Part 5 Unicode
"ကဲ Miss Bae....chaw အလုပ်တွေ အကုန်လုပ်ပြီးပါပြီ "
Jennnie သူမကို မေးထောက်ကြည့်နေတဲ့ Ireneဆီ စာရင်းဖိုင်လှမ်းပေးလိုက်သည်
"မင်းနေရာမှာ ခဏသိမ်းထား ငါ ရုံးခန်းကို သော့ခတ်ခဲ့တာမို့ ပြန်မဖွင့်ချင်လို့ "
"ကောင်းပါပြီ "
Jennie သူ့စားပွဲခုံ အံဆွဲထဲ စာရင်းဖိုင်ထည့်သိမ်းလိုက်သည်
Jenreneတို့နှစ်ယောက် companyကနေ ထွက်လာကြသည်
Irene မှာ ကားပါကင်ကနေ ကားယူလာပြီး Jennie ကားပေါတက်မယ့်အချိန် စောင့်နေပေမယ့် Jennieကတော့ သူ့ဘာသာသူ လမ်းလျှောက်ပြီး အိမ်ပြန်နေသည်
"သူ ဘာလုပ်တာလည်းဟ "
Irene ရေရွတ်ပြီး ကားမောင်းကာ Jennie နောက်သို့ လိုက်သွားသည်
Jennie ကတော့ ပုံမှန်ဘဲ သူမအိမ်ကို လမ်းလျှောက်ပြန်နေကြဖြစ်သည်
အနောက်ကနေ ကားဟွန်းတီးသံက ရုတ်တရက် ထွက်လာလို့ Jennie လန့်ပြီး တုန်ခါသွားသည်
အနောက်ကို လှည့်ကြည့်တော့ အနက်ရောင် မာစီဒီးကားပေါကနေ သူမရဲ့ CEOဖြစ်သူက ကားမှန်ချကာ သူမကို ကြည့်နေတာကိုတွေ့ရသည်
"မင်း ဘာလုပ်နေတာလည်း "
"အိမ်ပြန်မလို့ပါ Miss Bae"
"Ash တက်...."
"အာ ရပါတယ် chaw ဘာသာ လမ်းလျှောက်ပြန်နိုင်ပါတယ် Miss Bae "
"ကားပေါတက်ပါ Miss Jennie "
"သူ့သဘောချည်းဘဲ "
Jennie သက်ပြင်းချကာ တိုးတိုးလေး ပြောပြီး ကားပေါတက်လိုက်သည်
"ဘာပြောလိုက်တယ် "
Jennie တိုးတိုးလေးပြောတာကိုလည်း နားပါးတဲ့ Irene တစ်ယောက် ကြားဖြစ်အောင်ကြားလိုက်သေးသည်
"Aww ဒီနေ့ Miss Baeက chaw အပေါ အရမ်းကောင်းနေပါတယ်လို့ ပြောတာပါ "
"မင်းရဲ့ အိမ်ကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်စရာကောင်းတယ်မလား "
Irene ကားမောင်းရင်း မေးလိုက်သည်
"Chawက လိုက်ပို့ပေးဖို့ ပြောတာလည်း မဟုတ်ဘူး....အိမ်ကို နေ့တိုင်းပြန်နေကြကို Miss Bae ကသာ အထူးတဆန်းလိုက်ပို့နေတာ "
"နေ့တိုင်းဆိုတော့ အလုပ်မပြီးလို့ Overtime ဆင်းချိန်တွေရောလား"
"ဟုတ်တယ်လေ"
"Gosh မင်း ရူးနေလား....မင်းလို လှတဲ့မိန်းကလေးက ညမိုးချုပ်ကြီး အိမ်ကို တစ်ယောက်တည်းပြန်တာ ပြန်ပေးဆွဲခံရမှာ မကြောက်ဘူးလား "
"Chaw ငယ်ငယ်က ဂျူဒိုသင်ဖူးပါတယ် ပြီးကျ chawက ကလေးမဟုတ်တော့ဘူးလေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ် "
"တစ်ယောက်တည်းဆို ဘာမှမဖြစ်ပေမယ့် လူအများကြီးက မင်းကိုဝိုင်းဖမ်းရင် ဘယ်လိုလုပ်မလည်း "
"အာ...."
