Truyen3h.Co

What's wrong with My Exes

Part 1

KimFany059

#zawgyi

"Annyeong.... Roseanne is back everyone.... "

Online အဆိုေတာ္ ျဖစ္တဲ့ Roseanneဆိုတဲ့ ေကာင္မေလးမွာ သူမ ပရိတ္သတ္ေတြနဲ႕ စကားေျပာဖို႔ Instagram Live လႊင့္ေနျခင္း ျဖစ္သည္

"အားလုံးကို ငါ သတိရပါတယ္..... မေတြ႕ရတာ အေတာ္ၾကာေတာ့ ငါ့ကို စိတ္ပူေနၾကတယ္မလား မပူၾကပါနဲ႕ေနာ္ အားလုံးအတြက္ သတင္းေကာင္းေလး ေျပာစရာရွိတယ္ ေနာက္တစ္လဆို ငါ ကိုယ္တိုင္ produce လုပ္ထားတဲ့ သီခ်င္းေလး တစ္ပုဒ္ ထြက္လာေတာ့မယ္ေနာ္ ...."

Roseanneမွာ သူမ သီခ်င္းထြက္လာမယ့္ အေၾကာင္းကို သူမ ပရိတ္သတ္ေတြအား ဝမ္းသာအားရ  ေျပာျပေနသည္

"Roseanne How are you? I'm fine guys ငါ ေနေကာင္းအဆင္ေျပပါတယ္...."

Roseanneမွာ Fanေတြရဲ႕ commentေတြကို လိုက္ဖတ္ၿပီး ေျဖေပးေနသည္

"Roseanne do heartsign တဲ့ Ok ဒီမွာ မင္းတို႔အတြက္ အခ်စ္ေတြ အမ်ားႀကီး ေပးလိုက္ပါၿပီ... "

"Roseanne မင္းရဲ႕ေနာက္မွာ သရဲတဲ့ Hey ငါ့ကို အဲ့လို လာမေျခာက္နဲ႕ေနာ္ ငါ သရဲကိုမေၾကာက္ဘူး သရဲထက္ လူေတြကို ပိုေၾကာက္တာ "

Roseanne သူမ ပရိတ္သတ္ေတြနဲ႕ ရယ္ေမာၿပီး စကားေျပာေနရင္း Comment တစ္ခုေၾကာင့္ မ်က္ႏွာပ်က္ၿပီး တိတ္ဆိတ္သြားသည္

ထို commentကား

"အခ်စ္ေရးေရာ ဘယ္လိုလည္း ခ်စ္သူနဲ႕ အဆင္ေျပရဲ႕လား "

ဆိုေသာ Comment ပင္ျဖစ္သည္

Roesanne သူမ စိတ္ကို အျမန္ထိန္းၿပီး ခ်က္ခ်င္းျပန္ၿပဳံးလိုက္သည္

"အားလုံးဘဲ ငါ့မွာ ကိစၥေလး ေပၚလာလို႔ live ပိတ္ေတာ့မယ္ေနာ္ အားလုံးကို ခ်စ္ပါတယ္ က်န္းမာေရး ဂ႐ုစိုက္ၾကပါ Bye "

Roseanne Live ပိတ္လိုက္ၿပီး ဖုန္းကို ကုတင္ေပၚ ပစ္တင္လိုက္သည္

အခ်စ္ေရးေရာ ဘယ္လိုလည္း ခ်စ္သူနဲ႕ အဆင္ေျပရဲ႕လားတဲ့....

