Part 2
#zawgyi
Flashback
Jennie Kim!
ဟုတ္ပါတယ္ Roseanne က မိန္းကေလးခ်င္း သေဘာက်တဲ့ တြဲတဲ့ေကာင္မေလးပါ....
Roseanneဟာ တစ္ခါမွ မိန္းကေလးခ်င္းမတြဲဘူးေပမယ့္ Jennie Kimဆိုတဲ့ ေကာင္မေလးေၾကာင့္ Roseanne တစ္ေယာက္ ေျပာင္းလဲလာခဲ့တယ္
Jennie Kim ဆိုတဲ့ ေကာင္မေလးနဲ႕ ဘယ္လိုေတြ႕တာလည္းဆိုေတာ့ Roseanne အင္တာနက္ေပၚမွာ သူမရဲ႕ သီခ်င္းေလးေတြကို စၿပီး တင္ခဲ့တဲ့ အခ်ိန္က ျဖစ္သည္
Roseanne တင္သမွ် သီခ်င္းတိုင္း postတိုင္းရဲ႕ ေအာက္မွာ Jennie Kimက အၿမဲ ထိပ္ဆုံးကေရာက္ေနၿပီး Positive commentေတြနဲ႕ Roseanneကို အၿမဲ အားေပးေလ့ရွိသည္
အားေပးတဲ့သူေတြ သိပ္မရွိေသးတဲ့အခ်ိန္မွာ Jennie Kimရဲ႕ commentတိုင္းဟာ Roseanne အတြက္ အားေဆးတစ္ခုလို သီခ်င္းအသစ္ဆက္ေရးခ်င္စိတ္ေတြ ျဖစ္ေပၚလာသည္
Roseanne negative comment ေတြရတဲ့အခါတိုင္း အဲ့ comment ပိုင္ရွင္ေတြနဲ႕ ရန္ျဖစ္တဲ့သူကို ၾကည့္ရင္ Jennie Kim ပင္....
Roseanneရဲ႕ Messenger ကို လာၿပီး Roseanne ဘက္မွာ သူမ တစ္ေယာက္လုံးရွိတယ္ စိတ္မညစ္ဖို႔က ေျပာေသးသည္
ဒီလိုနဲ႕ Roseanne တစ္ေယာက္ Jennie Kimကို အားလုံးထက္ပိုလို႔ သတိထားမိၿပီး သံေယာဇဥ္ ရွိလာသည္
တစ္ေန႕.. ..သီခ်င္း ကိစၥ အခက္အခဲေၾကာင့္ Roseanne စိတ္ညစ္ညစ္နဲ႕ ညေနခင္းတြင္ ဟန္ျမစ္ေဘးနား ဘီယာထိုင္ေသာက္ေနတုံး အမူးသမားႏွစ္ေယာက္က Roseanneကို လာႏွောင့္ယွက္ၾကသည္
"ေဟ့ အေခ်ာေလး တစ္ေယာက္တည္းလား "
"လာပါ ငါတို႔နဲ႕ တူတူေပ်ာ္ရေအာင္ေလ တစ္ေယာက္တည္း ပ်င္းေနမွာေပါ့ "
"မပ်င္းပါဘူး ၿပီးေတာ့ သူတစ္ေယာက္တည္းမဟုတ္ဘူးေလ ငါလည္း ရွိတယ္ ဦးေလးတို႔က ဘာလုပ္ခ်င္လို႔လည္း"
ေကာင္မေလး တစ္ေယာက္ရဲ႕ အသံေၾကာင့္ Roseanne လွည့္ၾကည့္ေတာ့ အုတ္ခဲကိုင္ထားတဲ့ Jennie Kimကို ေတြ႕လိုက္ရသည္
အမူးသမားႏွစ္ေယာက္မွာ Jennie Kimလက္ထဲက အုတ္ခဲကို ျမင္ၿပီး လန့္လို႔ ထြက္သြားၾကသည္
"Roseanne အဆင္ေျပရဲ႕လား "
"ဟင္ တို႔ကို မွတ္မိတယ္ေပါ့.."
