Part 4
#Unicode
Lisa ပန်းဆိုင်ကို လာပြီး နေ့တိုင်း Party အတွက်ဆိုပြီး နှင်းဆီပန်းဆယ်စည်း ဝယ်နေတာ တစ်ပတ်ကျော်သွားချေပြီ
Chaeyoungမှာလည်း Lisa ကို နေ့တိုင်း မြင်နေရပေမယ့် တစ်နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေသလို ဖြစ်နေတဲ့ ခံစားချက်က ပျောက်မသွားတဲ့အပြင် Lisa က သူမကို ဆွဲဆောင်နေသလို ခံစားချက်ကြီးကလည်း ပေါ်လာသေးသည်
ဒီနေ့တော့ Chaeyoung ဆိုင်မဖွင့်ဘဲ တစ်ရက်လောက် အိမ်မှာဘဲ ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းနေသည်
Lisaကေတာ့ ကြုံရင်ကြုံသလို Chaeyoung အိမ်ဘက်လာလာချောင်းသည် သို့သော် အိမ်တွင်းပုန်းနေတဲ့ Chaeyoungရဲ့ ဆံပင်တစ်ပင်လေးတောင် မမြင်ရပေ
ညေန ငါးနာရီလောက်ကျ Chaeyoung ညအတွက် အဆာပြေမုန့်တွေအပြင် တစ်ခြား ဟင်းချက်စရာတွေပါ ဝယ်စရာရှိလို့ သူမ အိမ်နဲ့ တစ်လမ်းကျော်က စူပါမားကတ်ကို ထွက်လာခဲ့သည်
စူပါမားကတ္ကို ရောက်တော့ Chaeyoung လှည်းလေး ယူပြီး ဝယ်စရာရှိတာတွေ ပတ်ဝယ်နေသည်
Leo Oppa ခရီးသွားနေပေမယ့် သူကြိုက်တဲ့ အာလူးကြော် snack မုန့်ထုပ်တွေ ဝယ်ထားမှ
ဖြစ်မယ်လေ...Leo Oppaက Chaeyoungကို သေးသေးလေးကအစ ဂရုစိုက်ပြီး သိတတ်တော့ Chaeyoung ကလည်း ပြန်ဂရုစိုက်ရမယ်လေ
Chaeyoung သူမအတွက် ပန်းသီးဝယ်နေတုံး သူမကို တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားချက်ကြီး ဖြစ်ပေါ်လာသည်
ထို့ကြောင့် အနောက်ကို လှည့်ကြည့်တော့ အသီးအနှံ Aeraတွင် သူမကလွဲလို့ ဘယ်သူမှမရှိပေ
Chaeyoung သူမဘဲ စိတ်ထင်တာနေမှာပါဆိုပြီး လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီထိုးနေပြီ
"ဟင် ငါဈေးဝယ်တာ အဲ့လောက် ကြာသွားလား... ဝယ်ချင်တာတွေလည်း ဝယ်ပြီးပြီဆိုတော့ ကောင်တာဘက် ပိုက်ဆံသွားရှင်းရမယ်.... "
Chaeyoung ကောင်တာဘက် ထွက်လာပေမယ့်လည်း သူမနောက်ကို တစ်စုံတစ်ယောက်က လိုက်လာသလို စောင့်ကြည့်နေသလို ခံစားချက်က ပျောက်မသွားပေ
Chaeyoung ပိုက်ဆံအမြန်ရှင်းပြီး အထုပ်အပိုးတွေနဲ့အတူ စူပါမားကတ်ကနေ ထွက်လာခဲ့သည်
အထုပ်အပိုးတွေများလို့ Taxi ငှားပြီး ပြန်ဖို့တွေးပေမယ့် Taxi တစ်စီးမှ မလာသေးသောကြောင့် Chaeyoung စိတ်မရှည်ဘဲ လမ်းလျှောက်ပြန်ခဲ့လိုက်သည်
လမ်းကြားထဲက ဖြတ်သွားရင် သူမ အိမ်ဘက် ချက်ချင်းရောက်မှာမို့ လမ်းကြားက ဖြတ်သွားဖို့ Chaeyoung တွေးလိုက်သည်
