Truyen3h.Co

What is love

Part 13

KimFany059


"Freen ....ဒီနေ့ တာဝန်ကျေပါတယ်....."

"ဟုတ် ကျေးဇူးတင်ပါတယ် koreaလိုဆို  gomawo Good night ..."

Freenမှာ အိမ်ပြန်လိုက်ပို့တဲ့ သူ့မန်နေဂျာကို နှုတ်ဆက်လိုက်သည်

သူ့မန်နေဂျာ ကားမောင်းထွက်သွားမှ Freen အိမ်သော့ဖွင့်နေစဉ်
"P'Freen kha..."

"...."

"Hee Hee....ချစ်ရသူနဲ့ အိမ်ထဲအတူတူဝင်ရတဲ့ ခံစားချက်က မိုက်တယ်နော် အခုလို ခံစားချက်မျိုးက ဘယ်အရာနဲ့မှ မလဲနိုင်ဘူး...."

"Becky Armstrong ရယ် နေမြင့်လေ ရူးရင့်လေဆိုတာ နင့်ကိုပြောတာ....."

Freen ​ခေါင်းခါပြီး ပြောလိုက်သည်

ထိုစဉ် Beckyဆီ ဖုန်းဝင်လာသည်....

"Hello ....Michelle.. .."

"Baby Becky...."

"I miss you so much...."

Becky တစ်ယောက် သတိရတယ်ဆိုပြီး ဝမ်းသာအားရ ပြောနေလို့ Freen တစ်ယောက်မှာ ဘယ်သူလည်းဆိုတာ သိချင်တာနဲ့ မယောင်မလည်နဲ့ ချောင်းနားထောင်နေ၏

"Baby.....ရုပ်ရှင်လောကမှာ baby ဖြစ်ချင်တဲ့အတိုင်း အောင်မြင်လာလို့ ဝမ်းသာဂုဏ်ယူမိတယ်ကွယ်...........babyကို ပြောရအုံးမယ် ငါ သဘောကျတဲ့ ကောင်လေးတွေ့ပြီလေ......သူနဲ့ လက်ထပ်တော့မှာ LAမှာ လုပ်မှာမို့ လာခဲ့လေ...."

"Sure....လာရမှာပေါ့ စိတ်ချ လက်မှတ်အခုဖြတ်လိုက်ပြီ......."

"That's why i love you baby..."

"Heee hee me too ....See yah..."

Becky ရယ်မောပြီး ဖုန်းချလိုက်ကာ သူ့ကို စိုက်ကြည့်နေတဲ့ Freenကို တွေ့တော့

"အဟီး နိုင်ငံခြားက အမနဲ့ ဖုန်းပြောနေတာပါ...."

"ငါ ဘာပြောနေလို့လည်း....နင် သူတို့နဲ့ အဆက်အသွယ် ရှိသေးတယ်ပေါ့...."

"Humm....အစ်မ မေးပုံက ဘယ်လိုကြီးလည်း....အာ အစ်မ မိသားစုနဲ့ အဆက်အသွယ် မလုပ်ဖြစ်ဘူးလား...."

"အာ....ဟုတ်တယ်....ငါ့ကို ဒီလို အနုပညာလောကထဲ ဝင်တာ သူတို့မကြိုက်ကြဘူး သူတို့အလုပ် companyကိုဘဲ ဦးစီးစေချင်ကြတာလေ....ငါကလည်း အနုပညာပိုးထိုးနေတော့ အိမ်ကို ဆန့်ကျင်ပြီး ထွက်လာတာ What is love အောင်မြင်တုံးက သူတို့ငါ့ကို အဆက်အသွယ် လုပ်သေးတယ်....ဒါပေမယ့် နင်နဲ့ မိန်းကလေးချင်း တွဲနေတယ်ဆိုတဲ့ သတင်းထွက်လာတော့ lesbianတစ်ယောက် မိသားစုထဲပါလာလို့ဆိုပြီး ရှက်လို့တဲ့လေ အဆက်အသွယ်ပြန်ဖြတ်သွားကြတာ...အချိန်တန်ရင် ပြန်ဆက်သွယ်မှာပါ သူတို့သွေးကို ပစ်မထားပါဘူး...."

