Truyen3h.Co

What's wrong with My Exes

Final

KimFany059

#UNICODE

"Annyeong.... Roseanne is back everyone.... "

Roseanne ဆိုးလ်မြို့ကို ပြန်ရောက်ပြီး Jisoo စီစဥ်ပေးတဲ့ အိမ်တွင် သူမ fanတွေကို နှုတ်ဆက်ဖို့ live လွှင့်နေသည်

"အားလုံးကို ငါ သတိရပါတယ်..... မတွေ့ရတာ အတော်ကြာတော့ ငါ့ကို စိတ်ပူနေကြတယ်မလား မပူကြပါနဲ့နော် အားလုံးအတွက် သတင်းကောင်းလေး ပြောစရာရှိတယ် နောက်တစ်လဆို ငါ ကိုယ်တိုင် produce လုပ်ထားတဲ့ သီချင်းလေး တစ်ပုဒ် ထွက်လာတော့မယ်နော် ...."

Roseanneမှာ သူမ သီချင်းထွက်လာမယ့် အကြောင်းကို သူမ ပရိတ်သတ်တွေအား ဝမ်းသာအားရ  ပြောပြနေသည်

"Roseanne How are you? I'm fine guys ငါ နေကောင်းအဆင်ပြေပါတယ်...."

Roseanneမှာ Fanတွေရဲ့ commentတွေကို လိုက်ဖတ်ပြီး ဖြေပေးနေသည်

"Roseanne do heartsign တဲ့ Ok ဒီမှာ မင်းတို့အတွက် အချစ်တွေ အများကြီး ပေးလိုက်ပါပြီ... "

"Roseanne မင်းရဲ့နောက်မှာ သရဲတဲ့ Hey ငါ့ကို အဲ့လို လာမခြောက်နဲ့နော် ငါ သရဲကိုမကြောက်ဘူး သရဲထက် လူတွေကို ပိုကြောက်တာ "

Roseanne သူမ ပရိတ်သတ်တွေနဲ့ ရယ်မောပြီး စကားပြောနေရင်း Comment တစ်ခုကြောင့် မျက်နှာပျက်ပြီး တိတ်ဆိတ်သွားသည်

ထို commentကား

"အချစ်ရေးရော ဘယ်လိုလည်း ချစ်သူနဲ့ အဆင်ပြေရဲ့လား "

ဆိုသော Comment ပင်ဖြစ်သည်

Roesanne သူမ စိတ်ကို အမြန်ထိန်းပြီး ချက်ချင်းပြန်ပြုံးလိုက်သည်

"အားလုံးဘဲ ငါ့မှာ ကိစ္စလေး ပေါ်လာလို့ live ပိတ်တော့မယ်နော် အားလုံးကို ချစ်ပါတယ် ကျန်းမာရေး ဂရုစိုက်ကြပါ Bye "

Roseanne Live ပိတ်လိုက်ပြီး ဖုန်းကို ကုတင်ပေါ် ပစ်တင်လိုက်သည်

အချစ်ရေးရော ဘယ်လိုလည်း ချစ်သူနဲ့ အဆင်ပြေရဲ့လားတဲ့....

Roseanne သက်ပြင်းရှည်ကြီး ချပြီး စားပွဲခုံပေါ်က ဆေးလိပ်ဘူးကို ကောက်ယူလိုက်သည်

ထို့နောက် မီးခြစ်ယူ ခြစ်ကာ ဆေးလိပ်တစ်ဖွာ ဖွာလိုက်ပြီး သူမ ချစ်သူတွေအကြောင်း တွေးမိသွားသည်

Roseanne ပထမဆုံး စပြီး တွဲခဲ့တဲ့ သူမ....သူမပုံစံက ခပ်ချေချေနေတဲ့ ခပ်ဆိုးဆိုးနေတတ်တဲ့ ပုံစံလေးမို့ ရည်းစားပထမဆုံး ထားဖူးတဲ့ Roseanne အတွက်တော့ ရင်ဖိုစရာပင်

အစပိုင်းမှာတော့ ရင်ဖိုစရာ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေမယ် အချိန်ကြာလာတဲ့အခါ Roseanneနဲ့ ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ အတင်းစွပ်စွဲပေးစားကာ Roseanne အပေါ် လက်ပါခဲ့သည်

