Part 12
#unicode
"ဟုတ်ပြီ နည်းနည်း ရုပ်တည်ပေးပါအုံး.....Ok.... "
Roseanne ကင်မရာဒါရိုက်တာ ပြောတဲ့အတိုင်း ပိုစ့်ပေးရင်း Jisooနဲ့ အကြည့်ချင်းဆုံသွားသည်
Jisooက ထိုင်ခုံပေါ် ခြေထောက်ချိတ်ထိုင်ပြီး သူမကို ပြုံးပြုံးလေး ကြည့်နေသည်
Jisooကို သူမပြန်ပြုံးပြပြီး ကင်မရာသမားကို အိုက်တင်ထပ်ပေးနေသည်
Jisoo ရဲ့ အကြည့်တွေက အဓိပ်ပါယျတဈခုကို ဖော်ဆောင်နေတယ်ဆိုတာ Roseanne သတိထားမိ ရိပ်မိနေတယ်လေ
ကဒ်!
"ပင်ပန်းသွားပါပြီ Roseanne. ..ရော့ အားဖြည့်အချိုရည်သောက်လိုက်အုံး "
Jisoo အဆင်သင့်ဖောက်ထားတဲ့ အအေးဗူးကို Roseanneဆီ ကမ်းပေးလိုက်သည်
"ကျေးဇူးပါ CEO "
Roseanne အအေးဗူးကို ယူပြီး Jisooကို ကျေးဇူးတင်စကားပြောလိုက်သည်
"ပြီးတော့ ပန်ကာလေး အိုက်နေမှာဆိုးလို့ "
Jisoo ပန်ကာသေးသေးလေးကို ဖွင့်ပြီး Roseanne ကိုပေးတော့ Hyeriမှာ Jisooကို ကြည့်ရင်း
"ငါက Roseanneရဲ့ မန်နေဂျာလား သူကဘဲ Roseanne မန်နေဂျာလားမသိ ငါလုပ်ရမယ့်အလုပ်တွေ သူဘဲလုပ်နေတာ...ငါ့ကို CEOခန့်ပြီး သူသာ မန်နေဂျာလုပ်လိုက်ပါတော့ "
Jisooကို ကြည့်ရင်း Hyeri စိတ်ထဲကနေ ရန်လုပ်နေမိသည်
"ဒီတစ်ခေါက် ရိုက်ပြီးရင် ပြီးပြီဆိုတော့ အိမ်ပြန်အေးဆေးနားလိုက်နော် Roseanne.... Hyeriကို သီချင်းစာအုပ်နဲ့ လိုတာတွေပေးထားတယ် အိမ်မှာအေးဆေးနားထောင်ရင်း ဖတ်ကြည့်ပေါ့ မနက်ဖြန်ကျ အသံသွင်းမှာမို့ အသံကိုထိခိုက်စေမှာတွေ မစားနဲ့နော် ပြီးတော့....Debutရက်နီးပြီးမို့လို့ အပြင်သိပ်မထွက်နဲ့ ပြဿနာတွေကို ရှောင်ထားတာကောင်းတယ် ငါ ဘာကိုဆိုလိုချင်လည်းဆိုတာ သိတယ်မလား "
Roseanneနားသို့ ကပ်ပြီး Jisoo ပြောလိုက်တယ်
ပြဿနာဆိုတာ Jennieကို ရည်ညွှန်းပြောမှန်း Roseanne ချက်ချင်းသဘောပေါက်လိုက်သည်
"ဟုတ် CEO "
"Okay ဒါဆို သွားတော့မယ် Hyeri ...Roseanneကို သေချာကြည့်ပေးပါအုံး ဒါရိုက်တာကြီးကိုလည်း အားကိုးပါတယ် အလှဆုံးပုံတွေ ထွက်လာအောင် ရိုက်ပေးပါအုံး "
"ဟုတ်ကဲ့ဗျာ့ "
Jisoo မှာ ရိုက်ကွင်းကလူတွေကို နှုတ်ဆက်ပြီး ရိုက်ကွင်းကနေ ထွက်လာခဲ့သည်
"အခြေအနေ ဘယ်လိုလည်း Hoony "
"သူ့တိုက်ခန်းထဲမှာဘဲ ရှိနေတာများတယ် လှုပ်ရှားတာမတွေ့ရဘူး CEO "
"ဟုတ်ပြီ သူ ဘယ်သွားတယ်ကအစ ငါ့ကို သတင်းပို့ပါ ပြီးတော့ Roseanneရဲ့ အနားကိုလည်း အကပ်မခံနဲ့ တစ်ခုခုဆို လှမ်းသတင်းပေး "
