Truyen3h.Co

What is love

Part 8

KimFany059


အားလုံးဘဲ ကျေးဇူးတင်ပါတယ် ကျွန်မတို့ရဲ့ What is love ရုပ်ရှင်ဇာတ်လမ်းတွဲကြီး အောင်မြင်စွာဖြင့် ရိုက်ကူး ပြီးဆုံးသွားပါပြီ.."

Namရဲ့ စကားကြောင့် ရိုက်ကူးရေး တစ်ဖွဲ့သားလုံး လက်ခုပ်ထတီးကာ အားပေးသံတို့ဖြင့် ဆူညံနေသည်

Beckyရဲ့ တက်ကြွပျော်ရွှင်နေသော မျက်နှာကိုကြည့်ပြီး Freenသက်ပြင်းချမိသည်....

သူတို့နှစ်ယောက်၏ ဂျင်းထည့်သည်ဟူသော အရူးထသည့် အချစ်ဇာတ်လမ်းမှာ ဒီနေ့ပင် ပြီးဆုံးသွားလေသည်

သူတို့နှစ်ယောက် နောက်ထပ် တွေ့နိုင်ဖို့အကြောင်း မရှိတော့ပေ.....

ညဘက်တွင် ရိုက်ကူးရေး အဖွဲ့သားတွေစုံကာ ညစာစားပွဲလုပ်ကြသည်.....သို့သော် Becky ရောက်မလာခဲ့ပေ....

Freen  အနေနဲ့ မျက်နှာပူလို့ ထိုသို့ဖြစ်လာဖို့ကို မျှော်လင့်ထားသော်လည်း တကယ့်လက်တွေ့ရောက်လာတော့ ရင်ဘတ်ထဲက နာကျင်သလို ခံစားနေရသည်

"No....No ငါအရက်သောက်တာ များလို့ ရင်ဘတ်ထဲ ပူပြီး အောင့်နေတာပါ "

Freenမှာ  သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်

ဒီလိုတွေ ဖြစ်လာမှာကို ကြိုသိလို့ Beckyကို Freen တတ်နိုင်သမျှ ရှောင်ခဲ့ခြင်း ဖြစ်သည်.....

Fall in love မဖြစ်ခဲ့တာ တော်ပါသေးသည်....မဟုတ်လျှင် အသက်ကြီးမှ ကလေးတစ်ယောက်ရဲ့ အသည်းခွဲခံရတာ ကျော်မကောင်းကြားမကောင်းကြီးလေ....မဟုတ်လား

Freen မှာ Beckyလည်းမရှိတော့ စိတ်မပါတော့၍ ညစာစားပွဲမှ စောပြန်ခဲ့သည်....

အိမ်ရှေ့ကိုရောက်တော့ မီးခိုးရောင် ဝတ်ထားတဲ့ လူနှစ်ယောက် Freen အိမ်ထဲက ထွက်လာတာကို တွေ့လိုက်ရသည်

"ဟာ အိမ်ပိုင်ရှင် ပြန်ရောက်လာပြီဘဲ.....ဝင်ကြည့်လိုက်ပါအုံးနော် ကျွန်တော်တို့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ဖြစ်အောင် စီစဉ်နေရာချထားပေးပါတယ်.....အကယ်၍ မကျေနပ်ဘူးဆို ဖုန်းဆက်လိုက်ပါနော်...."

Freen တစ်ယောက် သူ့ကို ပြောတဲ့ စကားတွေကို နားလည်အောင် နားထောင်နေသည်....

"သွားခွင့်ပြုပါအုံး.. .."

"နေပါ ..."

freen စကားတောင်မဆုံးသေး အိမ်ထဲမှ အသံတစ်သံကြားရသည်

"P'Freen...."

"Becky?"

"ညီမ အိမ်ပြောင်းလာတာ အစ်မ နဲ့ အတူနေတော့မယ်...."

"What! ငါ့အိမ်သော့ ဘယ်လိုရသွားတာလည်း....."

"အစ်မ ရိုက်ကွင်းက လူတွေကို လိုက်နှုတ်ဆက်တုံး အိတ်ထဲက နှိုက်လိုက်တာ....ကိုယ့်သော့အနှိုက်ခံရလို့ အနှိုက်ခံရမှန်းမသိဘူးနော်  "

Freen တစ်ယောက် အံ့သြမှုများစွာဖြင့် Beckyကို ပြောမယ့် စကားတွေ လေထဲပျောက်သွား၏

"ညီမက ဇာတ်ညွှန်းနဲ့ ရောပြီး အစ်မ ကို ခဏတာ စွဲလန်းနေတာပါလို့ အစ်မ အမြဲပြောတယ်နော် ညီမကတော့ အဲ့လိုမဟုတ်လို့ အစ်မရဲ့နားမှာ အမြဲနေပြီး ညီမရဲ့ အချစ်ကို သက်သေပြမယ် သဘောတူတယ်  မဟုတ်လား....မတူလည်း နေမှာဘဲ good night အိမ်ပြောင်းထားရတာ ပင်ပန်းလို့ အိပ်ပြီ....."