သူမကတော့ တစ်ခြားမိန်းကလေးတွေနဲ့ အတူအိပ်တာမျိုး လုပ်ပေမယ့် Producerတွေနဲ့ ညလုံးပေါက် studioခန်းထဲ အသံသွင်းရင်း အလုပ်ရှုပ်တဲ့ Roseanneကိုတော့ မဟုတ်တရုတ် သတင်းတွေနဲ့ စွပ်စွဲလက်ပါသောကြောင့် အသိမိတ်ဆွေတွေကြားထဲ အခြေအနေတွေဆိုးလာကာ သီးမခံနိုင်တော့လို့ သူမနဲ့ Roseanne လမ်းခွဲခဲ့လိုက်သည်

Roseanne ဆေးလိပ်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ဆေးလိပ်တိုလေးကို ပြာခွက်ထဲ ထိုးချေလိုက်သည်

ထို့နောက် စားပွဲခုံပေါ်က ဝီစကီပုလင်းကို ယူပြီး ခွက်ထဲ ငှဲ့လိုက်သည်

ဝီစကီကို တစ်ငုံသောက်ရင်း ဒုတိယ တစ်ယောက် အကြောင်း တွေးမိသွားတယ်

နောက်တစ်ယောက်ကတော့ Roseanne သူမထက် နှစ်နှစ်ကြီးတဲ့ တစ်ယောက်နဲ့ တွဲခဲ့သည်

ထိုတစ်ယောက်ကတော့ Roseanneကို သူမ ပြိုလဲနေတဲ့ အခြေအနေကနေ ဆွဲထူပေးခဲ့သည်

Roseanne ကို ထိုတစ်ယောက်မှာ တော်တော်လေး ဂရုစိုက်ပေးသောကြောင့် သူမတို့ဆက်ဆံရေးမှာ အဆင်ပြေခဲ့သော်လည်း...နောက်ပိုင်းမှာတော့ ထိုတစ်ယောက်က business woman. .Roseanneက အောင်မြင်လာတဲ့သူ ဖြစ်လာပြီး အလုပ်တွေကြား အချိန်မပေးနိုင်တော့ဘဲ တွေ့ရတဲ့ ရက်တွေက နည်းလာသည်

ထိုတစ်ယောက်မှာ Roseanneကို အချိန်မပေးနိုင်သော်လည်း Roseanne တစ်ခြားအသိတွေနဲ့ အချိန်ဖြုန်းတာကိုလည်း မကြိုက် ...ခဏခဏ ချုပ်ချယ်လွန်းသောကြောင့် Roseanne သီးမခံနိုင်တော့ဘဲ ထိုတစ်ယောက်နဲ့ အဆက်ဖြတ်ခဲ့သည်

Roseanne အရက်ခွက်ကို စားပွဲခုံပေါ်တင်ပြီး သူမရဲ့ အဝတ်အစားတွေကို ချွတ်လိုက်သည်

ထို့နောက် ရေချိုးခန်းထဲ ဝင်သွားကာ Braနဲ့ Underware ကိုပါ ချွတ်ပြီး အသင့်ပြင်ထားတဲ့ ဆပ်ပြာမြှုပ်တွေနဲ့ ပြည့်နေတဲ့ Bathtub ထဲ ဝင်စိမ်လိုက်သည်

ဆပ်ပြာမြုပ်လေးတွေကို ကိုင်ဆော့ရင်း တွေးမိတာတော့ သူမနဲ့ ရွယ်တူ ကောင်မလေး အကြောင်းပင်

ထိုကောင်မလေးမှာ အမြဲတမ်း တက်ကြွပြီး ချစ်ဖို့ကောင်းသည်

Roseanneကို အမြဲချွဲတတ်ပြီး အမြဲ ဂရုစိုက်ပေးသည်

သို့သော်လည်း ထိုကောင်မလေးမှာ Roseanneရဲ့ Privacyကို အရမ်း ဝင်ရောက်စွက်ဖက်လွန်းသည်

သဝန်ကလည်း အရမ်းတိုတတ်လွန်းသေးသည်

Roseanne  ရှိတဲ့နေရာတိုင်းကို အကြောင်းပြချက်အမျိုးစုံနဲ့ ကြိုရောက်တတ်နေပြီး Roseanneရဲ့ အခန်းထဲပါ တစ်ခါတစ်ခါရောက်နေတတ်သေးသည်

ထိုကောင်မလေးကြောင့် Roseanneမှာ အရမ်းမွန်းကြပ်လာလို့ နောက်ဆုံးလမ်းခွဲခဲ့ရသည့် အဆင့်ကို ရောက်ခဲ့ရသည်

"ဘာလို့ ငါ့ကျမှ အချစ်ရေးက ဒီလိုဖြစ်နေရတာလည်း...."

Roseanne  ရေရွတ်ပြီး ရေမြုပ်တွေအောက်သို့ ငုပ်လျိုးသွားသည်

Phone ring.....

