Part 25
#Zawgyi
Roseanne ကို Lisa ရွာမေတြ႕တာ သုံးလနီးပါးရွိေနၿပီ
Roseanne အိမ္ကို သြားရွာေတာ့ မေတြ႕ရသလို Roseanneရဲ႕ မန္ေနဂ်ာ Hyeriကလည္း Roseanne ဘယ္မွာရွိေနမွန္းမသိေပ
ထို႔အျပင္ Roseanneရဲ႕ Entertainment CEO ျဖစ္သူကလည္း Roseanneကို ဆက္သြယ္လို႔ မရေသာေၾကာင့္ အုန္းစားေနရသည္
ဆိုရွယ္မီဒီယာေပၚမွာပါ အၾကာႀကီးေပ်ာက္ေနတဲ့ Roseanneကို ပရိတ္သတ္ေတြစိတ္ပူၾကၿပီး သတင္းေထာက္ေတြက တစ္မ်ိဳးထင္ၾကမွာဆိုးလို႔ အားလပ္ရက္ခြင့္ ငါးလေပးထားေၾကာင္း Jisooက ထုတ္ျပန္လိမ္ညာထားေပးရသည္
Roseanneကို ေတြ႕မိလားလို႔ Jennieကို Jisoo ေမးေပမယ့္ Clubမွာ အတူေတြ႕တဲ့ေန႕က ဟိုတယ္တစ္ခုကို လိုက္ပို႔ေပးခဲ့ၿပီး ေနာက္ရက္ေတြမွာ မေတြ႕မိေၾကာင္းသာ သိခဲ့ရသည္
ဒီလိုနဲ႕ ေပ်ာက္ဆုံးေနေသာ Roseanneကို ရည္းစားေဟာင္း သုံးေယာက္က အပူတျပင္းလိုက္ရွာေနေပမယ့္ ငါးလသာေက်ာ္သြားသည္ Roseanneကိုေတာ့ ရွာမေတြ႕ေသးေပ
Roseanne's Pov..
Clubမွာ ျပႆနာျဖစ္ၿပီးေနာက္ ကြၽန္မ စိတ္ေတြရႈပ္ေထြးလာလို႔ ဘူဆန္ၿမိဳ႕က သူငယ္ခ်င္းတစ္ေယာက္ဆီမွာ သြားပုန္းေနမိတယ္
မန္ေနဂ်ာ Unnieက စလို႔ ကြၽန္မ ရည္းစားေဟာင္းေတြ ပို႔သမွ် စာေတြကို မဖတ္မိေအာင္ Spam messageထဲပို႔ထားလိုက္တယ္
အထူးသျဖင့္ Lisaေပါ့.... သူ ကြၽန္မဆီကို ဖုန္းေတြဆက္တိုက္ဆက္ေနတာ ေန႕တိုင္း အခ်ိန္တိုင္းဘဲ
ကြၽန္မ အားလုံးရဲ႕ဖုန္းေခၚမႈေတြကို လ်စ္လ်ဴရႉထားလိုက္တယ္.....
စိတ္ရႈပ္ေထြးတာေတြ အဆင္ေျပေအာင္ ငါးဖမ္းလိုက္ ေရကူးလိုက္ ႐ြာထဲလမ္းေလွ်ာက္လိုက္နဲ႕ ကြၽန္မ အခ်ိန္ကုန္မိသည္
႐ြာထဲက အဘိုးအဘြားေတြက Tvသိပ္မၾကည့္ေတာ့ ကြၽန္မအဆိုေတာ္ဆိုတာလည္း မသိၾကဘူးေလ
အဲ့တာက ကြၽန္မအတြက္ ပိုၿပီး သက္ေတာင့္သက္သာ ျဖစ္ေစတယ္.....
