
"Chaeyoung. ...လာလေ "
Chaeyoungမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
Lisaတစ်ခုခု ဖြစ်နေတာ သိတော့ Jennieဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်
သို့သော်လည်း Lisaမှာ Chaeyoungရဲ့ လက်ကို လှမ်းဆွဲပြီး လိမ်ချိုးလိုက်သည်
"အား...."
Chaeyoung လဲကျသွားတော့ Jisooမှာ Chaeyoungကို အမြန်ပွေ့ထူလိုက်သည်
"Lisa. ..မင်း ဘာလုပ်လိုက်တာလည်း "
Bambamမှာ စိတ်တိုပြီး Lisaကို ထိုးလေသည်
ထိုစဥ် Namရောက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ Lisa လက်မောင်းကို မေ့ဆေးနဲ့ ထိုးလိုက်သည်
Jisooမှာ Chaeyoungကို ပွေ့ချီပြီး Jennie ကားပေါ်ကို ခေါ်သွားလေသည်
*********************
Lisa သတိရလာတဲ့အခါ သူမ စံအိမ်မြေအောက်ထပ်က အကျဥ်းခန်းထဲရောက်နေမှန်း သိလိုက်ရသည်
"ငါ ငါ ဘာလို့ ဒီကို ရောက်နေတာလည်း...ဟေး. ...."
Lisa သူ့ရှေ့မှာ ရပ်နေတဲ့ Louisတို့ကို ခေါ်ပေမယ့် Louisတို့က သူ့ကို မကြည့်ဘဲ ခေါင်းငုံ့ထားကြသည်
"Louis.... Mino.... "
Lisa အသိစိတ်ပြန်ဝင်လာပြီး သူတို့နာမည်ခေါ်သောကြောင့် Louisတို့မှာ အံ့သြသွားကြသည်
"Bambam ငါ့ကို ချည်ထားတဲ့ သံကြိုးတွေ ဖြေပေးလို့ရလား "
Lisa သူမဆီလျှောက်လာတဲ့ Bambamကို သံကြိုးတွေ ဖြုတ်ပေးဖို့ ပြောပေမယ့် Bambamကတော့ မျက်မှောင်ကြုတ်ကာ Lisa ကို ကြည့်နေသည်
"Come on guys မင်းတို့ ဘာဖြစ်နေကြတာလည်း Jennieတို့ရော ဘယ်ရောက်သွားလည်း "
"မင်း ပါးစပ်ကို ပိတ်ထားလို့မရဘူးလား Lisa "
"ဘာဖြစ်လို့လည်း ဘာဖြစ်လို့ မင်းတို့တွေက ငါ့ကို အပြစ်သားလို ဆက်ဆံနေကြတာလည်း "
"ဘာဖြစ်လို့လည်း ဟုတ်လား Park Chaeyoungကို မင်း ထပ်ပြီး ......မင်းကွာ...."
Bambamမှာ Chaeyoung ကို ညီမလေးတစ်ယောက်လို သဘောထားသောကြောင့် စိတ်မကောင်းဖြစ်နေတယ်
Nam ပြောပုံအရဆို Chaeyoung လက်ကျိုးသွားလို့ ပြန်ဆက်ပေးထားရတယ်တဲ့....
Bambamမှာ Lisaကို မြင်နေရရင် စိတ်တိုနေရမှာဆိုးလို့ မြေတိုက်ခန်းက ထွက်လာခဲ့သည်
Lisaကတော့ ဘာတွေဖြစ်ခဲ့လည်းဆိုတာ ပြန်စဥ်းစားကြည့်ပေမယ့် ဘာမှစဥ်းစားလို့မရ ဘာမှမတွေးနိုင်ဖြစ်နေသည်
နာရီအနည်းငယ်ကြာသောအခါ မြေတိုက်တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့ လက်ကို ကျောက်ပတ်တီးစည်းထားတဲ့ Chaeyoungကို တွေ့လိုက်ရသည်
"Chae. ...Chae ဘယ်လိုဖြစ်တာလည်း "
ကျောက်ပတ်တီးစည်းထားတဲ့ Chaeyoungကို တွေ့တော့ Lisa စိတ်ပူပြီး မေးလိုက်သည်
"Lisa ဘာမှမမှတ်မိဘူးလားဟင် "
Chaeyoung မေးတော့ Lisa ခေါင်းခါပြသည်
"ကိုယ် နောက်ဆုံးမှတ်မိတာက ကိုယ့်အဖေနဲ့ တိုက်ခိုက်ပြီး ကိုယ်လဲကျသွားတာဘဲ အဲ့နောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး "
"Lisa. ..."