Phone မြည်သံကြောင့် Roseanne ရေချိုးကန်ထဲက နေ ထပြီး ရေသုတ်ကာ ဖုန်းကိုင်လိုက်သည်

"hello.... CEO...."

"Roseanne.....တို့တွေ ခဏလောက် တွေ့လို့ရမလား အင်း တို့ပြောချင်တာ တို့ရယ် Lisaရယ် Jennieရယ် မင်းရယ်ပေါ့ "

Jisooရဲ့ စကားကြောင့် Roseanne ဘာပြန်ပြောရမှန်းမသိပေ

"နှောင့်ယှက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်.... တို့သုံး​ယောက်ဆီ မင်းလာပေးမှ ဖြစ်မယ် မဟုတ်ရင်... .....ဘာတွေဆက်ဖြစ်ကြမယ်မသိဘူး "

Jisoo ထပ်ပြောလိုက်တဲ့စကားကြောင့် Roseanne လန့်သွားတယ်

ဘုရားရေ သူတို့သုံးယောက် ရန်ဖြစ်မလို့တော့ မဟုတ်ပါဘူးနော်

"ကောင်းပြီ ကျွန်မလာခဲ့ပါမယ် ဘယ်ကိုလာခဲ့ရမလည်း "

"ဟန်မြစ်က တံတားအောက် "

Roseanneလည်း သက်ပြင်းချပြီး ဖုန်းချလိုက်သည်

ဘယ်သူနဲ့မှ မပတ်သက်တော့ဘူးဆိုပေမယ့် Jennie Jisoo Lisaကို တစ်ယောက်မှ အထိအခိုက်ဖြစ်တာမျိုးတော့ Roseanne မလိုချင်ဘူးလေ

Jisoo ပြောတဲ့နေရာကို Roseanne ကားငှားပြီး ထွက်လာခဲ့သည် 

သူမ ကားပေါ်ကနေ ဆင်းလာတော့ Jisoo Jennie Lisaက သူမကို ကြည့်နေကြသည်

"ရှင်တို့တွေ ဘာလုပ်နေကြတာလည်း..... "

"Roseanne...."

"ဘာကိစ္စနဲ့ ကျွန်မကို ခေါ်ရတာလည်း "

"Roseanne..... ငါ....ငါနင့်ကို ချစ်နေသေးတယ် Roseanne ငါ....ငါ့အမှားကိုသိပြီး လိမ်လိမ်မာမာနေတော့မယ်လေ နော် ငါတို့....အစက​နေ ပြန်စလို့ရလား "

Jennie ကပြောပြီး Jisooက ဝင်ပြောသည်

"တို့လည်း မင်းကို ချစ်နေသေးတယ် Roseanne.. တို့ မင်းကိုအထင်လွဲပြီး ချုပ်ချယ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် တို့ကို အခွင့်အရေးထပ်ပေးလို့ရလား မချုပ်ချယ်တော့ပါဘူးလို့ ကတိပေးပါတယ် "

"Roseanne...ကိုယ်တို့ ညတိုင်းပျော်ခဲ့ချိန်တွေ ပြန်တွေးပြီး ကိုယ့်ကို လက်ခံပေးလို့မရဘူးလား.... "

Roseanneမှာ သက်ပြင်းချပြီး ဘာမှဆက်မပြောပေ

"Roseanne ငါတို့ ကျောပေးထားမယ် နင် သုံးယောက်ထဲက တစ်ယောက်ကို ရွေး.....နင်မရွေးမယ့်နှစ်ယောက်ကို ရေထဲတွန်းချလိုက် "

"ဟာ ဘယ်လိုလုပ်လုပ်ရက်မှာလည်း "

Jisoo Jennie Lisaတို့ ကျောပေးတော့ Roseanne သက်ပြင်းချလိုက်သည်

*************

3နှစ်ကြာသောအခါ

Roseanne အိပ်ရာက နိုးလာတော့ သူမဘေးနားမှာ Jennieက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်

ပါးဖောင်းဖောင်းလေးနဲ့ အိပ်ပျော်နေတဲ့ Jennieက ကလေးတစ်ယောက်လို အူယားစရာကောင်းလွန်းသည်

"Good Morning Roseanne နိုးပြီလား "

Jennie အိပ်ချင်မူးတူးနဲ့ နိုးလာပြီး Roseanneရဲ့ ပါးလေးကို လက်နဲ့ဆွဲညှစ်လိုက်သည်

"Omm နိုးပြီ "

"ငါ မနေ့ညက report လုပ်နေရလို့ ညနက်သွားတယ် ဆက်အိပ်အုံးမယ်နော် "

"ရတယ် ဆက်အိပ်ပါ အချစ် "

Jennieရဲ့ ပါးဖောင်းဖောင်းလေးကို Roseanne နမ်းပြီး မျက်နှာသစ်ဖို့ ထလာသည်

မျက်နှာသစ်ပြီးနောက် Roseanne အခန်းအပြင်ထွက်လာပြီး ထမင်းစားခန်းထဲ ဝင်တော့ သူမအတွက် မနက်စာလုပ်ပေးနေတဲ့ Jisooကို တွေ့ရသည်

"Morning Honey..."

