Truyen3h.Co

What's wrong with My Exes

Part 18

KimFany059

#unicode

တီတီ

ဒန်းပေါ်မှာ Lisa ကို Roseanne ထိုင်စောင့်နေရင်း ဆိုင်ကယ် ဟွန်းတီးသံကို ကြားလိုက်ရသည်

Roseanne အိမ်ရှေ့သွားကြည့်တော့ သူမကို ပြုံးပြပြီး လက်ပြနေတဲ့ Lisaကို တွေ့လိုက်ရသည်

"စောင့်နေရတာ ကြာသွားလား Roseanne "

Roseanne ခြံတံခါးကိုဖွင့်ပြီး Lisa ဆီ လျှောက်သွားလိုက်သည်

"မကြာသေးပါဘူး ခုနမှ ရေချိုးပြီး ခြံထဲဆင်းထိုင်နေတာ "

"လာ Roseanne ကျနော် ဦးထုပ်ဆောင်းပေးမယ်.. .ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းမှ လုံခြုံတာ ပြီးတော့ Roseanneက နာမည်ကြီး idolဆိုတော့ fanတွေ ရိပ်မိပြီး လိုက်လာကြလိမ့်မယ် "

Roseanneကို ဦးထုပ်ဆောင်းပေးနေတဲ့ Lisaကို Roseanne စိုက်ကြည့်နေမိသည်

"ရပြီ Roseanne ဘယ်ဆိုင်သွားကြမလည်း "

"ဟင့်အင်း ဆိုင်ကြီးတွေမှာ မထိုင်ချင်ဘူး street foodတွေ ဝယ်ပြီး ဟန်မြစ် တံတားအောက်မှာ ထိုင်စားကြမယ်လေ "

"ဟုတ်ပြီ Roseanne သဘောပါ ဒါဆို Street food ကောင်းကောင်းလေးရောင်းတဲ့ ဆိုင်လေး ကျနော်သိတယ် သွားကြတာပေါ့ တက် "

Roseanneလည်း Lisa ဆိုင်ကယ်ပေါ်တက်ခွလိုက်သည်

"ပြုတ်မကျအောင် ဖက်ထားနော် Roseanne "

Roseanneရဲ့ လက်နှစ်ဖက်ကို ဆွဲယူကာ သူမခါးပေါ်တင်လိုက်ရင်း Lisa ပြောလိုက်သည်

"တကယ် လက်ရဲဇက်ရဲ ကောင်မလေးဘဲ "

Lisaကို ကြည့်ရင်း Roseanne ကောက်ချက်ချလိုက်သည်

"Street foodမှာ ဘာစားချင်လည်း "

"တော့ပိုကီ corn dog ငါးအူချောင်း ကြက်ကြော် အစုံဘဲ "

ကလေးတစ်ယောက်လို စားချင်တာတွေ ပြောပြနေတဲ့ Roseanne အပြုအမူကြောင့် Lisa သဘောကျစွာ ရယ်လိုက်သည်

"စားချင်တာတွေများလှချည်လား ကျနော် အဲ့လောက်ထိ ဝယ်ကျွေးဖို့ ပိုက်ဆံမပါဘူးနော် "

"အောဟော တို့က ဝယ်ကျွေးမှာမို့ ဖုန်းဆက်ခေါ်ထားတာလေ စိတ်မပူနဲ့ တို့ဘဲ ရှင်းမှာပါ "

"Okkk. ...."

Lisa ဆိုင်ကယ်မောင်းရင်း လမ်းမှာ စတိုးဆိုင်တွေ့လို့ရပ်လိုက်သည်

"Roseanne ဆိုင်ကယ်ဦးထုပ်မှန်ချပြီး အထဲလိုက်လာခဲ့ ဒါကတော့ ကျနော် ဝယ်ကျွေးမှာ "

Lisaကတော့ စတိုးဆိုင်ထဲ ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥရယ် အအေးဗူးတွေဝယ်နေသည်

"ဆိုဂျူသောက်ချင်လို့ "

Lisaရဲ့ နားနားလေးသို့ ကပ်ပြောတဲ့ Roseanneကြောင့် Lisa ဆိုဂျူပါ ဝယ်လိုက်ရသည်

"အားးးးး လွတ်လပ်လိုက်တာ......အသက်ရှူရချောင်သွားပြီ.... "

"Roseanne ပြုတ်ကျမယ် သတိထားအုံး "

Lisa ဆိုင်ကယ်မောင်းရင်း အနောက်ကနေ လက်နှစ်ဖက်ဆန့်တန်းကာ အော်နေတဲ့ Roseanneကို စိတ်ပူလို့ ပြောနေသည်

"ပြုတ်မကျပါဘူး...."