ဒီလိုနဲ႕ ငါးလေလာက္ၾကာတဲ့အခါမွာေတာ့ ဘူဆန္က ကြၽန္မရဲ႕ သူငယ္ခ်င္းက ကြၽန္မကို ေျပာလာတယ္
ဒီလိုမ်ိဳး အၾကာႀကီး ပုန္းမေနသင့္ေၾကာင္းေပါ့
ကြၽန္မလည္း စဥ္းစားမိပါတယ္ ဒီေလာက္ထိ ပုန္းမေနသင့္ဘူးဆိုတာ.....သီခ်င္းဆိုရတာကိုလည္း သတိရသလို...... အင္း ဟုတ္တယ္ ကြၽန္မ သတိရေနတဲ့ေနရာကို ျပန္သြားရမယ္
Author's Pov
Jisoo barမွာ Jennieနဲ႕အတူ အရက္ေသာက္ေနစဥ္ Phoneထဲ message တစ္ေစာင္ဝင္လာလို႔ ထုတ္ၾကည့္လိုက္သည္
Roseanneကို လိုက္ရွာရင္း Jennieနဲ႕ Jisoo ေတာ္ေတာ္ရင္းႏွီးသြားခဲ့တယ္ေလ
Jisoo စာကိုဖြင့္ဖတ္ၿပီး အရမ္းအံ့ၾသသြားသလို ေပ်ာ္လည္းေပ်ာ္သြားတယ္
ဘာလို႔လည္းဆိုေတာ့ Roseanneဆီက ဖုန္းေခၚေပးဖို႔ ပို႔ထားတဲ့စာျဖစ္ေသာေၾကာင့္ပင္
"Jennie... Roseanneဆီက စာပို႔လာတယ္....."
"ဘယ္လို "
Jisooရဲ႕ စကားေၾကာင့္ Roseanneဆီက အဆက္အသြယ္ျပန္ရၿပီမို႔လို႔ Jennie ေပ်ာ္သြားေပမယ့္လည္း အၾကာႀကီးေပ်ာက္ေနၿပီးမွ ပထမဆုံး Jisooဆီကို ဆက္သြယ္ေသာေၾကာင့္ Jennie စိတ္မေကာင္းေတာ့ျဖစ္မိသည္
"Hello Roseanne..."
Roseanneနဲ႕ ဖုန္းေျပာဖို႔ Jisoo barထဲကထြက္လာလိုက္သည္
"CEO...ကြၽန္မ ဆိုးလ္ကို ျပန္လာမလို႔ လွမ္းဆက္တာ "
"ဝမ္းသာလိုက္တာ Roseanneရယ္ တို႔ေတြအားလုံး မင္းကို လိုက္ရွာေနၾကတာ..."
"အဲ့တာ ကြၽန္မ အရင္အိမ္မွာ မေနခ်င္လို႔ အိမ္တစ္လုံးေလာက္ စီစဥ္ေပးလို႔ရလား "
"ဟာ ရတာေပါ့ စိတ္ခ် ညတြင္းခ်င္းစီစဥ္ေပးမယ္...... ဘယ္ေန႕ျပန္လာမွာလည္း လာေခၚရမလား "
"ဟင့္အင္း ရတယ္ ကြၽန္မဘာသာ လာလိုက္မယ္ ၿပီးေတာ့ အဲ့အိမ္အသစ္မွာ ေနတာ ဘယ္သူ႕ကိုမွ မေျပာပါနဲ႕ေနာ္ "
"စိတ္ခ် Roseanne တို႔ ဘယ္သူ႕ကိုမွ မေျပာဘူး အိမ္ရလာရင္ မင္းဆီ လိပ္စာနဲ႕ password တို႔ ရိုက္ပို႔လိုက္မယ္ "
"ေက်းဇူးတင္ပါတယ္ CEO "
"အခ်င္းခ်င္းေတြဘဲ မလိုပါဘူးကြယ္ "
Jisooကို ေက်းဇူးတင္စကားေျပာၿပီး Roseanne ဖုန္းခ်လိဳက္သည္
"Roseanneက ဘာတဲ့လည္း.... "
"သူ ျပန္လာေတာ့မယ္ဆိုတာ လွမ္းေျပာတာ "
"ဟာ ဝမ္းသာစရာဘဲေပါ့ ....."
"အင္း ဟုတ္တယ္ တစ္ၿမိဳ႕တည္း အတူရွိေနရတာ နည္းနည္းေတာ့ စိတ္ေအးေစတာေပါ့ေလ ....."