"ကောင်းပါပြီ CEO "
Jisoo ဖုန်းချပြီး ကားစက်နှိုးလိုက်သည်
Roseanne အနား Jennie ရောက်မလာဖို့ Jisoo လူယုံငှားပြီး စောင့်ကြည့်ခိုင်းထားသည်
Roseanne photoshoot ပြီးတော့ အိမ်ကိုပြန်လာတယ်
ရေချိုးပြီး ကုတင်ပေါ် ပစ်လှဲလိုက်ကာ အနားယူလိုက်သည်
Jisoo သူမကို သဘောကျနေမှန်း Roseanne သတိထားမိလာတယ်လေ
ဒါပေမယ့် Roseanneက အသည်းကွဲခါစဖြစ်ပြီး Jennieကို Move on မဖြစ်နိုင်သေးတော့.... ပြီးတော့ Jisooကလည်း CEO ဖြစ်နေတော့ Roseanne မသိချင်ယောင်ဘဲ ဆောင်နေလိုက်သည်
ဒီနေ့တော့ သီချင်းအသံသွင်းဖို့အတွက် Studioကို Roseanne ရောက်နေသည်
Jisooက ကြိုရောက်နေပြီး သူမကို ပြုံးပြနှုတ်ဆက်လိုက်တယ်
Mood အပြည့်နဲ့ studioခန်းထဲ သီချင်းဆိုနေတဲ့ ကောင်မလေးကို Jisoo မျက်တောင်မခတ်ကြည့်နေမိသည်
ဒီကောင်မလေးကို Videoတစ်ခုကနေ ဒီလောက်ထိ စွဲလန်းသွားလိမ့်မယ်လို့ Jisoo တွေးမထားမိခဲ့ပေ
Roseanneနဲ့ စတွေ့တဲ့နေ့ကဆို Jisoo တော်တော်စိတ်လှုပ်ရှားနေမိပြီး Roseanneမှာ ချစ်သူရှိမှန်း သိလိုက်ရတုံးကလည်း Jisoo စိတ်သောကတော်တော်ရောက်ခဲ့သေးသည်
ယခုတော့ Roseanneက သူမရှေ့ သူမမျက်စိအောက်မှာ ရောက်နေပြီလေ.....
အရိပ်တကြည့်ကြည့်နဲ့ နှင်းဆီပန်းပွင့်လေးကို အလှပဆုံးဖြစ်အောင် ပျိုးထောင်ရမယ်
"Yess. ..အကောင်းဆုံးလုပ်နိုင်တာဘဲ "
Roseanne သီချင်းသွင်းပြီးနောက် Studio ခန်းထဲကနေ ထွက်လာခဲ့သည်
"အကောင်းဆုံးကြိုးစားခဲ့တာဘဲ Roseanne. ..သေချာတယ် ဒီdebutက လုံးဝကိုပေါက်မှာ "
"ကျေးဇူးတင်ပါတယ် CEO "
Roseanne က ကျေးဇူးတင်စကားပြောတော့ Jisoo နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်
"နေ့လည်စာစားချိန်ရောက်ပြီဘဲ နေ့လည်စာသွားစားကြမလား Roseanne... "
"ဟို..."
"ငါ ဝယ်ကျွေးပါမယ် Debut ခါနီး စားကောင်းသောက်ဖွယ်တွေ များများစားပေးရတယ် "
"CEO ကျွန်မ ချိန်းထားတာလေးရှိလို့ မလိုက်တော့ဘူးနော်"
Hyeriက အလိုက်တသိနဲ့ရှောင်ပေးတော့ Jisoo သဘောကျပြီး ခေါင်းညိတ်ပြလိုက်သည်
"ဒါဆို သွားရအောင် Roseanne "
Jisooနဲ့ Roseanne စားသောက်ဆိုင်တစ်ခုသို့ သွားဖို့ Entertainment ကနေထွက်လာခဲ့သည်
"မနက်ဖြန်ရယ် သန်ဘက်ခါ Music video ရိုက်ကူးပြီးရင် လာမယ့် ဗုဒ္ဓဟူးနေ့ကျ Debutရပြီနော် Roseanne. ...."
