Truyen3h.Co

What is love

Part 10

KimFany059


Becky သူ့ခန္ဓာကိုယ်ပေါ် တစ်ခုခုပြုတ်ကျလာသလို ခံစားရလို့ ကြည့်လိုက်တော့

"P'Freen kha...ပြန်ရောက်ပြီလား....ညီမနဲ့ အတူ အိပ်ချင်လို့ အခန်းထဲကိုလာတာလား..."

Becky မျက်လုံးလေးကို ပွတ်ကာ ပြောလိုက်သည်

Freenကတော့ ဘာမှပြန်မပြောဘဲ Beckyကို စိုက်ကြည့်နေ၏

"P'Freen ဘာဖြစ်နေတာလည်း  အိမ်ပြန်နောက်ကျလို့ ညစာကိစ္စနဲ့ ပတ်သက်ပြီး ညီမကို လာချော့နေတာလား....ရပါတယ် အလုပ်ကိစ္စဆိုတော့ ညီမလည်း နားလည်ပါတယ် ဘာမှမဖြစ်ပါဘူး "

"Becky Armstrong ငြိမ်ငြိမ်နေစမ်း...."

အိပ်ချင်မူးတူးနဲ့ ပြောနေတဲ့ Beckyကို ကြည့်ပြီး Freen အသည်းယားလာတာနဲ့ အော်လိုက်သည်

Freen သူ့ အင်္ကျီကျယ်သီးကို ဖြုတ်ပြီး Beckyကို စိုက်ကြည့်နေသည်

"P'Freen kha တကယ်ဘဲလား ညီမ ကို လိုချင်လို့လား.....အဟေး အစ်မ ဘက်ကစပြီး စိတ်ပါတယ်ဆိုတာ ရှားပါး ဖြစ်ရပ်မျိုးဆိုတော့ လက်လွတ်ခံလို့ ဘယ်ဖြစ်မလည်း..... "

Beckyရဲ့ စကားမဆုံးခင် Freenမှာ  Beckyရဲ့ နှုတ်ခမ်းကို အကြမ်းပတမ်းနမ်းလိုက်သည်....

Becky၏ နှုတ်ခမ်းများသည် ချိုမြိန်ပြီး စွဲမက်ဖွယ်ကောင်းတယ်ဆိုတာ Freen မငြင်းနိုင်ပါ

နမ်းနေရင်း Freen ရဲ့ လက်များသည်....Becky ၏ ညအိပ်အင်္ကျီထဲသို့ ဝင်ရောက်ကျူးကျော်လိုက်သည်

Beckyမှာလည်း ညည်းညူ လိုက်ပြီး Freen လုပ်သမျှ ငြိမ်ခံလိုက်သည်

Beckyရဲ့ ဘောင်းဘီကို Freen ဆွဲချွတ်လိုက်တော့

"အစ်မ....wait....နေပါအုံး..."

"ဘာလို့လဲ...."

" အစ်မရဲ့ ဘဝထဲကို မရမက တိုးဝင်လာတာကညီမဘဲဆိုတော့ .....တောင်းပန်တဲ့အနေနဲ့ ညီမကဘဲ အစ်မကို သာယာ အောင် လုပ်ပေးပါမယ်....."

"Becky ah....တောင်းပန်ပါတယ်....."

Beckyကို ဖက်ပြီး  Freen တောင်းပန်လိုက်သည်

"နင့်ကိုဘဲ တစ်ချိန်လုံး အပြစ်တင် ရိုက်နေမိလို့ တောင်းပန်ပါတယ်.....💭💭"

Freen စိတ်ထဲကနေ  တိတ်တိတ်လေး ရေရွတ်ကာ ပြောရင်း မျက်ရည်တွေကျလာသည်....

Freen ကို Becky တင်းကြပ်စွာ ပြန်ဖက်ထားရင်း
"ညီမ ဘာမှ မဖြစ်ပါဘူး အစ်မရယ် မငိုနဲ့တော့ တိတ်နော်.....ညီမ ကို အစ်မ ပြန်ချစ်လာမယ့် အချိန် စောင့်နိုင်ပါတယ်.... ."

"Becky ah...."