Roseanne သက္ျပင္းရွည္ႀကီး ခ်ၿပီး စားပြဲခုံေပၚက ေဆးလိပ္ဘူးကို ေကာက္ယူလိုက္သည္

ထို႔ေနာက္ မီးျခစ္ယူ ျခစ္ကာ ေဆးလိပ္တစ္ဖြာ ဖြာလိုက္ၿပီး သူမ ခ်စ္သူေတြအေၾကာင္း ေတြးမိသြားသည္

Roseanne ပထမဆုံး စၿပီး တြဲခဲ့တဲ့ သူမ....သူမပုံစံက ခပ္ေခ်ေခ်ေနတဲ့ ခပ္ဆိုးဆိုးေနတတ္တဲ့ ပုံစံေလးမို႔ ရည္းစားပထမဆုံး ထားဖူးတဲ့ Roseanne အတြက္ေတာ့ ရင္ဖိုစရာပင္

အစပိုင္းမွာေတာ့ ရင္ဖိုစရာ ရင္ခုန္စရာ စိတ္လႈပ္ရွားစရာ ေကာင္းခဲ့ေပမယ္ အခ်ိန္ၾကာလာတဲ့အခါ Roseanneနဲ႕ ခင္မင္ရင္းႏွီးတဲ့သူေတြနဲ႕ အတင္းစြပ္စြဲေပးစားကာ Roseanne အေပၚ လက္ပါခဲ့သည္

သူမကေတာ့ တစ္ျခားမိန္းကေလးေတြနဲ႕ အတူအိပ္တာမ်ိဳး လုပ္ေပမယ့္ Producerေတြနဲ႕ ညလုံးေပါက္ studioခန္းထဲ အသံသြင္းရင္း အလုပ္ရႈပ္တဲ့ Roseanneကိုေတာ့ မဟုတ္တ႐ုတ္ သတင္းေတြနဲ႕ စြပ္စြဲလက္ပါေသာေၾကာင့္ အသိမိတ္ေဆြေတြၾကားထဲ အေျခအေနေတြဆိုးလာကာ သီးမခံနိုင္ေတာ့လို႔ သူမနဲ႕ Roseanne လမ္းခြဲခဲ့လိုက္သည္

Roseanne ေဆးလိပ္မီးခိုးေငြ႕ေတြကို မႈတ္ထုတ္လိုက္ၿပီး ေဆးလိပ္တိုေလးကို ျပာခြက္ထဲ ထိုးေခ်လိဳက္သည္

ထို႔ေနာက္ စားပြဲခုံေပၚက ဝီစကီပုလင္းကို ယူၿပီး ခြက္ထဲ ငွဲ႕လိုက္သည္

ဝီစကီကို တစ္ငုံေသာက္ရင္း ဒုတိယ တစ္ေယာက္ အေၾကာင္း ေတြးမိသြားတယ္

ေနာက္တစ္ေယာက္ကေတာ့ Roseanne သူမထက္ ႏွစ္ႏွစ္ႀကီးတဲ့ တစ္ေယာက္နဲ႕ တြဲခဲ့သည္

ထိုတစ္ေယာက္ကေတာ့ Roseanneကို သူမ ၿပိဳလဲေနတဲ့ အေျခအေနကေန ဆြဲထူေပးခဲ့သည္

Roseanne ကို ထိုတစ္ေယာက္မွာ ေတာ္ေတာ္ေလး ဂ႐ုစိုက္ေပးေသာေၾကာင့္ သူမတို႔ဆက္ဆံေရးမွာ အဆင္ေျပခဲ့ေသာ္လည္း...ေနာက္ပိုင္းမွာေတာ့ ထိုတစ္ေယာက္က business woman. .Roseanneက ေအာင္ျမင္လာတဲ့သူ ျဖစ္လာၿပီး အလုပ္ေတြၾကား အခ်ိန္မေပးနိုင္ေတာ့ဘဲ ေတြ႕ရတဲ့ ရက္ေတြက နည္းလာသည္

ထိုတစ္ေယာက္မွာ Roseanneကို အခ်ိန္မေပးနိုင္ေသာ္လည္း Roseanne တစ္ျခားအသိေတြနဲ႕ အခ်ိန္ျဖဳန္းတာကိုလည္း မႀကိဳက္ ...ခဏခဏ ခ်ဳပ္ခ်ယ္လြန္းေသာေၾကာင့္ Roseanne သီးမခံနိုင္ေတာ့ဘဲ ထိုတစ္ေယာက္နဲ႕ အဆက္ျဖတ္ခဲ့သည္