"ဟုတ်တယ် Jisoo. ..တကယ်ဘဲ ခုလိုဖြစ်လာမယ်လို့မထင်ထားမိဘူး....သာမန် အွန်လိုင်းအဆိုတော်ဘဝနဲ့ဘဲ ကုန်ဆုံးရမယ်ထင်နေတာ "
"ငါက Roseanneရဲ့ Genie ပေါ့ Roseanne လိုချင်တာ Roseanne အိမ်မက်တွေကို အကုန်ဖြည့်စည်းပေးမယ် "
Jisooရဲ့ စကားကြောင့် Roseanne ပြုံးလိုက်သည်
"ကျေးဇူးတင်ပါတယ် Roseanne. .."
မီးပွိုင့်မိနေသောကြောင့် သူမကိုပြုံးပြီး ကျေးဇူးတင်စကားပြောတဲ့ Roseanneကို Jisoo စိုက်ကြည့်လိုက်သည်
"မလိုပါဘူး Roseanneရ "
Roseanneရဲ့ ပါးဖောင်းဖောင်းလေးကို Jisoo လက်နဲ့ဆွဲညှစ်လိုက်စဥ် ကားတစ်စီးက သူမတို့ကားဘေးနားရပ်လာတာကို Jisoo တွေ့လိုက်သည်
ကားထဲက လူက Jennieမှန်းလည်း Jisoo တွေ့ရော Jisoo ချောင်းဟန့်လိုက်သည်
"အဟမ်း...."
Roseanneကတော့ Jisooကိုဘဲ ကြည့်နေသောကြောင့် Jennieကားက ဘေးနားမှာရှိနေတာကို မသိပေ
"Oh Roseanne. .."
Jennieမှာ မီးပွိုင့်ကို အာရုံစိုက်ရင်း Roseanneရဲ့ နာမည်ကိုကြားလို့ မျှော်လင့်ချက်တွေနဲ့ အမြန်ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်
"မျက်နှာမှာ ဘာတွေပေနေတာလည်းမသိဘူး.... "
Roseanne ကြားရုံလောက်လေးပြောပြီး Roseanneရဲ့ မျက်နှာနားလေးသို့ ကပ်လာကာ မျက်နှာလေးကိုလက်နဲ့ကိုင်လိုက်သည်
Jennieမှာ ထိုမြင်ကွင်းကိုမြင်ပြီး တောက်ခေါက်ကာ စီယာတိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်
မီးပွိိုင့်လည်းမီးစိမ်းရော Jisooတို့နောက်ကို Jennie မလှမ်းမကမ်းကနေ လိုက်ချောင်းလေသည်
Jisooကလည်း ကားမှန်ကနေ Jennieရဲ့ ကားလိုက်လာတာကို သတိထားမိတယ်လေ
စားသောက်ဆိုင်ကို ရောက်တော့ Roseanneရဲ့ ကားခါးပတ်ကို ဖြုတ်ပေးလိုက်သည်
ထို့နောက် Roseanne ရဲ့ လက်ကိုတွဲပြီး စားသောက်ဆိုင်ထဲခေါ်သွားတယ်
Roseanneကတော့ ဘာမှမသိဘဲ Jisooနောက်ပါသွားပေမယ့် Jennieကတော့ သူမကို အဆက်အသွယ်ဖြတ်ပြီး Jisooနဲ့တွဲနေတယ်လို့ Roseanne ကို အထင်လွဲသွားလေသည်
#tbc
#zawgyi
"ဟုတ္ၿပီ နည္းနည္း ႐ုပ္တည္ေပးပါအုံး.....Ok.... "
Roseanne ကင္မရာဒါရိုက္တာ ေျပာတဲ့အတိုင္း ပိုစ့္ေပးရင္း Jisooနဲ႕ အၾကည့္ခ်င္းဆုံသြားသည္
Jisooက ထိုင္ခုံေပၚ ေျခေထာက္ခ်ိတ္ထိုင္ၿပီး သူမကို ၿပဳံးၿပဳံးေလး ၾကည့္ေနသည္
Jisooကို သူမျပန္ၿပဳံးျပၿပီး ကင္မရာသမားကို အိုက္တင္ထပ္ေပးေနသည္
Jisoo ရဲ႕ အၾကည့္ေတြက အဓိပ္ပါယ်တဈခုကို ေဖာ္ေဆာင္ေနတယ္ဆိုတာ Roseanne သတိထားမိ ရိပ္မိေနတယ္ေလ
ကဒ္!