"မွတ္မိတာေပါ့ Hoodie ေခါင္းစြပ္ဝတ္ထားၿပီး ႐ုပ္ဖ်က္လည္း ကိုယ့္ idolကို အေဝးကေနၾကည့္တာေတာင္ မွတ္မိတယ္ "
Jennie Kim မွာ ေျပာၿပီး Roseanneရဲ႕ ေဘးနားဝင္ထိုင္လိုက္သည္
"Fan ေတြ အမ်ားႀကီးရွိတဲ့ Roseanneက ငါ့ကို မွတ္မိေပးလို႔သာ ေက်းဇူးတင္ရမွာ...."
Jennie Kim စကားေၾကာင့္ Roseanne ၿပဳံးလိုက္သည္
"မွတ္မိတာေပါ့ တို႔ရဲ႕ အမာခံပရိတ္သတ္ဘဲကို Jennie ေၾကာင့္ တို႔ အားအင္ေတြအမ်ားႀကီး ရွိခဲ့ၿပီး သီခ်င္းအသစ္ေတြ ဖန္တီးနိုင္ခဲ့တာ "
"အားအင္ေတြ ေပးနိုင္ခဲ့လို႔ ဝမ္းသာမိပါတယ္ ေနာက္ဆုံးေတာ့ လိုင္းေပၚမွာတင္ မဟုတ္ဘူး အျပင္မွာပါ idolကို ကာကြယ္ေပးနိုင္ၿပီကြ "
လက္သီးလက္ေမာင္းဆန့္တန္းကာ ေႂကြးေၾကာ္လိုက္တဲ့ Jennie Kimကို ၾကည့္ၿပီး Roseanne စိတ္ညစ္တာေတြ ေခတၱခဏ ေပ်ာက္သြားသည္
"Roseanne က တစ္ေယာက္တည္း ဒီမွာ ဘာထိုင္လုပ္ေနတာလည္း စိတ္ညစ္စရာေတြ ရွိလို႔လား "
Jennieကေမးေတာ့ Roseanne သက္ျပင္းခ်ၿပီး ေခါင္းညိတ္လိုက္သည္
"ဘာ စိတ္ညစ္စရာေတြ ရွိေနတာလည္း ေျပာျပလို႔ရမယ္ဆို ငါ့ကို ေျပာျပေလ ရင္ဖြင့္လို႔ရတယ္.....တစ္ေယာက္တည္း ၿမိဳသိပ္ထားရင္ မြန္းၾကပ္ေနမွာေပါ့ "
"ဟူး.... သီခ်င္းထုတ္လုပ္ဖို႔ အခက္အခဲရွိေနတာ producerကလည္း ငါလုပ္ခ်င္တာနဲ႕ ကန့္လန့္ေတြလုပ္ေနလို႔.....အဆင္မေျပပါဘူးဟာ.."
"အဆင္ေျပသြားမွာပါ Roseanne. ..Fighting နင္က အၿမဲ အေကာင္းဆုံးႀကိဳးစားေနတာဘဲကို အဆင္ေျပသြားမွာ စိတ္မပူပါနဲ႕.... "
Jennieေျပာေတာ့ Roseanne ေခါင္းညိတ္ျပၿပီး အိတ္ထဲက ဘီယာတစ္ဗူးကို ထုတ္ေဖာက္ကာ Jennie ကို ေပးလိုက္သည္
"Cheer "
Jennieနဲ႕အတူ ဟန္ျမစ္ေဘးနား မုန့္စား စကားေျပာရင္း Roseanne သူမ စိတ္ညစ္ေနရတဲ့ အေၾကာင္းအရင္းေတြကိုေတာင္ ေမ့သြားခဲ့ရသည္
အဲ့ဒီေန႕မွာဘဲ Jennie Kimနဲ႕ လူခ်င္းေတြ႕ၿပီးေနာက္.....သူမတို႔ ခ်စ္သူ ျဖစ္လာခဲ့မယ္လို႔ Roseanne တစ္ခါမွ မေတြးခဲ့ဖူးခဲ့သလို.....ရင္ဖိုစရာေတြ အျပင္.....စိတ္ရႈပ္စရာေတြနဲ႕ ႀကဳံေတြ႕ရမယ္လို႔လည္း Roseanne မထင္ခဲ့မိေပ