Roseanne အရက္ခြက္ကို စားပြဲခုံေပၚတင္ၿပီး သူမရဲ႕ အဝတ္အစားေတြကို ခြၽတ္လိုက္သည္

ထို႔ေနာက္ ေရခ်ိဳးခန္းထဲ ဝင္သြားကာ Braနဲ႕ Underware ကိုပါ ခြၽတ္ၿပီး အသင့္ျပင္ထားတဲ့ ဆပ္ျပာျမႇုပ္ေတြနဲ႕ ျပည့္ေနတဲ့ Bathtub ထဲ ဝင္စိမ္လိုက္သည္

ဆပ္ျပာျမဳပ္ေလးေတြကို ကိုင္ေဆာ့ရင္း ေတြးမိတာေတာ့ သူမနဲ႕ ႐ြယ္တူ ေကာင္မေလး အေၾကာင္းပင္

ထိုေကာင္မေလးမွာ အၿမဲတမ္း တက္ႂကြၿပီး ခ်စ္ဖို႔ေကာင္းသည္

Roseanneကို အၿမဲခြၽဲတတ္ၿပီး အၿမဲ ဂ႐ုစိုက္ေပးသည္

သို႔ေသာ္လည္း ထိုေကာင္မေလးမွာ Roseanneရဲ႕ Privacyကို အရမ္း ဝင္ေရာက္စြက္ဖက္လြန္းသည္

သဝန္ကလည္း အရမ္းတိုတတ္လြန္းေသးသည္

Roseanne  ရွိတဲ့ေနရာတိုင္းကို အေၾကာင္းျပခ်က္အမ်ိဳးစုံနဲ႕ ႀကိဳေရာက္တတ္ေနၿပီး Roseanneရဲ႕ အခန္းထဲပါ တစ္ခါတစ္ခါေရာက္ေနတတ္ေသးသည္

ထိုေကာင္မေလးေၾကာင့္ Roseanneမွာ အရမ္းမြန္းၾကပ္လာလို႔ ေနာက္ဆုံးလမ္းခြဲခဲ့ရသည့္ အဆင့္ကို ေရာက္ခဲ့ရသည္

"ဘာလို႔ ငါ့က်မွ အခ်စ္ေရးက ဒီလိုျဖစ္ေနရတာလည္း...."

Roseanne ေရ႐ြတ္ၿပီး ေရျမဳပ္ေတြေအာက္သို႔ ငုပ္လ်ိဳးသြားသည္

#Tbc
#unicode

"Annyeong.... Roseanne is back everyone.... "

Online အဆိုတော် ဖြစ်တဲ့ Roseanneဆိုတဲ့ ကောင်မလေးမှာ သူမ ပရိတ်သတ်တွေနဲ့ စကားပြောဖို့ Instagram Live လွှင့်နေခြင်း ဖြစ်သည်

"အားလုံးကို ငါ သတိရပါတယ်..... မတွေ့ရတာ အတော်ကြာတော့ ငါ့ကို စိတ်ပူနေကြတယ်မလား မပူကြပါနဲ့နော် အားလုံးအတွက် သတင်းကောင်းလေး ပြောစရာရှိတယ် နောက်တစ်လဆို ငါ ကိုယ်တိုင် produce လုပ်ထားတဲ့ သီချင်းလေး တစ်ပုဒ် ထွက်လာတော့မယ်နော် ...."

Roseanneမှာ သူမ သီချင်းထွက်လာမယ့် အကြောင်းကို သူမ ပရိတ်သတ်တွေအား ဝမ်းသာအားရ  ပြောပြနေသည်

"Roseanne How are you? I'm fine guys ငါ နေကောင်းအဆင်ပြေပါတယ်...."

