Part 4
Freenနဲ့ Becky နမ်းတဲ့ပုံများ online တွင် ပျံ့နှံ့ပြီးနောက် Freen တစ်ယောက် တတ်နိုင်သမျှ Beckyကို ရှောင်နေသည်....
ရိုက်ကွင်းပြီးတာနဲ့ Freenမှာ Beckyခေါ်လည်း မကြားချင်ယောင်ဆောင်ပြီး ချက်ချင်း အိမ်ကိုပြန်သည်....
သို့သော်လည်း Freen ကို မင်းသမီးဖြစ်အောင် ပျိူးထောင်ပေးသည့် ဒါရိုက်တာ Namရဲ့ ကျေးဇူး ကြောင့် Beckyနဲ့ အတူရှိရဖို့ အကြောင်းဖန်လာပြန်သည်
"Freen....Becky shii ဒီနေ့ တို့ညီမရဲ့ မွေးနေ့မို့ birthday partyကို လာပေးကြဖို့ ဖိတ်ခေါ်ပါတယ်....."
"ဟုတ်....."
Freenက ဘာမှမပြောပေမယ့် Becky
တစ်ယောက်မှာတော့ အားရဝမ်းသာနဲ့ ထဖြေပြီး Namရဲ့ အိမ်လိပ်စာတွေ မေးလေ၏
"ငါမှ ဒီစပ်စလူးစိန်နဲ့ moment မထွက်အောင် ရှောင်နေပါတယ်ဆို ဂျပုက တစ်မျိုး....."
"P'Freen kha အတူတူသွားရအောင်နော်......ညီမရဲ့ carကို ထားခဲ့ပြီး P'Freen ရဲ့ ကားနဲ့အတူ သွားမယ်....."
"မသွားချင်ဘူး "
"လုပ်ပါ P'Freen ကလည်း နော် "
နောက်ဆုံးတော့ Freen တစ်ယောက် မသက်သာသည့်အဆုံး Beckyကို ခေါ်လာရလေသည်.....
"P'Freen kha...ဒါရိုက်တာကြီးရဲ့ ညီမဆိုတော့ မွေးနေ့လက်ဆောင်တော့ ပေးဖို့ လိုတာပေါ့နော်.....လက်ဆောင်ဝယ်ပေးရအောင်လေ....."
မွေးနေ့အတွက် လက်ဆောင်ဝယ်ဖို့ Freenတို့ အရုပ်ဆိုင်ကိုရောက်သောအခါ
"P'Freen....ဒီ ပန်းရောင်လေးနဲ့ ဝက်ရုပ်က ညီမနဲ့ မတူဘူးလား.... "
"Becky Armstrong ရယ် နင့်အတွက် အရုပ်ဝယ်မှာလား မွေးနေ့လက်ဆောင်ဝယ်မှာလား ပြော......."
"ဖြစ်နိုင်ရင် နှစ်ခုလုံး .... "
"တိတ်စမ်း နင် သဘောကျတာ မြန်မြန်ရွေး ပြီးရင်သွားမယ်..... "
"ညီမကို ဝယ်ပေးမလို့လား...."
"မွေးနေ့လက်ဆောင်အတွက်ဟေ့..... "
Freen စိတ်မရှည်တဲ့ လေသံဖြင့် ပြောလိုက်သည်။
ထိုစဉ် ကျောင်းသူတစ်ယောက် Freenတို့ဆီ ချဉ်းကပ်လာသည်
" ဟိုလေ....အစ်မတို့ နှစ်ယောက်က Becky နဲ့ Freen မလား....."
"ဟုတ်ပါတယ်.... "
Beckyက သူတို့ကို သိတဲ့သူရှိလို့ ဝမ်းသာအားရ ပြန်ဖြေလိုက်သည်
"Yeah ညီမ က အစ်မတို့နှစ်ယောက်ရဲ့ ပရိတ်သတ်ပါ What is loveကို ညတိုင်းကြည့်ဖြစ်တယ်ရှင့်.....ဓာတ်ပုံအတူ ရိုက်လို့ရလားဟင်...."