"ပင္ပန္းသြားပါၿပီ Roseanne. ..ေရာ့ အားျဖည့္အခ်ိဳရည္ေသာက္လိုက္အုံး "
Jisoo အဆင္သင့္ေဖာက္ထားတဲ့ အေအးဗူးကို Roseanneဆီ ကမ္းေပးလိုက္သည္
"ေက်းဇူးပါ CEO "
Roseanne အေအးဗူးကို ယူၿပီး Jisooကို ေက်းဇူးတင္စကားေျပာလိုက္သည္
"ၿပီးေတာ့ ပန္ကာေလး အိုက္ေနမွာဆိုးလို႔ "
Jisoo ပန္ကာေသးေသးေလးကို ဖြင့္ၿပီး Roseanne ကိုေပးေတာ့ Hyeriမွာ Jisooကို ၾကည့္ရင္း
"ငါက Roseanneရဲ႕ မန္ေနဂ်ာလား သူကဘဲ Roseanne မန္ေနဂ်ာလားမသိ ငါလုပ္ရမယ့္အလုပ္ေတြ သူဘဲလုပ္ေနတာ...ငါ့ကို CEOခန့္ၿပီး သူသာ မန္ေနဂ်ာလုပ္လိုက္ပါေတာ့ "
Jisooကို ၾကည့္ရင္း Hyeri စိတ္ထဲကေန ရန္လုပ္ေနမိသည္
"ဒီတစ္ေခါက္ ရိုက္ၿပီးရင္ ၿပီးၿပီဆိုေတာ့ အိမ္ျပန္ေအးေဆးနားလိုက္ေနာ္ Roseanne.... Hyeriကို သီခ်င္းစာအုပ္နဲ႕ လိုတာေတြေပးထားတယ္ အိမ္မွာေအးေဆးနားေထာင္ရင္း ဖတ္ၾကည့္ေပါ့ မနက္ျဖန္က် အသံသြင္းမွာမို႔ အသံကိုထိခိုက္ေစမွာေတြ မစားနဲ႕ေနာ္ ၿပီးေတာ့....Debutရက္နီးၿပီးမို႔လို႔ အျပင္သိပ္မထြက္နဲ႕ ျပႆနာေတြကို ေရွာင္ထားတာေကာင္းတယ္ ငါ ဘာကိုဆိုလိုခ်င္လည္းဆိုတာ သိတယ္မလား "
Roseanneနားသို႔ ကပ္ၿပီး Jisoo ေျပာလိုက္တယ္
ျပႆနာဆိုတာ Jennieကို ရည္ၫႊန္းေျပာမွန္း Roseanne ခ်က္ခ်င္းသေဘာေပါက္လိုက္သည္
"ဟုတ္ CEO "
"Okay ဒါဆို သြားေတာ့မယ္ Hyeri ...Roseanneကို ေသခ်ာၾကည့္ေပးပါအုံး ဒါရိုက္တာႀကီးကိုလည္း အားကိုးပါတယ္ အလွဆုံးပုံေတြ ထြက္လာေအာင္ ရိုက္ေပးပါအုံး "
"ဟုတ္ကဲ့ဗ်ာ့ "
Jisoo မွာ ရိုက္ကြင္းကလူေတြကို ႏႈတ္ဆက္ၿပီး ရိုက္ကြင္းကေန ထြက္လာခဲ့သည္
"အေျခအေန ဘယ္လိုလည္း Hoony "
"သူ႕တိုက္ခန္းထဲမွာဘဲ ရွိေနတာမ်ားတယ္ လႈပ္ရွားတာမေတြ႕ရဘူး CEO "
"ဟုတ္ၿပီ သူ ဘယ္သြားတယ္ကအစ ငါ့ကို သတင္းပို႔ပါ ၿပီးေတာ့ Roseanneရဲ႕ အနားကိုလည္း အကပ္မခံနဲ႕ တစ္ခုခုဆို လွမ္းသတင္းေပး "