"အေးပါကွာ မနိုင်ဘူး "

ဟန်မြစ်တံတားအောက်ရောက်တဲ့အခါမှာတော့ ခုံတန်းရှည်လေးတစ်ခုတွေ့လို့ Lisaတို့ ထိုင်လိုက်ကြသည်

"မြစ်လေ ကလည်း လက်ဆတ်နေတာဘဲ "

Roseanneက မြစ်လေကို အားပါးတရရှူနေစဥ် Lisaကတော့ မုန့်ထုပ်တွေကို သေချာစီနေသည်

"Roseanne ခေါက်ဆွဲပြုတ်ပူပူလေး စားလိုက်အုံးရော့ ...."

Lisa တူနှစ်ချောင်းကိုဖောက်ပေးပြီး ခေါက်ဆွဲဗူးကို ပေးလိုက်သည်

"ကြက်ဥပြုတ်ခွာပေးမယ်နေအုံး "

Lisa သူမရဲ့ ပြောင်နေတဲ့နဖူးကို ကြက်ဥခွာဖို့ အသုံးချလေသည်

ဂွတ်

အသံကျယ်ကြီးကြောင့် Roseanne တစ်ယောက် ခွီးကနဲရယ်လေသည်

"မနာဘူးလား Lisaရယ်..."

"Roseanneအတွက်ဘဲ မနာပါဘူး "

Lisa ကြက်ဥကို သေချာခွာပြီး Roseanne ခေါက်ဆွဲဗူးထဲ ထည့်လိုက်သည်

နှစ်ယောက်သား ခေါက်ဆွဲကို သေချာစားနေကြသည်

"ဟန်မြစ်ဘေးနား ခေါက်ဆွဲစားရတာ အရမ်းအရသာရှိတာဘဲ.....တကယ်တော့ Lisa တို့ ဆိုင်ကြီးတွေမှာ မင်းကို လိုက်မကျွေးချင်တာက ဆိုင်ကြီးတွေက မျက်လုံးပေါင်းစုံနဲ့ လွတ်လပ်မှုမရှိဘူး သိတယ်မလား အသက်ရှူရကြပ်တယ် "

"အင်း သိပါတယ် Roseanneကလည်း idolတစ်ယောက်ဆိုတော့ fanတွေက တစ်မျိုး Paparazzi တွေက တစ်မျိုး antiတွေက တစ်မျိုးနဲ့ အာရုံနောက်မှာပေါ့ "

"ဟုတ်တယ် ဒါကြောင့်မို့ Lisaကို ဒီလိုနေရာမှာ စားဖို့ပြောတာ "

Roseanne ပြောရင်း တော့ပိုကီကို နှိုက်စားလိုက်သည်

"တော့ပိုကီက ကောင်းသားဘဲ "

"ကျနော် နေ့တိုင်းနီးပါး ဝယ်စားနေကြဆိုင်လေ "

"Lisaက တော့ပိုကီကြိုက်တယ်လား "

"ဒါပေါ့ အရမ်းကြိုက်တာ...... ဝါးးးး အရမ်းသဘောကျပြီး ချစ်ရတဲ့ idolနဲ့ ဒီလိုနေရာမှာ မုန့်အတူစားရမယ်လို့ တစ်ခါမှတွေးမထားမိဘူး "

Lisaရဲ့ စကားကြောင့် Roseanne မုန့်စားရင်း ရယ်လိုက်သည်

"Lisaက ဘာလို့ တို့ကို သဘောကျတာလည်း အသံကြောင့်လား ရုပ်ကြောင့်လား "

"Roseanneဆိုတဲ့ ဖြစ်တည်မှုကြောင့် ချစ်နေမိတာ....ဘာကြောင့်ညာကြောင့်ဆိုတာထက် Roseanne ဖြစ်နေလို့ ချစ်တာ.... "

Lisaရဲ့ စကားကြောင့် Roseanne ဗိုက်ထဲ လိပ်ပြာတွေ ပျံသန်းသွားသလို ခံစားလိုက်ရသည်

"Lisaက တော်တော်စကားတတ်တယ်နော်...."