"ရပါတယ်....ဒါပေမယ့် မတင်ရဘူးနော်...ဒီအတိုင်းပဲ သိမ်းထား...."
Beckyက ကောင်မလေးကို မျက်စိမှိတ်ပြပြီး ပြောလိုက်သည်....
ဓာတ်ပုံရိုက်ပြီးနောက်
" အစ်မ တို့က ဒီကို ဘာလာလုပ်တာလည်း အာ မဟုတ်မှ လွဲလို့ Anniversary လက်ဆောင် လာဝယ်ကြတာလား...."
"အာ မဟုတ်ဘူး.. ...."
Freenက ဝင်ပြောလိုက်ပေမယ့် Beckyကတော့ ခေါင်းညိတ်ပြသည်..
"ဟုတ်တယ်...."
Becky စကားကြောင့် ကျောင်းသူလေးမှာ အံ့သြသွားလေ၏
"မဟုတ်ဘူးဆိုတာက ဟို Anniversary လက်ဆောင် မဟုတ်ဘူးလို့ ပြောတာ တကယ်က
အစ်မက အရုပ်လိုချင်တယ် ပူဆာလို့ သူက လိုက်ဝယ်ပေးတာ..."
Beckyက ကြည့်ကောင်းအောင် ဖြတ်ပြောလိုက်သည်
"Arr သိပါပြီ......အခုလို စကားပြောပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင်...Becky အစ်မ fighting.. .."
ကျောင်းသူလေးမှာ နှုတ်ဆက်ပြီး ထွက်သွားတော့
"ဒါလည်း ဂျင်းဘဲလား.... "
"ဒါပေါ့.... "
Freenက မေးတော့ Beckyမှာ
အရုပ်ကို ပိုက်ပြီး ဖြေလိုက်သည်
"ဒါနဲ့ ဘာလို့ ညီမတစ်ယောက်တည်းကို Fighting ပြောသွားတာလည်း သိလား....."
"ဘာဖြစ်လို့လဲဆိုတော့ နင်က လိုတာထက် ပိုပြီး အိုဗာတင်းလို့ပေါ့ ဝက်မရဲ့ ဘာတဲ့ မေးချင်တဲ့မေးခွန်းတွေ ပြောချင်တဲ့ bad comment တွေအားလုံး ကျွန်မကိုဘဲ မေးပါ ပြောပါ P' Freen က စိတ်ထိခိုက်လွယ်လို့ပါတဲ့ ဟုတ်လား သေလေ သေ "
"အစ်မကလည်း အဲ့လိုလုပ်လို့ အခု အားလုံး အဆင်ပြေနေတာ မဟုတ်ဘူးလား P'Freenလည်း အရင်ကထက် ပိုနာမည်ကြီးသွားတယ် မဟုတ်ဘူးလား လာ သွားကြစို့ ဒါရိုက်တာကြီး မျှော်နေလောက်ပြီ....."
Freenမှာတော့ ဘာမှပြောမရတာနဲ့ စိတ်ထဲကနေဘဲ တစ်ယောက်တည်း Beckyကို ပွစိပွစိ ကျိန်ဆဲရင်း ဒါရိုက်တာရဲ့ အိမ်ကို မောင်းသွားသည်။
#tbc
#zawgyi
သို့သော်လည်း Freen ကို မင်းသမီးဖြစ်အောင် ပျိုးထောင်ပေးသည့် ဒါရိုက်တာ Namရဲ့ ကျေးဇူး ကြောင့် Beckyနဲ့ အတူရှိရဖို့ အကြောင်းဖန်လာပြန်သည်
"ဟုတ်....."
"မသွားချင်ဘူး "
"ဟုတ်ပါတယ်.... "
"အာ မဟုတ်ဘူး.. ...."
"ဟုတ်တယ်...."
"ဒါလည်း ဂျင်းဘဲလား.... "
"ဒါပေါ့.... "
#tbc
Bạn đang đọc truyện trên: Truyen3h.Co