Part 5
#Unicode
Chaeyoung တစ်ယောက် သူမဆိုင်တွင် အသစ်ရောက်လာတဲ့ ပန်းတွေကို ပိုးမကျအောင် ဆေးဖြန်းနေကာ ရေစိမ်နေသည်
တံခါး bellသံကြားလို့ ကြည့်လိုက်တော့ Lisa. ...
နေ့တိုင်း ဘယ်သူ ဝယ်ဝယ်မဝယ်ဝယ် Lisaုတော့ မညည်းမညူ နှင်းဆီပန်းဆယ်စည်း လာလာဝယ်သည်
"နှင်းဆီပန်းဆယ်စည်းဘဲလား Lisa shii "
"မဟုတ်ဘူး ..."
"ဟင် "
"မင်းကို တွေ့ချင်လို့လာတာ "
Lisa စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်သွားတယ်
"Excuse me! '
"မင်းကို တွေ့ချင်လို့....."
"ဘာလို့လည်း...."
Chaeyoung မေးပြီး သက်ပြင်းချလိုက်သည်
Lisaကတော့ ပြုံးပြီး Chaeyoung ဆီ လျှောက်လာသည်
"Chaeyoung. ..."
"ရှင် ရှင်...."
"နေ့လည်စာ သွားစားရအောင် နေ့လည်စာ စားချိန်ရောက်ပြီလေ "
"မစားချင်ဘူး "
"မစားလို့မရဘူး...... ကိုယ် ဝယ်ကျွေးပါမယ်.... လာပါ မင်းကလည်း မင်းဆိုင်ကို အမြဲအားပေးတဲ့ ဖောက်သည်ကို ဒီလို ဆက်ဆံတာလား "
Lisa စကားကြောင့် Chaeyoung လည်း မတတ်သာဘဲ နေ့လည်စာအတူစားဖို့ သဘောတူလိုက်သည်
"မနေ့တုံးက နမ်းသွားပြီး ခုကျ ဘာမှမဖြစ်သလို နေနိုင်တာ အံ့သြဘ"
Chaeyoung စိတ်ထဲကနေ ရေရွတ်လိုက်သည်
စားသောက်ဆိုင်တစ်ခုတွင် Chaeyoung သူမကို အသားလှီးပေးနေသော Lisaကို စိုက်ကြည့်နေသည်
"ဘာလို့လည်း "'
"ဘာကိုလည်း "
Lisa အသားလှီးပေးပြီး Chaeyoungကို ပန်းကန်ပေးရင်း Chaeyoungကို မေးခွန်းပြန်ထုတ်လိုက်သည်
"Chaeရဲ့ ဆိုင်ကို နေ့တိုင်းလာတယ် နေ့လည်စာလည်း ဝယ်ကျွေးတယ် Lisa ဘာလုပ်ဖို့ ကြိုးစားနေတာလည်း "
"Chaeyoungရဲ့ မေးခွန်းကို မဖြေချင်ဘူးဆိုရင်ရော...."
