Part 5
Nam အိမ်ရှေ့ကို ရောက်တော့ Becky အရုပ်ကို ကိုင်ကာ bell တီးလိုက်သည်
တံခါးလာဖွင့်ပေးတဲ့ Namကို Beckyကြည့်လိုက်ပြီး
"Namရယ် အဖြူဝမ်းဆက်လေးနဲ့ ကြည့်ကောင်းလိုက်တာ P' Freen လိုဘဲ..."
"အံမယ် သူ့ချစ်ချစ်ကို ကြည့်ကောင်းကြောင်း ငါ့လာကြွားနေတယ်ပေါ့ "
Namရဲ့ စကားကြောင့် Becky ရှက်လို့ မျက်နှာနီရဲလာပြီး
"ဘယ်နှယ့်ကြောင့် ဒါရိုက်တာကြီးကပါ ကျွန်မတို့ကို ကြိုက်နေတယ် ထင်နေတာလည်း... "
Freen မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
Beckyကတော့ အေးဆေးပင် မျက်ခုံးပင့်ကာ
"မိန်းကလေးအချင်းချင်းတောင် P'Freenက အရမ်းချောတယ်လို့ ရေရွတ်မိတယ်မလား.... "
Beckyက Beckyကို မေးလိုက်သည်
အိမ်ထဲကို ဝင်လိုက်ကြသောအခါ
"Birthday partyသာပြောတယ် ဘယ်သူမှလည်းမရှိဘူး....."
Beckyမှာ Namရဲ့အိမ်ထဲတွင် ဘယ်သူမှမရှိလို့ အံ့သြပြီး မေးလိုက်သည်
"အင်း ဟုတ်တယ် ဘယ်သူ့ကိုမှ ဖိတ်မထားဘူး ငါ့ညီမက သူ့မွေးနေ့လက်ဆောင်အဖြစ် မင်းတို့ကိုခေါ်ပေးပါလား ပြောလို့ Mind ah......come on guestတွေလာနေပြီ....."
"Oh စောင့်ရတာ ကြာသွားလားမသိဘူး..... "
အခန်းထဲမှာ အဖြူရောင် suit ဝတ်စုံနဲ့ ကောင်မလေးတစ်ယောက် ထွက်လာသည်
"Woo Manly ဆန်လိုက်တာ....."
Beckyမှာ ပါးစပ် အဟောင်းသားနဲ့ ငေးနေ၏
"သူလည်း အဖြူ ဝမ်းဆက်နဲ့ ကြည့်ကောင်းနေပြန်ပြီလား.... "
Freenမှာ ပါးစပ်အဟောင်းသား ဖြစ်နေတဲ့ Becky ကို ရွဲ့ပြောလိုက်သည်
"အစ်မက သဝန်တိုနေတာလား... "
သူ့ကို ရွဲ့ပြောနေတဲ့ Freenကို Becky စလိုက်သည်
"တိုစရာလား.... "
Freenမှာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
"Come on babe...."
Mind လက်ကို ဆွဲပြီး ပါးကို နမ်းလိုက်သောကြောင့် Nam မှာ ညီမလေးကို တော်တော်ချစ်ရှာသည်ဟု Becky တို့ တွေးနေကြသည်
သို့သော် Namရဲ့ စကားကြောင့် Freenတို့ မျက်လုံး ပြူးသွားကြလေသည်
"သူက ငါ့ရဲ့ ညီမအရင်း မဟုတ်ပါဘူး ညီမဝမ်းကွဲပါ.....ပြီးတော့ငါ့ရဲ့ ချစ်သူပါ.... "
"ရှင်....."
"Birthday presentအတွက် ကျေးဇူးပါ လူကြီး "
Namရဲ့ ပါးဖောင်းလေးကို နမ်းပြီး Mind ပြောလိုက်သည်
"Oh...."