"Chae ကျေးဇူးပြုပြီး ကိုယ့်ကို လွှတ်ပေးဖို့ သူတို့ကို ပြောပေးပါနော် နော်လို့ "
"Li. ..."
"Chae. ..Chae လက်ကို ဘယ်သူ ချိုးတာလည်း "
"Lisa ချိုးတာလေ Lisa. ...Lisaက Chae လက်ကို လိမ်ချိုးခဲ့တာ "
"ကိုယ်....ကိုယ်ကလား..."
Chaeyoungရဲ့ စကားကြောင့် Lisa လန့်သွားပြီး မျက်ရည်တွေဝဲလာသည်
"ဟုတ်တယ်...."
"ကိုယ်...ကိုယ်တောင်းပန်ပါတယ် ကိုယ် အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့လောက်ပါဘူး "
Chaeyoung ခေါင်းခါပြီး Lisaနားကို တိုးလာသည် ထို့နောက် Lisa မျက်နှာကို ကိုင်ကာ Lisa ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
Lisaကလည်း Chaeyoung ရဲ့ အနမ်းတွေ ပြန်တုံ့ပြန်ရင်း ဆယ်မိနစ်လောက်ကြာတော့ Chaeyoung နမ်းရာက ရပ်လိုက်သည်
"Lisa. ...Chae အခုလို လုပ်ရတဲ့အတွက် တောင်းပန်ပါတယ်......Lisaက Chaeကို ကာကွယ်ပေးခဲ့တာ သိပေမယ့် အခု.... Chaeတို့ ဗိုက်ထဲက ကလေးလေးအတွက် Chae ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတာပါ....Chae ကို စိတ်မဆိုးပါနဲ့နော် "
Chaeyoung ရုတ်တရက် ပြောလိုက်တဲ့ စကားကြောင့် Lisa အံ့သြသွားတယ်
"Chae ဘာတွေပြောနေတာလည်း "
"Lisaကို Chae အရမ်းချစ်တယ်နော်......အခုလို လုပ်ရတဲ့အတွက် စိတ်မဆိုးပါနဲ့....."
Chaeyoung မျက်ရည်မကျမိအောင် ထိန်းထားပေမယ့်လည်း မျက်ရည်တွေကျလာသည်
"Chae ဘာတွေဖြစ်နေတာလည်း "
"Bye bye Lisa "
Lisaရဲ့ နှုတ်ခမ်းကို နောက်ဆုံးတစ်ခေါက်အနေနဲ့ နမ်းပြီး Chaeyoung မြေတိုက်ခန်းကနေ ပြေးထွက်လာသည်
#TBC
#zawgyi
"ေသခ်ာတယ္ Chaeyoungဆီ သြားတာျဖစ္မယ္ Louis က ငါတို႔ဆီမွာဆိုေတာ့ ...Chaeyoung ကဘဲ သူ႕ေသြးသားကို လြယ္ထားရတာေလ အျမန္ လိုက္သြားမွ ျဖစ္မယ္ "
Bambamတို႔မွာ ကားစက္ႏွိုးၿပီး Chaeyoungရွိရာ စံအိမ္ကို အျမန္ေမာင္းသြားေလသည္
Chaeyoungမွာေတာ့ ထမင္းစားခန္းထဲ Juliaနဲ႕အတူ မုန့္စားေနသည္
"အေဒၚႀကီး...အေဒၚႀကီးက Vampireေတြနဲ႕ အတူေနရတာကို သိလားဟင္ ..."