Freen ပြောရင်း မျက်နှာလေး ညိုးနွမ်းသွားတယ်

"ညီမ တောင်းပန်ပါတယ်.....ညီမကြောင့် အခုလို ဖြစ်ရတာ "

Beckyမှာ Freenကို စိတ်မကောင်းဖြစ်သွားလို့ တောင်းပန်လိုက်သည်

"အာ မဟုတ်ပါဘူး အမွေဖြတ်စွန့်လွှတ်ကြောင်း မကြော်ငြာသေးလို့ အချိန်တန်ရင် သူတို့ပြန်ခေါ်မှာပါ စိတ်မကောင်းဖြစ်မနေပါနဲ့.... "

Beckyကို Freenနှစ်သိမ့်လိုက်သည်

"အစ်မ....သိပြီ ညီမ အကြံရပြီ.....အမရဲ့ မင်္ဂလာဆောင်ကို လိုက်ခဲ့ "

"What နင်ရူးနေတာလား မိသားစု တွေ့ဆုံပွဲကို ငါ့လိုသူစိမ်း တစ်ယောက်ကို ခေါ်စရာလား နင့် မိသားစုက သဘောတူမှာ မဟုတ်ဘူး.. .."

Freen မျက်နှာ နီရဲလာသည်

"Come on ထားလိုက်ပါ နိုင်ငံခြားမှာ နေကြတာဆိုတော့ ညီမ မိသားစုက အမြင်ကျယ်ပါတယ်....ချစ်သူဆို သူတို့ လက်ခံပေးမှာပါ.. .."