"ဒီေတာ့ အခု Roseanneက Singleဆိုေတာ့ ငါတို႔ လြတ္လြတ္လပ္လပ္ ျပန္လိုက္လို႔ရတာေပါ့ Jisoo "
"ဟာ အမတို႔ အဲ့လိုေတာ့ မလုပ္နဲ႕ေလ Roseanneက ကြၽန္ေတာ့္ကို စိတ္ဆိုးၿပီး ျဖတ္သြားတာဆိုေပမယ့္ "
Barကို ေရာက္လာတဲ့ Lisaမွာ Jennieရဲ႕ စကားကို ကန့္ကြက္လိုက္သည္
"Lisa နင္က ဘယ္လိုေရာက္လာတာလည္း.... "
"ေသာက္ခ်င္လို႔ ေရာက္လာတာ အမတို႔ အဲ့လိုေတာ့ မလုပ္ရဘူးေနာ္ "
"အယ္ အခုခ်ိန္မွာ Roseanneက လူလြတ္ေလ တို႔ေတြ လြတ္လြတ္လပ္လပ္လိုက္ခြင့္ရွိတာေပါ့ အခ်စ္နဲ႕စစ္မွာ မတရားတာ မရွိဘူး Lisa.... ငါတို႔ႏွစ္ေယာက္ Roseanneကို ျပန္လိုက္မယ္ နင္လည္း လိုက္ခ်င္ရင္လိုက္ တို႔သုံးေယာက္ထဲက Roseanne သူသံေယာဇဥ္ရွိတဲ့ သူကို ေ႐ြးလိမ့္မယ္ ဒါ တို႔ေတြ ကံၾကမၼာဘဲ "
"Jennie ေျပာတာလည္း ဟုတ္တာဘဲ "
Jennie စကားကို Lisaက မႀကိဳက္ေပမယ့္ Jisooကေတာ့ ဝင္ေထာက္ခံလိုက္သည္
Lisaလည္း ဘာမွမေျပာခ်င္ေတာ့တာေၾကာင့္ အရက္တစ္ပုလင္းသာမွာၿပီး ေသာက္ပစ္လိုက္သည္
အကယ္၍ သူတို႔သုံးေယာက္ထဲက တစ္ေယာက္ကိုသာ ေ႐ြးခိုင္းရင္ Roseanneက ဘယ္သူ႕ကို ေ႐ြးမွာလည္း.......
အခ်စ္ဦး Jennieကိုလား....
ေဘးနားကေန ေထာက္ပံ့ကူညီေပးခဲ့တဲ့ Jisooကိုလား
ဒါမွမဟုတ္ ေနာက္ဆုံးအခ်စ္ျဖစ္တဲ့ Lalisaကိုလား......
#tbc
ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းပါၿပီ။ ဘယ္သူ႕ကိုေ႐ြးခ်ယ္မလည္း.....ဆိုတာ သိခ်င္ေနၾကၿပီလား သိေနၾကၿပီလား?
#unicode
Roseanne ကို Lisa ရှာမတွေ့တာ သုံးလနီးပါးရှိနေပြီ
Roseanne အိမ်ကို သွားရှာတော့ မတွေ့ရသလို Roseanneရဲ့ မန်နေဂျာ Hyeriကလည်း Roseanne ဘယ်မှာရှိနေမှန်းမသိပေ
ထို့အပြင် Roseanneရဲ့ Entertainment CEO ဖြစ်သူကလည်း Roseanneကို ဆက်သွယ်လို့ မရသောကြောင့် အုန်းစားနေရသည်
ဆိုရှယ်မီဒီယာပေါ်မှာပါ အကြာကြီးပျောက်နေတဲ့ Roseanneကို ပရိတ်သတ်တွေစိတ်ပူကြပြီး သတင်းထောက်တွေက တစ်မျိုးထင်ကြမှာဆိုးလို့ အားလပ်ရက်ခွင့် ငါးလပေးထားကြောင်း Jisooက ထုတ်ပြန်လိမ်ညာထားပေးရသည်
Roseanneကို တွေ့မိလားလို့ Jennieကို Jisoo မေးပေမယ့် Clubမှာ အတူတွေ့တဲ့နေ့က ဟိုတယ်တစ်ခုကို လိုက်ပို့ပေးခဲ့ပြီး နောက်ရက်တွေမှာ မတွေ့မိကြောင်းသာ သိခဲ့ရသည်
ဒီလိုနဲ့ ပျောက်ဆုံးနေသော Roseanneကို ရည်းစားဟောင်း သုံးယောက်က အပူတပြင်းလိုက်ရှာနေပေမယ့် ငါးလသာကျော်သွားသည် Roseanneကိုတော့ ရှာမတွေ့သေးပေ
Roseanne's Pov..