"Morning Jisoo "

Roseanne မှာ Jisooရဲ့ အသည်းပုံနှုတ်ခမ်းလေးကို နမ်းပြီး နှုတ်ဆက်လိုက်သည်

"မင်း ကြိုက်တဲ့ မနက်စာ လုပ်ထားတယ် "

"Gomawo....Lisaရော... "

"မင်းအနောက်မှာပါ အသည်းလေး "

အားကစားဝတ်စုံနဲ့ Lisaမှာ Roseanneရဲ့ ခါးကိုဖက်လိုက်သည်

"မနက်ခင်း အားကစားလုပ်ရာက ပြန်လာပါပြီ "

"ချွေးတွေရွဲနေတာဘဲ အဝတ်အစားသွားလဲလိုက်အုံး Lisa..."

"အာဘွားပေးမှ သွားလဲမယ် "

ဘဲပေါက်လေးလို နှုတ်ခမ်းလေးထော်ပြတဲ့ Lisaကို Roseanne အကြင်နာပေးလိုက်သည်

ဟုတ်ပါတယ် အဲ့နေ့ညက Roseanne သုံးယောက်လုံးကို ရွေးချယ်ခဲ့တာပါ.....

သုံးယောက်လုံးက သူမဘဝအတွက် တစ်ထောင့်တစ်နေရာမှာ ပါဝင်ပြီး အမှတ်တရတွေရှိနေခဲ့တော့ ဘယ်သူ့ကိုမှ Roseanne ရေထဲတွန်းမချရက်ဘူးလေ.....

သုံး​ယောက်လုံးကလည်း Roseanneနဲ့ အတူနေဖို့ ကတိပေးလိုက်တယ်

Roseanneရဲ့ ကောင်မလေးသုံး​ယောက်နဲ့ အတူနေတယ်ဆိုတဲ့ သတင်းဟာ တောင်ကိုရီးယားပရိတ်သတ်တွေကို လှုပ်ခါသွားစေတယ်

တစ်ချို့ပြည်သူတွေကလည်း ဒီလိုမျိုး လက်မခံကြောင်း အငြင်းပွားနေလို့ Roseanneရော Jisooပါ အနုပညာအသိုင်းအဝိုင်းက နှုတ်ထွက်လာပြီး Jennie Lisa နဲ့အတူ နိုင်ငံခြားတွင်နေထိုင်နေကြသည်

Jennie နဲ့ Jisooဟာ companyအတူထောင်ကြပြီး Lisaကတော့ အကသင်တန်းဖွင့်ထားသည်

Roseanneကတော့ မိန်းမသုံးယောက်ရှာကျွေးခြင်းကို အိမ်တွင်အသင့်ထိုင်စားနေခြင်းပင်ဖြစ်သည်...

ဒီလိုနဲ့ မိန်းမသုံး​ယောက်နဲ့ Roseanneဟာ LAမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားကြသည်

#the end

#zawgyi

"Annyeong.... Roseanne is back everyone.... "

Roseanne ဆိုးလ္ၿမိဳ႕ကို ျပန္ေရာက္ၿပီး Jisoo စီစဥ္ေပးတဲ့ အိမ္တြင္ သူမ fanေတြကို ႏႈတ္ဆက္ဖို႔ live လႊင့္ေနသည္

"အားလုံးကို ငါ သတိရပါတယ္..... မေတြ႕ရတာ အေတာ္ၾကာေတာ့ ငါ့ကို စိတ္ပူေနၾကတယ္မလား မပူၾကပါနဲ႕ေနာ္ အားလုံးအတြက္ သတင္းေကာင္းေလး ေျပာစရာရွိတယ္ ေနာက္တစ္လဆို ငါ ကိုယ္တိုင္ produce လုပ္ထားတဲ့ သီခ်င္းေလး တစ္ပုဒ္ ထြက္လာေတာ့မယ္ေနာ္ ...."