သို့သော် မီးအလင်းရောင် သိပ်မရှိဘဲ မှောင်နေသောကြောင့်လည်း Chaeyoung စိတ်ထဲ ကြောက်နေမိသည်
"Clam down Chae. ..နည်းနည်းမှောင်တာဘဲ ဘာမှမဖြစ်ပါဘူး ဒီအထုပ်တွေနဲ့ ဖြတ်လမ်းမသုံးရင် အဆင်မပြေဘူး မကြောက်နဲ့ ဘာမှမဖြစ်ဘူး "
Chaeyoung သူ့ကိုယ်သူ အားပေးပြီး လမ်းကြားထဲကို သွားလိုက်သည်
Chaeyoung ကံဆိုးတယ်ပြောရမလား လမ်းကြားထဲက သွားရင်း ဓာတ်တိုင်အောက် အရက်ထိုင်သောက်နေတဲ့ အမူးသမား တစ်ယောက်နဲ့ တွေ့လေသည်
"Wow ကောင်မလေး ချောချောလေးပါလား အထုပ်တွေနဲ့ မနိုင်ဘူးလား ကူသယ်ပေးရမလား "
အမူးသမားမှာ ထလာပြီး ဒယိန်းဒယိုင်နဲ့ Chaeyoungဆီ လျှောက်လာသည်
"ရ ရပါတယ် "
Chaeyoungကြောက်ပြီး စကားတွေထစ်လာသည်
"အားနာစရာမလိုပါဘူး မင်းကိုရော အိမ်ပြန်လိုက်လို့ပေးလို့ရတယ် "
အမူးသမားက chaeyoung လက်ကို ဆွဲတော့ Chaeyoung အော်လေသည်
"ကျွန်မကို လွှတ်....ကယ်ကြပါအုံး "
"ဟေး ကစ်တီလေးကလည်း မအော်ရဘူးလေ... ပျော်စရာတွေ ဖန်..."
အမူးသမားရဲ့ စကားမဆုံးသေး ...သူ့မျက်နှာပေါ်သို့ လက်သီးတစ်ချက် ကျရောက်လာသည်
ထိုလက်သီးပိုင်ရှင်ကား တစ်ခြားမဟုတ် Lisa ပင် ဖြစ်သည်
Lisaမှာ လဲကျသွားတဲ့ အမူးသမားကို လက်တစ်ဖက်နဲ့ ကိုင်မြှောက်ပြီး နံရံဘက်ကို ပစ်ပေါက်လိုက်သည်
အမူးသမားမှာ သူ့ကို ဘယ်သူလုပ်တာလည်း ကြည့်တော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့အတူ ချွန်ထွက်နေတဲ့အစွယ်တွေနဲ့ ကြည့်နေတဲ့ Lisaကို မြင်ပြီး လန့်လို့ အော်လေသည်
Lisaမှာ အမူးသမား မအော်နိုင်အောင် လည်ပင်းကို လက်တစ်ဖက်နဲ့ ညှစ်ပြီး တစ်ဖက်ကတော့ အမူးသမား မျက်နှာကို ထိုးလေသည်
"ငါ ပိုင်တဲ့အရာကို လက်နဲ့ထိဖို့ မကြိုးစားနဲ့ ခွေးသူတောင်းစား "
Lisa ထိုးချက်ကြောင့် အမူးသမားမှာ သွားတွေ ကျိုးကုန်သော်လည်း Lisaကတော့ မရပ်ဘဲ ဆက်ထိုးနေသည်
"Li. ..Lisa "
Chaeyoung ရဲ့ ကြောက်လန့်နေတဲ့အသံကြောင့် Lisa ခုန အစွယ်တွေထွက်နေရာက ပုံမှန်ပြန်ဖြစ်သွားပြီး Chaeyoung ဘက်ကိုလှည့်လိုက်သည်
"Chae. ...အဆင်ပြေရဲ့လား သူမင်းကို တစ်ခုခုလုပ်လိုက်သေးလား ထိခိုက်မိသေးလား "
"နင် နင် သူ့ကို ဘာလုပ်လိုက်တာလည်း "
မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ အမူးသမားကို ကြည့်ပြီး Chaeyoung လန့်နေသည်
Lisa ထိုးချက်က လူတစ်ယောက်ကို သေနိုင်စေသလား........
"Chaeyoung. .."
