Part 9
Unicode
Freen တစ်ယောက် အိပ်ရာထပြီး သွားတိုက်နေစဉ် Beckyမှာ အနောက်ကနေ Freen ရဲ့ ခါးကို ဖက်လိုက်သည်
"Yah...."
Freen ရုန်းလိုက်တော့ Becky လက်သည်းရှည်ဟာ Freenရဲ့ ခါးကို ခြစ်မိသွားတယ်....
"ဟာ..."
Freen ကြီးကြီးမားမားဖြစ်တာ မရှိပေမယ့် ခါးမှာတော့ သွေးရာလေးတစ်ကြောင်း ပေါ်လာသည်....
"Yah Becky Armstrong ...."
"Sorry အစ်မက ဘာလို့ ခါးတိုဝတ်ထားတာလည်း ပြီးတော့ ဖက်တာကို ရုန်းမှတော့ ဖြစ်ပြီပေါ့...."
"တယ် သူလည်းမှားသေး ငါ့ကို အပြစ်ပြန်တင်နေသေး ...."
Freenမှာ သွားပွတ်တံနဲ့ Beckyခေါင်းကို ခေါက်လိုက်သည်....
"Ah "
Becky သူ့ခေါင်းလေးကို လက်နဲ့ပွတ်ရင်း Freenကို မျက်စောင်းထိုးနေ၏
မျက်စောင်းသာထိုးလိုက်ပေမယ့် သူမကို စိတ်ကောက်နေတဲ့ Freenကိုတော့ Becky ဆွဲနမ်းလိုက်သေးသည်
~~~~~~~~~~ ~~~~~~~~~~ ~~~~~
"ဟာ ခါးမှာ ပလာစတာ သေးသေးလေးနဲ့ ဘယ်လိုဖြစ်တာလည်း Freen.. .."
Freenရဲ့ မန်နေဂျာဖြစ်သူ Victoria က မေးလိုက်သည်......
"မိတ်ကပ်လေးဖြစ်ဖြစ် နည်းနည်းဖုံးလို့ မရဘူးလားအေ ဒီနေ့ Tv programme ရိုက်ကူးရေးအသစ် နှုတ်ဆက်ပွဲက ဖိတ်ထားလို့ ပါဆို"
"...."
"အလုပ်နဲ့ ပတ်သက်ရင် စေ့စပ်သေချာတဲ့ Freen .....ဘယ်လိုဖြစ်တာလည်း "
Victoria ညည်းတွားလိုက်သည်
"အစ်မ ရယ် ညီမကဘဲ သူ့ကိုယ်စား တောင်းပန်ပါတယ်...."
Beckyမှာ သူနဲ့လည်း မဆိုင်ဘဲ ကော်ဖီသောက်နေရာက ဝင်ပြောလိုက်သည်။
"တကယ်တော့ အဲ့တာက ညီမရဲ့ လက်သည်းကြောင့်ဖြစ်တာ...."
"Becky...."
Freenရဲ့ စကားသံနဲ့အတူ Beckyရဲ့ ခေါင်းကို ခွပ်ခနဲ ခေါက်လိုက်သည်
"အစ်မရယ် တချိန်လုံး ခေါင်းဘဲ ခေါက်နေတာ ကြာရင် ရူးတော့မှာဘဲ...."
Becky သူ့ ခေါင်းကို ပွတ်ရင်း ပြောလိုက်သည်
"အစကတည်းက ကျပ်မှမပြည့်တာ မန်နေဂျာအစ်မ ရယ် အဲ့ဝက်ရူးမ ပြောတာကို ဂရုစိုက်မနေနဲ့ သွားစရာရှိတာ သွားရအောင်ပါ....."
Victoriaကို ဆွဲခေါ်ပြီး Freen အိမ်အပြင်သို့ ထွက်လာခဲ့လိုက်သည်
"P'Freen ....ညီမ ဒီနေ့ အားတယ်.....စောစောပြန်ခဲ့နော် အစ်မအတွက် ညစာချက်ထားမယ် အတူစားရအောင်....."
Becky တံခါးပေါက်ကနေ ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအောင် အသံကျယ်ကြီးနဲ့ အော်သော်လည်း ဆဲခံရမည်ဆိုးသောကြောင့် တံခါးအမြန်ပိတ်လိုက်ရသည်
"တောက်....ဒီ ဝက်စုတ်တော့...."
Freen တောက်ခေါက်လိုက်တော့ Victoria မှာ ရယ်လိုက်ပြီး
"Keke Freen ကြည့်ရတာ အိမ်ရှင်မကောင်းတစ်ယောက် ရထားသလိုဘဲ "
"Vic ကပါ အတင်းပေးစားနေတာလား စိတ်လေတယ် တကယ် စိတ်လေတယ်...."
"Freen Sarocha သတိရတုံး ငါ ပြောရအုံးမယ် ...Becky Armstrongကလွဲရင် ဘယ်သူ့ကိုမှ ကြိုက်ဖို့ မစဉ်းစားပါနဲ့ အခုချိန်မှာ ဆယ်ကျော်သက်တွေကရော သတင်းသမားတွေကပါ နင်တို့ကို စောင့်ကြည့်နေလို့ Beckyကို သစ္စာဖောက်မယ့် အလုပ်မျိူး မလုပ်နဲ့.....မဟုတ်ရင် နင် ဒီလောကမှာ နာမည်ဆိုးကြီးနဲ့ အခွင့်အလမ်းတွေ ပိတ်ကုန်မှာနော် "
"ဟုတ်..."