"ေကာင္းပါၿပီ CEO "
Jisoo ဖုန္းခ်ၿပီး ကားစက္ႏွိုးလိုက္သည္
Roseanne အနား Jennie ေရာက္မလာဖို႔ Jisoo လူယုံငွားၿပီး ေစာင့္ၾကည့္ခိုင္းထားသည္
Roseanne photoshoot ၿပီးေတာ့ အိမ္ကိုျပန္လာတယ္
ေရခ်ိဳးၿပီး ကုတင္ေပၚ ပစ္လွဲလိုက္ကာ အနားယူလိုက္သည္
Jisoo သူမကို သေဘာက်ေနမွန္း Roseanne သတိထားမိလာတယ္ေလ
ဒါေပမယ့္ Roseanneက အသည္းကြဲခါစျဖစ္ၿပီး Jennieကို Move on မျဖစ္နိုင္ေသးေတာ့.... ၿပီးေတာ့ Jisooကလည္း CEO ျဖစ္ေနေတာ့ Roseanne မသိခ်င္ေယာင္ဘဲ ေဆာင္ေနလိုက္သည္
ဒီေန႕ေတာ့ သီခ်င္းအသံသြင္းဖို႔အတြက္ Studioကို Roseanne ေရာက္ေနသည္
Jisooက ႀကိဳေရာက္ေနၿပီး သူမကို ၿပဳံးျပႏႈတ္ဆက္လိုက္တယ္
Mood အျပည့္နဲ႕ studioခန္းထဲ သီခ်င္းဆိုေနတဲ့ ေကာင္မေလးကို Jisoo မ်က္ေတာင္မခတ္ၾကည့္ေနမိသည္
ဒီေကာင္မေလးကို Videoတစ္ခုကေန ဒီေလာက္ထိ စြဲလန္းသြားလိမ့္မယ္လို႔ Jisoo ေတြးမထားမိခဲ့ေပ
Roseanneနဲ႕ စေတြ႕တဲ့ေန႕ကဆို Jisoo ေတာ္ေတာ္စိတ္လႈပ္ရွားေနမိၿပီး Roseanneမွာ ခ်စ္သူရွိမွန္း သိလိုက္ရတုံးကလည္း Jisoo စိတ္ေသာကေတာ္ေတာ္ေရာက္ခဲ့ေသးသည္
ယခုေတာ့ Roseanneက သူမေရွ႕ သူမမ်က္စိေအာက္မွာ ေရာက္ေနၿပီေလ.....
အရိပ္တၾကည့္ၾကည့္နဲ႕ ႏွင္းဆီပန္းပြင့္ေလးကို အလွပဆုံးျဖစ္ေအာင္ ပ်ိဳးေထာင္ရမယ္
"Yess. ..အေကာင္းဆုံးလုပ္နိုင္တာဘဲ "
Roseanne သီခ်င္းသြင္းၿပီးေနာက္ Studio ခန္းထဲကေန ထြက္လာခဲ့သည္
"အေကာင္းဆုံးႀကိဳးစားခဲ့တာဘဲ Roseanne. ..ေသခ်ာတယ္ ဒီdebutက လုံးဝကိုေပါက္မွာ "
"ေက်းဇူးတင္ပါတယ္ CEO "
Roseanne က ေက်းဇူးတင္စကားေျပာေတာ့ Jisoo နာရီကို တစ္ခ်က္ငုံ႕ၾကည့္လိုက္သည္
"ေန႕လည္စာစားခ်ိန္ေရာက္ၿပီဘဲ ေန႕လည္စာသြားစားၾကမလား Roseanne... "
"ဟို..."