"ဒါကြောင့်မို့ မနက်ဖြန်ကစပြီး မင်းကို ငါ အိမ်ပြန်လိုက်ပို့ပေးမယ် "
"အာ တော်ပါပြီ Miss Baeနဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေထွက်လာမှာ chaw မလိုလားဘူး "
"အမလေး မင်းလို stupid နဲ့ ငါ တွဲနေတယ်လို့ ဘယ်သူမှလည်း ထင်မနေဘူး ....ပြီးကျ လှလည်းမလှဘဲ......"
Irene စကားကြောင့် Jennie တိတ်ဆိတ်သွားတယ်....ကားမှန်ကိုသာ ကြည့်ရင်း လှလည်းမလှဘဲ ဆိုတဲ့ Irene ရဲ့ စကားကိုသာ Jennie ပြန်ကြားနေမိသည်
တိတ်ဆိတ်မှုက Jennie နဲ့ Irene ကြားထဲ ဝင်ရောက်လာတယ်
Irene သက်ပြင်းချပြီး ကားရပ်တော့ Jennie ခါးပတ်ဖြုတ်ကာ
"ဟိုနားဆို chaw အိမ်ရောက်ပြီ ဒါကြောင့်မို့ လမ်းလျှောက်ပြန်လိုက်တော့မယ်....ဒီထိ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် "
Irene ကို ကျေးဇူးတင်စကားပြောပြီး ကားပေါကဆင်းလိုက်သည်
Ireneမှာ Jennie ညစာသေချာမစားရသေးလို့ စားသောက်ဆိုင်မှာ ညစာ စားမလား မေးဖို့ ကားရပ်သော်လည်းJennieက ဆင်းပြေးသွားသောကြောင့် တစ်ယောက်တည်း ကျန်ခဲ့သည်။
မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာနေတဲ့ တံတားပေါ Jennie တစ်ယောက်တည်း လမ်းလျှောက်ရင်း တစ်စုံတစ်ခုကို တွေးမိပြီး မျက်ရည်တွေ ကျလာသည်
ဒီတံတားပေါမှာဘဲ သူမမိဘတွေ ကားတိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့တာ...ဒီတံတားပေါက ဖြတ်သန်း Jennie မျက်ရည်မကျခဲ့တဲ့ နေ့ရက်တွေကမရှိ.......သူမ မိဘတွေကို Jennie အရမ်းလွမ်းသည် သတိရနေသည်
သူမမိဘတွေ သေဆုံးပြီးနောက် ဆွေမျိူးသားချင်းတွေ မရှိလို့ Jennie တစ်ယောက်တည်း ရုန်းကန်ခဲ့ရသည်....သို့သော်လည်း သူမ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ Jisoo Lisa Roséကတော့ Jennieဆီ အလည်လာပြီး ချက်ပြုတ်ပေးတတ်သည်
တံတားပေါက ဖြတ်လာပြီး လမ်းကျဥ်းကျဥ်းလေးထဲ Jennie ဝင်သွားသည်
ခြေလှမ်း နှစ်လှမ်းလောက်လျှောက်လိုက်ရင် သူမ
အိမ်ကို ရောက်ပြီလေ...