Roseanneမွာ သူမ သီခ်င္းထြက္လာမယ့္ အေၾကာင္းကို သူမ ပရိတ္သတ္ေတြအား ဝမ္းသာအားရ ေျပာျပေနသည္

"Roseanne How are you? I'm fine guys ငါ ေနေကာင္းအဆင္ေျပပါတယ္...."

Roseanneမွာ Fanေတြရဲ႕ commentေတြကို လိုက္ဖတ္ၿပီး ေျဖေပးေနသည္

"Roseanne do heartsign တဲ့ Ok ဒီမွာ မင္းတို႔အတြက္ အခ်စ္ေတြ အမ်ားႀကီး ေပးလိုက္ပါၿပီ... "

"Roseanne မင္းရဲ႕ေနာက္မွာ သရဲတဲ့ Hey ငါ့ကို အဲ့လို လာမေျခာက္နဲ႕ေနာ္ ငါ သရဲကိုမေၾကာက္ဘူး သရဲထက္ လူေတြကို ပိုေၾကာက္တာ "

Roseanne သူမ ပရိတ္သတ္ေတြနဲ႕ ရယ္ေမာၿပီး စကားေျပာေနရင္း Comment တစ္ခုေၾကာင့္ မ်က္ႏွာပ်က္ၿပီး တိတ္ဆိတ္သြားသည္

ထို commentကား

"အခ်စ္ေရးေရာ ဘယ္လိုလည္း ခ်စ္သူနဲ႕ အဆင္ေျပရဲ႕လား "

ဆိုေသာ Comment ပင္ျဖစ္သည္

Roesanne သူမ စိတ္ကို အျမန္ထိန္းၿပီး ခ်က္ခ်င္းျပန္ၿပဳံးလိုက္သည္

"အားလုံးဘဲ ငါ့မွာ ကိစၥေလး ေပၚလာလို႔ live ပိတ္ေတာ့မယ္ေနာ္ အားလုံးကို ခ်စ္ပါတယ္ က်န္းမာေရး ဂ႐ုစိုက္ၾကပါ Bye "

Roseanne Live ပိတ္လိုက္ၿပီး ဖုန္းကို ကုတင္ေပၚ ပစ္တင္လိုက္သည္

အခ်စ္ေရးေရာ ဘယ္လိုလည္း ခ်စ္သူနဲ႕ အဆင္ေျပရဲ႕လားတဲ့....

Roseanne သက္ျပင္းရွည္ႀကီး ခ်ၿပီး စားပြဲခုံေပၚက ေဆးလိပ္ဘူးကို ေကာက္ယူလိုက္သည္

ထို႔ေနာက္ မီးျခစ္ယူ ျခစ္ကာ ေဆးလိပ္တစ္ဖြာ ဖြာလိုက္ၿပီး သူမ ခ်စ္သူေတြအေၾကာင္း ေတြးမိသြားသည္

Roseanne ပထမဆုံး စၿပီး တြဲခဲ့တဲ့ သူမ....သူမပုံစံက ခပ္ေခ်ေခ်ေနတဲ့ ခပ္ဆိုးဆိုးေနတတ္တဲ့ ပုံစံေလးမို႔ ရည္းစားပထမဆုံး ထားဖူးတဲ့ Roseanne အတြက္ေတာ့ ရင္ဖိုစရာပင္

အစပိုင္းမွာေတာ့ ရင္ဖိုစရာ ရင္ခုန္စရာ စိတ္လႈပ္ရွားစရာ ေကာင္းခဲ့ေပမယ္ အခ်ိန္ၾကာလာတဲ့အခါ Roseanneနဲ႕ ခင္မင္ရင္းႏွီးတဲ့သူေတြနဲ႕ အတင္းစြပ္စြဲေပးစားကာ Roseanne အေပၚ လက္ပါခဲ့သည္

သူမကေတာ့ တစ္ျခားမိန္းကေလးေတြနဲ႕ အတူအိပ္တာမ်ိဳး လုပ္ေပမယ့္ Producerေတြနဲ႕ ညလုံးေပါက္ studioခန္းထဲ အသံသြင္းရင္း အလုပ္ရႈပ္တဲ့ Roseanneကိုေတာ့ မဟုတ္တ႐ုတ္ သတင္းေတြနဲ႕ စြပ္စြဲလက္ပါေသာေၾကာင့္ အသိမိတ္ေဆြေတြၾကားထဲ အေျခအေနေတြဆိုးလာကာ သီးမခံနိုင္ေတာ့လို႔ သူမနဲ႕ Roseanne လမ္းခြဲခဲ့လိုက္သည္

