Part 2
"Oh my god.....မိန်းကလေးချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းရိုက်ရမယ်ပေါ့ .....what the hell....ရုပ်ရှင်လောကက ပထမဆုံးကမ်းလှမ်းတဲ့ Movie က Lesbian ဇာတ်လမ်း လားဟ...."
Freen တစ်ယောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်....
Becky ကတော့ ဓာတ်လှေကားထဲ ပြေးဝင်သွားသည်...
သို့သော် Freenမှာလည်း အမြန်ပြေးလာပြီး ဓာတ်လှေကားတံခါး မပိတ်အောင် လက်နဲ့တားလိုက်သည်...
ဓာတ်လှေကားထဲရောက်တော့ အဝတ်အစား
ကို သပ်သပ်ရပ်ရပ် ပြန်ပြင်လိုက်သည်
"အစ်မ ကြောက်ပြီး ပြန်သွားတယ် ထင်နေတာ....."
Beckyမှာ Freenကို မျက်ခုံးပင့်ပြပြီး စနောက် ပြောလိုက်သည်
"ကြောက်စရာလား......."
Beckyကို Freen မျက်စောင်းပြန်ထိုးပြီး ရန်တွေ့လိုက်သည်....
"ဒါဆို နေမယ်ပေါ့....."
"Haha ကလေးမ.....အပေါ်မှာ ဇွတ်နေချင်မနေနဲ့ နင့်ပုံစံအရဆို နင်ဘဲ အောက်မှာနေရမှာ ......"
"ညီမ ပုံစံက ဘာဖြစ်နေလို့လည်း.....ဒါနဲ့ပုံစံကြည့်ပြီး အပေါ်အောက် သိတယ်ဆိုတော့ အစ်မက.....ဟာ မဟုတ်မှလွဲလို့....."
Becky ပြောရင်း မျက်လုံးပြူးသွားကာ ပါးစပ်ကို လက်နဲ့ပိတ်လိုက်သည်...
"Yah ဘာတွေပြောနေတာလည်း ငါက မိန်းကလေးချင်း စိတ်မဝင်စားသလို အဲ့ကိစ္စတွေလည်း စိတ်မဝင်စားဘူး....."
"ဒါဆို ဘယ်လိုသိလည်းပြော.... "
"အသက်အရွယ်အရ.....ငါ ပြောကြည့်တာ.. ငါက နင့်ထက် အသက်ကြီးတယ်လေ....."
"Haha အသက်ကြီးတယ်ဆို မလှုပ်ရှားနိုင်လို့ အောက်မှာ ပိုနေသင့်တာ..."
"Becky Armstrong ညစ်တီးညစ်ပတ်မဟုတ်တာတွေ ပြောမနေနဲ့ အပေါ်အောက်က နင်ဆုံးဖြတ်ရမှာ မဟုတ်ဘူး ဒါရိုက်တာက ဆုံးဖြတ်မှာ....."
Beckyကို Freen ငေါက်လိုက်ပြီး ဓာတ်လှေကားပွင့်တော့ ဓာတ်လှေကားထဲက ထွက်လာလိုက်သည်.....
ဒါရိုက်တာ ရုံးခန်းထဲရောက်သောအခါ
"Freenနဲ့Beckyတို့...ရောက်လာပြီလား.....ထိုင်ပါ....."
"ဟုတ်ကဲ့..."
Freenတို့မှာ အသားဖြူ ဖြူ နဲ့ ကောင်မလေးကို နှုတ်ဆက်လိုက်သည်
"Namပါ တို့က....အခု What is loveကို ရေးတဲ့ စာရေးဆရာအပြင် အဲ့ဇာတ်လမ်းကို ရိုက်မယ့် ဒါရိုက်တာပါ...."
"ဟုတ်..."
"အခု ရိုက်မယ့် ဇာတ်လမ်းက မိန်းကလေးချင်း လိင်တူချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းနော်.....လူ့အသိုင်းအဝိုင်းကတော့ လက်ခံကြမှာ မဟုတ်ပေမယ့် တို့ကတော့ LGBTကို အနုပညာလောကကနေပြီး အားလုံး လက်ခံလာအောင် ကြိုးစားကြည့်ချင်လို့.... Freenတို့ လုပ်နိုင်ပါ့မလား ဝေဖန်တိုက်ခိုက်မှုတွေတော့ ရှိလာမှာဘဲနော်......."
