Truyen3h.Co

What is love

Part 22

KimFany059

Photoshoot ရှိသဖြင့် Freen  တစ်ယောက် မနက်စောစော ထကာ အိမ်ထဲက ထွက်လာခဲ့သည်....

"Hey...Freen  ထွက်လာပြီဟေ့ "

Freenကို  မြင်တာနဲ့ သူ့အိမ်ရှေ့မှာစောင့်နေတဲ့ သတင်းထောက်တွေမှာ အမြန်ပြေးလာကြသည်

"Freen Sarocha အခု ဘယ်လိုခံစားနေရပါသလည်း"

"မိသားစုနဲ့ ဒီလောက်ထိ ပြဿ   နာကြီးမယ်လို့ သိခဲ့ပါလား....."

"အမေဆုံးသွားတာကို ဘယ်အချိန်ကတည်းက သိခဲ့တာလည်း...."

" ခင်ဗျား အမေ အသုဘချတာကို ခင်ဗျားကို မခေါ်ဘူးလို့ သတင်းကြားခဲ့ပါတယ်.. အသုဘပြီးလို့ရော ပြန်ခေါ်ပါသလား...."

"အခုလို ပစ်ပစ်ခါခါ ဆက်ဆံခံရတဲ့အတွက် ဘယ်လိုခံစားရပါသလည်း....."

Freenမှာ ရုတ်တရက်  မေးခွန်းတွေကို မဖြေနိုင်....သတင်းထောက်တွေပြောမှ သူ့အမေဆုံးသွားတဲ့အကြောင်း သိရပြီး ငူငူငိုင်ငိုင်နဲ့ ဖြစ်သွားသည်......

Becky နိုးလာတော့ အိမ်ရှေ့မှာ ဆူညံနေတဲ့ သတင်းထောက်တွေကြောင့် အမြန် အပြင်သို့ထွက်ကာ ငူငိုင်နေတဲ့ Freenကို အိမ်ထဲသို့ ဆွဲခေါ်လာသည်....

Tvမှ သတင်းကြော်ငြာများ ~~~~~~~

" သရုပ်ဆောင်နဲ့ ကြော်ငြာမင်းသမီး Freen Sarocha တို့ မိသားစုဟာ ဆွေကြီးမျိုးကြီး အသိုက်အဝန်းက ဖြစ်ပြီး Freen Sarochaကို ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ် မော်ဒယ်လုပ်လို့ အဆက်အသွယ်ဖြတ်ခဲ့တယ်လို့သိရပါတယ် "

"Becky Armstrongနဲ့ ဆက်ဆံရေးကိုလည်း လုံးဝသဘောမတူဘူးလို့လည်း သတင်းရရှိခဲ့ပါတယ်"

"ကျွန်တော်တို့ အခု Freen Sarochaရဲ့ မွေးရပ်မြေကိုရောက်နေတာပါ.....Freenမိဘတွေရဲ့ အိမ်ရှေ့မှာပါ တစ်ခြား သတင်းထောက်တွေရောက်ရှိနေပါတယ် "

"သမီးအရင်းတစ်ယောက်လုံးကို သူ့မိခင်ဆုံးသွားတဲ့အကြောင်း ဘာလို့ အသိမပေးတာလည်း ခင်ဗျာ ကျေးဇူးပြုပြီးဖြေပေးပါလား "

"ကျွန်မမှာ ဖြေဆိုခွင့်မရှိပါဘူး..... "

" ညီမလည်း မိသားစုဝင်မဟုတ်ဘူးလား ကျေးဇူးပြုပြီး ဖြေပေးပါအုံး...."

"တောင်းပန်ပါတယ် ထပ်ပြီး လူစုလူဝေးနဲ့ အနှောင့်အယှက်ပေးအုံးမယ်ဆို ကျွန်တော်တို့ ရဲကို တိုင်ရပါလိမ့်မယ် "

Freenရဲ့ အစ်မ​ဖြစ်သူ၏ အမျိုးသားက
ဝင်ပြောလိုက်သည်

Freenမှာ သတင်းတွေကို ကြားတစ်ချက်မကြားတစ်ချက်ဖြင့် ငူငူငိုင်ငိုင်နဲ့ ဖြစ်နေပြန်သည်....