Roseanne ေဆးလိပ္မီးခိုးေငြ႕ေတြကို မႈတ္ထုတ္လိုက္ၿပီး ေဆးလိပ္တိုေလးကို ျပာခြက္ထဲ ထိုးေခ်လိဳက္သည္

ထို႔ေနာက္ စားပြဲခုံေပၚက ဝီစကီပုလင္းကို ယူၿပီး ခြက္ထဲ ငွဲ႕လိုက္သည္

ဝီစကီကို တစ္ငုံေသာက္ရင္း ဒုတိယ တစ္ေယာက္ အေၾကာင္း ေတြးမိသြားတယ္

ေနာက္တစ္ေယာက္ကေတာ့ Roseanne သူမထက္ ႏွစ္ႏွစ္ႀကီးတဲ့ တစ္ေယာက္နဲ႕ တြဲခဲ့သည္

ထိုတစ္ေယာက္ကေတာ့ Roseanneကို သူမ ၿပိဳလဲေနတဲ့ အေျခအေနကေန ဆြဲထူေပးခဲ့သည္

Roseanne ကို ထိုတစ္ေယာက္မွာ ေတာ္ေတာ္ေလး ဂ႐ုစိုက္ေပးေသာေၾကာင့္ သူမတို႔ဆက္ဆံေရးမွာ အဆင္ေျပခဲ့ေသာ္လည္း...ေနာက္ပိုင္းမွာေတာ့ ထိုတစ္ေယာက္က business woman. .Roseanneက ေအာင္ျမင္လာတဲ့သူ ျဖစ္လာၿပီး အလုပ္ေတြၾကား အခ်ိန္မေပးနိုင္ေတာ့ဘဲ ေတြ႕ရတဲ့ ရက္ေတြက နည္းလာသည္

ထိုတစ္ေယာက္မွာ Roseanneကို အခ်ိန္မေပးနိုင္ေသာ္လည္း Roseanne တစ္ျခားအသိေတြနဲ႕ အခ်ိန္ျဖဳန္းတာကိုလည္း မႀကိဳက္ ...ခဏခဏ ခ်ဳပ္ခ်ယ္လြန္းေသာေၾကာင့္ Roseanne သီးမခံနိုင္ေတာ့ဘဲ ထိုတစ္ေယာက္နဲ႕ အဆက္ျဖတ္ခဲ့သည္

Roseanne အရက္ခြက္ကို စားပြဲခုံေပၚတင္ၿပီး သူမရဲ႕ အဝတ္အစားေတြကို ခြၽတ္လိုက္သည္

ထို႔ေနာက္ ေရခ်ိဳးခန္းထဲ ဝင္သြားကာ Braနဲ႕ Underware ကိုပါ ခြၽတ္ၿပီး အသင့္ျပင္ထားတဲ့ ဆပ္ျပာျမႇုပ္ေတြနဲ႕ ျပည့္ေနတဲ့ Bathtub ထဲ ဝင္စိမ္လိုက္သည္

ဆပ္ျပာျမဳပ္ေလးေတြကို ကိုင္ေဆာ့ရင္း ေတြးမိတာေတာ့ သူမနဲ႕ ႐ြယ္တူ ေကာင္မေလး အေၾကာင္းပင္

ထိုေကာင္မေလးမွာ အၿမဲတမ္း တက္ႂကြၿပီး ခ်စ္ဖို႔ေကာင္းသည္

Roseanneကို အၿမဲခြၽဲတတ္ၿပီး အၿမဲ ဂ႐ုစိုက္ေပးသည္

သို႔ေသာ္လည္း ထိုေကာင္မေလးမွာ Roseanneရဲ႕ Privacyကို အရမ္း ဝင္ေရာက္စြက္ဖက္လြန္းသည္

သဝန္ကလည္း အရမ္းတိုတတ္လြန္းေသးသည္

Roseanne ရွိတဲ့ေနရာတိုင္းကို အေၾကာင္းျပခ်က္အမ်ိဳးစုံနဲ႕ ႀကိဳေရာက္တတ္ေနၿပီး Roseanneရဲ႕ အခန္းထဲပါ တစ္ခါတစ္ခါေရာက္ေနတတ္ေသးသည္

ထိုေကာင္မေလးေၾကာင့္ Roseanneမွာ အရမ္းမြန္းၾကပ္လာလို႔ ေနာက္ဆုံးလမ္းခြဲခဲ့ရသည့္ အဆင့္ကို ေရာက္ခဲ့ရသည္

"ဘာလို႔ ငါ့က်မွ အခ်စ္ေရးက ဒီလိုျဖစ္ေနရတာလည္း...."