Jennie အိမ်ထဲ ပေါ့ပေါ့ပါးပါးဝင်သွားပေမယ့် Ireneက အနောက်ကနေ လိုက်ချောင်းနေတာတော့ သတိမထားမိပေ
"Aww အဲ့တာ မင်းရဲ့အိမ်လား"
Jennie အိမ်ထဲ သေချာဝင်သွားတာကို ကြည့်ပြီးမှ Irene မောင်းထွက်လာခဲ့သည်
Jennie နောက်တစ်နေ့မနက် အလုပ်ကိုလာတော့ Yeriတို့မှာ Jennieကို မနှုတ်ဆက်နိုင်ဘဲ Nayeonတို့နဲ့အတူ တစ်ခုခုကို ဆွေးနွေးနေကြသည်
Jennie လည်း ဘာမှမမေးဘဲ သူမအလုပ်ကို လုပ်ဖို့ computerကို ဖွင့်လိုက်သည်
"Miss Bae ရဲ့ ပါတီကို မင်းလာမှာလား Jennie "
Minoစကားကြောင့် Miss Bae ပါတီလုပ်မယ့်အကြောင်း Jennie သိသွားသည်
Ireneကလည်း CCTVကနေ Jennie ကို ကြည့်ရင်း သူမရဲ့ ပါတီကို Jennie လာမလားဆိုတာ စိတ်ဝင်စား သိချင်နေသည်
"Miss Bae ဒီနေ့အတွက် အချိန်ဇယားပါ "
"Ok "
Irene သူ့အတွင်းရေးမှူးပေးတဲ့ စာရွက်ကို ဆွဲယူလိုက်သည်
"ဟို ဟိုလေ မနက်ဖြန်ပါတီမှာ Miss Bae ရှိမယ်မလားဟင် "
"ရှိရမှာပေါ့ ငါ့အမေလုပ်တဲ့ ပါတီဘဲ "
"ဟုတ် ဟုတ်ကျေးဇူးတင်ပါတယ် "
Ireneမှာ သူ့အတွင်းရေးမှူးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"သူက ဘာဖြစ်ပြန်တာလည်းဟ "
Jennie အလုပ်ပြီးသွားသောကြောင့် Minoနဲ့ နေ့လည်စာ သွားစားဖို့ဆုံးဖြတ်လိုက်သည်
မနေ့က Irene လက်ချက်ကြောင့် Minoနဲ့ နေ့လည်စာစားချိန်မရှိလိုက်ပေ
Irene မမြင်ခင် Jennie အမြန်သူမ ထိုင်ခုံက ထရပ်လိုက်သည်
"မနေ့က စားသောက်ဆိုင်တစ်ခု ရှာတွေ့ထားတယ် companyနားမှာဘဲ တော်တော်စားကောင်းတယ်တဲ့ သွား စားရအောင် "
"ဟုတ်လား သွားစားရအောင် "
Jennie နဲ့ Minoလည်း နေ့လည်စာစားဖို့ Companyနားက စားသောက်ဆိုင်သို့ ထွက်လာကြသည်
"မနေ့က ဘာလို့ နေ့လည်စာမစားတာလည်း "
Minoမေးတော့ Jennie နှုတ်ခမ်းစူပြီး
"Miss Baeလေ အလုပ်မပြီးရင် နေ့လည်စာမစားရဘူးပြောလို့ "
"ဟင် သူက သူများတွေကျ အဲ့လိုမလုပ်ပါဘူး ဘာလို့ Jennieကိုမှ ဒီလိုလုပ်ရတာလည်း "
"မသိဘူးလေ......"
"အခု ကိုယ်နဲ့နေ့လည်စာ ထွက်စားတာရော သူသိလား ခွင့်ပြုရဲ့လား "
"သိရအောင် သူက chaw ချစ်သူမှ မဟုတ်တာ ဘာလို့ပြောပြရမှာလည်း ခွင့်ပြုပြုမပြုပြု chaw လုပ်ပိုင်ခွင့်နဲ့စားတာဘဲကို "
Jennie စကားကြောင့် Mino ရယ်လိုက်သည်
"ကြည့်ရတာ သူက မင်းကို သဘောကျနေတာနေမယ် Jennie "
Mino စကားကြောင့် Jennie အော်ရယ်လိုက်သည်
"Minoက ဟာသတွေ ပြောတတ်တယ်နော် ဟားဟား "
Ireneတစ်ယောက် incomeတွေစစ်ပြီး CCTVကို ကြည့်လိုက်တော့ Jennieကို မတွေ့ရပေ
"တယ် ဒီကလေးမ Minoဆိုတဲ့ ကောင်နဲ့ နေ့လည်စာ သွားစားတာလားမသိ...."
