Truyen3h.Co
What is love
Part 7
KimFany059
What is love ဇာတ်လမ်းက မနက်ဖြန်ပြီးရင် ပြီးပြီလို့ သတင်းကြားတယ်ရှင့် ဟုတ်ပါသလား "
သတင်းထောက် ကောင်မလေးမှာ မေးလိုက်သည်
"ဟုတ်ပါတယ်ရှင့်....."
Becky မှာ အေးဆေးပင် မေးခွန်းတွေကို ပြန်ဖြေလိုက်သည်
"ရှင့်ကို ကြည့်ရတာ ဒီဇာတ်လမ်းပြီးမှာကို စိုးရိမ်နေတဲ့ပုံဘဲ........"
သတင်းထောက်ကောင်မလေးမှာ မသိမသာပင် မေးလိုက်သည်....
"ဒါပေါ့ရှင်......ညီမရဲ့ မမနဲ့ နောက်ဆုံးတွေ့ရမှာဆိုတော့ ...."
Beckyမှာ ထိုမေးခွန်းက ထောက်ချောက်မှန်းသိရက်နဲ့ ဝင်တိုးလိုက်သည်
"မေးလက်စနဲ့ မေးခွန်းတစ်ခုလောက် ထပ်မေးမယ်နော် ရှင်က လက်တွေ့ဘဝကို ရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ရောပြီး သရုပ်ဆောင်နေမိလား ....ပြီးတော့ရော ရုပ်ရှင်ရိုက်ရင်း ကိုယ်ရေးကိုယ်တာ ခံစားချက်တွေနဲ့ ရောထွေးမိတာမျိူးရှိလား...."
သတင်းထောက်ရဲ့မေးခွန်းကြောင့် Becky
ခဏတာ ငြိမ်သက်သွားသည်....သို့သော် ချက်ချင်း ပြုံးပြီး မေးခွန်းကို ပြန်ဖြေလိုက်သည်
"ရှင်လည်း ကြားဖူးမြင်ဖူးမှာဘဲ ရုပ်ရှင် ရိုက်ရင်း တကယ်ကြိုက်သွားပြီး လက်ထပ်သွားကြတဲ့ အနုပညာသည်တွေ အများကြီးပါ ဥပမာ အခုလက်ရှိ လက်ထပ်သွားတဲ့ Hyunbin couple ကိုကြည့်လေ...ညီမတို့လည်း အဲ့လိုပါ....တခြားသူတွေနဲ့ ကွာတာဆိုလို့  ညီမတို့က မိန်းကလေးချင်း ချစ်နေတာပေါ့လေနော်......ရှေးရိုးဆန်စွာ စဉ်းစားပြောဆိုမယ်ဆိုရင်တော့ ညီမတို့ နှစ်ယောက်က လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလေ အဲ့ဒီတော့ ဒီရိုက်ကူးရေးပြီးလို့ တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ဖြစ်တဲ့အခါ....လတ်တလော အချစ်လို့ယူဆထားတဲ့ အရာအားလုံး မှေးမှိန် ပျောက်ကွယ်သွားမှာလေ .... "
Becky အင်တာဗျူးဖြေရင်း သက်ပြင်းချလိုက်သည်
Interviewပြီးနောက်  Becky  သူ့နေရာသို့ ပြန်ရောက်သောအခါ Freenက ရပ်စောင့်နေတာကို တွေ့လိုက်ရသည်....
"P'Freen....."
Beckyလည်း အထဲဝင်လာရော Freenမှာအခန်းတံခါးကို လော့ချလိုက်ပြီး
*ဖြန်း *
"ညီမရဲ့ မျက်နှာကို ရိုက်ပေးလို့ ကျေးဇူးတင်ပါတယ်.. ..."