Roseanneမှာ Fanတွေရဲ့ commentတွေကို လိုက်ဖတ်ပြီး ဖြေပေးနေသည်

"Roseanne do heartsign တဲ့ Ok ဒီမှာ မင်းတို့အတွက် အချစ်တွေ အများကြီး ပေးလိုက်ပါပြီ... "

"Roseanne မင်းရဲ့နောက်မှာ သရဲတဲ့ Hey ငါ့ကို အဲ့လို လာမခြောက်နဲ့နော် ငါ သရဲကိုမကြောက်ဘူး သရဲထက် လူတွေကို ပိုကြောက်တာ "

Roseanne သူမ ပရိတ်သတ်တွေနဲ့ ရယ်မောပြီး စကားပြောနေရင်း Comment တစ်ခုကြောင့် မျက်နှာပျက်ပြီး တိတ်ဆိတ်သွားသည်

ထို commentကား

"အချစ်ရေးရော ဘယ်လိုလည်း ချစ်သူနဲ့ အဆင်ပြေရဲ့လား "

ဆိုသော Comment ပင်ဖြစ်သည်

Roesanne သူမ စိတ်ကို အမြန်ထိန်းပြီး ချက်ချင်းပြန်ပြုံးလိုက်သည်

"အားလုံးဘဲ ငါ့မှာ ကိစ္စလေး ပေါ်လာလို့ live ပိတ်တော့မယ်နော် အားလုံးကို ချစ်ပါတယ် ကျန်းမာရေး ဂရုစိုက်ကြပါ Bye "

Roseanne Live ပိတ်လိုက်ပြီး ဖုန်းကို ကုတင်ပေါ် ပစ်တင်လိုက်သည်

အချစ်ရေးရော ဘယ်လိုလည်း ချစ်သူနဲ့ အဆင်ပြေရဲ့လားတဲ့....

Roseanne သက်ပြင်းရှည်ကြီး ချပြီး စားပွဲခုံပေါ်က ဆေးလိပ်ဘူးကို ကောက်ယူလိုက်သည်

ထို့နောက် မီးခြစ်ယူ ခြစ်ကာ ဆေးလိပ်တစ်ဖွာ ဖွာလိုက်ပြီး သူမ ချစ်သူတွေအကြောင်း တွေးမိသွားသည်

Roseanne ပထမဆုံး စပြီး တွဲခဲ့တဲ့ သူမ....သူမပုံစံက ခပ်ချေချေနေတဲ့ ခပ်ဆိုးဆိုးနေတတ်တဲ့ ပုံစံလေးမို့ ရည်းစားပထမဆုံး ထားဖူးတဲ့ Roseanne အတွက်တော့ ရင်ဖိုစရာပင်

အစပိုင်းမှာတော့ ရင်ဖိုစရာ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေမယ် အချိန်ကြာလာတဲ့အခါ Roseanneနဲ့ ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ အတင်းစွပ်စွဲပေးစားကာ Roseanne အပေါ် လက်ပါခဲ့သည်

သူမကတော့ တစ်ခြားမိန်းကလေးတွေနဲ့ အတူအိပ်တာမျိုး လုပ်ပေမယ့် Producerတွေနဲ့ ညလုံးပေါက် studioခန်းထဲ အသံသွင်းရင်း အလုပ်ရှုပ်တဲ့ Roseanneကိုတော့ မဟုတ်တရုတ် သတင်းတွေနဲ့ စွပ်စွဲလက်ပါသောကြောင့် အသိမိတ်ဆွေတွေကြားထဲ အခြေအနေတွေဆိုးလာကာ သီးမခံနိုင်တော့လို့ သူမနဲ့ Roseanne လမ်းခွဲခဲ့လိုက်သည်

Roseanne ဆေးလိပ်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ဆေးလိပ်တိုလေးကို ပြာခွက်ထဲ ထိုးချေလိုက်သည်