Freen  ရဲ့ပါးကို Becky နမ်းပြီး အိမ်ထဲကို ကလေးတစ်ယောက်လို ခုန်ပျောက်ကာ ပြေးဝင်သွားသည်.....

Freenကတော့ လက်ညိုးလေးထောင်ပြီး စကားပြောမလို့ရှိသေး ကင်မရာမီးရောင်တွေတွေ့လိုက်ရပြန်သည်....သေချာသည် သူတို့အတူနေပါသည်ဆိုတဲ့ အကြောင်းတွေ သတင်းစာထဲ ပါလာအုံးမည်

"Freenbecky နှစ်ယောက် အတူနေကြပြီလား.... "

"What is love ဇာတ်လမ်းပြီးပေမယ့် တကယ့်အချစ်ဇာတ်လမ်းက မပြီးသေးဘဲ အခုမှ စတော့မယ် ထင်ပါတယ်....."

"Freenbecky are living together....."

"What happened? "

"အမျိုးသားထုကြီးအတွက် ဝမ်းနည်းစရာသတင်းလေးပါ Becky and Freen are really gay....."

အွန်လိုင်းပေါ်က trending ဖြစ်နေတဲ့ သတင်းတွေ ကြည့်ပြီး Freen တစ်ယောက် အငြိမ်မနေတဲ့ Beckyကို ဝက်စုတ်ဆိုပြီး ပွစိပွစိ ကျိန်ဆဲရင်း အိပ်လိုက်သည်

#tbc

အားလုံးဘဲ ေက်းဇူးတင္ပါတယ္ ကြၽန္မတို႔ရဲ႕ What is love ႐ုပ္ရွင္ဇာတ္လမ္းတြဲႀကီး ေအာင္ျမင္စြာျဖင့္ ရိုက္ကူး ၿပီးဆုံးသြားပါၿပီ.."

Namရဲ႕ စကားေၾကာင့္ ရိုက္ကူးေရး တစ္ဖြဲ႕သားလုံး လက္ခုပ္ထတီးကာ အားေပးသံတို႔ျဖင့္ ဆူညံေနသည္

Beckyရဲ႕ တက္ႂကြေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာကိုၾကည့္ၿပီး Freenသက္ျပင္းခ်မိသည္....

သူတို႔ႏွစ္ေယာက္၏ ဂ်င္းထည့္သည္ဟူေသာ အ႐ူးထသည့္ အခ်စ္ဇာတ္လမ္းမွာ ဒီေန႕ပင္ ၿပီးဆုံးသြားေလသည္

သူတို႔ႏွစ္ေယာက္ ေနာက္ထပ္ ေတြ႕နိုင္ဖို႔အေၾကာင္း မရွိေတာ့ေပ.....

ညဘက္တြင္ ရိုက္ကူးေရး အဖြဲ႕သားေတြစုံကာ ညစာစားပြဲလုပ္ၾကသည္.....သို႔ေသာ္ Becky ေရာက္မလာခဲ့ေပ....

Freen  အေနနဲ႕ မ်က္ႏွာပူလို႔ ထိုသို႔ျဖစ္လာဖို႔ကို ေမွ်ာ္လင့္ထားေသာ္လည္း တကယ့္လက္ေတြ႕ေရာက္လာေတာ့ ရင္ဘတ္ထဲက နာက်င္သလို ခံစားေနရသည္

"No....No ငါအရက္ေသာက္တာ မ်ားလို႔ ရင္ဘတ္ထဲ ပူၿပီး ေအာင့္ေနတာပါ "

Freenမွာ  သူ႕ကိုယ္သူ ႏွစ္သိမ့္လိုက္သည္

ဒီလိုေတြ ျဖစ္လာမွာကို ႀကိဳသိလို႔ Beckyကို Freen တတ္နိုင္သမွ် ေရွာင္ခဲ့ျခင္း ျဖစ္သည္.....