"တကယ်က Roseanne fansignတတ်နိုင်ရင် ပြောဖို့ စီထားတဲ့ စကားတွေလည်း အများကြီး ရှိခဲ့ဖူးတယ်.....အခု Roseanneကို အပြင်မှာ ကိုယ်တိုင်တွေ့လိုက်ရတော့ ပြောမယ့်စကားတွေ စီထားတာတွေတောင် မေ့ကုန်ပြီရယ် "

"Lisaနဲ့အတူရှိနေရတာ စိတ်ပေါ့ပါးစေတာဘဲ "

"ကျနော် တစ်ခုခုလုပ်မှာ မကြောက်ဘူးလား "

Lisaရဲ့ စကားကြောင့် Roseanne ခေါင်းခါလိုက်သည်

"ဟင့်အင်း မကြောက်ပါဘူး Lisaသာ တစ်ခုခု လုပ်ချင်ရင် ဟိုနေ့က တို့မူးနေတာကို အခွင့်အရေးယူလို့ရတာဘဲလေ ..... အခွင့်အရေးမယူဘဲ အိမ်ထိသေချာလိုက်ပို့ကတည်းက Lisa စိတ်ရင်းကို သိလိုက်ပြီးသားပါ "

Roseanne ဆိုဂျူပုလင်းဖောက်ရင်း ပြောလိုက်သည်

ထို့နောက် ဆိုဂျူတွေကို တစ်ခါသုံးခွက်နှစ်ခွက်ထဲထည့်လိုက်သည်

"Lisa သောက်လေ...."

Roseanne တစ်ယောက် Lisaကို ဆိုဂျူခွက်ပေးလိုက်သည်

"Roseanne ကြည့်ရတာ စိတ်ပင်ပန်းနေတဲ့ ပုံဘဲ အလုပ်တွေအရမ်းများလို့လား....."

"အင်း.... အလုပ်ကြောင့်ရော.... သူ့ကြောင့်ရော....."

"ဟင် သူ့ကြောင့် ဟုတ်လား..... သူက ဘယ်သူလည်း "

Lisa သိချင်လို့ မေးလိုက်သည်

"တို့ ရည်းစားဟောင်းပါ...."

Roseanneရဲ့ စကားကြောင့် Lisa အံ့သြသွားတယ်

"ဟမ် Roseanneမှာ ရည်းစားရှိခဲ့ဖူးတာလား "

"အင်း ရှိခဲ့ဖူးတယ် Lisaကို ယုံလို့ ရင်ဖွင့်တာနော်.... တို့မှာ ရင်ဖွင့်စရာမရှိဘူးရယ် "

ကိုယ် ချစ်ရတဲ့လူတစ်ယောက်ရဲ့ ရည်းစားဟောင်း အကြောင်း နားထောင်ရတာ Lisa အတွက်တော့ အဆင်မပြေပေ   

သို့သော်လည်း Roseanneမှာ ရင်ဖွင့်စရာလူမရှိဘူးဆိုတော့ Lisa နားထောင်ပေးရမှာပေါ့

"သူနဲ့ ဘယ််လိုဖြစ်လို့ ပျက်သွားတာလည်း....ကျနော့်ကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လို့ရတယ်နော် Roseanne. ..စိတ်ချ ကျနော် ဘယ်သူ့မှမပြောပြပါဘူး "

"သူက အရမ်းချုပ်ချယ်တယ် အပေါင်းအသင်းတွေနဲ့တွေ့တာလည်း မကြိုက်ဘူး အဲ့လိုတအားချုပ်ချယ်တော့ စိတ်အရမ်းပင်ပန်းလာတယ် ဒါကြောင့် သူ့ကိုဖျက်လိုက်တာ....."