Freen မျက်နှာရှုံ့မဲ့သွားသည်
ညစာအတူစားကြဖို့ ဟင်းပွဲတွေ ခပ်နေကြစဉ်(ဘူဖေးကျွေးတာ😁) Mind ရဲ့ ခြေထောက်ကို Becky တက်နင်းမိသွားသည်
"Oh sorryနော် "
Freenမှာ မတော်တဆ တက်နင်းလိုက်မိလို့ အားနာပြီး တောင်းပန်လိုက်သည်
"ရပါတယ်...."
Mind က ပြုံးပြီး ပြောလိုက်သည်
"Ah ပိုးဟပ်..."
Beckyမှာ ပိုးဟပ်ကိုမြင်တော့ လန့်ပြီး Freenရဲ့ခါးကို ဖက်လိုက်သည်
" အိမ်ဖော် တွေတော့ သန့်ရှင်းရေး သေချာမလုပ်ဘူးထင်တယ် ပြောအုံးမှ"
Freen အစက ငြိမ်ပြီး ဘာမှမလုပ်ပေမယ့် Namအသံကြောင့် သတိရပြီး Beckyလက်ကို ပုတ်ချလိုက်သည်
"ဘာကိစ္စနဲ့ ငါ့ခါးကို လာဖက်ရတာလည်း.... "
"ဟွန့်....P'Freenက အဲ့ကလေးမလေးကျ ကောင်းကောင်းမွန်မွန်တောင်းပန်တယ်....ညီမကျ အမြဲ အော်မယ်ငေါက်မယ်ဘဲ အမြဲတမ်း ညီမ ကို အပြစ်ပြောတယ်...ညီမတို့ဆက်ဆံရေးကိုလည်း.....ဖြစ်ချင်တာနဲ့အမြဲ ဆန့်ကျင်ဘက်ပြောတယ် လုပ်တယ်"
"ဘယ်လို...ငါတို့ဆက်ဆံရေးက ဇာတ်လမ်းထဲမှာဘဲ ချစ်သူလေ...လက်တွေ့အပြင်လောကနဲ့ မရောစမ်းပါနဲ့..Becky."
"ဘာဘဲဖြစ်ဖြစ် ညီမကတော့ P'Freen ကို ချစ်မိနေပြီထင်တယ် "
Beckyရဲ့ စကားကို Freen ဘာမှပြန်မပြောဘဲ ထမင်းသာ ငုံ့စားလိုက်သည်....
Namတို့ နှစ်ယောက်ကတော့ Freenbeckyကို ကြည့်နေကြ၏
စားပြီးသောက်ပြီးနောက်
Freenက Namတို့ကို နှုတ်ဆက်ပြီး အရင်ထွက်သွားပြီး ကားထဲမှာ စောင့်နေ၏.....
Beckyကတော့ Namတို့ကို ကျေးဇူးတင်စကားပြောနေသည်
"ညီမတို့ကို birthday partyလာဖို့ သီးသန့်ဖိတ်ခေါ်ပေးလို့ကျေးဇူးတင်ပါတယ်..."
"ရပါတယ်....Becky...."
"ဟုတ်...."
"Fighting..."
Namတို့ တပြိုင်တည်းပြောလိုက်ကြသည်
"အယ် ဘာလို့ ဒီနေ့ လူတွေက ညီမကို fighting လို့ ပြောကြတာလည်း မသိဘူး..သွားပါအုံးမယ် ခွင့်ပြုပါအုံး...."
Beckyမှာ Namတို့ကို နှုတ်ဆက်ပြီး အိမ်ထဲကနေ ထွက်သွားလေသည်
#tbc
#Zawgyi
"Woo Manly ဆန်လိုက်တာ....."
"အစ်မက သဝန်တိုနေတာလား... "
"တိုစရာလား.... "
"Come on babe...."
"ရှင်....."
"Oh...."
"Oh sorryနော် "
"ရပါတယ်...."
"Ah ပိုးဟပ်..."
"ရပါတယ်....Becky...."
"ဟုတ်...."
"Fighting..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co