Fall in love မျဖစ္ခဲ့တာ ေတာ္ပါေသးသည္....မဟုတ္လွ်င္ အသက္ႀကီးမွ ကေလးတစ္ေယာက္ရဲ႕ အသည္းခြဲခံရတာ ေက်ာ္မေကာင္းၾကားမေကာင္းႀကီးေလ....မဟုတ္လား

Freen မွာ Beckyလည္းမရွိေတာ့ စိတ္မပါေတာ့၍ ညစာစားပြဲမွ ေစာျပန္ခဲ့သည္....

အိမ္ေရွ႕ကိုေရာက္ေတာ့ မီးခိုးေရာင္ ဝတ္ထားတဲ့ လူႏွစ္ေယာက္ Freen အိမ္ထဲက ထြက္လာတာကို ေတြ႕လိုက္ရသည္

"ဟာ အိမ္ပိုင္ရွင္ ျပန္ေရာက္လာၿပီဘဲ.....ဝင္ၾကည့္လိုက္ပါအုံးေနာ္ ကြၽန္ေတာ္တို႔ အတတ္နိုင္ဆုံး သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ စီစဥ္ေနရာခ်ထားေပးပါတယ္.....အကယ္၍ မေက်နပ္ဘူးဆို ဖုန္းဆက္လိုက္ပါေနာ္...."

Freen တစ္ေယာက္ သူ႕ကို ေျပာတဲ့ စကားေတြကို နားလည္ေအာင္ နားေထာင္ေနသည္....

"သြားခြင့္ျပဳပါအုံး.. .."

"ေနပါ ..."

freen စကားေတာင္မဆုံးေသး အိမ္ထဲမွ အသံတစ္သံၾကားရသည္

"P'Freen...."

"Becky?"

"ညီမ အိမ္ေျပာင္းလာတာ အစ္မ နဲ႕ အတူေနေတာ့မယ္...."

"What! ငါ့အိမ္ေသာ့ ဘယ္လိုရသြားတာလည္း....."

"အစ္မ ရိုက္ကြင္းက လူေတြကို လိုက္ႏႈတ္ဆက္တုံး အိတ္ထဲက ႏွိုက္လိုက္တာ....ကိုယ့္ေသာ့အႏွိုက္ခံရလို႔ အႏွိုက္ခံရမွန္းမသိဘူးေနာ္ "

Freen တစ္ေယာက္ အံ့ၾသမႈမ်ားစြာျဖင့္ Beckyကို ေျပာမယ့္ စကားေတြ ေလထဲေပ်ာက္သြား၏

"ညီမက ဇာတ္ၫႊန္းနဲ႕ ေရာၿပီး အစ္မ ကို ခဏတာ စြဲလန္းေနတာပါလို႔ အစ္မ အၿမဲေျပာတယ္ေနာ္ ညီမကေတာ့ အဲ့လိုမဟုတ္လို႔ အစ္မရဲ႕နားမွာ အၿမဲေနၿပီး ညီမရဲ႕ အခ်စ္ကို သက္ေသျပမယ္ သေဘာတူတယ္ မဟုတ္လား....မတူလည္း ေနမွာဘဲ good night အိမ္ေျပာင္းထားရတာ ပင္ပန္းလို႔ အိပ္ၿပီ....."

Freen  ရဲ႕ပါးကို Becky နမ္းၿပီး အိမ္ထဲကို ကေလးတစ္ေယာက္လို ခုန္ေပ်ာက္ကာ ေျပးဝင္သြားသည္.....

Freenကေတာ့ လက္ညိုးေလးေထာင္ၿပီး စကားေျပာမလို႔ရွိေသး ကင္မရာမီးေရာင္ေတြေတြ႕လိုက္ရျပန္သည္....ေသခ်ာသည္ သူတို႔အတူေနပါသည္ဆိုတဲ့ အေၾကာင္းေတြ သတင္းစာထဲ ပါလာအုံးမည္

"Freenbecky ႏွစ္ေယာက္ အတူေနၾကၿပီလား.... "

"What is love ဇာတ္လမ္းၿပီးေပမယ့္ တကယ့္အခ်စ္ဇာတ္လမ္းက မၿပီးေသးဘဲ အခုမွ စေတာ့မယ္ ထင္ပါတယ္....."

"Freenbecky are living together....."

"What happened? "

"အမ်ိဳးသားထုႀကီးအတြက္ ဝမ္းနည္းစရာသတင္းေလးပါ Becky and Freen are really gay....."

အြန္လိုင္းေပၚက trending ျဖစ္ေနတဲ့ သတင္းေတြ ၾကည့္ၿပီး Freen တစ္ေယာက္ အၿငိမ္မေနတဲ့ Beckyကို ဝက္စုတ္ဆိုၿပီး ပြစိပြစိ က်ိန္ဆဲရင္း အိပ္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co