Truyen3h.Co

What is love

Part 23

KimFany059

Freenရဲ့ အမေ အသုဘချပြီးနောက် Freenbeckyတို့ Freenအိမ်ကို သွားလေသည် ....

"အစ်မ....အစ်မရဲ့ အိမ်ကို အရင်ဝင်ပြီးမှ ဟိုတယ်ကိုသွားကြတာပေါ့နော့်....."

Freenကား ဘာမှပြန်မဖြေချေ.....အတွေးများစွာနဲ့ ငူငိုင်နေ၏......

"အစ်မလို့...."

"Humm...."

Beckyမှာ Freenရဲ့ ပခုံးကို လှုပ်ရမ်းလိုက်တဲ့အခါမှ Freen အသိပြန်ဝင်လာလေသည်......

Freenကြောက်ရင်လည်း ကြောက်စရာပင်.......Freenရဲ့ အိမ်ကြီးကို ကြည့်လိုက်တာနဲ့ ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းကဆိုတာ Becky သိနေပြီလေ.....

"အစ်မ အိမ်ကို ရောက်ပြီလေ.....ဆင်းရအောင် "

"Becky ah...."

Freenမှာ ကြောက်လွန်းလို့ ချွေးစေးတွေ ပြန်နေ၏......

"Umm....အစ်မ ကြောက်နေတာဘဲ ဟုတ်သားဘဲ နဂိုကမှ သူ့အိမ်ကို ကြောက်လို့ အမြဲရှောင်နေခဲ့တာ အခု သူကgayဖြစ်ပြီး သူ့ချစ်သူကိုပါ ခေါ်လာတယ်ဆိုတော့ ငါ လိုက်မသွားတော့ပါဘူးလေ💭💭 "ဟု Becky တွေးလိုက်သည်

"အစ်မ သူတို့နဲ့ အရင်တွေ့လိုက်လေ....ပြီးမှ အဆင်ပြေပြီဆိုမှ ညီမကို ခေါ်လိုက်ပေါ့ ဒါဆို ညီမ ဟိုတယ်ကို သွားနှင့်ပြီနော် "

" ငါ...ငါ တောင်းပန်ပါတယ် Becky ah"

"ရပါတယ်.... အစ်မ က လိုက်ခဲ့ဖို့ ခေါ်တာမှ မဟုတ်ဘဲ ညီမကသာ အတင်းလိုက်လာတာကို သေချာအဆင်ပြေနော် စကားပြောခဲ့နော် အစ်မ "

"အင်းပါ...."

"ဒါဆို ညီမ သွားပြီနော် "

Freen တစ်ယောက် Beckyရဲ့ ကားလေး မြင်ကွင်းကနေ ကွယ်ပျောက်သွားတဲ့အထိ ရပ်ကြည့်နေမိသည်......

ထို့နောက် သက်ပြင်းချပြီး လေးလံသောခြေလှမ်းများနဲ့ သူ့အိမ်သို့ သွားလိုက်သည်

"Freen ah....."

အိမ်အကူ အဒေါ်ကြီးမှာ အိမ်ရှေ့ထွက်ပြီး အမှိုက်ပစ်ရင်း Freenကို တွေ့တော့ အရမ်း ဝမ်းသာပြီး ပြေးဖက်လိုက်သည်

"ဒေါ်လေး နေကောင်းတယ်မလား.... "

"နေကောင်းပါတယ်ကွယ်.....ငါ့သမီးလေး ချောလာလိုက်တာ ကြည့်အုံး"

"အမေ ဆုံးသွားပြီဆိုတဲ့ သတင်းကြားလို့ သမီး ပြန်လာတာ....."

" သမီး အိမ်ပြောင်းသွားတဲ့အကြောင်း ဘာလို့ ဒေါ်လေးတို့ကို မပြောတာလည်း သခင်မကြီးမှာ ဆုံးခါနီး သမီးနာမည်ကိုဘဲ တဖွဖွရွတ်နေရှာတာ......"

"အဖေ ရော.... "
Freen ဆက်နားမထောင်နိုင်တာနဲ့ စကားလမ်းကြောင်း လွှဲလိုက်တယ်

"သခင်ကြီးကတော့ ဒီနေ့ ရက်လည်ပြီးသွားပြီမို့ အခန်းထဲမှာ အနားယူနေတယ်....သမီးရဲ့ ညီမလေးကတော့ သခင်မကြီး အုတ်ဂူကို သွားကန်တော့နေတယ် ......"

"အဒေါ်ကြီးရေ ဘယ်သူရောက်နေတာလည်း...."

"Freen လေး ပြန်ရောက်လာလို့ အကိုလေးရေ "

Freen မြင်လိုက်ရသည်ကား အင်္ကျီအဖြူနဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြီးထားတဲ့ အမျိုးသားတစ်ဦး....