"အင်း ဒါကြောင့် အခုတလော Roseanne အရမ်းမွန်းကြပ်နေတာကိုး "

"ဟုတ်တယ် ဒါပေမယ့် အခု Lisa ကြောင့် စိတ်က လွတ်လပ်သွားသလို ခံစားရပြီး အဆင်ပြေသွားတယ်"

"ဟုတ်လား ဒါဆို ရှေ့လျှောက် မွန်းကြပ်ရင် ကျနော့်ကို လှမ်းဆက်သွယ်လိုက်ပါ ဆိုင်ကယ်လျှောက်စီးကြမယ်...... "

"ဟုတ်ပြီ ဆက်သွယ်လိုက်မယ် "

"Roseanne သွားချင်တဲ့နေရာအကုန်လိုက်ပို့ပေးမယ် "

"Aigoo လိမ်မာလိုက်တဲ့ ကလေးလေး "

Roseanne တစ်ယောက် Lisaရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်ပြီး ပြောလိုက်သည်

"ဟားးးး မူးလာလို့ ခဏလှဲအိပ်ချင်လိုက်တာ Lisaရဲ့ ပေါင်ပေါ် ခဏအိပ်လို့ရလား "

"အိမ်ပြန်ကြမလား "

"ဟင့်အင်း Lisa ပေါင်ပေါ်အိပ်ချင်တာ "

Roseanne ပြောပြီး မုန့်တွေကို ဖယ်ကာ Lisa ပေါင်ပေါ်လှဲအိပ်လိုက်သည်

Lisaမှာ သူမအပေါ်ဝတ်ဂျာကင်ကို ချွတ်ပြီး Roseanne ကို ခြုံပေးလိုက်သည်

ထို့နောက် အိပ်နေတဲ့ Roseanneကို စိုက်ကြည့်ရင်း နမ်းချင်စိတ်များ ဖြစ်ပေါ်လာသည်

Roseanneကို ငါ နမ်းလိုက်ရမလား!

#tbc

#zawgyi

တီတီ

ဒန္းေပၚမွာ Lisa ကို Roseanne ထိုင္ေစာင့္ေနရင္း ဆိုင္ကယ္ ဟြန္းတီးသံကို ၾကားလိုက္ရသည္

Roseanne အိမ္ေရွ႕သြားၾကည့္ေတာ့ သူမကို ၿပဳံးျပၿပီး လက္ျပေနတဲ့ Lisaကို ေတြ႕လိုက္ရသည္

"ေစာင့္ေနရတာ ၾကာသြားလား Roseanne "

Roseanne ၿခံတံခါးကိုဖြင့္ၿပီး Lisa ဆီ ေလွ်ာက္သြားလိုက္သည္

"မၾကာေသးပါဘူး ခုနမွ ေရခ်ိဳးၿပီး ၿခံထဲဆင္းထိုင္ေနတာ "

"လာ Roseanne က်ေနာ္ ဦးထုပ္ေဆာင္းေပးမယ္.. .ဆိုင္ကယ္စီးရင္ ဦးထုပ္ေဆာင္းမွ လုံၿခဳံတာ ၿပီးေတာ့ Roseanneက နာမည္ႀကီး idolဆိုေတာ့ fanေတြ ရိပ္မိၿပီး လိုက္လာၾကလိမ့္မယ္ "

Roseanneကို ဦးထုပ္ေဆာင္းေပးေနတဲ့ Lisaကို Roseanne စိုက္ၾကည့္ေနမိသည္

"ရၿပီ Roseanne ဘယ္ဆိုင္သြားၾကမလည္း "

"ဟင့္အင္း ဆိုင္ႀကီးေတြမွာ မထိုင္ခ်င္ဘူး street foodေတြ ဝယ္ၿပီး ဟန္ျမစ္ တံတားေအာက္မွာ ထိုင္စားၾကမယ္ေလ "

"ဟုတ္ၿပီ Roseanne သေဘာပါ ဒါဆို Street food ေကာင္းေကာင္းေလးေရာင္းတဲ့ ဆိုင္ေလး က်ေနာ္သိတယ္ သြားၾကတာေပါ့ တက္ "

Roseanneလည္း Lisa ဆိုင္ကယ္ေပၚတက္ခြလိုက္သည္

"ျပဳတ္မက်ေအာင္ ဖက္ထားေနာ္ Roseanne "

Roseanneရဲ႕ လက္ႏွစ္ဖက္ကို ဆြဲယူကာ သူမခါးေပၚတင္လိုက္ရင္း Lisa ေျပာလိုက္သည္

"တကယ္ လက္ရဲဇက္ရဲ ေကာင္မေလးဘဲ "

