Truyen3h.Co

What's wrong with my CEO

Part 4 Unicode

KimFany059

မနေ့ညက Korea Drama ကို အပြီးထိ ကြည့်လိုက်မိသောကြောင့် Jennie တစ်ယောက် အိပ်ရာထနောက်ကျနေသည်

"အာ....ဂိုမွန်ယောင်းကျေးဇူးကြောင့် ငါတော့အလုပ်နောက်ကျပြီ ဒီနေ့ Meeting ရှိတာကို နောက်ကျလို့ Miss Baeဆီကနေ အထောင်းခံရတော့မယ် "

Jennie ရေချိုး အဝတ်အစားအမြန်လဲပြီး Companyသို့ အမြန်ထွက်လာခဲ့သည်

Companyရောက်တော့ Jennie တို့ဌာနက အစည်းအဝေးစတင်နေပြီ...Jennieမှာ တံခါးဖွင့်ပြီး Meeting Roomထဲ ဝင်တော့ အထဲမှ အားလုံးက Jennieကို လှည့်ကြည့်ကြသည်

"တောင်း တောင်းပန်ပါတယ် ဆက်ပြောကြပါ...."

Jennie အကုန်လုံးကို တောင်းပန်ပြီး Miniဘေးနား ဝင်ထိုင်လိုက်သည်

Minoက သူမကို ပြုံးပြတော့ Jennieလည်း သွားဖုံးလေးပေါအောင် ပြန်ပြုံးပြလိုက်သည်

Minoကို ပြုံးပြပြီး project တွေ ရှင်းပြနေတဲ့ Yeri ကို လှမ်းကြည့်စဉ် သူမကို ဝါးစားမလိုအကြည့်နဲ့ ကြည့်နေသော Ireneကြောင့် Jennie ကြက်သီးတွေထလာသည်

Jennie တံတွေးကိုမြိုချပြီး Yeriရှင်းပြတာကို စိတ်ဝင်တစားနားထောင်နေဟန် ပြုလိုက်သည်

2နာရီ အကြာ Meeting ပြီးနောက် အားလုံးက အခန်းထဲက ထွက်သွားကြစဉ် Jennieလည်း ထွက်မယ်လုပ်တော့ Ireneက လှမ်းခေါလိုက်သည်

"Jennie....မသွားနဲ့အုံး ခဏနေအုံး "

Jennie လည်း တံခါးပေါက်ကနေ Ireneဆီ ပြန်လှည့်လာပြီး Ireneရှေ့ ရပ်လိုက်သည်

"မနေ့က file ကိတ်စကို ငါ...."

"ဘာလို့လည်း အခုထိ Chawကို Miss Baeက အပြစ်တင်ချင်သေးတာလား "

"မဟုတ်လေ.... မင်းကိုငါ အပြစ်တင်မိလို့ တောင်းပန်ပါတယ် ငါ့အပြစ်ပါ....အောက်ကျနေတာကို မမြင်မိလို့ "

"ရပါတယ် Miss Bae...နောက်ဆို မသေချာဘဲ သူများကို မ blame ပါနဲ့...."

"Tsk...ဘာဖြစ်ဖြစ် သွားလို့ရပြီ ....ငါ ခိုင်းထားတဲ့ paperတွေ သေချာလုပ် "

Jennie တစ်ယောက် Miss Baeခိုင်းတဲ့ အလုပ်တွေ လုပ်ရင်း နေ့လည်ရောက်သွားမှန်းမသိပေ

"Jennie ထမင်းအတူ သွားစားရအောင် "

ထမင်းစားဖို့ လာခေါတဲ့ Minoကြောင့် Jennie ထမင်းစားချိန်ရောက်မှန်း သတိရသွားသည်

"Mino shii အရင်သွားနှင့်ပါလား stockတွေ စီနေလို့ ပြီးရင် လိုက်လာခဲ့မယ်နော် "

"Okပါ သွားနှင့်မယ်နော် "

Minoလည်း ထွက်သွားရော Jennie တစ်ယောက် stockတွေ ပြန်စီရင်း ....ဆယ်မိနစ်လောက် အချိန်ကုန်သွားသည်

အလုပ်တစ်ဝက်တော့ ပြီးသွားပြီမို့ နေ့လည်စာစားဖို့ Jennie ထရပ်လိုက်သည်

မနက်က Meeting နောက်ကျမှာဆိုးလို့ Jennie အပြေးလာခဲ့သောကြောင့် မနက်စာမစားရသေးပေ ထို့ကြောင့် သူမဗိုက်ဆာလွန်းလို့ တုန်ရီလာသည်

"ဘယ်သွားမလို့လည်း "

ရုံးခန်းထဲက ထွက်လာတဲ့ Irene အသံကြောင့် Jennie လန့်သွားသည်

"ဟို နေ့လည်စာသွားစားမလို့ပါ Miss Bae "

"ငါလုပ်ခိုင်းတဲ့ အလုပ်တွေရော အကုန်ပြီးပြီလား "

"ဟုတ် ​တစ်ဝက်ဘဲ ကျန်ပါတော့တယ်...."

"ကျန်တာမလိုချင်ဘူး အကုန်ပြီးအောင်လုပ် ပြီးမှ နေ့လည်စာသွားစား "

"ဒါပေမယ့် Chaw မနက်က မနက်စာ မစားရသေးလို့ ဗိုက်အရမ်းဆာနေပြီ ပြီးကျ Minoကလည်း စောင့်နေတယ် "

"အဲ့ဒီတော့ "

"Chawကို နေ့လည်စာ သွားစားခွင့်ပြုပါ "

Jennie မျက်နှာငယ်လေးနဲ့ တောင်းပန်လိုက်တော့လည်း Irene ခေါင်းခါလိုက်သည်

"မရဘူး အလုပ်သွားလုပ် "

"Miss Bae...."