"အော် သမီးက သိမှာ မဟုတ်ဘူး.. .သူက သမီးအစ်မရဲ့ အမျိူးသားလေ "

"တွေ့ရတာ ဝမ်းသာပါတယ်...ကျွန်တော်က Davika ရဲ့ အမျိူးသား Lamon ပါ......လက်ထပ်ပြီးတာ နှစ်နှစ်ရှိပါပြီ "

" အာ...လက်ထပ်တုံးက ဘာလို့ ကျွန်မကို မဖိတ်တာလည်း လက်ဖွဲ့တွေလှမ်းပို့မှာပေါ့....."

Freenလည်း ကမန်းကတမ်းလက်ဆွဲနှုတ်ဆက်လိုက်သည်

"ငါက ဘာဖြစ်လို့ နင့်​လို လူကို ငါ့မင်္ဂလာဆောင်ကို ဖိတ်ရမှာလည်း "

Davika မျက်မှောင်ကြုတ်ကာ ပြောရင်း အိမ်ထဲသို့ ဝင်လာသည်

"နင့် ကြောင့် ငါ တို့ မိသားစု ခဏခဏ ပတ်ဝန်းကျင်မှာ အရှက်ကွဲခဲ့ရတယ် မိန်းမတစ်ယောက်နဲ့တွဲရတာ အားမရလို့ သူနဲ့အတူတူနေဖို့တောင် အိမ်ဝယ်လိုက်တယ်ဆို ....ကိုယ့်မိသားစုကိုတောင် အိမ်အသစ်အကြောင်းမပြောပြရနိုင်လောက်တဲ့အထိ မိုးမမြင်လေမမြင်ဖြစ်ချင်တိုင်းဖြစ်ပြီးမှ ဘာလာလုပ်တာလည်း "

"အစ်မ ....ညီမ အိမ်ကို ပြန်လာတာက အရာအားလုံးအတွက် တောင်းပန်ချင်လို့လာတာ အဲ့လောက်ထိ ညီမကိုမုန်းတယ်ဆို အမွေပြတ်စွန့်လွှတ်လိုက်ဟာ....ညီမ လက်ခံပေးမယ်....အစ်မတို့စိတ်ချမ်းသာသလို လုပ်ပါ မျိူရိူးနာမည်ပါ ပြောင်းပေးမယ်တခုဘဲ ညီမကို အမေ့ ရဲ့ အုတ်ဂူမှာ နှုတ်ဆက်ခွင့်ပေးပါ"

" Freen Sarocha ရယ် တော်လိုက်တာ အခုချိန်မှာ ရှင့်ကို အမွေဖြတ်လိုက်ရင် ပြည်သူတွေက ရှင့်ကို အရမ်းဂရုဏာသက်ကြတော့မယ်.....ကျွန်မတို့က စိတ်ညစ်ရတာတွေ အလုပ်ထဲမှာ အရှက်ကွဲခဲ့ရတာတွေတော့ ဘယ်သူမှသနားကြမှာမဟုတ်......ရှင်ကတော့ လုပ်ချင်တာလုပ်မယ်ချည်း...."

"Davi...."

Lamonမှာ သူ့မိန်းမကြောင့် မရီးဖြစ်သူကို အားနာနေရသည်.....

Beckyမှာတော့ ဟိုတယ်ကို မောင်းနေသော်လည်း စိတ်က Freenဆီမှာပင်....

သူ့ချစ်သူ အဆင်ပြေပါ့မလား တွေးပူနေ၏.....

တစ်မိသားစုလုံးက အပြစ်တင်ပြောဆိုတာကိုရော ခံနိုင်ပါ့မလား စိတ်ပူနေမိသည်

Becky ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်ပြီး ကားကိုပြန်လှည့်လိုက်သည်.....

#tbc

#zawgyi




"အစ်မလို့...."

"Humm...."




"Becky ah...."




" ငါ...ငါ တောင်းပန်ပါတယ် Beckg ah"


"အင်းပါ...."

"ဒါဆို ညီမ သွားပြီနော် "



"Freen ah....."






"အဖေ ရော.... "





"အော် သမီးက သိမှာ မဟုတ်ဘူး.. .သူက သမီးအစ်မရဲ့ အမျိုးသားလေ "

"တွေ့ရတာ ဝမ်းသာပါတယ်...ကျွန်တော်က Davika ရဲ့ အမျိုးသား Lamon ပါ......လက်ထပ်ပြီးတာ နှစ်နှစ်ရှိပါပြီ "






"အစ်မ ....ညီမ အိမ်ကို ပြန်လာတာက အရာအားလုံးအတွက် တောင်းပန်ချင်လို့လာတာ အဲ့လောက်ထိ ညီမကိုမုန်းတယ်ဆို အမွေပြတ်စွန့်လွှတ်လိုက်ဟာ....ညီမ လက်ခံပေးမယ်....အစ်မတို့စိတ်ချမ်းသာသလို လုပ်ပါ မျိုရိုးနာမည်ပါ ပြောင်းပေးမယ်တခုဘဲ ညီမကို အမေ့ ရဲ့ အုတ်ဂူမှာ နှုတ်ဆက်ခွင့်ပေးပါ"


"Davi...."






#tbc

Bạn đang đọc truyện trên: Truyen3h.Co