Juliaရဲ႕ ေမးခြန္းေၾကာင့္ အေဒၚႀကီး ေျဖမယ့္ အေျဖကို Chaeyoung နားစြင့္နားေထာင္လိုက္သည္
ဘာလို႔လည္းဆိုေတာ့ ဒီက အိမ္ေဖာ္ေတြနဲ႕ အေစာင့္တစ္ခ်ိဳ႕က Lisaတို႔ကို Mafia ဂိုဏ္းက လူေတြလို႔ဘဲ သိၾကလို႔ေလ
"အင္း သိတာေပါ့ ကြၽန္မရဲ႕ အေၾကာင္း ေျပာျပမယ္ေလ နားေထာင္မလား "
အေဒၚႀကီးကေမးေတာ့ Chaeyoung တို႔ ေခါင္းညိတ္ျပသည္
"သိပါတယ္.....ကြၽန္မကို Miss Lisaရဲ႕ အေမက အကူအျဖစ္ငွားထားၿပီး ဒီစံအိမ္မွာ ကြၽန္မကို အေစာင့္အျဖစ္ထားခဲ့ပါတယ္...တစ္ေန႕က် သူ အသက္အႏၱရာယ္ ရွိေနၿပီမို႔ Miss Lisaကို ေစာင့္ေရွာက္ေပးဖို႔ ကြၽန္မ လက္ထဲ Miss Lisaကို အပ္ခဲ့ပါတယ္.....Miss Lisaရဲ႕ အေမ ဆုံးသြားေတာ့ Miss. Lisaက သူ႕ေမာင္ေလးရယ္ သူ႕သူငယ္ခ်င္းေတြနဲ႕အတူ ဒီအိမ္ေျပာင္းလာၿပီး သူတို႔က ေသြးစုပ္ဖုတ္ေကာင္ေတြပါလို႔ သတိေပးခဲ့တယ္ေလ "
"အေဒၚႀကီးက သူ ေသြးစုပ္ဖုတ္ေကာင္ဆိုတာ သိရက္နဲ႕ ထြက္မေျပးခဲ့ဘူးေနာ္ မေၾကာက္ဘူးလား "
"သူ႕အေမက ကြၽန္မလက္ထဲ အပ္ခဲ့ေတာ့ ကြၽန္မ ေနာက္ဆုံးအခ်ိန္ထိ ဒီအိမ္မွာ ေနသြားမွာပါ "
Chaeyoung တို႔လည္း အေဒၚႀကီး ေျပာတဲ့စကား ကို ေခါင္းတစ္ညိတ္ညိတ္နဲ႕ နားေထာင္ေနသည္
စားေသာက္ၿပီးေနာက္ Chaeyoung က လမ္းေလွ်ာက္ခ်င္တယ္ဆိုလို႔ စံအိမ္အျပင္ဘက္သို႔ Julia တစ္ေယာက္ လိုက္ပို႔ေပးေလသည္
"ဗိုက္က ေတာ္ေတာ္ေလး ပူလာတယ္ေနာ္ Chaeyoung. ..."
"အင္း ဟုတ္ပါ့ေနာ္....."
Chaeyoung ေျပာၿပီး မ်က္ႏွာပ်က္သြားတာကို Julia သတိထားမိသည္
"Chaeyoung ဘာျဖစ္လို႔လည္း "
"Lisaကို သတိရလို႔ပါ Juliaရယ္ Chaeကို သူ တစ္ခါမွ မဆက္သြယ္ဘူးဟာ "
"Aww Chaeyoungရယ္ ဝမ္းနည္းမေနပါနဲ႕...သူတို႔က ဘယ္အခ်ိန္မဆို ျပန္လာမွာပါ စိတ္ရွည္ရွည္နဲ႕ ေစာင့္ေလေနာ္..."
