Part 12
ဘာ.....မော်ဒယ်မင်းသားက ကား accident ဖြစ်တယ် ဟုတ်လား "
ဒါရိုက်တာကြီး၏ အော်ဟစ်သံကြောင့် Freenbeckyတို့ နမ်းနေရာမှ လန့်သွားကြသည်
"သူကတော့ ဘာမှမဖြစ်ပါဘူးတဲ့ ဒါပေမယ့် ရဲစခန်းမှာ အရှုပ်အရှင်းတွေ ရှင်းစရာရှိလု့ိ မလာနိုင်တော့ဘူးတဲ့ ...."
လက်ထောက်မန်နေဂျာမှာ သေချာရှင်းပြနေ၏
"ဘယ်လိုဘဲဖြစ်နေနေ Becky Armstrongက အလုပ်များတဲ့သူ သူ့ကို ဟိုရက်ရွေ့ ဒီရက်ရွေ့လုပ်လို့မှ မဖြစ်ဘူးလေ သွား လူစားထိုးဖို့ မော်ဒယ်အမြန်ရှာလာခဲ့ "
"ဆရာကလည်း ခုချိန်မှ သွားရှာရင် မော်ဒယ် ကောင်းကောင်းလေး ဘယ်ရမလည်းဗျာ့...."
"P'Freen ဒီမှာ ခဏနေအုံးနော် "
Freenကို ပြောပြီး Becky ထွက်လာလိုက်သည်
ဘာတွေ ဖြစ်နေတာလည်း ဒါရိုက်တာကြီး...."
Becky ခပ်တည်တည်နဲ့ ဒါရိုက်တာကြီးရှေ့ သွားလိုက်သည်
"Becky....ဒီကို ဘယ်လိုလုပ်ရောက်လာတာလည်း .."
"နားအေးပါးအေး အေးဆေးခဏနားချင်လို့ ဒီဘက် ခဏလာတာ......ဘာတွေဖြစ်နေတာလည်း...ပြဿ နာတစ်ခုခု ဖြစ်နေတာလား.... "
"ပြောရမှာ အားနာပေမယ့် Becky ကြားခဲ့တဲ့ အတိုင်းပါဘဲဗျာ....စိတ်မပူပါနဲ့ လူစားထိုးဖို့ ရှာခိုင်းထားပါ....... "
ဒါရိုက်တာကြီးရဲ့ စကားမဆုံးသေး Freen ရောက်လာပြီး
" ကျွန်မ ကူညီပေးနိုင်တာများ ရှိသလား....."
"ဟင် Freen Sarocha က ဒီကို ဘယ်လိုလုပ်ရောက်နေတာလည်း "
ဒါရိုက်တာကြီးမှာ Freenကို တွေ့တော့ အံ့သြဟန်ဖြင့် မေးနေသည်
"ဟာ ဒါရိုက်တာကြီးကလည်း ဒီမှာ Becky ရှိနေတာကို "
shipperဖြစ်တဲ့ လက်ထောက်မန်နေဂျာမှာ အနားကပ်ပြီး ဒါရိုက်တာကြီးကို ပြောလိုက်သည်
"လူစားထိုးဖို့ မော်ဒယ်လိုနေတယ်ဆိုတော့ ကျွန်မလည်း အားနေတာနဲ့ အတော်ဘဲ စမ်းရိုက်ကြည့်မလား"
"အာ....ကျွန်တော်တို့က ယောင်္ကျားမော်ဒယ်လိုတာဗျာ့.... "
Beckyမှာတော့ သဝန်တိုနေတဲ့ စိတ်ဖြင့် ပုံမှန်မဟုတ်တဲ့ စကားတွေပြောနေတဲ့ Freenကိုကြည့်ပြီး အသည်းယားနေ၏
"ဒါရိုက်တာကြီးကလည်း ဒီလောက် နာမည်ကြီး မော်ဒယ်မင်းသမီးက သဘောတူနေတာကို ဘာတွေစဉ်းစားနေတာလည်း "
လက်ထောက်မန်နေဂျာမှ ဝင်ပြောသည်
"Okလေ စမ်းကြည့်တာပေါ့.... "
