Part 1
ကင်မရာမီး တဖြတ်ဖြတ်နဲ့ Fashion showတွင်.....
Freen Sarocha ဆိုတဲ့ သူမ ယုံကြည်မှု အပြည့် မာန်ပါပါဖြင့် Stage ပေါ်သို့ တက်ကာ Fashion show လျှောက်နေ၏.....
အောက်က ပရိတ်သတ်တွေလည်း သဘောကျပြီး လက်ခုပ်သြဘာ ပေးကြသည်
စင်ပေါ်က ဆင်းလာပြီးနောက် နားနေခန်းထဲတွင် နားနေစဉ် Freenရဲ့ Designerမှာ အခန်းထဲသို့ ဝင်လာပြီး ချီးကျူးစကားဆိုလေသည်
"Freen Sarocha တို့ကတော့ အမြဲ perfect ဘဲနော်...."
"မဖြစ်ပါဘူး....အခုတလော ပွဲဆက်တွေ များလို့ မျက်ကွင်းတွေညိုလို့ .....ပင်ပန်းနေတဲ့ပုံတောင် ပေါက်နေသေးတယ်....."
"မပေါက်ပါဘူးကွယ် Freen Sarochaဆိုတာ အမြဲ freshဖြစ်နေတဲ့ လန်းဆန်းတက်ကြွနေတဲ့ မိန်းကလေး မဟုတ်လား အဲ့တာကြောင့်မို့လည်း ယူ့ကို ယူ့ပရိတ်သတ်တွေက အရမ်း သဘောကျကြတာ......."
သူ့ ဒီဇိုင်နာရဲ့စကားကြောင့် Freenမှာ နားကပ်ကို ချွတ်ရင်း ပြုံးလိုက်သည်
"Aww ပေးဖို့ မေ့တော့မလို့ ခုန ယူ stageပေါ်ရောက်နေတုံး လူတစ်ယောက် ဒီစာအိတ်လာပို့ထားတယ်သိလား ရော့....."
Freen နှုတ်ခမ်းနီ ဖျက်ရင်း သူ့ကိုပေးတဲ့ စာအိတ်ကို လှမ်းယူလိုက်သညိ
ဖွင့်ဖောက်ကြည့်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုမှ ကမ်းလှမ်းစာဖြစ်နေသည်
Freen Sarocha သို့ ......
What is love ရုပ်ရှင်ကို ရိုက်ကူးရန်အတွက် ကျွန်တော်တို့ N ရုပ်ရှင်ထုတ်လုပ်ရေးက Freen Sarochaရဲ့ပုံစံကို သဘောကျလို့ ပါဝင်ဖို့ ကမ်းလှမ်းတာပါ.....စိတ်ဝင်စားရင် N companyသို့ လာခဲ့ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်
"ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတယ်....."
Freenမှာ စာကိုဆုံးအောင် ဖတ်ပြီးနောက် ပျော်ပြီး ထအော်မိသည်
"Congratulations Freen..."
Make up artist မှာ
Freen ကို ဂုဏ်ပြုစကားပြောလိုက်သည် .....
"မင်းသမီးက နှစ်လက်ထင်တယ်....ခုန Becky Armstrong လို့ ရေးထားတဲ့ စာအိတ်လည်း တွေ့မိသလို...."
Designerရဲ့ စကားကြောင့် Freen မျက်မှောင်ကြုတ်မိသွားသည်....
"တောက် ဒီကလေးမက ပါလာပြန်ပြီ..."
Freen မကျေနပ်၍ တောက်ခေါက်လိုက်သည်.....
Freen Sarocha နဲ့ Becky Armstrong ဆိုသည်မှာ တက်သစ်စ မော်ဒယ်လောကတွင် နာမည်အကြီးဆုံး ဆွဲဆောင်မှု အရှိဆုံး မော်ဒယ်ပေါက်စလေးတွေပင် ဖြစ်သည်
မော်ဒယ်မှ အနုပညာလောကထဲသို့ ဝင်ခွင့်ရဖို့လည်း ကြိုးစား စောင့်စားနေကြသူများ ဖြစ်သည်
အခုတော့ ပြိုင်ဖက်လို ပုံစံဖြစ်နေတဲ့ကလေးမကိုလည်း ကမ်းလှမ်းထားတယ်ဆိုတော့ Freen သိပ်တော့ အလိုမကျမိ
"ကျွတ် အရှုပ်ထုပ်က ပါလာပြန်ပြီ....."
Freen ကားသော့ကို ကောက်ယူပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်
"Wow နာမည်ကြီးတဲ့ မော်ဒယ်မလေး ၂ယောက်ကို ဖိတ်ထားတာနော် ဘယ်သူက ခေါင်းဆောင်မင်းသမီး ဖြစ်မလည်းမသိဘူး...."
Make up artist မှာ မျက်ခုံးပင့်ပြီး ပြောလိုက်သည်
"ခေါင်းဆောင်မင်းသမီး ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး အဓိကက ပရိတ်သတ်တုံ့ပြန်မှု........တုံ့ပြန်မှုကောင်းရင်.....ဒါရိုက်တာတွေ လာငှါးကြမှာဘဲ....ဒါပေမယ့် ရိုက်ကွင်းမှာ Sarocha တစ်ယောက် Becky Armstrong နဲ့ သတ်မနေဖို့ မျှော်လင့်ရတာဘဲ....."
Designerမှာ ပခုံးပင့်ပြရင်း ပြောလိုက်သည်
ပြိုင်ကား အဝါရောင်နဲ့ ပန်းရောင်တစ်စီးသည် N company parking အတွင်းသို့ တစ်ပြိုင်နက်တည်း နေရာယူလိုက်ကြသည်
ကားပေါ်မှာ fashion အလန်းစားဖြင့် ဆင်းလာကြသူများမှာ တခြားမဟုတ် Freen Sarochaနဲ့ Becky Armstrong ပင် ဖြစ်သည်
"အစ်မ Freen...."
Freenဆီ ပြေးလာပြီး Becky နှုတ်ဆက်လိုက်သည်
"အစ်မလည်း ရုပ်ရှင်ကိစ္စလာတာလား.....ဒါရိုက်တာက ညီမတို့ နှစ်ယောက်ကိုဘဲ ဖိတ်ထားတဲ့ပုံဘဲ....."
"Shut up Becky ....နားငြီးလိုက်တာ...."
"အစ်မ ကြောက်နေတာ မဟုတ်လား "
"ငါက ဘာကို ကြောက်ရမှာလဲ...."
"What is love ဇာတ်လမ်းပုံစံ ဖတ်ဖူးလို့လား....အဲ့ဇာတ်လမ်းက မိန်းကလေးချင်း သဘောကျပြီး ချစ်တဲ့အကြောင်းရေးထားတာ....ညီမတောင် ညကမှ ရှာဖတ်မိတာ...ထားပါတော့ အစ်မက အောက်မှာ နေရမှာမို့ ကြောက်နေတာ မဟုတ်လား ဟဲဟဲ မကြောက်ပါနဲ့ အစ်မရယ်...."
"Yah Becky...."
Beckyမှာ Freenကို စနောက်လို့ဝတော့ လျှာထုတ်ပြပြီး Freenနားမှ ပြေးထွက်သွားလေသည်
#tbc
#zawgyi
Freen Sarocha သို့ ......
Make up artist မှာ
"အစ်မ Freen...."
"Yah Becky...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co