"Juliaေရာ Louisကို သတိမရဘူးလား မလြမ္းဘူးလား "
"သတိရတာေပါ့ ဒါေပမယ့္ စိတ္ရွည္ရွည္နဲ႕ ေစာင့္ရမယ္ဆိုတာ ငါသိတယ္ေလ Chaeyoungရ "
"ဒါဆို Chaeက ဘာလို႔ ေစာင့္လို႔မရတာလည္း စိတ္မရွည္ေနတာလည္း "
"May Be Chaeyoungက ကိုယ္ဝန္နဲ႕မို႔လို႔ စိတ္ခံစားလြယ္ေနလို႔ေနမွာေပါ့ "
"Humm. .."
Chaeyoung သက္ျပင္းခ်လိဳက္ၿပီးေနာက္ မလွမ္းမကမ္းကေန ေကာင္မေလးတစ္ေယာက္က သူတို႔ဆီ ေလွ်ာက္လာတာကို ေတြ႕လိုက္ရသည္
"ဘယ္သူလည္း မသိ...ဟာ Lisaဘဲ "
Chaeyoungမွာ သူမတို႔ဆီ ေလွ်ာက္လာတဲ့ Lisaကို ေတြ႕ေတာ့ အရမ္းေပ်ာ္သြားတယ္
...... သူမကို Lisa က အႏၱရာယ္ ျဖစ္ေစနိုင္မွန္းသာ သိခဲ့ရင္.....
"အဟမ္း ဒါဆို ငါ နင္တို႔ကို ထားခဲ့မယ္ေနာ္ ဟီး ႏွစ္ေယာက္သား အလြမ္းသယ္ၾကပါအုံး "
Juliaကေတာ့ ဘာမွမသိဘဲ Chaeyoungကို Lisa နဲ႕ အလြမ္းသယ္ဖို႔ ထားခဲ့ကာ စံအိမ္ထဲ ဝင္သြားသည္
"Lisa. ..."
Lisaက သူမအနား နီးကပ္လာတဲ့အခါ Lisaမ်က္လုံးေတြက အျပာေရာင္ျဖစ္ေနတာကို Chaeyoung ေတြ႕ၿပီး ပုံမွန္မဟုတ္ေတာ့ဘူးဆိုတာ သတိထားမိသြားတယ္
Lisaကို ေျပးဖက္ခ်င္ေပမယ့္ Chaeyoung ခႏၶာကိုယ္ကို မသြားေအာင္ တစ္ခုခုက တားေနသလို ခံစားရသည္
"Lisa ျပန္လာၿပီလား "
Lisa ဘာမွမေျပာဘဲ Chaeyoungဆီ ေလွ်ာက္လာၿပီး Chaeyoungရဲ႕ လည္ပင္းကို ညွစ္လိုက္သည္
"Li. ..li ဒါဘာလုပ္တာလည္း "
Chaeyoung ႐ုန္းေပမယ့္ မရ Lisaက လက္ႏွစ္ဖက္နဲ႕ သူမလည္ပင္းကို အေသညွစ္ေလသည္
ဘုန္း!
ကားနဲ႕ Lisaေနာက္ အခ်ိန္မွီလိုက္လာနိုင္တဲ့ Bambamတို႔မွာ ကားေပၚက ဆင္းၿပီး Lisaကို ေျပးကန္ေလသည္
Lisa လဲက်သြားေတာ့ Jisooမွာ Chaeyoungကို လွမ္းဖမ္းလိုက္သည္
Minoနဲ႕ Bambamမွာ Lisaကို ခ်ဳပ္ထားၿပီး Chaeyoung ကို ေျပးခိုင္းေလသည္
"Chaeyoung ေျပး...ေျပးေတာ့ ....."