ထို့နောက် စားပွဲခုံပေါ်က ဝီစကီပုလင်းကို ယူပြီး ခွက်ထဲ ငှဲ့လိုက်သည်

ဝီစကီကို တစ်ငုံသောက်ရင်း ဒုတိယ တစ်ယောက် အကြောင်း တွေးမိသွားတယ်

နောက်တစ်ယောက်ကတော့ Roseanne သူမထက် နှစ်နှစ်ကြီးတဲ့ တစ်ယောက်နဲ့ တွဲခဲ့သည်

ထိုတစ်ယောက်ကတော့ Roseanneကို သူမ ပြိုလဲနေတဲ့ အခြေအနေကနေ ဆွဲထူပေးခဲ့သည်

Roseanne ကို ထိုတစ်ယောက်မှာ တော်တော်လေး ဂရုစိုက်ပေးသောကြောင့် သူမတို့ဆက်ဆံရေးမှာ အဆင်ပြေခဲ့သော်လည်း...နောက်ပိုင်းမှာတော့ ထိုတစ်ယောက်က business woman. .Roseanneက အောင်မြင်လာတဲ့သူ ဖြစ်လာပြီး အလုပ်တွေကြား အချိန်မပေးနိုင်တော့ဘဲ တွေ့ရတဲ့ ရက်တွေက နည်းလာသည်

ထိုတစ်ယောက်မှာ Roseanneကို အချိန်မပေးနိုင်သော်လည်း Roseanne တစ်ခြားအသိတွေနဲ့ အချိန်ဖြုန်းတာကိုလည်း မကြိုက် ...ခဏခဏ ချုပ်ချယ်လွန်းသောကြောင့် Roseanne သီးမခံနိုင်တော့ဘဲ ထိုတစ်ယောက်နဲ့ အဆက်ဖြတ်ခဲ့သည်

Roseanne အရက်ခွက်ကို စားပွဲခုံပေါ်တင်ပြီး သူမရဲ့ အဝတ်အစားတွေကို ချွတ်လိုက်သည်

ထို့နောက် ရေချိုးခန်းထဲ ဝင်သွားကာ Braနဲ့ Underware ကိုပါ ချွတ်ပြီး အသင့်ပြင်ထားတဲ့ ဆပ်ပြာမြှုပ်တွေနဲ့ ပြည့်နေတဲ့ Bathtub ထဲ ဝင်စိမ်လိုက်သည်

ဆပ်ပြာမြုပ်လေးတွေကို ကိုင်ဆော့ရင်း တွေးမိတာတော့ သူမနဲ့ ရွယ်တူ ကောင်မလေး အကြောင်းပင်

ထိုကောင်မလေးမှာ အမြဲတမ်း တက်ကြွပြီး ချစ်ဖို့ကောင်းသည်

Roseanneကို အမြဲချွဲတတ်ပြီး အမြဲ ဂရုစိုက်ပေးသည်

သို့သော်လည်း ထိုကောင်မလေးမှာ Roseanneရဲ့ Privacyကို အရမ်း ဝင်ရောက်စွက်ဖက်လွန်းသည်

သဝန်ကလည်း အရမ်းတိုတတ်လွန်းသေးသည်

Roseanne  ရှိတဲ့နေရာတိုင်းကို အကြောင်းပြချက်အမျိုးစုံနဲ့ ကြိုရောက်တတ်နေပြီး Roseanneရဲ့ အခန်းထဲပါ တစ်ခါတစ်ခါရောက်နေတတ်သေးသည်

ထိုကောင်မလေးကြောင့် Roseanneမှာ အရမ်းမွန်းကြပ်လာလို့ နောက်ဆုံးလမ်းခွဲခဲ့ရသည့် အဆင့်ကို ရောက်ခဲ့ရသည်

"ဘာလို့ ငါ့ကျမှ အချစ်ရေးက ဒီလိုဖြစ်နေရတာလည်း...."

Roseanne  ရေရွတ်ပြီး ရေမြုပ်တွေအောက်သို့ ငုပ်လျိုးသွားသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co