"မရဘူး ဖြေရမယ်"
"ကိုယ် ပြောပြီးပြီလေ...Chaeyoungကို တွေ့ချင်လို့ပါဆို "
"ဘာလို့ Chaeကို တွေ့ချင်ရတာလည်း "
"ထမင်းတွေအေးကုန်မယ် စားတော့လေနော် "
Lisa ပြုံးပြီး စကားလမ်းကြောင်း လွှဲလိုက်သည်
Chaelisaတို့ ဘာမှဆက်မပြောဘဲ စားသောက်ပြီးနောက်မှာတော့ သူမကို ဆိုင်သို့ပြန်ပို့ပေးမယ်လို့ Chaeyoung ထင်နေပေမယ့် Lisaကတော့ ဆန့်ကျင်ဘက်ကို မောင်းနေမှန်း Chaeyoung သတိထားမိသွားတယ်
"Lisa.... Chaeကို ဘယ်ခေါ်သွားနေတာလည်း "
Chaeyoung မေးခွန်းကို Lisa မဖြေဘဲ ကားသာဆက်မောင်းနေသည်
"Lisa. ...ငါ့ကို ဘယ်ခေါ်သွားနေတာလည်း "
ဒီတစ်ခါတော့ Chaeyoungရဲ့ လေသံက မာလာပြီး စိတ်မရှည်တဲ့ပုံပေါ်နေသည်
Lisa ကတော့ မဖြေဘဲ ကားကိုဘဲ ဆက်မောင်းနေသောကြောင့် Chaeyoung သည်းခံမှုတွေ ကုန်ဆုံးသွားပြီလေ
"Lisa!!! "
နောက်ဆုံးတော့ Lisaဆီက Attention ကို Chaeyoung အော်လိုက်မှ ရသွားလေသည်
Lisaက ဘာလည်းဆိုတဲ့ပုံစံနဲ့ Chaeyoungကို မျက်ခုံးပင့်ပြသည်
"ဆိုင်ကို ပြန်ပို့ပေး"
"No. ...မပို့ဘူး "
"Lisa. ..နင်ပြောတော့ ငါ့ကို နေ့လည်စာကျွေးချင်ရုံဘဲဆို ဒါက ဘာလည်း နင်ပြောတဲ့စကားထဲလည်း မပါဘူး ....ငါက နေ့လည်စာစားဖို့ဘဲ သဘောတူခဲ့တာနော် နင်ခေါ်သွားသမျှနောက် လိုက်ဖို့ သဘောတူခဲ့တာ မဟုတ်ဘူး "
Chaeyoungရဲ့ စကားတွေက အချစ်စိတ်မွှန်နေတဲ့ Lisaရဲ့ နားထဲမဝင်နိုင်ပေ
Lisa တစ်ယောက် အစကတော့ Chaeyoung ကို နေ့လည်စာ ဝယ်ကျွေးချင်လို့ ခေါ်လာတာ ဆိုပေမယ့် စားသောက်ဆိုင်ထဲ Chaeyoung ရဲ့ ကိုယ်သင်းရနံ့လေးက Lisaရဲ့ ရမ္မက်စိတ်ကို ဆွဲဆောင်နေသလိုဖြစ်နေတာကြောင့် Lisa အရိုင်းစိတ်တွေ ဝင်လာပြီး Chaeyoungကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်ခဲ့သည်
"ကားရပ်လိုက်...."
"မရပ်ဘူး "
"Lisa ကျေးဇူးပြုပြီး ပေါက်ကရတွေ မလုပ်ပါနဲ့ ငါက နင်လုပ်ချင်သလိုလုပ် ခေါ်သွားချင်သလို ခေါ်သွားရအောင် နင့်အပိုင်မဟုတ်ဘူးလေ...."
တစ်ပတ်လောက်ဘဲ တွေ့ဖူးတဲ့ ကောင်မလေးက သူမကို ပြန်ပေးဆွဲဖို့ ကြိုးစားနေသောကြောင့် Chaeyoung ထိတ်လန့်နေသည်
"ဟုတ်တယ် မင်းက ကိုယ့်အပိုင်ဘဲ Park Chaeyoung "
Lisa ရုတ်တရက် ထအော်သောကြောင့် Chaeyoung ပိုလန့်လာသည်
တွေ့တဲ့ရက်ပိုင်းအတွင်း သူမကို နူးနူးညံ့ညံ့ ဆက်ဆံပြီး အမူးသမားလက်က ကယ်ခဲ့တဲ့ Lisaက အခု ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့အပြင် သူမကိုပါ ကြမ်းကြမ်းတမ်းတမ်းအော်နေသည်
"Lisa နင် နင် ဘာပြောလိုက်တယ် "
"မင်းက ငါ့အပိုင်ဘဲ ငါ့အတွက်ဘဲ Park Chaeyoung "
Lisa ပြောပြီး လူရှင်းတဲ့ လမ်းကြားထဲ ကားရပ်လိုက်သည်
Chaeyoung ထွက်ပြေးဖို့ တံခါးဖွင့်ပေမယ့် ကားတံခါးက လော့ချထားတယ်
"Lisa. ...နင် နင် ရူးနေပြီဘဲ "
"ဟုတ်တယ် ငါ ရူးနေပြီ မင်းကြောင့် ငါ ထမင်းလွတ်ဟင်းလွတ်ရူးနေပြီ Park Chaeyoung ...."