Chaeyoung လန့်ပြီး နှလုံးခုန်အမြန်လွန်ကာ မေ့လဲသွားသည်
Lisa အမြန်ဘဲ Chaeyoungကို ပွေ့ချီကာ သူမအိမ်ဘက်သို့ ပြေးသွားလေသည်
ထို့နောက် Chaeyoung coat အင်ကျီထဲက သော့ယူပြီး အိမ်တံခါးဖွင့်ကာ သူ့အခန်းထဲခေါ်သွားသည်
Chaeyoungကို ကုတင်ပေါ် တင်ပေးပြီးနောက် ခုန လမ်းကြားမှာ ကျန်ခဲ့တဲ့ Chaeyoungရဲ့ ပစ္စည်းတွေကို သွားယူလိုက်သည်
အမူးသမားကိုပါ အပြတ်ရှင်းဖို့ Lisa တွေးထားပေမယ့် အမူးသမားကတော့မရှိတော့ပေ
Lisaကို ကြောက်လို့ ထွက်ပြေးသွားပုံပေါ်သည်
"ကျစ်...အဲ့ mother fuckerကို တစ်ခါတည်း သတ်ပစ်လိုက်ရမှာ.....ငါ့ chaeyoung အသားကိုများ ဒင်းကထိရဲတယ်...Chaeyoung ရှိနေလို့ ကံကောင်းသွားတယ်မှတ်...လမ်းမှာတွေ့လို့ကတော့ အသေ သတ်ပစ်မှာ ငါနဲ့မတွေ့မိအောင်ရှောင်နေ....Park Chaeyoungနဲ့ ပတ်သက်ရင် သေးသေးလေးတောင် အထိခိုက်မခံဘူး...."
Lisa အထုပ်အပိုးတွေ သယ်ပြီး Chaeyoung အိမ်ကိုပြန်လာတယ်
ထို့နောက် အိပ်ပျော်နေတဲ့ Chaeyoungကို Lisa အကြာကြီးထိုင်ကြည့်နေသည်
"မင်းနောက်လိုက်ချောင်းနေတာ မှန်သွားတာပေါ့ မဟုတ်ရင် အမူးသမားလက်ထဲ....မတွေးရဲစရာဘဲ ..."
ဟုတ်ပါတယ် စူပါမားကတ်မှာ Chaeyoung နောက် လိုက်ချောင်းနေတာ Lisaပါ......Chaeyoung အိမ်နားဝဲလည်လည်လုပ်ရင်း စူပါးမားကတ်ကို သြားတာ မြင်ပြီး အနောက်ကနေ ခိုးလိုက်သွားခြင်း ဖြစ်သည်
"Good night baby girl. .."
Chaeyoung နဖူးလေးကို ဖွဖွလေးနမ်းပြီး Lisa ထွက်လာခဲ့သည်
Next Day
Chaeyoungတစ်ယောက် သူမ အိမ်မှာ နေ့လည်စာ ချက်နေသည်
Lisaကလည်း သူမေဘးနား ရှိနေသည်
မိုးလင်းကတည်းက ဆိုင်ထဲ ငုတ်တုတ်လာထိုင်နေတဲ့ Lisa ကို Chaeyoung ဘာမှမပြောနိုင်....ပြောလည်း Lisaက နားထောင်မှာ မဟုတ်ဘူးလေ ...
နေ့လည်စာ စားချိန်ထိ မပြန်ဘဲနေလို့ Lisaကို နေ့လည်စာ အတူစားဖို့ ခေါ်ခဲ့လိုက်သည်.....မနေ့ညက သူမကို ကယ်တင်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ နေ့လည်စာ ခေါ်ကျွေးခြင်း ဖြစ်သည်
"ဘာတွေလုပ်နေတာလည်း "
"ဂင်ချီထမင်းကြော်လေ..."
"Wow ကြော်တတ်တယ်ပေါ့ "
"ဒါပေါ့ "
Lisaနဲ့ စကားပြောရင်း Chaeyoung ကင်ချီလှီးနေရာက သူမ လက်ညိုးလေးကို ဓားရှသွားလေသည်
Lisaမွာ သွေးနံ့ကြောင့် မျက်လုံးအရောင်ပြောင်းသွားသည်
Chaeyoung သတိထားမိမှာဆိုးလို့ Lisa မျက်လုံးကို မှိတ်ထားပြီး Chaeyoungကို ကျောပေးကာ ဆာလောင်မှုမဖြစ်လာအောင် စိတ်လျော့နေသည်
"Lisa "
Chaeyoung အသံကြောင့် Lisa ချောင်းဟန့်ပြီး
"အဆင်ပြေရဲ့လား "
"ပြေပါတယ် သေးသေးလေး ရှသွားရုံပါ "
"ထိုင်နေလေ ထမင်းကြော်တာ ပြီးတော့မှာ "
"Ok "
Chaelisaတို့ နေ့လည်စာ အတူစားပြီးနောက် Lisaက Chaeyoung ကို ကူညီပေးလေသည်
ပန်းအိုးတွေ ကူသယ်ပေး ကူရွေ့ပေးလို့ Lisaကို Chaeyoung ကျေးဇူးတင်စကား ပြောလိုက်သည်
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် Lisa "
"ရပါတယ်..."