ဟန္ျမစ္မွာ Jennie Kimနဲ႕ ေသာက္စားစကားေျပာရင္း Roseanne တစ္ေယာက္ အိမ္ကို ဘယ္လိုျပန္ေရာက္ခဲ့မွန္း မမွတ္မိေပ
"Jennie က လိုက္ပို႔ေပးတာလားမသိဘူး ေနာက္မွ ငါ သူ႕ကို ေက်းဇူးတင္ရမယ့္ shit. .. လူမွန္းသူမွန္းမသိေအာင္ ေသာက္တတ္တဲ့ အက်င့္ကို ထိန္းရမယ္ "
Roseanne အိပ္ရာက နိုးနိုးခ်င္း ဟန္ျမစ္ေဘး ဘီယာေသာက္ၿပီးေနာက္ သူမ အိမ္ကို ဘယ္လိုျပန္ေရာက္ခဲ့မွန္း မမွတ္မိလို႔ သူမကိုယ္သူမ အျပစ္တင္ေရ႐ြတ္ေနမိသည္
မ်က္ႏွာသစ္ သြားတိုက္ၿပီးေနာက္ မနက္စာစားဖို႔ Roseanne ၾကက္ဥေၾကာ္ေနသည္....
ထိုစဥ္ တံခါး bellသံၾကားလို႔ သြားဖြင့္ၾကည့္ေတာ့
ပန္းစည္းတစ္စည္းနဲ႕ box တစ္ဗူးကို ေတြ႕ရသည္
ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၾကည့္ေတာ့ ဘယ္သူ႕ကိုမွ မေတြ႕ရေပ
ပန္းစည္းနဲ႕ box မွာ Roseanne နာမည္ေရးထားေသာေၾကာင့္သာ Roseanne ထိုပစၥည္းေတြကို ယူၿပီး အိမ္ထဲ ျပန္ဝင္လာခဲ့သည္
"ဘယ္သူေပးတာပါလိမ့္.....ငါ့အိမ္လိပ္စာကိုလည္း သိတဲ့သူ သိပ္မရွိပါဘူး "
Roseanne ေရ႐ြတ္ၿပီး ပန္းစည္းက စာကို ေသခ်ာဖတ္လိုက္သည္
Dear Rosie. ....
ငမူးမေလး အမူးေျပၿပီလား....အိပ္ရာက နိုးနိုးခ်င္း ေခါင္းမၾကည္ျဖစ္ေနမွာဆိုးလို႔ ေခါင္းၾကည္သြားေအာင္ ႏွင္းဆီ ပန္းစည္းေလး ပို႔လိုက္တယ္ေနာ္....ၿပီးေတာ့ အမူးေျပသြားေအာင္ ပဲပင္ေပါက္ ဟင္းရည္လည္း ခ်က္ေပးထားတယ္ ထမင္းနဲ႕ေသခ်ာစားေနာ္ စိတ္ညစ္စရာရွိရင္ တစ္ေယာက္တည္းမေသာက္ပါနဲ႕ Messenger မွာ လာ Hiလိုက္ ငါ အၿမဲေစာင့္ေနမယ္
Your Number One Fangirl,
Jennie Kim
Roseanne ထိုစာကိုဖတ္ၿပီးေနာက္ ၿပဳံးလိုက္မိသည္
"Aww Jennie ေပးတာကို မေန႕က ငါ့အိမ္လိုက္ပို႔ေပးလို႔ သူလိပ္စာသိသြားတာဘဲ....အားနာလိုက္တာ အိမ္ကိုလိုက္ပို႔ေပးတဲ့အျပင္ အခု ဟင္းရည္ေတြပါ ခ်က္ပို႔ေပးေနတယ္....."
