Truyen3h.Co

What's wrong with My Exes

Part 13

KimFany059

#zawgyi








"Hello CEO "

"Jisoo လို့ ခေါ်ပါဆို..."

"အာ Jisoo Hello "


"မရှိဘူး အနားရတယ် "




"Nae. .."






"အာ Unnieကလည်း "


တီတီ

















"Roseanne "

"အင်း "






"ဟို....."















#tbc


#unicode

Roseanne debut လုပ်ပြီးတာ တစ်လရှိသွားချေပြီ

ပရိတ်သတ်အသစ်တွေပါ တိုးလာသောကြောင့် Roseanne တော်တော်လေး ပျော်နေသည်

Instagram မှ သူမပုံအောက်က Fan comment တွေ လိုက်ဖတ်ရင်း Jennie ကို Roseanne သတိရသွားတယ်....

Jennieရဲ့ Accountကို သွားကြည့်တော့ Jennie ဘာပုံမှမတင်တာ နှစ်လလောက်ရှိသွားသလို active မဖြစ်တော့တာကို တွေ့လိုက်ရသည်

"အာ ပြတ်သွားပြီကို ဘာလို့ သူ့acc ရှာနေမိမှန်းမသိဘူး..."

Roseanne ကိုယ့်ကိုကိုယ် သတိပေးရင်း clear search လုပ်လိုက်သည်

ထိုစဥ် Jisooဆီကနေ ဖုန်းဝင်လာသောကြောင့် Roseanne ဖုန်းကိုင်လိုက်သည်

"Hello CEO "

"Jisoo လို့ ခေါ်ပါဆို..."

"အာ Jisoo Hello "

"Good girl. ..ဒီနေ့ Schedule မရှိဘူးမလား "

"မရှိဘူး အနားရတယ် "

"ဒါဆို တို့နဲ့ coffee သွားသောက်ရအောင် မင်းကို တို့ပြောစရာရှိလို့ "

"ဟုတ် ဘယ်ကိုလာခဲ့ရမလည်းဟင် "

"ဟင့်အင်း မလာနဲ့ တို့ လာခေါ်မယ် တို့ကိုစောင့်နေ "

"Nae. .."

Roseanne ဖုန်းချလိုက်ပြီး Jisoo လာခေါ်ရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်လိုက်သည်

"ဘယ်သွားမလို့လည်း Roseanne "

အဝတ်အစားလဲပြီး အခန်းထဲက ထွက်လာတဲ့ Roseanneကို Hyeri ရုပ်ရှင်ကြည့်ရင်း လှမ်းမေးလိုက်သည်

"CEOက coffee လိုက်တိုက်မလို့ဆိုပြီး ဖုန်းဆက်လို့ "

"Aww ဟုတ်ပြီ ကောင်းကောင်းပျော်ခဲ့ပါ Roseanne "

"အာ Unnieကလည်း "

Hyeriက စနောက်တော့ Roseanne ရှက်ပြီး ဧည့်ခန်းထဲက အမြန်ထွက်လာသည်

တီတီ

ကားဟွန်းတီးသံကြောင့် ခြံထဲကဒန်းပေါ် ထိုင်နေတဲ့ Roseanne တစ်ယောက် Jisoo ရောက်လာမှန်း သိပြီး ထွက်လာသည်

"ဝိုး ဒီနေ့ Roseanne အရမ်းလှတာဘဲ "

ခြေဆုံးခေါင်းဆုံး သူမကို ကြည့်ရင်း ချီးကျူးလိုက်တဲ့ Jisoo ကြောင့် Roseanne ရင်တွေ ခုန်လာသည်

ထူးထူးဆန်းဆန်း ဘာလို့ရင်တွေခုန်လာတာလည်း

Roseanne သူမကိုယ်သူမ ထူးဆန်းပြီး ပြန်မေးနေမိသည်

"Roseanne ကားပေါ်တက်လေ...."

Jisoo ကားတံခါးဖွင့်ပေးပြီး ပြောတော့ Roseanneလည်း ခေါင်းညိတ်ပြပြီး ကားပေါ်တက်လိုက်သည်

"Debut ပြီး တစ်လအတွင်း ရောင်းအားအကောင်းဆုံး Debut Album ထဲပါလာလို့ Congratulation Roseanne "

"Jisooရဲ့ ကျေးဇူးတွေကြောင့်ပါ...."