"ညနေ ငါးနာရီထိုးပြီဆိုတော့ ဆိုင်သိမ်းတော့မယ် "
"ကူသိမ်းပေးပေမယ်လေ "
Lisaမှာ Chaeyoungကို ဆိုင်ကူသိမ်းပေးပြီး ဆိုင်ထဲကနေ ထွက်လာသည်
"ထပ်ပြီး ကျေးဇူးတင်ပါတယ် Lisa "
ဆိုင်အပြင်ကို ရောက်တော့ Lisaကို ကျေးဇူးတင်စကား Chaeyoungပြောပေမယ့် Lisaကတော့ Chaeyoungကိုသာ မျက်တောင်မခတ်ဘဲ ဝါးစားချင်တဲ့ အကြည့်နဲ့ ကြည့်နေသည်
"Humm. ..နောက်ကျနေပြီ Lisa လည်း အိမ်ပြန်တော့လေ ...."
"အင်း "
"ကားကိုသေချာမောင်း..."
Chaeyoung စကားမဆုံးသေး Lisaမှာ သူမခါးကို ဆွဲဖက်ပြီး သူမနှုတ်ခမ်းလေးကို နမ်းလိုက်သည်
Chaeyoungမှာ အံ့သြပြီး မရုန်းနိုင်ဘဲ ကျောက်ရုပ်လို ဖြစ်သွားတယ်
Lisaကတော့ Chaeyoungရဲ့ နှုတ်ခမ်းလေးကို တပ်မက်စွာ နမ်းနေတယ်လေ
Lisa အနမ်းတွေကြား Chaeyoung စီးမြောသွားပြီး မျက်လုံးမှိတ်ကာ ပြန်တုံ့ပြန်လေသည်
သို့သော်လည်း Chaeyoung အသိစိတ် ပြန်ဝင်လာပြီး Lisaကို တွန်းလွှတ်ကာ သူမအိမ်ထဲသို့ ပြေးဝင်သွားသည်
Lisaကတော့ Chaeyoungက သူမကို ပြန်နမ်းလိုက်လို့ ပျော်ပြီးခုန်လိုက်သည်
တစ်ဖက်က Chaeyoungကလည်း အိမ်တံခါးပိတ်ပြီး သူမနှုတ်ခမ်းကို သူမ ပြန်ကိုင်ကြည့်နေသည်
"ငါ ဘာလို့ ပြန်နမ်းလိုက်တာလည်း....သူ့အပေါ် ခံစားချက် ရှိနေတာလား...."
Vampire စံအိမ်တော်ထဲ လေချွန်ပြီး ဝင်လာတဲ့ Lisaကို အားလုံးက ဦးညွှတ်ကာ နှုတ်ဆက်ကြသည်
ဘာလို့လည်းဆိုတော့ Lisaက Vampire ဘုရင်ရဲ့ သမီးဖြစ်နေလို့ပါ....
Lisa ကုတင်ပေါ် ပစ်လှဲလိုက်ပြီး သူမ နှုတ်ခမ်းလေးကို သူမ ပြန်ကိုင်ကြည့်နေသည်
"Park Chaeyoung. ..မင်းက ငါ့အတွက် တကယ် မူးယစ်ဆေးဘဲ "
#Tbc
#Zawgyi
Lisa ပန္းဆိုင္ကို လာၿပီး ေန႕တိုင္း Party အတြက္ဆိုၿပီး ႏွင္းဆီပန္းဆယ္စည္း ဝယ္ေနတာ တစ္ပတ္ေက်ာ္သြားေခ်ၿပီ
Chaeyoungမွာလည္း Lisa ကို ေန႕တိုင္း ျမင္ေနရေပမယ့္ တစ္ေနရာရာမွာ ရင္းရင္းႏွီးႏွီးျမင္ဖူးေနသလို ျဖစ္ေနတဲ့ ခံစားခ်က္က ေပ်ာက္မသြားတဲ့အျပင္ Lisa က သူမကို ဆြဲေဆာင္ေနသလို ခံစားခ်က္ႀကီးကလည္း ေပၚလာေသးသည္