Irene စိတ်ထဲ ရုတ်တရက် ဒေါသတွေထွက်လာပြီး သူမ စားပွဲခုံပေါက စာရွက်တွေလွှင့်ပစ်လိုက်သည်
"နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ် တကယ် စားလို့ကောင်းတယ် Mino shii "
Jennie တို့ နေ့လည်စာ စားပြီးလို့ companyကို ပြန်လာကြသည်
"နောက်လည်း ကောင်းတဲ့ဆိုင်တွေ လိုက်ရှာ ဝယ်ကျွေးမယ်နော် Jennie"
"နေပါအုံး နင်တို့က နှစ်ယောက်တည်း ဘယ်တွေသွားနေတာလည်း "
Yeriမှာ ခါးထောက်ပြီး Jennie တို့ကို ကြည့်နေသည်
"အာ နေ့လည်စာသွားစားတာပါ"
"ဒိတ်နေတာတော့ မဟုတ်ဘူးမလား "
"Yah ငါနဲ့ Minoက လုပ်ဖော်ကိုင်ဖက်တွေပါဟ "
Jennie မှာ အထင်လွဲနေတဲ့ Yeriကို သေချာရှင်းပြနေသည်
အလုပ်ဆင်းချိန်ရောက်တော့ အားလုံး အိမ်ပြန်ဖို့ပြင်နေစဥ် Jennie ကို Irene ရုံးခန်းထဲခေါလိုက်သည်
"ဒီနေ့ ငါ နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ် အဆင်သင့်ပြင်ထား "
"ရပါတယ် chaw ဘာသာပြန်ပါမယ် Miss Bae သာ ကိုယ့်အိမ်ကိုယ် သေချာပြန်ပါ "
"မာနကြီးတဲ့အချေစတိုင် ဖမ်းမနေနဲ့ Jennie ငါကလည်း မင်းကို အိမ်ပြန်လိုက်ပို့ပေးချင်လွန်းလို့ ထင်နေတာလား ငါ့အလုပ်က ဝန်ထမ်းတစ်ယောက် ပြန်ပေးဆွဲခံရမှာ စိတ်ပူလို့ လိုက်ပို့ပေးရုံဘဲ "
"Miss Baeကို အိမ်ပြန်လိုက်ပို့ပေးဖို့ chaw တစ်ခါမှ မတောင်းဆိုဖူးဘူးနော် ...ရတယ် ပြန်ပေးဆွဲခံရလည်း ဂရုမစိုက်ဘူး တစ်ယောက်တည်း ပြန်ရဲပါတယ် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် "
Ireneကိုကျေးဇူးတင်စကား ပြောပြီး Jennie ရုံးခန်းထဲက ထွက်လာသည်
ဘတ်စ်ကားမှတ်တိုင်တွင် Jennie ဘတ်စ်ကားစောင့်နေသည်။
ထိုစဥ် ကားဟွန်းတီးသံကြောင့် Jennie လှမ်းကြည့်သောအခါ
"Oppa..... "
"ကားပေါက ကောင်လေးတစ်ယောက် ဆင်းလာပြီး Jennieကို ဖက်လိုက်သည်
ထိုမြင်ကွင်းကို မလှမ်းမကမ်းကနေ ကြည့်နေတဲ့ Irene တစ်ယောက်... ..ဒေါသတွေအသေ ထွက်နေပြီး Booking လုပ်ထားတဲ့ စားသောက်ဆိုင်ကို Order cancel ပြန်လုပ်ပြီး ကားကိုအရှိန်တင်မောင်းကာ ထွက်လာခဲ့သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co