"Chaeyoung ကားေပၚတက္ "
ကားေပၚက Jennie မွာ သူ႕ဆီလာဖို႔ Chaeyoung ကို ေခၚေနသည္
Namကေတာ့ ကားေပၚက ဆင္းၿပီး စံအိမ္ထဲ ေျပးဝင္သြားသည္
"Chaeyoung. ...လာေလ "
Chaeyoungမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတဲ့ အေျခအေနကို ၾကည့္ၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္
Lisaတစ္ခုခု ျဖစ္ေနတာ သိေတာ့ Jennieဆီ သြားဖို႔ ဆုံးျဖတ္လိုက္တယ္
သို႔ေသာ္လည္း Lisaမွာ Chaeyoungရဲ႕ လက္ကို လွမ္းဆြဲၿပီး လိမ္ခ်ိဳးလိုက္သည္
"အား...."
Chaeyoung လဲက်သြားေတာ့ Jisooမွာ Chaeyoungကို အျမန္ေပြ႕ထူလိုက္သည္
"Lisa. ..မင္း ဘာလုပ္လိုက္တာလည္း "
Bambamမွာ စိတ္တိုၿပီး Lisaကို ထိုးေလသည္
ထိုစဥ္ Namေရာက္လာၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတဲ့ Lisa လက္ေမာင္းကို ေမ့ေဆးနဲ႕ ထိုးလိုက္သည္
Jisooမွာ Chaeyoungကို ေပြ႕ခ်ီၿပီး Jennie ကားေပၚကို ေခၚသြားေလသည္
*********************
Lisa သတိရလာတဲ့အခါ သူမ စံအိမ္ေျမေအာက္ထပ္က အက်ဥ္းခန္းထဲေရာက္ေနမွန္း သိလိုက္ရသည္
"ငါ ငါ ဘာလို႔ ဒီကို ေရာက္ေနတာလည္း...ေဟး. ...."
Lisa သူ႕ေရွ႕မွာ ရပ္ေနတဲ့ Louisတို႔ကို ေခၚေပမယ့္ Louisတို႔က သူ႕ကို မၾကည့္ဘဲ ေခါင္းငုံ႕ထားၾကသည္
"Louis.... Mino.... "
Lisa အသိစိတ္ျပန္ဝင္လာၿပီး သူတို႔နာမည္ေခၚေသာေၾကာင့္ Louisတို႔မွာ အံ့ၾသသြားၾကသည္
"Bambam ငါ့ကို ခ်ည္ထားတဲ့ သံႀကိဳးေတြ ေျဖေပးလို႔ရလား "
Lisa သူမဆီေလွ်ာက္လာတဲ့ Bambamကို သံႀကိဳးေတြ ျဖဳတ္ေပးဖို႔ ေျပာေပမယ့္ Bambamကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ Lisa ကို ၾကည့္ေနသည္
"Come on guys မင္းတို႔ ဘာျဖစ္ေနၾကတာလည္း Jennieတို႔ေရာ ဘယ္ေရာက္သြားလည္း "
"မင္း ပါးစပ္ကို ပိတ္ထားလို႔မရဘူးလား Lisa "
"ဘာျဖစ္လို႔လည္း ဘာျဖစ္လို႔ မင္းတို႔ေတြက ငါ့ကို အျပစ္သားလို ဆက္ဆံေနၾကတာလည္း "
"ဘာျဖစ္လို႔လည္း ဟုတ္လား Park Chaeyoungကို မင္း ထပ္ၿပီး ......မင္းကြာ...."
Bambamမွာ Chaeyoung ကို ညီမေလးတစ္ေယာက္လို သေဘာထားေသာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတယ္
Nam ေျပာပုံအရဆို Chaeyoung လက္က်ိဳးသြားလို႔ ျပန္ဆက္ေပးထားရတယ္တဲ့....