Freen တပ်မက်တဲ့ အနမ်းတွေနဲ့အတူ ကမ္ဘာသစ်တစ်ခုဆီသို့ Beckyအား ခေါ်သွားလေသည်

~~~~~~~~~~~ ~~~~~~~~~~
"ဟျောင့် ဘယ်လိုလည်း Becky ကြော်ငြာထားတဲ့ ရေမွှေးပိုစတာ လိုချင်တယ်ဆို ရခဲ့ရဲ့လားကွ...."

"ကျွတ်....ရဖို့ နေနေသာသာ လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွေမှာ သူ့ပုံတွေ ကွက်ဖြဲထားလို့ ငါ့မှာ မနည်းလိုက်ကြည့်ရတယ် "

"Haha ငါတော့ ငါ့စော်ကို အဲ့ရေမွှေးပုလင်း လက်ဆောင်ဝယ်ပေးပြီး ပိုစတာတော့ ငါဘဲ ယူထားတယ်.....စော်နဲ့ချိန်းတွေ့တိုင်း Beckyဆိုပြီး ရေမွှေးအနံ့လေးရှူ ပြီး စိတ်ကူးယဉ်ရတာအမော...."

Freen Tvက ကြော်ငြာမကြည့်ချင်တော့တာနဲ့ ပိတ်လိုက်ပြီး ဘေးနားက မဂ္ဂဇင်းကို ကောက်ယူဖတ်လိုက်သည်

မဂ္ဂဇင်း၏ ရှေ့တွင် မော်ဒယ်ကောင်လေးတစ်ယောက်နဲ့အတူ တွဲပြီး ရိုက်ထားတဲ့ Beckyမှာ ညို့ဓာတ် အရမ်းပြင်းလွန်းသည်

Freenမှာ မော်ဒယ်ကောင်လေးကို မကြည့်မိဘဲ Becky ကိုဘဲ အကြာကြီး စိုက်ကြည့်နေမိသည်....

နောက်မှ သတိဝင်လာပြီး Freen ခေါင်းခါကာ မဂ္ဂဇင်း စာရွက် နောက်တစ်မျက်နှာကို ကောက်ယူလိုက်သည်

"အမျိုးသားထုကြီးတွေရဲ့ တစ်နေ့တာ အတူဖြတ်သန်းချင်သော Female Idol သုံးဦး.....
1.Becky Armstrong ..
2.Yamone ....
3.Freen Sarocha...."

Freen သတင်းစာ ဖတ်ရင်း စိတ်တွေ မွန်းကြပ်လာသည်

"P'Freen kha....ညီမ ပြန်ရောက်ပြီ...."

Freen မှာ Becky အသံကြားတော့ မဂ္ဂဇင်း စာအုပ်ကို ပိတ်ပြီး ထရပ်လိုက်သည်....Becky မှာ Freenကို ပြေးဖက်လိုက်သည်

"အစ်မ ရယ် ဒီနေ့ ညီမ တော်တော် အလုပ်များနေတာလွမ်းလိုက်တာ အစ်မရယ်....."

Beckyဆီက ရနေကျ မဟုတ်တဲ့ ရေမွှေနံ့ကို ရလိုက်တော့

"Becky ဒါ နင်ကြော်ငြာထားတဲ့ ရေမွှေးလား....."

"Omm ဟုတ်တယ် အစ်မ လိုချင်ရင်  ညီမ လက်ဆောင်ပေးမယ်လေ....အာ ဒါနဲ့ မနက်ဖြန် ရုပ်ရှင်အတွက် Aoyoma studioမှာ ဓာတ်ပုံ ရိုက်မှာမလား....ညီမလည်း အဲ့မှာ ေြက်ာငြာပုံတွေရိုက်ရမှာ အတူသွားရအောင်....."

Freen ဘာမှ ပြန်မဖြေဘဲ Beckyကို တွန်းလွှတ်ကာ အခန်းထဲဝင်သွားသည်....

Beckyကတော့ ဘာဖြစ်သွားမှန်းမသိသောကြောင့် ခေါင်းကုတ်ကာ ဆိုဖာပေါ်က မဂ္ဂဇင်းကို ကောက်ယူလိုက်သည်....ထိုအခါမှ Freen စိတ်ကောက်သွားတဲ့ အကြောင်းအရာ ကို သိရလေသည်

#tbc

#zawgyi















"အစ်မ....wait....နေပါအုံး..."

"ဘာလို့လဲ...."







"Becky ah...."


~~~~~~~~~~~ ~~~~~~~~~~







1.Becky Armstrong ..
2.Yamone ....
3.Freen Sarocha...."







"Omm ဟုတ်တယ် အစ်မ လိုချင်ရင် ညီမ လက်ဆောင်ပေးမယ်လေ....အာ ဒါနဲ့ မနက်ဖြန် ရုပ်ရှင်အတွက် Aoyoma studioမှာ ဓာတ်ပုံ ရိုက်မှာမလား....ညီမလည်း အဲ့မှာွေကျာငွာပုံတှရေိုကျရမှာ အတူသွားရအောင်....."



#tbc

Bạn đang đọc truyện trên: Truyen3h.Co