သူ့မန်နေဂျာစကားကြောင့် Freen သက်ပြင်းချလိုက်သည်
စားပွဲခုံအရှည်ကြီးတွင် ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ သရုုပ်ဆောင် မန်နေဂျာတွေ အသီးသီး နေရာယူကြလေသည်
"အားလုံးဘဲ မင်္ဂလာပါ.. .အခု မာယာမျဉ်းပြိုင် ဇာတ်ကား အတွက် ကော်ပီစာရွက်တွေ အားလုံး ရပြီးပြီနော် ....ဒီဘက်က Frrenက ယောင်္ကျားဖြစ်သူရဲ့ တစ်ကိုယ်ကောင်းဆန်စွာ ထားရစ်ခံရမှုကြောင့် ကလေးနှစ်ယောက်နဲ့ အတူ ရုန်းကန်နေတဲ့ ဇာတ်ဆောင်နေရာက သရုပ်ဆောင်ပါ..."
Freenမှာ ဒါရိုက်တာ စကားဆုံးတော့ ထပြီး ဦးညွှတ်ကာနှုတ်ဆက်လိုက်သည်
"ဒီဘက်က Krit က တစ်ခုလပ် ကလေးအမေ Freenကို ကြိုက်တဲ့ CEOနေရာက သရုပ်ဆောင်ပါ "
"Nae....အားလုံးဘဲ မင်္ဂလာပါ .....အားလုံးအတူ ကြိုးစားရအောင်...."
Krit လက်ခုပ်တီးပြီး ပြောလိုက်သည်
မိတ်ဆက်ပွဲ ပြီးနောက် ခေါင်းဆောင် မင်းသားနဲ့ မင်းသမီး တို့ လက်ဆွဲနှုတ်ဆက်ကြသည်
"Freenကို တွေ့ခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်ကျွန်တော်က What is love Fan အကြီးစားဗျာ့ ဇာတ်သိမ်းထိမလွတ်တန်း အားပေးခဲ့တာ....."
"ကျေးဇူးပါ "
Freen စိတ်မပါတပါနဲ့ ကျေးဇူးတင်စကားပြောလိုက်သည်
"ဒီည ရိုက်ကူးရေးအစ အောင်မြင်တဲ့ အထိမ်းမှတ် အနေနဲ့ ညစာသွားစားမှာ လိုက်ခဲ့ပါလား.... "
Freenမှာ Beckyပြောတဲ့ စကားကိုပြန်သတိရပြီး မဲ့ပြုံးပြုံးကာ
"ဒါပေါ့ လိုက်ခဲ့မှာပေါ့ရှင်......"
Frennတစ်ယောက် ည၁၁ကျော်မှာ ဒယိမ်းဒယိုင်နဲ့ အိမ်ကို ပြန်လာလေသည်
"P'Freen .. ..မနက်ဖြန် မနက် ကြော်ငြာရိုက်စရာရှိလို့ မစောင့်ဘဲ စောစောအိပ်လိုက်ပြီနော်....."
Freen ရေခဲသေတ္တာမှာ ကပ်ထားတဲ့ Note ကို ကြည့်ပြီး
" သူ ငါ့ကို စိတ်ကောက်သွားတာလား....."
Freen သိချင်စိတ်နဲ့ Becky အခန်းတံခါးဖွင့်ကြည့်တော့ lock ချမထားပေ....
ဘေးတစ်စောင်းလေး အိပ်ပျော်နေတဲ့ Beckyကိုကြည့်ပြီး အသည်းယားလာသူက Freen...
ဒယိမ်းဒယိုင်နဲ့ အခန်းထဲဝင်လိုက်ပြီး Beckyအပေါ်သို့ ဝက်ပေါက်စလေးတစ်ကောင်ကို ဝံပုလွေ တစ်ကောင်က ခုန်အုပ်သလို Sica ခုန်အုပ်လိုက်သည်
#tbc
#zawgyi
Unicode
"Yah...."
"ဟာ..."
"Yah Becky Armstrong ...."
"Ah "
~~~~~~~~~~ ~~~~~~~~~~ ~~~~~
"...."
"Becky...."
"တောက်....ဒီ ဝက်စုတ်တော့...."
"Freen Sarocha သတိရတုံး ငါ ပြောရအုံးမယ် ...Becky Armstrongကလွဲရင် ဘယ်သူ့ကိုမှ ကြိုက်ဖို့ မစဉ်းစားပါနဲ့ အခုချိန်မှာ ဆယ်ကျော်သက်တွေကရော သတင်းသမားတွေကပါ နင်တို့ကို စောင့်ကြည့်နေလို့ Beckyကို သစ္စာဖောက်မယ့် အလုပ်မျိုး မလုပ်နဲ့.....မဟုတ်ရင် နင် ဒီလောကမှာ နာမည်ဆိုးကြီးနဲ့ အခွင့်အလမ်းတွေ ပိတ်ကုန်မှာနော် "
"ဟုတ်..."
စားပွဲခုံအရှည်ကြီးတွင် ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ သရုပျဆောငျ မန်နေဂျာတွေ အသီးသီး နေရာယူကြလေသည်
"ကျေးဇူးပါ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co