Clubမှာ ပြဿနာဖြစ်ပြီးနောက် ကျွန်မ စိတ်တွေရှုပ်ထွေးလာလို့ ဘူဆန်မြို့က သူငယ်ချင်းတစ်ယောက်ဆီမှာ သွားပုန်းနေမိတယ်
မန်နေဂျာ Unnieက စလို့ ကျွန်မ ရည်းစားဟောင်းတွေ ပို့သမျှ စာတွေကို မဖတ်မိအောင် Spam messageထဲပို့ထားလိုက်တယ်
အထူးသဖြင့် Lisaပေါ့.... သူ ကျွန်မဆီကို ဖုန်းတွေဆက်တိုက်ဆက်နေတာ နေ့တိုင်း အချိန်တိုင်းဘဲ
ကျွန်မ အားလုံးရဲ့ဖုန်းခေါ်မှုတွေကို လျစ်လျူရှူထားလိုက်တယ်.....
စိတ်ရှုပ်ထွေးတာတွေ အဆင်ပြေအောင် ငါးဖမ်းလိုက် ရေကူးလိုက် ရွာထဲလမ်းလျှောက်လိုက်နဲ့ ကျွန်မ အချိန်ကုန်မိသည်
ရွာထဲက အဘိုးအဘွားတွေက Tvသိပ်မကြည့်တော့ ကျွန်မအဆိုတော်ဆိုတာလည်း မသိကြဘူးလေ
အဲ့တာက ကျွန်မအတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေတယ်.....
ဒီလိုနဲ့ ငါးလလောက်ကြာတဲ့အခါမှာတော့ ဘူဆန်က ကျွန်မရဲ့ သူငယ်ချင်းက ကျွန်မကို ပြောလာတယ်
ဒီလိုမျိုး အကြာကြီး ပုန်းမနေသင့်ကြောင်းပေါ့
ကျွန်မလည်း စဥ်းစားမိပါတယ် ဒီလောက်ထိ ပုန်းမနေသင့်ဘူးဆိုတာ.....သီချင်းဆိုရတာကိုလည်း သတိရသလို...... အင်း ဟုတ်တယ် ကျွန်မ သတိရနေတဲ့နေရာကို ပြန်သွားရမယ်
Author's Pov
Jisoo barမှာ Jennieနဲ့အတူ အရက်သောက်နေစဥ် Phoneထဲ message တစ်စောင်ဝင်လာလို့ ထုတ်ကြည့်လိုက်သည်
Roseanneကို လိုက်ရှာရင်း Jennieနဲ့ Jisoo တော်တော်ရင်းနှီးသွားခဲ့တယ်လေ
Jisoo စာကိုဖွင့်ဖတ်ပြီး အရမ်းအံ့သြသွားသလို ပျော်လည်းပျော်သွားတယ်
ဘာလို့လည်းဆိုတော့ Roseanneဆီက ဖုန်းခေါ်ပေးဖို့ ပို့ထားတဲ့စာဖြစ်သောကြောင့်ပင်
"Jennie... Roseanneဆီက စာပို့လာတယ်....."
"ဘယ်လို "
Jisooရဲ့ စကားကြောင့် Roseanneဆီက အဆက်အသွယ်ပြန်ရပြီမို့လို့ Jennie ပျော်သွားပေမယ့်လည်း အကြာကြီးပျောက်နေပြီးမှ ပထမဆုံး Jisooဆီကို ဆက်သွယ်သောကြောင့် Jennie စိတ်မကောင်းတော့ဖြစ်မိသည်
"Hello Roseanne..."
Roseanneနဲ့ ဖုန်းပြောဖို့ Jisoo barထဲကထွက်လာလိုက်သည်
"CEO...ကျွန်မ ဆိုးလ်ကို ပြန်လာမလို့ လှမ်းဆက်တာ "
"ဝမ်းသာလိုက်တာ Roseanneရယ် တို့တွေအားလုံး မင်းကို လိုက်ရှာနေကြတာ..."