"ငါ ဝယ္ေကြၽးပါမယ္ Debut ခါနီး စားေကာင္းေသာက္ဖြယ္ေတြ မ်ားမ်ားစားေပးရတယ္ "
"CEO ကြၽန္မ ခ်ိန္းထားတာေလးရွိလို႔ မလိုက္ေတာ့ဘူးေနာ္"
Hyeriက အလိုက္တသိနဲ႕ေရွာင္ေပးေတာ့ Jisoo သေဘာက်ၿပီး ေခါင္းညိတ္ျပလိုက္သည္
"ဒါဆို သြားရေအာင္ Roseanne "
Jisooနဲ႕ Roseanne စားေသာက္ဆိုင္တစ္ခုသို႔ သြားဖို႔ Entertainment ကေနထြက္လာခဲ့သည္
"မနက္ျဖန္ရယ္ သန္ဘက္ခါ Music video ရိုက္ကူးၿပီးရင္ လာမယ့္ ဗုဒၶဟူးေန႕က် Debutရၿပီေနာ္ Roseanne. ...."
"ဟုတ္တယ္ Jisoo. ..တကယ္ဘဲ ခုလိုျဖစ္လာမယ္လို႔မထင္ထားမိဘူး....သာမန္ အြန္လိုင္းအဆိုေတာ္ဘဝနဲ႕ဘဲ ကုန္ဆုံးရမယ္ထင္ေနတာ "
"ငါက Roseanneရဲ႕ Genie ေပါ့ Roseanne လိုခ်င္တာ Roseanne အိမ္မက္ေတြကို အကုန္ျဖည့္စည္းေပးမယ္ "
Jisooရဲ႕ စကားေၾကာင့္ Roseanne ၿပဳံးလိုက္သည္
"ေက်းဇူးတင္ပါတယ္ Roseanne. .."
မီးပြိုင့္မိေနေသာေၾကာင့္ သူမကိုၿပဳံးၿပီး ေက်းဇူးတင္စကားေျပာတဲ့ Roseanneကို Jisoo စိုက္ၾကည့္လိုက္သည္
"မလိုပါဘူး Roseanneရ "
Roseanneရဲ႕ ပါးေဖာင္းေဖာင္းေလးကို Jisoo လက္နဲ႕ဆြဲညွစ္လိုက္စဥ္ ကားတစ္စီးက သူမတို႔ကားေဘးနားရပ္လာတာကို Jisoo ေတြ႕လိုက္သည္
ကားထဲက လူက Jennieမွန္းလည္း Jisoo ေတြ႕ေရာ Jisoo ေခ်ာင္းဟန့္လိုက္သည္
"အဟမ္း...."
Roseanneကေတာ့ Jisooကိုဘဲ ၾကည့္ေနေသာေၾကာင့္ Jennieကားက ေဘးနားမွာရွိေနတာကို မသိေပ
"Oh Roseanne. .."
Jennieမွာ မီးပြိုင့္ကို အာ႐ုံစိုက္ရင္း Roseanneရဲ႕ နာမည္ကိုၾကားလို႔ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ အျမန္ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္သည္
"မ်က္ႏွာမွာ ဘာေတြေပေနတာလည္းမသိဘူး.... "
Roseanne ၾကား႐ုံေလာက္ေလးေျပာၿပီး Roseanneရဲ႕ မ်က္ႏွာနားေလးသို႔ ကပ္လာကာ မ်က္ႏွာေလးကိုလက္နဲ႕ကိုင္လိုက္သည္
Jennieမွာ ထိုျမင္ကြင္းကိုျမင္ၿပီး ေတာက္ေခါက္ကာ စီယာတိုင္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္
မီးပြိိုင့္လည္းမီးစိမ္းေရာ Jisooတို႔ေနာက္ကို Jennie မလွမ္းမကမ္းကေန လိုက္ေခ်ာင္းေလသည္
Jisooကလည္း ကားမွန္ကေန Jennieရဲ႕ ကားလိုက္လာတာကို သတိထားမိတယ္ေလ
စားေသာက္ဆိုင္ကို ေရာက္ေတာ့ Roseanneရဲ႕ ကားခါးပတ္ကို ျဖဳတ္ေပးလိုက္သည္
ထို႔ေနာက္ Roseanne ရဲ႕ လက္ကိုတြဲၿပီး စားေသာက္ဆိုင္ထဲေခၚသြားတယ္
Roseanneကေတာ့ ဘာမွမသိဘဲ Jisooေနာက္ပါသြားေပမယ့္ Jennieကေတာ့ သူမကို အဆက္အသြယ္ျဖတ္ၿပီး Jisooနဲ႕တြဲေနတယ္လို႔ Roseanne ကို အထင္လြဲသြားေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co