ဒီလိုနဲ့ ကင်မရာ အစမ်းရိုက်ပြီးနောက်
"ဒါရိုက်တာကြီး ဒီမှာ ကြည့်ပါအုံး Freenရဲ့ မျက်နှာက Becky ထက်တောင် ပိုပြီး sexyကျနေသလို "
Photoshoot ရိုက်ပြီး ၂ပတ်အကြာ
" မင်္ဂလာပါရှင် ကျွန်မတို့ရဲ့ သတင်း အစီအစဉ်မှ အရင်လက နာမည်ကြီးခဲ့တဲ့ ရေမွှေးကြော်ငြာရဲ့ ပိုစတာအသစ်နဲ့ ပတ်သက်တဲ့အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်"
"ဟုတ်ပါတယ်ဗျာ Becky ဟာ ဒီရေမွှေးရဲ့ ပင်တိုင်စံမော်ဒယ်ဆိုတာ အားလုံးသိပြိးသားဖြစ်တယ်ဆိုပေမယ့် အခုနောက်ဆုံးထွက်တဲ့ ပိုစတာမှာဆိုရင်ဖြင့် Freenရဲ့ sexyကျတဲ့ လှုပ်ရှားမှုတွေက ပရိတ်သတ်တွေ အထူးသဖြင့် ယောင်္ကျားထုကြီးကို လှုပ်ခတ်သွားစေပါတယ်"
"ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရ Freenကို ယခု ပိုစတာအတွက် ချိန်းဆိုရိုက်ကူးခြင်းမဟုတ်ဘဲ မူလမော်ဒယ်မင်းသားမှ accident ဖြစ်၍ မလာနိုင်ချိန်မှာ Freenက ရိုက်ကွင်းဘက်တွင် ရှိနေတဲ့အတွက် ဒါရိုက်တာမှ စမ်းသပ်ရိုက်ကူးရင်း သဘောကျသွားကြောင်း သိရပါတယ် "
"လူအများအပြားဟာလည်း ယခင်ပိုစတာထက် ယခုပိုစတာကို သဘောပိုကျကြောင်း သိရှိရပါတယ်...."
Beckyမှာ Tv remote ကို နှိပ်ပြီး ပိတ်ကာ Freenဘက် လှည့်လိုက်သည်
"အစ်မ..ညီမ ကို အသုံးချပြီး နာမည်ပိုကြီးအောင် လုပ်သွားသလိုဘဲ......"
ဘာလည်း မကျေနပ်ဘူးလား နေပါအုံး မကျေနပ်ဘူးဆို ဘာလို့ ငါ့ပိုစတာ တောင်းပြီး နင့်အခန်းမှာ ကပ်ထားတာလည်း......"
"အဟိ သိချင်ရင် အခန်းထဲလိုက်ခဲ့လေ...."
"နှာဘူးပြန်ပြီ....."
"ရော် ညတိုင်း အစ်မပုံကြည့်ပြီးမှ အိပ်တယ်လို့ပြောမလို့ကို ဘာတွေတွေးနေတာလည်း အစ်မနော် ဟင်းဟင်း.. .တကယ် နှာဘူးတာ အစ်မပါနော် ....."
"Becky Armstrong...."
Beckyမှာ ဒေါသအိုး Freen သူ့ကို မထုခင် အခန်းထဲသို့ ပြေးဝင်သွားလေသည်။
#tbc
#zawgyi
"သူကတော့ ဘာမှမဖြစ်ပါဘူးတဲ့ ဒါပေမယ့် ရဲစခန်းမှာ အရှုပ်အရှင်းတွေ ရှင်းစရာရှိလို့ မလာနိုင်တော့ဘူးတဲ့ ...."
"Okလေ စမ်းကြည့်တာပေါ့.... "
"နှာဘူးပြန်ပြီ....."
"Becky Armstrong...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co