"မင်းတော်လို့လည်း ပါတယ်လေ...CEOက ဘယ်လောက်ကြိုးစားစား Idolက အရည်အချင်း မရှိရင် အလကားဘဲကို "

"ဟီး ဟုတ် CEOပြောစရာရှိတယ်ဆို ဘာများလည်း "

"Coffeeဆိုင်ရောက်မှ ပြောကြမယ်လေ....အခု Roseanne က idol ဖြစ်လာပြီဆိုတော့ လူထူပေါများတဲ့နေရာတွေ ရှောင်မှဖြစ်မယ် ဒါမို့ ဆိုင်ကိုသေချာရွေးထားတယ် "

"အလုပ်တွေများနေရောပေါ့ "

"Roseanne အတွက်ဘဲကို မများပါဘူး "

Coffee ဆိုင်တွင် မှာထားသော coffee နှစ်ခွက်ရောက်လာပြီးနောက် Roseanneမှာ coffeeခွက်လေးကို သဘောကျလို့ ဓာတ်ပုံလေးရိုက်ယူနေသည်

Jisooမှာ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့အပြုအမူနဲ့ Roseanneကို ကြည့်ပြီး အသည်းယားနေသည်

"Roseanne "

"အင်း "

"Roseanne ကို ပြောစရာရှိတယ်ဆိုတာလေ  "

Jisooက စကားစပြောတော့ Roseanne သူမဖုန်းကို စားပွဲခုံပေါ်တင်ပြီး  Jisoo ပြောတာကို စိတ်ဝင်တစား နားထောင်လိုက်သည်

"Roseanneကို တို့သဘောကျတယ်....မဟုတ်ဘူး ချစ်တယ်....ချစ်နေတာ အင်တာဗျူးမခေါ်ခင်ကတည်းက...."

Jisooရဲ့ စကားကြောင့် Roseanne မျက်လုံးအဝိုင်းသားနဲ့ ဖြစ်သွားတယ်

"အင်တာနက်ပေါ်က Roseanne ရဲ့ Cover songတွေကို ကြည့်ပြီး အရမ်းသဘောကျသွားတာ ဒါကြောင့်မို့ အနားမှာ ထားပြီး စောင့်ရှောက်ပေးချင်လို့ ခေါ်လိုက်တာ.... "

"ဟို....."

"အတင်းကြီး အဖြေပြန်မပေးခိုင်းပါဘူး တို့ပြောတာကို ခေါင်းအေးအေးထားပြီး အချိန်ယူစဥ်းစားလို့ရပါတယ်.... တို့ မင်းကို ချစ်နေတာလေးကို သိစေချင်လာလို့ ဖွင့်ပြောတာ "

"ဒါဆို Roseanne စဥ်းစားအုံးမယ်နော်...."

"ကျေးဇူးတင်ပါတယ် Roseanne "

Roseanne ရဲ့ လက်ကို ကိုင်ပြီး Jisoo ကျေးဇူးတင်စကားပြောလိုက်သည်

"နင့်အမေက နင့်ဆီဆက်သွယ်လို့မရလို့ စိတ်ပူနေတာ နင်ကတော့ ဖွန်နေ Lalisa "

Lisaရဲ့ သူငယ်ချင်း Bambamမှာ Lisa အိမ်ကို ရောက်နေသည်

"အမေကလည်း....စိတ်ပူစရာမလိုပါဘူးဆို "

"မိန်းကလေးတစ်ယောက်တည်း ထိုင်းကနေ Koreaကို တက်လာပြီး အဆက်အသွယ်လုပ်မရတာ သုံးပတ်လောက်ရှိတော့ နင့်အမေစိတ်ပူမှာပေါ့ Lisaရ "

"ငါလည်း နေစရာတိုက်ခန်းရှာပြီး အလုပ်များနေလို့ပါ "

"ဘာအလုပ်များနေတာလည်း ဟိုအဆိုတော်မလေး ပုံတွေ တစ်အိမ်လုံးကပ်နေရလို့လား "

Bambam တစ်အိမ်လုံးအပြည့်ကပ်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီးမေးတော့ Lisa ရယ်လိုက်သည်

"မင်း သူ့ကို တော်တော်ကိုရူးသွပ်နေတာဘဲ Lisa "

"အောဟော သူ့ကိုတွေ့ချင်လို့ ထိုင်းကနေ Korea ကို တက်လာတယ်ဆိုကတည်းက သိလိုက်တော့လေ....ငါ Roseanne Parkနဲ့ ရည်းစားဖြစ်မှ ထိုင်းကို ပြန်လာမယ် အမေ့အတွက် ချွေးမတစ်ခါတည်းခေါ်လာမယ်လို့ ပြောလိုက် Bambam "

Lisa တစ်ယောက် နံရံပေါ်က ကပ်ထားတဲ့ Roseanneရဲ့ ပုံတွေကို ကြည့်ပြီး ပြောလိုက်သည်

#tbc

Long time no see ပါ အကြာကြီးစောင့်ခိုင်းရလို့ အားနာပါတယ် ကျွန်တော် အလုပ်တစ်ချို့ရှိနေလို့ မရေးဖြစ်နေတာပါ ခုအလုပ်အားတုံးလေး အမြန်လာတင်ပေးတာ စောင့်နေပေးလို့ ကျေးဇူးပါဗျာ့❤

Bạn đang đọc truyện trên: Truyen3h.Co