Roseanne ေရ႐ြတ္ၿပီး ေရျမဳပ္ေတြေအာက္သို႔ ငုပ္လ်ိဳးသြားသည္

Phone ring.....

Phone ျမည္သံေၾကာင့္ Roseanne ေရခ်ိဳးကန္ထဲက ေန ထၿပီး ေရသုတ္ကာ ဖုန္းကိုင္လိုက္သည္

"hello.... CEO...."

"Roseanne.....တို႔ေတြ ခဏေလာက္ ေတြ႕လို႔ရမလား အင္း တို႔ေျပာခ်င္တာ တို႔ရယ္ Lisaရယ္ Jennieရယ္ မင္းရယ္ေပါ့ "

Jisooရဲ႕ စကားေၾကာင့္ Roseanne ဘာျပန္ေျပာရမွန္းမသိေပ

"ႏွောင့္ယွက္သလို ျဖစ္သြားရင္ ေတာင္းပန္ပါတယ္.... တို႔သုံးေယာက္ဆီ မင္းလာေပးမွ ျဖစ္မယ္ မဟုတ္ရင္... .....ဘာေတြဆက္ျဖစ္ၾကမယ္မသိဘူး "

Jisoo ထပ္ေျပာလိုက္တဲ့စကားေၾကာင့္ Roseanne လန့္သြားတယ္

ဘုရားေရ သူတို႔သုံးေယာက္ ရန္ျဖစ္မလို႔ေတာ့ မဟုတ္ပါဘူးေနာ္

"ေကာင္းၿပီ ကြၽန္မလာခဲ့ပါမယ္ ဘယ္ကိုလာခဲ့ရမလည္း "

"ဟန္ျမစ္က တံတားေအာက္ "

Roseanneလည္း သက္ျပင္းခ်ၿပီး ဖုန္းခ်လိဳက္သည္

ဘယ္သူနဲ႕မွ မပတ္သက္ေတာ့ဘူးဆိုေပမယ့္ Jennie Jisoo Lisaကို တစ္ေယာက္မွ အထိအခိုက္ျဖစ္တာမ်ိဳးေတာ့ Roseanne မလိုခ်င္ဘူးေလ

Jisoo ေျပာတဲ့ေနရာကို Roseanne ကားငွားၿပီး ထြက္လာခဲ့သည္ 

သူမ ကားေပၚကေန ဆင္းလာေတာ့ Jisoo Jennie Lisaက သူမကို ၾကည့္ေနၾကသည္

"ရွင္တို႔ေတြ ဘာလုပ္ေနၾကတာလည္း..... "

"Roseanne...."

"ဘာကိစၥနဲ႕ ကြၽန္မကို ေခၚရတာလည္း "

"Roseanne..... ငါ....ငါနင့္ကို ခ်စ္ေနေသးတယ္ Roseanne ငါ....ငါ့အမွားကိုသိၿပီး လိမ္လိမ္မာမာေနေတာ့မယ္ေလ ေနာ္ ငါတို႔....အစကေန ျပန္စလို႔ရလား "

Jennie ကေျပာၿပီး Jisooက ဝင္ေျပာသည္

"တို႔လည္း မင္းကို ခ်စ္ေနေသးတယ္ Roseanne.. တို႔ မင္းကိုအထင္လြဲၿပီး ခ်ဳပ္ခ်ယ္ခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္ တို႔ကို အခြင့္အေရးထပ္ေပးလို႔ရလား မခ်ဳပ္ခ်ယ္ေတာ့ပါဘူးလို႔ ကတိေပးပါတယ္ "

"Roseanne...ကိုယ္တို႔ ညတိုင္းေပ်ာ္ခဲ့ခ်ိန္ေတြ ျပန္ေတြးၿပီး ကိုယ့္ကို လက္ခံေပးလို႔မရဘူးလား.... "

Roseanneမွာ သက္ျပင္းခ်ၿပီး ဘာမွဆက္မေျပာေပ

"Roseanne ငါတို႔ ေက်ာေပးထားမယ္ နင္ သုံးေယာက္ထဲက တစ္ေယာက္ကို ေ႐ြး.....နင္မေ႐ြးမယ့္ႏွစ္ေယာက္ကို ေရထဲတြန္းခ်လိဳက္ "

"ဟာ ဘယ္လိုလုပ္လုပ္ရက္မွာလည္း "

Jisoo Jennie Lisaတို႔ ေက်ာေပးေတာ့ Roseanne သက္ျပင္းခ်လိဳက္သည္

*************

3ႏွစ္ၾကာေသာအခါ

Roseanne အိပ္ရာက နိုးလာေတာ့ သူမေဘးနားမွာ Jennieက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတယ္