Bambamမွာ Lisaကို ျမင္ေနရရင္ စိတ္တိုေနရမွာဆိုးလို႔ ေျမတိုက္ခန္းက ထြက္လာခဲ့သည္
Lisaကေတာ့ ဘာေတြျဖစ္ခဲ့လည္းဆိုတာ ျပန္စဥ္းစားၾကည့္ေပမယ့္ ဘာမွစဥ္းစားလို႔မရ ဘာမွမေတြးနိုင္ျဖစ္ေနသည္
နာရီအနည္းငယ္ၾကာေသာအခါ ေျမတိုက္တံခါးဖြင့္သံၾကားလို႔ ၾကည့္လိုက္ေတာ့ လက္ကို ေက်ာက္ပတ္တီးစည္းထားတဲ့ Chaeyoungကို ေတြ႕လိုက္ရသည္
"Chae. ...Chae ဘယ္လိုျဖစ္တာလည္း "
ေက်ာက္ပတ္တီးစည္းထားတဲ့ Chaeyoungကို ေတြ႕ေတာ့ Lisa စိတ္ပူၿပီး ေမးလိုက္သည္
"Lisa ဘာမွမမွတ္မိဘူးလားဟင္ "
Chaeyoung ေမးေတာ့ Lisa ေခါင္းခါျပသည္
"ကိုယ္ ေနာက္ဆုံးမွတ္မိတာက ကိုယ့္အေဖနဲ႕ တိုက္ခိုက္ၿပီး ကိုယ္လဲက်သြားတာဘဲ အဲ့ေနာက္ပိုင္း ဘာမွမမွတ္မိေတာ့ဘူး "
"Lisa. ..."
"Chae ေက်းဇူးျပဳၿပီး ကိုယ့္ကို လႊတ္ေပးဖို႔ သူတို႔ကို ေျပာေပးပါေနာ္ ေနာ္လို႔ "
"Li. ..."
"Chae. ..Chae လက္ကို ဘယ္သူ ခ်ိဳးတာလည္း "
"Lisa ခ်ိဳးတာေလ Lisa. ...Lisaက Chae လက္ကို လိမ္ခ်ိဳးခဲ့တာ "
"ကိုယ္....ကိုယ္ကလား..."
Chaeyoungရဲ႕ စကားေၾကာင့္ Lisa လန့္သြားၿပီး မ်က္ရည္ေတြဝဲလာသည္
"ဟုတ္တယ္...."
"ကိုယ္...ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ အဲ့လိုလုပ္ဖို႔ မရည္႐ြယ္ခဲ့ေလာက္ပါဘူး "
Chaeyoung ေခါင္းခါၿပီး Lisaနားကို တိုးလာသည္ ထို႔ေနာက္ Lisa မ်က္ႏွာကို ကိုင္ကာ Lisa ရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
Lisaကလည္း Chaeyoung ရဲ႕ အနမ္းေတြ ျပန္တုံ႕ျပန္ရင္း ဆယ္မိနစ္ေလာက္ၾကာေတာ့ Chaeyoung နမ္းရာက ရပ္လိုက္သည္
"Lisa. ...Chae အခုလို လုပ္ရတဲ့အတြက္ ေတာင္းပန္ပါတယ္......Lisaက Chaeကို ကာကြယ္ေပးခဲ့တာ သိေပမယ့္ အခု.... Chaeတို႔ ဗိုက္ထဲက ကေလးေလးအတြက္ Chae ခက္ခက္ခဲခဲ ဆုံးျဖတ္ခ်က္ခ်ခဲ့ရတာပါ....Chae ကို စိတ္မဆိုးပါနဲ႕ေနာ္ "
Chaeyoung ႐ုတ္တရက္ ေျပာလိုက္တဲ့ စကားေၾကာင့္ Lisa အံ့ၾသသြားတယ္
"Chae ဘာေတြေျပာေနတာလည္း "
"Lisaကို Chae အရမ္းခ်စ္တယ္ေနာ္......အခုလို လုပ္ရတဲ့အတြက္ စိတ္မဆိုးပါနဲ႕....."
Chaeyoung မ်က္ရည္မက်မိေအာင္ ထိန္းထားေပမယ့္လည္း မ်က္ရည္ေတြက်လာသည္
"Chae ဘာေတြျဖစ္ေနတာလည္း "
"Bye bye Lisa "
Lisaရဲ႕ ႏႈတ္ခမ္းကို ေနာက္ဆုံးတစ္ေခါက္အေနနဲ႕ နမ္းၿပီး Chaeyoung ေျမတိုက္ခန္းကေန ေျပးထြက္လာသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co