ဒီေန႕ေတာ့ Chaeyoung ဆိုင္မဖြင့္ဘဲ တစ္ရက္ေလာက္ အိမ္မွာဘဲ ႐ုပ္ရွင္ၾကည့္ရင္း အခ်ိန္ျဖဳန္းေနသည္
Lisaေကတာ့ ႀကဳံရင္ႀကဳံသလို Chaeyoung အိမ္ဘက္လာလာေခ်ာင္းသည္ သို႔ေသာ္ အိမ္တြင္းပုန္းေနတဲ့ Chaeyoungရဲ႕ ဆံပင္တစ္ပင္ေလးေတာင္ မျမင္ရေပ
ေညန ငါးနာရီေလာက္က် Chaeyoung ညအတြက္ အဆာေျပမုန႔္ေတြအျပင္ တစ္ျခား ဟင္းခ်က္စရာေတြပါ ဝယ္စရာရွိလို႔ သူမ အိမ္နဲ႕ တစ္လမ္းေက်ာ္က စူပါမားကတ္ကို ထြက္လာခဲ့သည္
စူပါမားကတၠို ေရာက္ေတာ့ Chaeyoung လွည္းေလး ယူၿပီး ဝယ္စရာရွိတာေတြ ပတ္ဝယ္ေနသည္
Leo Oppa ခရီးသြားေနေပမယ့္ သူႀကိဳက္တဲ့ အာလူးေၾကာ္ snack မုန႔္ထုပ္ေတြ ဝယ္ထားမွ
ျဖစ္မယ္ေလ...Leo Oppaက Chaeyoungကို ေသးေသးေလးကအစ ဂ႐ုစိုက္ၿပီး သိတတ္ေတာ့ Chaeyoung ကလည္း ျပန္ဂ႐ုစိုက္ရမယ္ေလ
Chaeyoung သူမအတြက္ ပန္းသီးဝယ္ေနတုံး သူမကို တစ္စုံတစ္ေယာက္က ၾကည့္ေနသလို ခံစားခ်က္ႀကီး ျဖစ္ေပၚလာသည္
ထို႔ေၾကာင့္ အေနာက္ကို လွည့္ၾကည့္ေတာ့ အသီးအႏွံ Aeraတြင္ သူမကလြဲလို႔ ဘယ္သူမွမရွိေပ
Chaeyoung သူမဘဲ စိတ္ထင္တာေနမွာပါဆိုၿပီး လက္မွာ ပတ္ထားတဲ့ နာရီကို ၾကည့္လိုက္ေတာ့ ခုႏွစ္နာရီထိုးေနၿပီ
"ဟင္ ငါေဈးဝယ္တာ အဲ့ေလာက္ ၾကာသြားလား... ဝယ္ခ်င္တာေတြလည္း ဝယ္ၿပီးၿပီဆိုေတာ့ ေကာင္တာဘက္ ပိုက္ဆံသြားရွင္းရမယ္.... "
Chaeyoung ေကာင္တာဘက္ ထြက္လာေပမယ့္လည္း သူမေနာက္ကို တစ္စုံတစ္ေယာက္က လိုက္လာသလို ေစာင့္ၾကည့္ေနသလို ခံစားခ်က္က ေပ်ာက္မသြားေပ
Chaeyoung ပိုက္ဆံအျမန္ရွင္းၿပီး အထုပ္အပိုးေတြနဲ႕အတူ စူပါမားကတ္ကေန ထြက္လာခဲ့သည္
အထုပ္အပိုးေတြမ်ားလို႔ Taxi ငွားၿပီး ျပန္ဖို႔ေတြးေပမယ့္ Taxi တစ္စီးမွ မလာေသးေသာေၾကာင့္ Chaeyoung စိတ္မရွည္ဘဲ လမ္းေလွ်ာက္ျပန္ခဲ့လိုက္သည္
လမ္းၾကားထဲက ျဖတ္သြားရင္ သူမ အိမ္ဘက္ ခ်က္ခ်င္းေရာက္မွာမို႔ လမ္းၾကားက ျဖတ္သြားဖို႔ Chaeyoung ေတြးလိုက္သည္
သို႔ေသာ္ မီးအလင္းေရာင္ သိပ္မရွိဘဲ ေမွာင္ေနေသာေၾကာင့္လည္း Chaeyoung စိတ္ထဲ ေၾကာက္ေနမိသည္
"Clam down Chae. ..နည္းနည္းေမွာင္တာဘဲ ဘာမွမျဖစ္ပါဘူး ဒီအထုပ္ေတြနဲ႕ ျဖတ္လမ္းမသုံးရင္ အဆင္မေျပဘူး မေၾကာက္နဲ႕ ဘာမွမျဖစ္ဘူး "