"ဘာမှ အထွန့်မတက်နဲ့ အလုပ်ပြီးအောင်လုပ်မလား အလုပ်ကနေ ထွက်မလား​ ပြော "

"တောင်းပန်ပါတယ်..."

Jennie တောင်းပန်ပြီး သူမ စားပွဲကို ပြန်သွားလေသည်

ထို့နောက် ဖုန်းကိုင်ပြီး Mino ဆီ ဖုန်းဆက်လိုက်သည်

"Hello"

"Mino shii...."

"ဟုတ် Jennie လာပြီလားဗျာ့...."

"အလုပ်မပြီးသေးလို့လေ မလာတော့ဘူးနော်....."

"ဟာ...ကျွန်တော်က Jennieကို စောင့်နေတာဗျာ့....."

"အာ...တောင်းပန်ပါတယ် ဒီနေ့တော့ Mino တစ်ယောက်တည်း စားလိုက်နော် နောက်ရက်မှ အတူတူစားမယ် "

"Ok "

"Nae...နားလည်ပေးလို့ ကျေးဇူးပါ "

Jennie ဖုန်းပြောနေတာကို Irene ခိုးနားထောင်နေသည်

"အံမယ် ဒီနေ့မရတော့ နောက်ရက် အတူတူစားမယ်ဆိုဘဲ ဆုတောင်းလေ နောက်ရက်လည်း ငါ လိုက်ဖျက်ပြမယ် ဟင်း "

Irene မဲ့ပြုံးပြုံးပြီး သူမ ရုံးခန်းထဲ ဝင်သွားလေသည်

Irene CCTVကနေ နှုတ်ခမ်းစူပြီးအလုပ်လုပ်နေတဲ့ ဂွတ်ထော်လေးကို ကြည့််ပြီး အသည်းတွေယားနေသည်

Irene အရင်နှစ်က ရှယ်ယာတွေကို ပြန်ကြည့်ရင်း ည ၇နာရီကျော်သွားတာကို မသိပေ

မျက်လုံးညောင်းလာလို့ ခဏ computer ကနေခွာလိုက်မှ နာရီကို ကြည့်မိသွားသည်

"အာ ၇နာရီတောင်ခွဲတော့မယ်......အလုပ်ဆင်းအုံးမှပါ......"

Irene လက်စသတ်ပြီး ရုံးခန်းထဲက ထွက်လာတော့ ​မပြန်သေးတဲ့ Jennieကို တွေ့ရသည်

"ဟာ Jennie မပြန်သေးဘူးလား "

"စာရင်းက ကွာနေလို့ ပြန်စစ်နေတာ Miss Bae "

Jennie ပြောပြီး စာရင်းကို ပြန်အာရုံစိုက်နေသည်

သို့သော် သူမကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရလို့ လှမ်းကြည့်လိုက်တော့ Yeriနေရာကနေ ထိုင်ပြီး သူမကို စိုက်ကြည့်နေတဲ့ Ireneကို တွေ့ရသည်

"Miss Bae မပြန်သေးဘူးလား..chawက ပြန်ပြီ ထင်နေတာ "

"ငါ ပြန်သွားရင် မင်းတစ်ယောက်တည်း မကြောက်ဘူးလား "

Irene စကားကြောင့် Jennie ပြုံးပြီး

"Wow Miss Baeက chawကို ဂရုစိုက်ပေးသေးတာဘဲ "

"ဆုတောင်းလေ "

"အချိန်က နောက်ကျနေပြီ Miss Bae ပြန်လိုက်ပါ "

Irene မပြောမဆိုနဲ့ထွက်သွားတော့ Jennie တစ်ယောက် Irene ပြန်သွားပြီထင်နေသည်

သို့သော် ခဏကြာတော့ မုန့်ထုပ်တွေနဲ့ Irene ပြန်ရောက်လာသည်

"တစ်နေကုန် ဘာမှမစားရသေးဘူးမလား ရော့ ခေါက်ဆွဲပြုတ်နဲ့ အအေးဝယ်လာတယ် စားလိုက်အုံး "

Jennie တစ်ယောက် Ireneက ရုတ်တရက် သူမအပေါ ကောင်းနေသောကြောင့် အံ့သြနေသည်

"မနက်ကတည်းက ထူးထူးဆန်းဆန်း တောင်းပန်နေတာ ခုလည်း မုန့်ကျွေးလို့ Miss Bae နေမကောင်းဘူးလား "

"Yah ငါ အဲ့လောက်ထိ ရက်စက်တဲ့သူ မဟုတ်ပါဘူး ခေါက်ဆွဲစားပြီး အလုပ်ပြန်လုပ် ဒါဘဲ "

Irene ပြောပြီး သူမဖုန်းကို ထုတ်ကာ ဂိမ်းကစားနေသလို ဟန်ဆောင်နေသည်

"ကျေးဇူးတင်ပါတယ် "

Jennie ကျေးဇူးတင်စကားပြောပြီး ခေါက်ဆွဲစားလိုက်တော့ Irene Ph ကင်မရာထဲကနေ Jennie ခေါက်ဆွဲစားတာလေးကို ကြည့်နေသည်

Jennie ကတော့ သတိမထားမိဘဲ ခေါက်ဆွဲစားပြီး အလုပ်ပြန်လုပ်နေသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co