ပါးေဖာင္းေဖာင္းေလးနဲ႕ အိပ္ေပ်ာ္ေနတဲ့ Jennieက ကေလးတစ္ေယာက္လို အူယားစရာေကာင္းလြန္းသည္

"Good Morning Roseanne နိုးၿပီလား "

Jennie အိပ္ခ်င္မူးတူးနဲ႕ နိုးလာၿပီး Roseanneရဲ႕ ပါးေလးကို လက္နဲ႕ဆြဲညွစ္လိုက္သည္

"Omm နိုးၿပီ "

"ငါ မေန႕ညက report လုပ္ေနရလို႔ ညနက္သြားတယ္ ဆက္အိပ္အုံးမယ္ေနာ္ "

"ရတယ္ ဆက္အိပ္ပါ အခ်စ္ "

Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို Roseanne နမ္းၿပီး မ်က္ႏွာသစ္ဖို႔ ထလာသည္

မ်က္ႏွာသစ္ၿပီးေနာက္ Roseanne အခန္းအျပင္ထြက္လာၿပီး ထမင္းစားခန္းထဲ ဝင္ေတာ့ သူမအတြက္ မနက္စာလုပ္ေပးေနတဲ့ Jisooကို ေတြ႕ရသည္

"Morning Honey..."

"Morning Jisoo "

Roseanne မွာ Jisooရဲ႕ အသည္းပုံႏႈတ္ခမ္းေလးကို နမ္းၿပီး ႏႈတ္ဆက္လိုက္သည္

"မင္း ႀကိဳက္တဲ့ မနက္စာ လုပ္ထားတယ္ "

"Gomawo....Lisaေရာ... "

"မင္းအေနာက္မွာပါ အသည္းေလး "

အားကစားဝတ္စုံနဲ႕ Lisaမွာ Roseanneရဲ႕ ခါးကိုဖက္လိုက္သည္

"မနက္ခင္း အားကစားလုပ္ရာက ျပန္လာပါၿပီ "

"ေခြၽးေတြ႐ြဲေနတာဘဲ အဝတ္အစားသြားလဲလိုက္အုံး Lisa..."

"အာဘြားေပးမွ သြားလဲမယ္ "

ဘဲေပါက္ေလးလို ႏႈတ္ခမ္းေလးေထာ္ျပတဲ့ Lisaကို Roseanne အၾကင္နာေပးလိုက္သည္

ဟုတ္ပါတယ္ အဲ့ေန႕ညက Roseanne သုံးေယာက္လုံးကို ေ႐ြးခ်ယ္ခဲ့တာပါ.....

သုံးေယာက္လုံးက သူမဘဝအတြက္ တစ္ေထာင့္တစ္ေနရာမွာ ပါဝင္ၿပီး အမွတ္တရေတြရွိေနခဲ့ေတာ့ ဘယ္သူ႕ကိုမွ Roseanne ေရထဲတြန္းမခ်ရက္ဘူးေလ.....

သုံးေယာက္လုံးကလည္း Roseanneနဲ႕ အတူေနဖို႔ ကတိေပးလိုက္တယ္

Roseanneရဲ႕ ေကာင္မေလးသုံးေယာက္နဲ႕ အတူေနတယ္ဆိုတဲ့ သတင္းဟာ ေတာင္ကိုရီးယားပရိတ္သတ္ေတြကို လႈပ္ခါသြားေစတယ္

တစ္ခ်ိဳ႕ျပည္သူေတြကလည္း ဒီလိုမ်ိဳး လက္မခံေၾကာင္း အျငင္းပြားေနလို႔ Roseanneေရာ Jisooပါ အႏုပညာအသိုင္းအဝိုင္းက ႏႈတ္ထြက္လာၿပီး Jennie Lisa နဲ႕အတူ နိုင္ငံျခားတြင္ေနထိုင္ေနၾကသည္

Jennie နဲ႕ Jisooဟာ companyအတူေထာင္ၾကၿပီး Lisaကေတာ့ အကသင္တန္းဖြင့္ထားသည္

Roseanneကေတာ့ မိန္းမသုံးေယာက္ရွာေကြၽးျခင္းကို အိမ္တြင္အသင့္ထိုင္စားေနျခင္းပင္ျဖစ္သည္...

ဒီလိုနဲ႕ မိန္းမသုံးေယာက္နဲ႕ Roseanneဟာ LAမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနထိုင္သြားၾကသည္

#the end

Bạn đang đọc truyện trên: Truyen3h.Co