Chaeyoung သူ႕ကိုယ္သူ အားေပးၿပီး လမ္းၾကားထဲကို သြားလိုက္သည္
Chaeyoung ကံဆိုးတယ္ေျပာရမလား လမ္းၾကားထဲက သြားရင္း ဓာတ္တိုင္ေအာက္ အရက္ထိုင္ေသာက္ေနတဲ့ အမူးသမား တစ္ေယာက္နဲ႕ ေတြ႕ေလသည္
"Wow ေကာင္မေလး ေခ်ာေခ်ာေလးပါလား အထုပ္ေတြနဲ႕ မနိုင္ဘူးလား ကူသယ္ေပးရမလား "
အမူးသမားမွာ ထလာၿပီး ဒယိန္းဒယိုင္နဲ႕ Chaeyoungဆီ ေလွ်ာက္လာသည္
"ရ ရပါတယ္ "
Chaeyoungေၾကာက္ၿပီး စကားေတြထစ္လာသည္
"အားနာစရာမလိုပါဘူး မင္းကိုေရာ အိမ္ျပန္လိုက္လို႔ေပးလို႔ရတယ္ "
အမူးသမားက chaeyoung လက္ကို ဆြဲေတာ့ Chaeyoung ေအာ္ေလသည္
"ကြၽန္မကို လႊတ္....ကယ္ၾကပါအုံး "
"ေဟး ကစ္တီေလးကလည္း မေအာ္ရဘူးေလ... ေပ်ာ္စရာေတြ ဖန္..."
အမူးသမားရဲ႕ စကားမဆုံးေသး ...သူ႕မ်က္ႏွာေပၚသို႔ လက္သီးတစ္ခ်က္ က်ေရာက္လာသည္
ထိုလက္သီးပိုင္ရွင္ကား တစ္ျခားမဟုတ္ Lisa ပင္ ျဖစ္သည္
Lisaမွာ လဲက်သြားတဲ့ အမူးသမားကို လက္တစ္ဖက္နဲ႕ ကိုင္ျမႇောက္ၿပီး နံရံဘက္ကို ပစ္ေပါက္လိုက္သည္
အမူးသမားမွာ သူ႕ကို ဘယ္သူလုပ္တာလည္း ၾကည့္ေတာ့ နီရဲေနတဲ့ မ်က္လုံးေတြနဲ႕အတူ ခြၽန္ထြက္ေနတဲ့အစြယ္ေတြနဲ႕ ၾကည့္ေနတဲ့ Lisaကို ျမင္ၿပီး လန႔္လို႔ ေအာ္ေလသည္
Lisaမွာ အမူးသမား မေအာ္နိုင္ေအာင္ လည္ပင္းကို လက္တစ္ဖက္နဲ႕ ညွစ္ၿပီး တစ္ဖက္ကေတာ့ အမူးသမား မ်က္ႏွာကို ထိုးေလသည္
"ငါ ပိုင္တဲ့အရာကို လက္နဲ႕ထိဖို႔ မႀကိဳးစားနဲ႕ ေခြးသူေတာင္းစား "
Lisa ထိုးခ်က္ေၾကာင့္ အမူးသမားမွာ သြားေတြ က်ိဳးကုန္ေသာ္လည္း Lisaကေတာ့ မရပ္ဘဲ ဆက္ထိုးေနသည္
"Li. ..Lisa "
Chaeyoung ရဲ႕ ေၾကာက္လန႔္ေနတဲ့အသံေၾကာင့္ Lisa ခုန အစြယ္ေတြထြက္ေနရာက ပုံမွန္ျပန္ျဖစ္သြားၿပီး Chaeyoung ဘက္ကိုလွည့္လိုက္သည္
"Chae. ...အဆင္ေျပရဲ႕လား သူမင္းကို တစ္ခုခုလုပ္လိုက္ေသးလား ထိခိုက္မိေသးလား "
"နင္ နင္ သူ႕ကို ဘာလုပ္လိုက္တာလည္း "
မ်က္ႏွာတစ္ခုလုံး စုတ္ျပတ္သတ္ေနတဲ့ အမူးသမားကို ၾကည့္ၿပီး Chaeyoung လန႔္ေနသည္
Lisa ထိုးခ်က္က လူတစ္ေယာက္ကို ေသနိုင္ေစသလား........
"Chaeyoung. .."