"ဟုတ် လုပ်နိုင်ပါတယ်....."
Beckyမှာ တက်တက်ကြွကြွနဲ့ ပြန်ဖြေလိုက်သည်
"ကလေးစုတ်လေး ဇွတ်ကို တက်ကြွနေတာ "
Beckyကို ကြည့်ပြီး Freen စိတ်ထဲက ရေရွတ်လိုက်သည်
"Ha သဘောကျပြီကွာ တကယ့်ကို တို့လိုချင်တဲ့ ပုံစံလေးဘဲ....."
Namက ချီးကျူးလိုက်တော့ Beckyမှာ လက်ပိုက်ပြီး ဘဝင်ဟက်သွားတဲ့ မျက်နှာထားနဲ့ Freenကို လှမ်းကြည့်လိုက်သည်....
Freenကတော့ မျက်နှာတည်နဲ့ ပြန်ကြည့်ကာ ရေခဲမျက်စောင်းကျွေးလိုက်သည်
"အင်း ဒီဇာတ်လမ်းပုံစံက CEOက အချိန်ပိုင်းအလုပ်လုပ်တဲ့ ကျောင်းသူလေးနဲ့ စားသောက်ဆိုင်မှာ တွေ့ပြီး ကျောင်းသူလေး ပုံစံကို သဘောကျလို့ အလုပ်ခန့်လိုက်ရင်း အနေနီးသွားတဲ့ ပုံစံနော်...."
"ဟုတ်..."
"Freen Sarocha ကို ကြည့်ရတာ ဇာတ်လမ်းထဲက CEOပုံစံနဲ့ ကွက်တိဘဲ သွေးအေးအေးပုံစံလေး....Beckyကျတော့ အချိန်ပိုင်း အလုပ်လုပ်တဲ့ ကျောင်းသူပုံစံလေးဆိုတော့ Freen က Tachiလုပ် Beckyက Nekoလုပ်ဖို့ တို့ ဆုံးဖြတ်လိုက်ပြီ....."
"ရှင် ..."
Beckyမှာ သူက Nekoလုပ်ရမယ်လို့ ပြောသံကြားပြီး လန့်ကာ မျက်လုံးပြူးသွားတယ်......
"ဒါရိုက်တာ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်....."
အစပိုင်းကတည်းက ငြိမ်နေတဲ့ Freenမှာ အခုတော့ အပိုင်ကွက်ရသွားလို့ လက်ခုပ်တီးကာ ရယ်ပြီး ပြောလိုက်သည်.....
"ဒါဆို ဒီဇာတ်လမ်းရိုက်ဖို့ သဘောတူလိုက်ပြီနော်....."
"ဒါပေါ့ တူတာပေါ့...."
Becky ကို Freenကြည့်ပြီး မာန်ပါပါနဲ့ ပြောလိုက်သည်.....
ဒေါက်ဖိနပ်သံ တဂွမ်းဂွမ်းနဲ့ ကားပါကင်ကို ဆူညံစေသူကား တခြားသူမဟုတ်....Becky Armstrong ပင်ဖြစ်သည်....
Neko လုပ်ရမည်ကို မကျေနပ်သော်လည်း ဇာတ်လမ်း မရိုက်ရမည်ဆိုးသောကြောင့် ဒါရိုက်တာကို မပြောရဲပေ....
"ကဲ အောက်မှာနေရမယ့် Becky Armstrong ရေ See ya.... မနက်ဖြန် ထပ်တွေ့ကြမယ်......"
Freenမှာ ကားထဲက လက်ပြအော်ပြီး ထွက်သွားလေသည်
"Yah Freen Sarocha ..."
Beckyမှာတော့ ခဲလေသမျှ သဲရေကျကာ ဒေါသထွက်ပြီး ကျန်ခဲ့လေသည်....
#tbc
#zawgyi
"ကြောက်စရာလား......."
"ဒါဆို နေမယ်ပေါ့....."
"ဟုတ်ကဲ့..."
"ဟုတ်..."
"ဟုတ် လုပ်နိုင်ပါတယ်....."
"ဟုတ်..."
"ရှင် ..."
"ဒါပေါ့ တူတာပေါ့...."
"Yah Freen Sarocha ..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co