Lisaရဲ့ အရင်ကနဲ့ မတူတဲ့ ပုံစံကြောင့် Chaeyoung ကြောက်လွန်းပြီး မျက်ရည်တွေပါ ကျလာသည်
"Lisa ငါ့ကိုလွှတ်ပေးပါဟာ ငါ တောင်းပန်ပါတယ်..."
မျက်ရည်တွေကြားက သူမကို တောင်းပန်နေတဲ့ Chaeyoung ကို Lisa ကြည့်ပြီး သူမရဲ့ အသိစိတ်ပြန်ဝင်လာကာ ရိုင်းစိုင်းတဲ့ စိတ်ကို ပြန်ထိန်းလိုက်သည်
"သွားတော့.... ငါ အသိစိတ်ဝင်နေတုံး အမြန်သွား "
Lisaပြောပြီး ကားတံခါးလော့ကို ဖွင့်ပေးလိုက်သည်
Chaeyoungလည်း တုံ့ဆိုင်းမနေဘဲ ကားထဲကနေ ပြေးထွက်ပြီး အသိစိတ်လွတ်နေတဲ့ Lisaနဲ့ ဝေးရာကို ပြေးလေသည်
Lisa ကတော့ အသိစိတ်လွတ်သွားပြီး ချစ်ရသူကို အော်ကာကြောက်အောင် လုပ်မိခဲ့တဲ့ သူမကိုယ်သူမ စိတ်တိုပြီး ကားစီယာတိုင်ကို တစ်ဘုန်းဘုန်းထုလိုက်သည်
Lisa ရဲ့ အားကြောင့် ကားစီယာတိုင်မှာ ပြုတ်ထွက်ပြီး ပျက်စီးသွားလေသည်
"ငါ ဘာတွေလုပ်မိခဲ့တာလည်း စောက်ရူးဘဲ......"
Chaeyoungမှာလည်း တက္ကစီ တစ်စီးပေါ်တွင် အသက်ဝဝရှူကာ ရူးသွပ်နေတဲ့ Lisa ပုံစံကို မြင်ယောင်မိနေသည်
"Hello Lisa. ..."
"Bambam ငါ့ကိုလာခေါ်အုံး ×××× လမ်းမှာ "
"မင်းရဲ့ကားကရော ဘာရောက်သွားတာလည်း "
"ငါ စိတ်တိုပြီး ဖျက်စီးမိလို့.....အဲ့တာ ငါ့ကိုလာခေါ်ပေး ပြီးရင် ကားအသစ်သွားဝယ်မယ် "
"Ok ok ငါလာခဲ့မယ် ခဏစောင့် "
"Ok. ..."
Lisaလည်း စိတ်ကိုတည်ငြိမ်အောင် ထားပြီး ကားပေါ်တွင် ထိုင်နေသည်.....
"Chaeyoung ငါ့ကို ကြောက်ပြီး မုန်းသွားမလားမသိဘူး......ငါ ဘာလို့ စိတ်မထိန်းမိတာလည်း.......shitဘဲ ......"
#tbc
#Zawgyi
"မဟုတ်ဘူး ..."
"ဟင် "
"Excuse me! '
"မင်းကို တွေ့ချင်လို့....."
"ဘာလို့လည်း...."
"Chaeyoung. ..."
"ရှင် ရှင်...."
"မစားချင်ဘူး "
"ဘာလို့လည်း "'
"ဘာကိုလည်း "
"မရဘူး ဖြေရမယ်"
"Lisa!!! "
"ဆိုင်ကို ပြန်ပို့ပေး"
"No. ...မပို့ဘူး "
"ကားရပ်လိုက်...."
"မရပ်ဘူး "
"Hello Lisa. ..."
"Ok. ..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co