Roseanne တစ္ေယာက္ Boxကို ဖြင့္ၿပီး ဟင္းရည္ဗူးကို ယူလိုက္သည္
ထမင္းရယ္ ၾကက္ဥနဲ႕ Jennie ေပးတဲ့ ဟင္းရည္ကို ျပန္ႏႊေးကာ စားပြဲေပၚကို ေသခ်ာတင္ၿပီးေနာက္ ဓာတ္ပုံရိုက္လိုက္သည္
ထို႔ေနာက္ Jennie Kimဆီ စာပို႔ဖို႔ အင္တာနက္ဖြင့္ေပမယ့္ Jennieကို လိုင္းေပၚတြင္ မေတြ႕ရေသာေၾကာင့္ Instagram story တြင္ ေကာင္းေကာင္းစားပါမယ္လို႔ Roseanne ပိုစ့္တင္လိုက္သည္
#Tbc
#Unicode
Flashback
Jennie Kim!
ဟုတ်ပါတယ် Roseanne က မိန်းကလေးချင်း သဘောကျတဲ့ တွဲတဲ့ကောင်မလေးပါ....
Roseanneဟာ တစ်ခါမှ မိန်းကလေးချင်းမတွဲဘူးပေမယ့် Jennie Kimဆိုတဲ့ ကောင်မလေးကြောင့် Roseanne တစ်ယောက် ပြောင်းလဲလာခဲ့တယ်
Jennie Kim ဆိုတဲ့ ကောင်မလေးနဲ့ ဘယ်လိုတွေ့တာလည်းဆိုတော့ Roseanne အင်တာနက်ပေါ်မှာ သူမရဲ့ သီချင်းလေးတွေကို စပြီး တင်ခဲ့တဲ့ အချိန်က ဖြစ်သည်
Roseanne တင်သမျှ သီချင်းတိုင်း postတိုင်းရဲ့ အောက်မှာ Jennie Kimက အမြဲ ထိပ်ဆုံးကရောက်နေပြီး Positive commentတွေနဲ့ Roseanneကို အမြဲ အားပေးလေ့ရှိသည်
အားပေးတဲ့သူတွေ သိပ်မရှိသေးတဲ့အချိန်မှာ Jennie Kimရဲ့ commentတိုင်းဟာ Roseanne အတွက် အားဆေးတစ်ခုလို သီချင်းအသစ်ဆက်ရေးချင်စိတ်တွေ ဖြစ်ပေါ်လာသည်
Roseanne negative comment တွေရတဲ့အခါတိုင်း အဲ့ comment ပိုင်ရှင်တွေနဲ့ ရန်ဖြစ်တဲ့သူကို ကြည့်ရင် Jennie Kim ပင်....
Roseanneရဲ့ Messenger ကို လာပြီး Roseanne ဘက်မှာ သူမ တစ်ယောက်လုံးရှိတယ် စိတ်မညစ်ဖို့က ပြောသေးသည်
ဒီလိုနဲ့ Roseanne တစ်ယောက် Jennie Kimကို အားလုံးထက်ပိုလို့ သတိထားမိပြီး သံယောဇဉ် ရှိလာသည်
တစ်နေ့.. ..သီချင်း ကိစ္စ အခက်အခဲကြောင့် Roseanne စိတ်ညစ်ညစ်နဲ့ ညနေခင်းတွင် ဟန်မြစ်ဘေးနား ဘီယာထိုင်သောက်နေတုံး အမူးသမားနှစ်ယောက်က Roseanneကို လာနှောင့်ယှက်ကြသည်
"ဟေ့ အချောလေး တစ်ယောက်တည်းလား "
"လာပါ ငါတို့နဲ့ တူတူပျော်ရအောင်လေ တစ်ယောက်တည်း ပျင်းနေမှာပေါ့ "
"မပျင်းပါဘူး ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူးလေ ငါလည်း ရှိတယ် ဦးလေးတို့က ဘာလုပ်ချင်လို့လည်း"
ကောင်မလေး တစ်ယောက်ရဲ့ အသံကြောင့် Roseanne လှည့်ကြည့်တော့ အုတ်ခဲကိုင်ထားတဲ့ Jennie Kimကို တွေ့လိုက်ရသည်
အမူးသမားနှစ်ယောက်မှာ Jennie Kimလက်ထဲက အုတ်ခဲကို မြင်ပြီး လန့်လို့ ထွက်သွားကြသည်
"Roseanne အဆင်ပြေရဲ့လား "
"ဟင် တို့ကို မှတ်မိတယ်ပေါ့.."