Chaeyoung လန႔္ၿပီး ႏွလုံးခုန္အျမန္လြန္ကာ ေမ့လဲသြားသည္
Lisa အျမန္ဘဲ Chaeyoungကို ေပြ႕ခ်ီကာ သူမအိမ္ဘက္သို႔ ေျပးသြားေလသည္
ထို႔ေနာက္ Chaeyoung coat အင္က်ီထဲက ေသာ့ယူၿပီး အိမ္တံခါးဖြင့္ကာ သူ႕အခန္းထဲေခၚသြားသည္
Chaeyoungကို ကုတင္ေပၚ တင္ေပးၿပီးေနာက္ ခုန လမ္းၾကားမွာ က်န္ခဲ့တဲ့ Chaeyoungရဲ႕ ပစၥည္းေတြကို သြားယူလိုက္သည္
အမူးသမားကိုပါ အျပတ္ရွင္းဖို႔ Lisa ေတြးထားေပမယ့္ အမူးသမားကေတာ့မရွိေတာ့ေပ
Lisaကို ေၾကာက္လို႔ ထြက္ေျပးသြားပုံေပၚသည္
"က်စ္...အဲ့ mother fuckerကို တစ္ခါတည္း သတ္ပစ္လိုက္ရမွာ.....ငါ့ chaeyoung အသားကိုမ်ား ဒင္းကထိရဲတယ္...Chaeyoung ရွိေနလို႔ ကံေကာင္းသြားတယ္မွတ္...လမ္းမွာေတြ႕လို႔ကေတာ့ အေသ သတ္ပစ္မွာ ငါနဲ႕မေတြ႕မိေအာင္ေရွာင္ေန....Park Chaeyoungနဲ႕ ပတ္သက္ရင္ ေသးေသးေလးေတာင္ အထိခိုက္မခံဘူး...."
Lisa အထုပ္အပိုးေတြ သယ္ၿပီး Chaeyoung အိမ္ကိုျပန္လာတယ္
ထို႔ေနာက္ အိပ္ေပ်ာ္ေနတဲ့ Chaeyoungကို Lisa အၾကာႀကီးထိုင္ၾကည့္ေနသည္
"မင္းေနာက္လိုက္ေခ်ာင္းေနတာ မွန္သြားတာေပါ့ မဟုတ္ရင္ အမူးသမားလက္ထဲ....မေတြးရဲစရာဘဲ ..."
ဟုတ္ပါတယ္ စူပါမားကတ္မွာ Chaeyoung ေနာက္ လိုက္ေခ်ာင္းေနတာ Lisaပါ......Chaeyoung အိမ္နားဝဲလည္လည္လုပ္ရင္း စူပါးမားကတ္ကို ၾသားတာ ျမင္ၿပီး အေနာက္ကေန ခိုးလိုက္သြားျခင္း ျဖစ္သည္
"Good night baby girl. .."
Chaeyoung နဖူးေလးကို ဖြဖြေလးနမ္းၿပီး Lisa ထြက္လာခဲ့သည္
Next Day
Chaeyoungတစ္ေယာက္ သူမ အိမ္မွာ ေန႕လည္စာ ခ်က္ေနသည္
Lisaကလည္း သူေမဘးနား ရွိေနသည္
မိုးလင္းကတည္းက ဆိုင္ထဲ ငုတ္တုတ္လာထိုင္ေနတဲ့ Lisa ကို Chaeyoung ဘာမွမေျပာနိုင္....ေျပာလည္း Lisaက နားေထာင္မွာ မဟုတ္ဘူးေလ ...
ေန႕လည္စာ စားခ်ိန္ထိ မျပန္ဘဲေနလို႔ Lisaကို ေန႕လည္စာ အတူစားဖို႔ ေခၚခဲ့လိုက္သည္.....မေန႕ညက သူမကို ကယ္တင္ေပးလို႔ ေက်းဇူးတင္တဲ့အေနနဲ႕ ေန႕လည္စာ ေခၚေကြၽးျခင္း ျဖစ္သည္
"ဘာေတြလုပ္ေနတာလည္း "
"ဂင္ခ်ီထမင္းေၾကာ္ေလ..."