"အဲ့တာ ကျွန်မ အရင်အိမ်မှာ မနေချင်လို့ အိမ်တစ်လုံးလောက် စီစဥ်ပေးလို့ရလား "
"ဟာ ရတာပေါ့ စိတ်ချ ညတွင်းချင်းစီစဥ်ပေးမယ်...... ဘယ်နေ့ပြန်လာမှာလည်း လာခေါ်ရမလား "
"ဟင့်အင်း ရတယ် ကျွန်မဘာသာ လာလိုက်မယ် ပြီးတော့ အဲ့အိမ်အသစ်မှာ နေတာ ဘယ်သူ့ကိုမှ မပြောပါနဲ့နော် "
"စိတ်ချ Roseanne တို့ ဘယ်သူ့ကိုမှ မပြောဘူး အိမ်ရလာရင် မင်းဆီ လိပ်စာနဲ့ password တို့ ရိုက်ပို့လိုက်မယ် "
"ကျေးဇူးတင်ပါတယ် CEO "
"အချင်းချင်းတွေဘဲ မလိုပါဘူးကွယ် "
Jisooကို ကျေးဇူးတင်စကားပြောပြီး Roseanne ဖုန်းချလိုက်သည်
"Roseanneက ဘာတဲ့လည်း.... "
"သူ ပြန်လာတော့မယ်ဆိုတာ လှမ်းပြောတာ "
"ဟာ ဝမ်းသာစရာဘဲပေါ့ ....."
"အင်း ဟုတ်တယ် တစ်မြို့တည်း အတူရှိနေရတာ နည်းနည်းတော့ စိတ်အေးစေတာပေါ့လေ ....."
"ဒီတော့ အခု Roseanneက Singleဆိုတော့ ငါတို့ လွတ်လွတ်လပ်လပ် ပြန်လိုက်လို့ရတာပေါ့ Jisoo "
"ဟာ အမတို့ အဲ့လိုတော့ မလုပ်နဲ့လေ Roseanneက ကျွန်တော့်ကို စိတ်ဆိုးပြီး ဖြတ်သွားတာဆိုပေမယ့် "
Barကို ရောက်လာတဲ့ Lisaမှာ Jennieရဲ့ စကားကို ကန့်ကွက်လိုက်သည်
"Lisa နင်က ဘယ်လိုရောက်လာတာလည်း.... "
"သောက်ချင်လို့ ရောက်လာတာ အမတို့ အဲ့လိုတော့ မလုပ်ရဘူးနော် "
"အယ် အခုချိန်မှာ Roseanneက လူလွတ်လေ တို့တွေ လွတ်လွတ်လပ်လပ်လိုက်ခွင့်ရှိတာပေါ့ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး Lisa.... ငါတို့နှစ်ယောက် Roseanneကို ပြန်လိုက်မယ် နင်လည်း လိုက်ချင်ရင်လိုက် တို့သုံးယောက်ထဲက Roseanne သူသံယောဇဥ်ရှိတဲ့ သူကို ရွေးလိမ့်မယ် ဒါ တို့တွေ ကံကြမ္မာဘဲ "
"Jennie ပြောတာလည်း ဟုတ်တာဘဲ "
Jennie စကားကို Lisaက မကြိုက်ပေမယ့် Jisooကတော့ ဝင်ထောက်ခံလိုက်သည်
Lisaလည်း ဘာမှမပြောချင်တော့တာကြောင့် အရက်တစ်ပုလင်းသာမှာပြီး သောက်ပစ်လိုက်သည်
အကယ်၍ သူတို့သုံးယောက်ထဲက တစ်ယောက်ကိုသာ ရွေးခိုင်းရင် Roseanneက ဘယ်သူ့ကို ရွေးမှာလည်း.......
အချစ်ဦး Jennieကိုလား....
ဘေးနားကနေ ထောက်ပံ့ကူညီပေးခဲ့တဲ့ Jisooကိုလား
ဒါမှမဟုတ် နောက်ဆုံးအချစ်ဖြစ်တဲ့ Lalisaကိုလား......
#tbc
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ။ ဘယ်သူ့ကိုရွေးချယ်မလည်း.....ဆိုတာ သိချင်နေကြပြီလား သိနေကြပြီလား?
Bạn đang đọc truyện trên: Truyen3h.Co