Freenမှာ တက်ကြွနေတဲ့ Beckyကို  ကြည့်ပြီး ပြောစရာစကားလုံးများ ပျောက်ဆုံးနေသည်

~~~~~~~~~~~~ ~~~~~~~~~~~
At LA
"ကျေးဇူပြု၍ မင်္ဂလာပွဲကို မတက်ကြပါနဲ့လား "

"Daddy.....Freenကို ပြောစရာမလိုဘူး သမီးခေါ်လာလို့ သူ့အလုပ်မအားတဲ့ ကြားက လိုက်လာရတာ...."

Beckyမှာ ဒေါသထွက်ပြီး သူ့အဖေကို အော်လိုက်သည်

"Daddy....စိတ်ထိန်းပါ...Becky နင့်အဖေကို အော်စရာလား....."

Becky အကို Richie  မှာ သူ့အဖေနဲ့ ညီမကြား ဝင်ဖြန်ဖြေနေသည်

Freenမှာတော့ ထိုင်ရမလိုလို ထရမလိုလိုနဲ့ ဘာလုပ်ရမှန်းမသိပေ

"Becky နင့်ကို ဘယ်တုံးက သူ့ကို ခေါ်လာခိုင်းဖို့ ပြောလို့လည်း....နင့်ဟာနင် လုပ်ချင်တာလုပ်ပြီး ငါ့လာမအော်နဲ့ ...."

"Daddy"

"Richie မင်းပါးစပ်ပိတ်ထား.....ဘယ်နဲ့ ကိုယ့်အမ မင်္ဂလာဆောင်ကို ညီမဖြစ်သူက ဒီလိုမျိုး gayတစ်ယောက်နဲ့ ရောက်လာရင် သတို့သားဘက်က လူတွေက ဘယ်လိုပြောကြမလည်း ......ကိုယ့်အမဘက်ကို မစဉ်းစားဘူးလား ဟမ်......."

သူ့အဖေပြောစကားကြောင့် Becky တစ်ယောက် စိတ်တိုပြီး Freenလက်ကို ဆွဲကာ သူတို့ အိမ်က ထွက်လာလိုက်သည်.....

ကမ်းခြေတစ်ခုတွင် စိတ်ပြေလက်ပျောက် လေညင်းခံရင်း

"Becky..ဒါတွေအားလုံးက ငါ့အမှားပါဟာ...."

"P'Freen အမှား ဘာလို့ ဖြစ်ရမှာလည်း....ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာလည်း...."

Freen ဘာမှပြန်မဖြေဘဲ ပင်လယ်ကြီးကို ငေးကြည့်နေ၏

"Daddy ကို ညီမ တကယ် စိတ်ဆိုးတယ် ညီမ ချစ်တဲ့သူကို ကောင်းကောင်းမွန်မွန် မဆက်ဆံပေးဘူး .....တောက်...."

"Beckyရယ် နင့်မိဘတွေက ဘယ်လိုဘဲ ပွင့်လင်းပါစေ ကိုယ့်သားသမီးက gayဆိုတာတော့ မဖြစ်စေချင်ကြပါဘူး .....နင် ကိုယ်ချင်းစာကြည့်လေဟယ်.....ငါကိုက အကြီးဖြစ်ပြီး မှားတာပါ....."

Freenတစ်ယောက် ဆူပုပ်နေတဲ့ Becky မျက်နှာလေးကို ကိုင်ပြီး
"Becky ah....နင့်အဖေကို ပြန်တောင်းပန်လိုက်ပါနော် "

"No အဲ့လိုလုပ်ရင် သူ့လုပ်ရပ်ကို ထောက်ခံသလို ဖြစ်သွားမှာ ....လုံးဝမတောင်းပန်ဘူး အဲ့မင်္ဂလာပွဲလည်း မတက်ဘူး...."

"Beckyရယ် ကလေးမဆန်စမ်းပါနဲ့ "

"အစ်အအပေါ် မတရားရာ ကျမှာပေါ့ ညီမက အစ်မကို အတင်းခေါ်လာတာလေ...ပြီးတော့ အစ်မကို အစ်မရဲ့မိသားစုက ပစ်ထားတယ်ဆိုတာ သိကတည်းက ညီမ မိသားစုက အစ်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးစေချင်တာ "

"ဝက်ရူး "

"လုပ်ပြီ ဘာလို့ အဲ့လို ခေါ်ပြန်တာတုံး "

"သေချာ တွေးကြည့်လေ နင် အဲ့လို လုပ်တော့ ငါက ငါ့မိသားစုကို ပိုသတိရလာမှာပေါ့.... "

"Arrr...."

"ဒါကြောင့် ငါ့ကို စိတ်မပူဘဲ နင့်အမ မင်္ဂလာပွဲကို တက်လိုက်ပါနော်...."

Beckyရဲ့ ဆံပင်လေးကို လက်နဲ့ဖွပြီး Freen  ပြောလိုက်သည်။

"ပုံမှန်ဆို အရမ်းချစ်ဖို့ကောင်းတဲ့ အစ်မက အခုတော့ အရမ်းရင့်ကျက်နေတယ်နော် "

"ငါ့ကို ချစ်ဖို့ကောင်းတယ်ပြောတာ နင်ဘဲရှိတယ်....."

"အစ်မ....ချစ်တယ်......ညီမကို  ကလေးလေး တစ်ယောက်လို သဘောထားတာ သိပါတယ်....ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် အကောင်းအဆိုးကို အတူတူရင်ဆိုင်ရအောင်နော်.... "

Freenကို အနောက်က သိုင်းဖက်ပြီး Beckyပြောလိုက်သည် Freenကတော့  သူ့ခါးပေါ်က Beckyလက်ကို တင်းတင်းကြပ်ကြပ်ကိုင်ပြီး နေဝင်သွားတာကိုငေးကြည့်နေ၏

Bạn đang đọc truyện trên: Truyen3h.Co