Lisaကို ၾကည့္ရင္း Roseanne ေကာက္ခ်က္ခ်လိဳက္သည္

"Street foodမွာ ဘာစားခ်င္လည္း "

"ေတာ့ပိုကီ corn dog ငါးအူေခ်ာင္း ၾကက္ေၾကာ္ အစုံဘဲ "

ကေလးတစ္ေယာက္လို စားခ်င္တာေတြ ေျပာျပေနတဲ့ Roseanne အျပဳအမူေၾကာင့္ Lisa သေဘာက်စြာ ရယ္လိုက္သည္

"စားခ်င္တာေတြမ်ားလွခ်ည္လား က်ေနာ္ အဲ့ေလာက္ထိ ဝယ္ေကြၽးဖို႔ ပိုက္ဆံမပါဘူးေနာ္ "

"ေအာေဟာ တို႔က ဝယ္ေကြၽးမွာမို႔ ဖုန္းဆက္ေခၚထားတာေလ စိတ္မပူနဲ႕ တို႔ဘဲ ရွင္းမွာပါ "

"Okkk. ...."

Lisa ဆိုင္ကယ္ေမာင္းရင္း လမ္းမွာ စတိုးဆိုင္ေတြ႕လို႔ရပ္လိုက္သည္

"Roseanne ဆိုင္ကယ္ဦးထုပ္မွန္ခ်ၿပီး အထဲလိုက္လာခဲ့ ဒါကေတာ့ က်ေနာ္ ဝယ္ေကြၽးမွာ "

Lisaကေတာ့ စတိုးဆိုင္ထဲ ေခါက္ဆြဲျပဳတ္နဲ႕ ၾကက္ဥရယ္ အေအးဗူးေတြဝယ္ေနသည္

"ဆိုဂ်ဴေသာက္ခ်င္လို႔ "

Lisaရဲ႕ နားနားေလးသို႔ ကပ္ေျပာတဲ့ Roseanneေၾကာင့္ Lisa ဆိုဂ်ဴပါ ဝယ္လိုက္ရသည္

"အားးးးး လြတ္လပ္လိုက္တာ......အသက္ရႉရေခ်ာင္သြားၿပီ.... "

"Roseanne ျပဳတ္က်မယ္ သတိထားအုံး "

Lisa ဆိုင္ကယ္ေမာင္းရင္း အေနာက္ကေန လက္ႏွစ္ဖက္ဆန့္တန္းကာ ေအာ္ေနတဲ့ Roseanneကို စိတ္ပူလို႔ ေျပာေနသည္

"ျပဳတ္မက်ပါဘူး...."

"ေအးပါကြာ မနိုင္ဘူး "

ဟန္ျမစ္တံတားေအာက္ေရာက္တဲ့အခါမွာေတာ့ ခုံတန္းရွည္ေလးတစ္ခုေတြ႕လို႔ Lisaတို႔ ထိုင္လိုက္ၾကသည္

"ျမစ္ေလ ကလည္း လက္ဆတ္ေနတာဘဲ "

Roseanneက ျမစ္ေလကို အားပါးတရရႉေနစဥ္ Lisaကေတာ့ မုန့္ထုပ္ေတြကို ေသခ်ာစီေနသည္

"Roseanne ေခါက္ဆြဲျပဳတ္ပူပူေလး စားလိုက္အုံးေရာ့ ...."

Lisa တူႏွစ္ေခ်ာင္းကိုေဖာက္ေပးၿပီး ေခါက္ဆြဲဗူးကို ေပးလိုက္သည္

"ၾကက္ဥျပဳတ္ခြာေပးမယ္ေနအုံး "

Lisa သူမရဲ႕ ေျပာင္ေနတဲ့နဖူးကို ၾကက္ဥခြာဖို႔ အသုံးခ်ေလသည္

ဂြတ္

အသံက်ယ္ႀကီးေၾကာင့္ Roseanne တစ္ေယာက္ ခြီးကနဲရယ္ေလသည္

"မနာဘူးလား Lisaရယ္..."