Beckyမှာ ပါးရိုက်ခံရတာတောင် တုန်လှုပ်ခြင်းမရှိဘဲ သူ့ပါးကို ကိုင်ရင်းပြောလိုက်သည်
Freen အံကို တင်းတင်းကြိတ်ထားပြီး
"Becky Armstrong ငါ နင့်ကို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်မယ် ထင်နေတာ.တကယ်လုပ်ပြမှ အသက်ဝင်မယ်ထင်ရင် သရုပ်ဆောင်မလုပ်နဲ့တော့..."
"အစ်မ ပြောတာ မှန်ပါတယ်...ညီမက သရုပ်ဆောင် မဖြစ်ထိုက်တဲ့ သူပါ တကယ်မချစ်ဘဲ ချစ်ယောင်ဆောင် သရုပ်မဆောင်တတ်ဘူးလေ "
" ဘယ်သူက နင့်အချစ်ရေးကို မေးနေလို့လည်း သောက်ရူးရဲ့ ကြုံတုံးပြောလိုက်အုံးမယ် အချစ်ဆိုပြီး နင်ထင်ယောင်ထင်မှား ဖြစ်နေတဲ့အကြောင်းတွေ.....နင့်ရဲ့ ဇာတ်ကောင်က ငါ့ရဲ့ ဇာတ်ကောင်ကို ချစ်တဲ့ပုံစံ သရုပ်ဆောင်ရလို့ အချိန်ကြာတော့ နင်ထင်ယောင်ထင်မှားဖြစ်နေတာ....."
"အစ်မက ဘာလို့ ညီမရဲ့ အချစ်ဆို အမြဲ သံသယဝင်နေရတာလည်း .....ညီမက အစ်မ  နဲ့ ပတ်သက်ရင် အစကတည်းက ခံစားချက် ရှိနေတဲ့သူပါ ဘေးကကြည့်နေတဲ့ Namတောင် သိတယ်.....အဲ့တာကို ဘာလို့ P'Freen က လက်မခံနိုင်ရတာလည်း ဒီဇာတ်လမ်းလေးပြီးရင် အစ်မအပေါ် ထားတဲ့ ညီမ ရဲ့ ခံစားချက်တွေက လျော့သွားမလား ပြောင်းလဲသွားမလားဆိုတဲ့ စိုးရိမ်မှုထက် အစ်မကို  မမြင်ရတော့မှာ ထပ်မတွေ့ရတာမှာကို သေလောက်အောင် ကြောက်နေတယ်....ဘယ်လိုလုပ်ရမလည်း.. ..ဒီခံစားချက်တွေက ဇာတ်လမ်းလေးပြီးရင် မြူမှုန်တွေလို ေ၀ဝါးပျောက်ကွယ်သွားမှာလား....ဖြေလေ P'Freen "
Becky စိတ်ညစ်ညစ်နဲ့ အော်လိုက်သည်
" ဒါဆို ဒီနေ့ ရိုက်ကွင်းမှာ နင်ငါ့ကို ဘာလုပ်တာလည်း Becky.. နင်ပြောတော့ ချစ်လှပါပြီဆိုပြီး ငါ့ကို rapeသွားရလား....ငါ့အပျိုစင်ဘဝကို ဖျက်ဆီးရလား  "
"အစ်မရယ် မရည်ရွယ်ဘဲ အဲ့လိုဖြစ်သွားတာပါ...."
"နင်ငါ့ကို ချစ်တယ်လို့ အမြဲ ပြောတယ်နော်....ကဲ ဒီတစ်ခါ အပေါ်မှာ အရမ်းနေချင်တဲ့ နင် အောက်မှာ နေစမ်း.....ငါ့ကို စိတ်ပါလာအောင် ဆွဲဆောင်လေ......မလုပ်နိုင်ဘူးဆိုရင်တော့ နင်ပြောပြောနေတဲ့ အချစ်က အလိမ်အညာတွေဘဲ "
Freen တစ်ယောက် Becky မလုပ်နိုင်ဘူးထင်ပြီး လက်ပိုက်ကာ Beckyကို ကြည့်နေသည်....