"မှတ်မိတာပေါ့ Hoodie ခေါင်းစွပ်ဝတ်ထားပြီး ရုပ်ဖျက်လည်း ကိုယ့် idolကို အဝေးကနေကြည့်တာတောင် မှတ်မိတယ် "
Jennie Kim မှာ ပြောပြီး Roseanneရဲ့ ဘေးနားဝင်ထိုင်လိုက်သည်
"Fan တွေ အများကြီးရှိတဲ့ Roseanneက ငါ့ကို မှတ်မိပေးလို့သာ ကျေးဇူးတင်ရမှာ...."
Jennie Kim စကားကြောင့် Roseanne ပြုံးလိုက်သည်
"မှတ်မိတာပေါ့ တို့ရဲ့ အမာခံပရိတ်သတ်ဘဲကို Jennie ကြောင့် တို့ အားအင်တွေအများကြီး ရှိခဲ့ပြီး သီချင်းအသစ်တွေ ဖန်တီးနိုင်ခဲ့တာ "
"အားအင်တွေ ပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ် နောက်ဆုံးတော့ လိုင်းပေါ်မှာတင် မဟုတ်ဘူး အပြင်မှာပါ idolကို ကာကွယ်ပေးနိုင်ပြီကွ "
လက်သီးလက်မောင်းဆန့်တန်းကာ ကြွေးကြော်လိုက်တဲ့ Jennie Kimကို ကြည့်ပြီး Roseanne စိတ်ညစ်တာတွေ ခေတ္တခဏ ပျောက်သွားသည်
"Roseanne က တစ်ယောက်တည်း ဒီမှာ ဘာထိုင်လုပ်နေတာလည်း စိတ်ညစ်စရာတွေ ရှိလို့လား "
Jennieကမေးတော့ Roseanne သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်
"ဘာ စိတ်ညစ်စရာတွေ ရှိနေတာလည်း ပြောပြလို့ရမယ်ဆို ငါ့ကို ပြောပြလေ ရင်ဖွင့်လို့ရတယ်.....တစ်ယောက်တည်း မြိုသိပ်ထားရင် မွန်းကြပ်နေမှာပေါ့ "
"ဟူး.... သီချင်းထုတ်လုပ်ဖို့ အခက်အခဲရှိနေတာ producerကလည်း ငါလုပ်ချင်တာနဲ့ ကန့်လန့်တွေလုပ်နေလို့.....အဆင်မပြေပါဘူးဟာ.."
"အဆင်ပြေသွားမှာပါ Roseanne. ..Fighting နင်က အမြဲ အကောင်းဆုံးကြိုးစားနေတာဘဲကို အဆင်ပြေသွားမှာ စိတ်မပူပါနဲ့.... "
Jennieပြောတော့ Roseanne ခေါင်းညိတ်ပြပြီး အိတ်ထဲက ဘီယာတစ်ဗူးကို ထုတ်ဖောက်ကာ Jennie ကို ပေးလိုက်သည်
"Cheer "
Jennieနဲ့အတူ ဟန်မြစ်ဘေးနား မုန့်စား စကားပြောရင်း Roseanne သူမ စိတ်ညစ်နေရတဲ့ အကြောင်းအရင်းတွေကိုတောင် မေ့သွားခဲ့ရသည်
အဲ့ဒီနေ့မှာဘဲ Jennie Kimနဲ့ လူချင်းတွေ့ပြီးနောက်.....သူမတို့ ချစ်သူ ဖြစ်လာခဲ့မယ်လို့ Roseanne တစ်ခါမှ မတွေးခဲ့ဖူးခဲ့သလို.....ရင်ဖိုစရာတွေ အပြင်.....စိတ်ရှုပ်စရာတွေနဲ့ ကြုံတွေ့ရမယ်လို့လည်း Roseanne မထင်ခဲ့မိပေ
ဟန်မြစ်မှာ Jennie Kimနဲ့ သောက်စားစကားပြောရင်း Roseanne တစ်ယောက် အိမ်ကို ဘယ်လိုပြန်ရောက်ခဲ့မှန်း မမှတ်မိပေ
"Jennie က လိုက်ပို့ပေးတာလားမသိဘူး နောက်မှ ငါ သူ့ကို ကျေးဇူးတင်ရမယ့် shit. .. လူမှန်းသူမှန်းမသိအောင် သောက်တတ်တဲ့ အကျင့်ကို ထိန်းရမယ် "
Roseanne အိပ်ရာက နိုးနိုးချင်း ဟန်မြစ်ဘေး ဘီယာသောက်ပြီးနောက် သူမ အိမ်ကို ဘယ်လိုပြန်ရောက်ခဲ့မှန်း မမှတ်မိလို့ သူမကိုယ်သူမ အပြစ်တင်ရေရွတ်နေမိသည်
မျက်နှာသစ် သွားတိုက်ပြီးနောက် မနက်စာစားဖို့ Roseanne ကြက်ဥကြော်နေသည်....