Becky ရေချိုးခန်းထဲက ထွက်လာပြီး Tvကို ပိတ်ပစ်လိုက်သည်

"အစ်မ...ညီမ တောင်းပန်ပါတယ်... "

" တောင်းပန်ရအောင် နင့်အမှားမှ မဟုတ်တာ...."

Becky သက်ပြင်းချပြီး Freenဘေးနားဝင်ထိုင်လိုက်သည်.....

"အစ်မ....အိမ်ကိုရော ဖုန်းဆက်ပြီးပြီလား "

"ငါ့ရဲ့အစ်မက အမေ ဆုံးခါနီး ငါ့ဆီဖုန်းခေါ်သေးတယ်တဲ့ ဒါပေမယ့် သူတို့ဆက်တဲ့ဖုန်းက ဟိုအိမ်မှာကျန်ခဲ့တာလေ.....ငါက မီဒီယာတွေ နှောင့်ယှက်မှာဆိုးလို့ ဖုန်းအသစ်လဲခဲ့တာ သူတို့ကိုပြောဖို့ မေ့သွားတယ်.. ..ငါ့အမှားပါ "

"ဟာ မဟုတ်တာ အိမ်ဖုန်းဆက်မရရင် အေဂျင်စီဖုန်းကို ဆက်လို့ရတယ်လေ....မန်နေဂျာကနေတစ်ဆင့်ပြောလို့ရတာကို...."

"ငါ့လို မိဘမျက်နှာမကြည့်ဘဲ ထင်ရာစိုင်းနေတဲ့သမီးတစ်ယောက်အတွက် အဲ့လောက်ထိလုပ်ပေးစရာမလိုဘူးတဲ့ "

Freen ပြောရင်း မျက်ရည်တွေကျလာသည်....

"ငါက သမီးမိုက်တစ်ယောက်မို့ အမေ့ ရဲ့ နောက်ဆုံးအချိန်မှာတောင် တွေ့ဖို့မထိုကမတန်ဘူးတဲ့ "

Freenလို မာနကြီးတဲ့ အချေတစ်ယောက်က မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျအောင် ငိုနေတော့ Beckyလည်း ကြည့်ပြီး နာကျင်နေရသည်

"အစ်မ...အစ်မတို့ အိမ်ကို အတူတူသွားရအောင် သွားပြီး စကားပြောကြရအောင် "

Freenရဲ့ ပခုံးကို ကိုင်ပြီး Becky ပြောလိုက်သည်

"ဟင့်အင်း ငါ့အတွက် နင်ရှိရင် ပြည့်စုံပြီ..."

"အဲ့လိုတော့ မဟုတ်ဘူးလေ အစ်မရယ်... ညီမကို ချစ်မိလို့ အခုလိုဖြစ်ရတာ မဟုတ်ဘူးလား ညီမကြောင့် အခုလိုဖြစ်ရတာကို မြင်ရက်တယ်ထင်နေတာလား ညီမသာ အစ်မရဲ့နေရာမှာဆို မိသားစုနဲ့အဆင်ပြန်ပြေအောင် ညီမတို့ကိုလည်း သဘောတူအောင် ကြိုးစားမိမှာ လာပါ သွားရအောင်ဆို.... "

Freen တစ်ယောက် နောက်ဆုံးတော့ Becky ရဲ့ ဖြောင်းဖျမှုကြားမှာ သူ့မိသားစုဆီသွားဖို့ ဆုံးဖြတ်လိုက်သည်

#tbc

#zawgyi

Photoshoot ရွိသျဖင့္ Freen တစ္ေယာက္ မနက္ေစာေစာ ထကာ အိမ္ထဲက ထြက္လာခဲ့သည္....