Becky  အင်္ကျီကြယ်သီးကို တစ်လုံးချင်း ဖြုတ်ပြီး Freen  နားကပ်လာကာ sexyဆွဲလိုက်သည်
"P'Freen kha...ညီမရဲ့..ခန္ဓာကိုယ်ကို သိမ်းပိုက်ပါ....."
Becky ပန်းနုရောင် နှုတ်ခမ်းလေးကို ဖွင့်ဟပြီး sexyဆန်တဲ့ အသံဖြင့် ပြောလိုက်သည်
Becky အပြုအမူကြောင့် Freenမှာ မျက်နှာ နီလာပြီး
"နင်...နင် တော်တော် အရှက်မရှိတာပါလား... "
Freenရဲ့ စကားကြောင့် Becky တစ်ယောက် မျက်နှာကြီးရှုံ့မဲ့ပြီး
"အစ်မဘဲ လုပ်ပြဆို..."
"ငါ့အတွက် ဘာလို့ အရှက်မရှိ မျက်နှာပြောင်တိုက်ရဲရတာလည်း..... "
"အစ်မ ရယ် အရှက်မရှိဘူး အရှက်မရှိဘူးဆိုပြီး အော်မနေပါနဲ့ ညီမက အစ်မ  လုပ်ခိုင်းလို့ လုပ်ရတာပါ...."
"..."
Freen စကားပြောဖို့ ပါးစပ်ဖွင့်လိုက်ချိန် Freen  နှုတ်ခမ်းလေးကို လက်နဲ့ကာပြီး
"အစ်မ မှ အစ်မ ဆိုပြီး ညီမ ဘာလို့ တမ်းတမ်းစွဲ ဖြစ်နေတာလည်းဆိုတာ ကိုယ့်ကိုကိုယ် နားမလည်ဘူး  ......"
Beckyမှာ Eyesmileလေး ပေါ်အောင် ပြုံးလိုက်ပြီး
"ညီမက အစ်မထက် အသားလည်းပိုဖြူတယ်....အရပ်လည်းနည်းနည်းရှည်တယ် ဖင်ကလည်း အစ်မ ထက်ပိုကိတ်တယ်...ပြီးတော့ အစ်မက အသက်သုံးဆယ်ထဲ ဝင်တော့မယ်လေ  "
"ဟဲ့ နင်ငါ့ကို အဲ့လို ပြောစရာလိုလို့လား  "
"အဲ့လိုတွေ ဖြစ်နေတာတောင်မှ ညီမက အစ်အကိုဘဲ စွဲလမ်းနေတာ ဘယ်လိုလုပ်မလည်းပြော..."
Becky စကားကြောင့် Freen  မှင်သက်မိသွားသည်.....သူ၏ စဉ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်က ဒီလိုအချစ်မျိုးဟာ ခိုင်မြဲဖို့ ခက်ခဲတာကြောင့် နှလုံးသားလေးဒဏ်ရာမရအောင် ရှောင်ပြေးဖို့ တိုက်တွန်းသော်လည်း......သစ္စာဖောက်နှုတ်ခမ်းလေးကတော့ Beckyရဲ့ အနမ်းများကြားတွင် သာယာနေ၏
#tbc
#zawgyi
"ဟုတ်ပါတယ်ရှင့်....."
"မေးလက်စနဲ့ မေးခွန်းတစ်ခုလောက် ထပ်မေးမယ်နော် ရှင်က လက်တွေ့ဘဝကို ရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ရောပြီး သရုပ်ဆောင်နေမိလား ....ပြီးတော့ရော ရုပ်ရှင်ရိုက်ရင်း ကိုယ်ရေးကိုယ်တာ ခံစားချက်တွေနဲ့ ရောထွေးမိတာမျိုးရှိလား...."
"P'Freen....."
*ဖြန်း *
"အစ်မဘဲ လုပ်ပြဆို..."
"..."
#tbc
Bạn đang đọc truyện trên: Truyen3h.Co