"Wow ေၾကာ္တတ္တယ္ေပါ့ "
"ဒါေပါ့ "
Lisaနဲ႕ စကားေျပာရင္း Chaeyoung ကင္ခ်ီလွီးေနရာက သူမ လက္ညိုးေလးကို ဓားရွသြားေလသည္
Lisaမြာ ေသြးနံ႕ေၾကာင့္ မ်က္လုံးအေရာင္ေျပာင္းသြားသည္
Chaeyoung သတိထားမိမွာဆိုးလို႔ Lisa မ်က္လုံးကို မွိတ္ထားၿပီး Chaeyoungကို ေက်ာေပးကာ ဆာေလာင္မႈမျဖစ္လာေအာင္ စိတ္ေလ်ာ့ေနသည္
"Lisa "
Chaeyoung အသံေၾကာင့္ Lisa ေခ်ာင္းဟန့္ၿပီး
"အဆင္ေျပရဲ႕လား "
"ေျပပါတယ္ ေသးေသးေလး ရွသြား႐ုံပါ "
"ထိုင္ေနေလ ထမင္းေၾကာ္တာ ၿပီးေတာ့မွာ "
"Ok "
Chaelisaတို႔ ေန႕လည္စာ အတူစားၿပီးေနာက္ Lisaက Chaeyoung ကို ကူညီေပးေလသည္
ပန္းအိုးေတြ ကူသယ္ေပး ကူေ႐ြ႕ေပးလို႔ Lisaကို Chaeyoung ေက်းဇူးတင္စကား ေျပာလိုက္သည္
"ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ Lisa "
"ရပါတယ္..."
"ညေန ငါးနာရီထိုးၿပီဆိုေတာ့ ဆိုင္သိမ္းေတာ့မယ္ "
"ကူသိမ္းေပးေပမယ္ေလ "
Lisaမွာ Chaeyoungကို ဆိုင္ကူသိမ္းေပးၿပီး ဆိုင္ထဲကေန ထြက္လာသည္
"ထပ္ၿပီး ေက်းဇူးတင္ပါတယ္ Lisa "
ဆိုင္အျပင္ကို ေရာက္ေတာ့ Lisaကို ေက်းဇူးတင္စကား Chaeyoungေျပာေပမယ့္ Lisaကေတာ့ Chaeyoungကိုသာ မ်က္ေတာင္မခတ္ဘဲ ဝါးစားခ်င္တဲ့ အၾကည့္နဲ႕ ၾကည့္ေနသည္
"Humm. ..ေနာက္က်ေနၿပီ Lisa လည္း အိမ္ျပန္ေတာ့ေလ ...."
"အင္း "
"ကားကိုေသခ်ာေမာင္း..."
Chaeyoung စကားမဆုံးေသး Lisaမွာ သူမခါးကို ဆြဲဖက္ၿပီး သူမႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
Chaeyoungမွာ အံ့ၾသၿပီး မ႐ုန္းနိုင္ဘဲ ေက်ာက္႐ုပ္လို ျဖစ္သြားတယ္
Lisaကေတာ့ Chaeyoungရဲ႕ ႏႈတ္ခမ္းေလးကို တပ္မက္စြာ နမ္းေနတယ္ေလ
Lisa အနမ္းေတြၾကား Chaeyoung စီးေျမာသြားၿပီး မ်က္လုံးမွိတ္ကာ ျပန္တုံ႕ျပန္ေလသည္
သို႔ေသာ္လည္း Chaeyoung အသိစိတ္ ျပန္ဝင္လာၿပီး Lisaကို တြန္းလႊတ္ကာ သူမအိမ္ထဲသို႔ ေျပးဝင္သြားသည္
Lisaကေတာ့ Chaeyoungက သူမကို ျပန္နမ္းလိုက္လို႔ ေပ်ာ္ၿပီးခုန္လိုက္သည္
တစ္ဖက္က Chaeyoungကလည္း အိမ္တံခါးပိတ္ၿပီး သူမႏႈတ္ခမ္းကို သူမ ျပန္ကိုင္ၾကည့္ေနသည္
"ငါ ဘာလို႔ ျပန္နမ္းလိုက္တာလည္း....သူ႕အေပၚ ခံစားခ်က္ ရွိေနတာလား...."
Vampire စံအိမ္ေတာ္ထဲ ေလခြၽန္ၿပီး ဝင္လာတဲ့ Lisaကို အားလုံးက ဦးၫႊတ္ကာ ႏႈတ္ဆက္ၾကသည္
ဘာလို႔လည္းဆိုေတာ့ Lisaက Vampire ဘုရင္ရဲ႕ သမီးျဖစ္ေနလို႔ပါ....
Lisa ကုတင္ေပၚ ပစ္လွဲလိုက္ၿပီး သူမ ႏႈတ္ခမ္းေလးကို သူမ ျပန္ကိုင္ၾကည့္ေနသည္
"Park Chaeyoung. ..မင္းက ငါ့အတြက္ တကယ္ မူးယစ္ေဆးဘဲ "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co