"Hey...Freen ထြက္လာၿပီေဟ့ "

Freenကို ျမင္တာနဲ႕ သူ႕အိမ္ေရွ႕မွာေစာင့္ေနတဲ့ သတင္းေထာက္ေတြမွာ အျမန္ေျပးလာၾကသည္

"Freen Sarocha အခု ဘယ္လိုခံစားေနရပါသလည္း"

"မိသားစုနဲ႕ ဒီေလာက္ထိ ျပႆ နာႀကီးမယ္လို႔ သိခဲ့ပါလား....."

"အေမဆုံးသြားတာကို ဘယ္အခ်ိန္ကတည္းက သိခဲ့တာလည္း...."

" ခင္ဗ်ား အေမ အသုဘခ်တာကို ခင္ဗ်ားကို မေခၚဘူးလို႔ သတင္းၾကားခဲ့ပါတယ္.. အသုဘၿပီးလို႔ေရာ ျပန္ေခၚပါသလား...."

"အခုလို ပစ္ပစ္ခါခါ ဆက္ဆံခံရတဲ့အတြက္ ဘယ္လိုခံစားရပါသလည္း....."

Freenမွာ ႐ုတ္တရက္ ေမးခြန္းေတြကို မေျဖနိုင္....သတင္းေထာက္ေတြေျပာမွ သူ႕အေမဆုံးသြားတဲ့အေၾကာင္း သိရၿပီး ငူငူငိုင္ငိုင္နဲ႕ ျဖစ္သြားသည္......

Becky နိုးလာေတာ့ အိမ္ေရွ႕မွာ ဆူညံေနတဲ့ သတင္းေထာက္ေတြေၾကာင့္ အျမန္ အျပင္သို႔ထြက္ကာ ငူငိုင္ေနတဲ့ Freenကို အိမ္ထဲသို႔ ဆြဲေခၚလာသည္....

Tvမွ သတင္းေၾကာ္ျငာမ်ား ~~~~~~~

" သ႐ုပ္ေဆာင္နဲ႕ ေၾကာ္ျငာမင္းသမီး Freen Sarocha တို႔ မိသားစုဟာ ေဆြႀကီးမ်ိဳးႀကီး အသိုက္အဝန္းက ျဖစ္ၿပီး Freen Sarochaကို ခြင့္ျပဳခ်က္မရဘဲ ကိုယ့္သေဘာနဲ႕ကိုယ္ ေမာ္ဒယ္လုပ္လို႔ အဆက္အသြယ္ျဖတ္ခဲ့တယ္လို႔သိရပါတယ္ "

"Becky Armstrongနဲ႕ ဆက္ဆံေရးကိုလည္း လုံးဝသေဘာမတူဘူးလို႔လည္း သတင္းရရွိခဲ့ပါတယ္"

"ကြၽန္ေတာ္တို႔ အခု Freen Sarochaရဲ႕ ေမြးရပ္ေျမကိုေရာက္ေနတာပါ.....Freenမိဘေတြရဲ႕ အိမ္ေရွ႕မွာပါ တစ္ျခား သတင္းေထာက္ေတြေရာက္ရွိေနပါတယ္ "

"သမီးအရင္းတစ္ေယာက္လုံးကို သူ႕မိခင္ဆုံးသြားတဲ့အေၾကာင္း ဘာလို႔ အသိမေပးတာလည္း ခင္ဗ်ာ ေက်းဇူးျပဳၿပီးေျဖေပးပါလား "

"ကြၽန္မမွာ ေျဖဆိုခြင့္မရွိပါဘူး..... "

" ညီမလည္း မိသားစုဝင္မဟုတ္ဘူးလား ေက်းဇူးျပဳၿပီး ေျဖေပးပါအုံး...."

"ေတာင္းပန္ပါတယ္ ထပ္ၿပီး လူစုလူေဝးနဲ႕ အႏွောင့္အယွက္ေပးအုံးမယ္ဆို ကြၽန္ေတာ္တို႔ ရဲကို တိုင္ရပါလိမ့္မယ္ "

Freenရဲ႕ အစ္မျဖစ္သူ၏ အမ်ိဳးသားက
ဝင္ေျပာလိုက္သည္

Freenမွာ သတင္းေတြကို ၾကားတစ္ခ်က္မၾကားတစ္ခ်က္ျဖင့္ ငူငူငိုင္ငိုင္နဲ႕ ျဖစ္ေနျပန္သည္....