ထိုစဥ် တံခါး bellသံကြားလို့ သွားဖွင့်ကြည့်တော့
ပန်းစည်းတစ်စည်းနဲ့ box တစ်ဗူးကို တွေ့ရသည်
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကြည့်တော့ ဘယ်သူ့ကိုမှ မတွေ့ရပေ
ပန်းစည်းနဲ့ box မှာ Roseanne နာမည်ရေးထားသောကြောင့်သာ Roseanne ထိုပစ္စည်းတွေကို ယူပြီး အိမ်ထဲ ပြန်ဝင်လာခဲ့သည်
"ဘယ်သူပေးတာပါလိမ့်.....ငါ့အိမ်လိပ်စာကိုလည်း သိတဲ့သူ သိပ်မရှိပါဘူး "
Roseanne ရေရွတ်ပြီး ပန်းစည်းက စာကို သေချာဖတ်လိုက်သည်
Dear Rosie. ....
ငမူးမလေး အမူးပြေပြီလား....အိပ်ရာက နိုးနိုးချင်း ခေါင်းမကြည်ဖြစ်နေမှာဆိုးလို့ ခေါင်းကြည်သွားအောင် နှင်းဆီ ပန်းစည်းလေး ပို့လိုက်တယ်နော်....ပြီးတော့ အမူးပြေသွားအောင် ပဲပင်ပေါက် ဟင်းရည်လည်း ချက်ပေးထားတယ် ထမင်းနဲ့သေချာစားနော် စိတ်ညစ်စရာရှိရင် တစ်ယောက်တည်းမသောက်ပါနဲ့ Messenger မှာ လာ Hiလိုက် ငါ အမြဲစောင့်နေမယ်
Your Number One Fangirl,
Jennie Kim
Roseanne ထိုစာကိုဖတ်ပြီးနောက် ပြုံးလိုက်မိသည်
"Aww Jennie ပေးတာကို မနေ့က ငါ့အိမ်လိုက်ပို့ပေးလို့ သူလိပ်စာသိသွားတာဘဲ....အားနာလိုက်တာ အိမ်ကိုလိုက်ပို့ပေးတဲ့အပြင် အခု ဟင်းရည်တွေပါ ချက်ပို့ပေးနေတယ်....."
Roseanne တစ်ယောက် Boxကို ဖွင့်ပြီး ဟင်းရည်ဗူးကို ယူလိုက်သည်
ထမင်းရယ် ကြက်ဥနဲ့ Jennie ပေးတဲ့ ဟင်းရည်ကို ပြန်နွှေးကာ စားပွဲပေါ်ကို သေချာတင်ပြီးနောက် ဓာတ်ပုံရိုက်လိုက်သည်
ထို့နောက် Jennie Kimဆီ စာပို့ဖို့ အင်တာနက်ဖွင့်ပေမယ့် Jennieကို လိုင်းပေါ်တွင် မတွေ့ရသောကြောင့် Instagram story တွင် ကောင်းကောင်းစားပါမယ်လို့ Roseanne ပိုစ့်တင်လိုက်သည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co