Becky ေရခ်ိဳးခန္းထဲက ထြက္လာၿပီး Tvကို ပိတ္ပစ္လိုက္သည္

"အစ္မ...ညီမ ေတာင္းပန္ပါတယ္... "

" ေတာင္းပန္ရေအာင္ နင့္အမွားမွ မဟုတ္တာ...."

Becky သက္ျပင္းခ်ၿပီး Freenေဘးနားဝင္ထိုင္လိုက္သည္.....

"အစ္မ....အိမ္ကိုေရာ ဖုန္းဆက္ၿပီးၿပီလား "

"ငါ့ရဲ႕အစ္မက အေမ ဆုံးခါနီး ငါ့ဆီဖုန္းေခၚေသးတယ္တဲ့ ဒါေပမယ့္ သူတို႔ဆက္တဲ့ဖုန္းက ဟိုအိမ္မွာက်န္ခဲ့တာေလ.....ငါက မီဒီယာေတြ ႏွောင့္ယွက္မွာဆိုးလို႔ ဖုန္းအသစ္လဲခဲ့တာ သူတို႔ကိုေျပာဖို႔ ေမ့သြားတယ္.. ..ငါ့အမွားပါ "

"ဟာ မဟုတ္တာ အိမ္ဖုန္းဆက္မရရင္ ေအဂ်င္စီဖုန္းကို ဆက္လို႔ရတယ္ေလ....မန္ေနဂ်ာကေနတစ္ဆင့္ေျပာလို႔ရတာကို...."

"ငါ့လို မိဘမ်က္ႏွာမၾကည့္ဘဲ ထင္ရာစိုင္းေနတဲ့သမီးတစ္ေယာက္အတြက္ အဲ့ေလာက္ထိလုပ္ေပးစရာမလိုဘူးတဲ့ "

Freen ေျပာရင္း မ်က္ရည္ေတြက်လာသည္....

"ငါက သမီးမိုက္တစ္ေယာက္မို႔ အေမ့ ရဲ႕ ေနာက္ဆုံးအခ်ိန္မွာေတာင္ ေတြ႕ဖို႔မထိုကမတန္ဘူးတဲ့ "

Freenလို မာနႀကီးတဲ့ အေခ်တစ္ေယာက္က မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ေအာင္ ငိုေနေတာ့ Beckyလည္း ၾကည့္ၿပီး နာက်င္ေနရသည္

"အစ္မ...အစ္မတို႔ အိမ္ကို အတူတူသြားရေအာင္ သြားၿပီး စကားေျပာၾကရေအာင္ "

Freenရဲ႕ ပခုံးကို ကိုင္ၿပီး Becky ေျပာလိုက္သည္

"ဟင့္အင္း ငါ့အတြက္ နင္ရွိရင္ ျပည့္စုံၿပီ..."

"အဲ့လိုေတာ့ မဟုတ္ဘူးေလ အစ္မရယ္... ညီမကို ခ်စ္မိလို႔ အခုလိုျဖစ္ရတာ မဟုတ္ဘူးလား ညီမေၾကာင့္ အခုလိုျဖစ္ရတာကို ျမင္ရက္တယ္ထင္ေနတာလား ညီမသာ အစ္မရဲ႕ေနရာမွာဆို မိသားစုနဲ႕အဆင္ျပန္ေျပေအာင္ ညီမတို႔ကိုလည္း သေဘာတူေအာင္ ႀကိဳးစားမိမွာ လာပါ သြားရေအာင္ဆို.... "

Freen တစ္ေယာက္ ေနာက္ဆုံးေတာ့ Becky ရဲ႕ ေျဖာင္းဖ်မႈၾကားမွာ သူ႕မိသားစုဆီသြားဖို႔ ဆုံးျဖတ္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co