"Roseanneအတြက္ဘဲ မနာပါဘူး "

Lisa ၾကက္ဥကို ေသခ်ာခြာၿပီး Roseanne ေခါက္ဆြဲဗူးထဲ ထည့္လိုက္သည္

ႏွစ္ေယာက္သား ေခါက္ဆြဲကို ေသခ်ာစားေနၾကသည္

"ဟန္ျမစ္ေဘးနား ေခါက္ဆြဲစားရတာ အရမ္းအရသာရွိတာဘဲ.....တကယ္ေတာ့ Lisa တို႔ ဆိုင္ႀကီးေတြမွာ မင္းကို လိုက္မေကြၽးခ်င္တာက ဆိုင္ႀကီးေတြက မ်က္လုံးေပါင္းစုံနဲ႕ လြတ္လပ္မႈမရွိဘူး သိတယ္မလား အသက္ရႉရၾကပ္တယ္ "

"အင္း သိပါတယ္ Roseanneကလည္း idolတစ္ေယာက္ဆိုေတာ့ fanေတြက တစ္မ်ိဳး Paparazzi ေတြက တစ္မ်ိဳး antiေတြက တစ္မ်ိဳးနဲ႕ အာ႐ုံေနာက္မွာေပါ့ "

"ဟုတ္တယ္ ဒါေၾကာင့္မို႔ Lisaကို ဒီလိုေနရာမွာ စားဖို႔ေျပာတာ "

Roseanne ေျပာရင္း ေတာ့ပိုကီကို ႏွိုက္စားလိုက္သည္

"ေတာ့ပိုကီက ေကာင္းသားဘဲ "

"က်ေနာ္ ေန႕တိုင္းနီးပါး ဝယ္စားေနၾကဆိုင္ေလ "

"Lisaက ေတာ့ပိုကီႀကိဳက္တယ္လား "

"ဒါေပါ့ အရမ္းႀကိဳက္တာ...... ဝါးးးး အရမ္းသေဘာက်ၿပီး ခ်စ္ရတဲ့ idolနဲ႕ ဒီလိုေနရာမွာ မုန့္အတူစားရမယ္လို႔ တစ္ခါမွေတြးမထားမိဘူး "

Lisaရဲ႕ စကားေၾကာင့္ Roseanne မုန့္စားရင္း ရယ္လိုက္သည္

"Lisaက ဘာလို႔ တို႔ကို သေဘာက်တာလည္း အသံေၾကာင့္လား ႐ုပ္ေၾကာင့္လား "

"Roseanneဆိုတဲ့ ျဖစ္တည္မႈေၾကာင့္ ခ်စ္ေနမိတာ....ဘာေၾကာင့္ညာေၾကာင့္ဆိုတာထက္ Roseanne ျဖစ္ေနလို႔ ခ်စ္တာ.... "

Lisaရဲ႕ စကားေၾကာင့္ Roseanne ဗိုက္ထဲ လိပ္ျပာေတြ ပ်ံသန္းသြားသလို ခံစားလိုက္ရသည္

"Lisaက ေတာ္ေတာ္စကားတတ္တယ္ေနာ္...."

"တကယ္က Roseanne fansignတတ္နိုင္ရင္ ေျပာဖို႔ စီထားတဲ့ စကားေတြလည္း အမ်ားႀကီး ရွိခဲ့ဖူးတယ္.....အခု Roseanneကို အျပင္မွာ ကိုယ္တိုင္ေတြ႕လိုက္ရေတာ့ ေျပာမယ့္စကားေတြ စီထားတာေတြေတာင္ ေမ့ကုန္ၿပီရယ္ "

"Lisaနဲ႕အတူရွိေနရတာ စိတ္ေပါ့ပါးေစတာဘဲ "

"က်ေနာ္ တစ္ခုခုလုပ္မွာ မေၾကာက္ဘူးလား "

Lisaရဲ႕ စကားေၾကာင့္ Roseanne ေခါင္းခါလိုက္သည္

"ဟင့္အင္း မေၾကာက္ပါဘူး Lisaသာ တစ္ခုခု လုပ္ခ်င္ရင္ ဟိုေန႕က တို႔မူးေနတာကို အခြင့္အေရးယူလို႔ရတာဘဲေလ ..... အခြင့္အေရးမယူဘဲ အိမ္ထိေသခ်ာလိုက္ပို႔ကတည္းက Lisa စိတ္ရင္းကို သိလိုက္ၿပီးသားပါ "

Roseanne ဆိုဂ်ဴပုလင္းေဖာက္ရင္း ေျပာလိုက္သည္

ထို႔ေနာက္ ဆိုဂ်ဴေတြကို တစ္ခါသုံးခြက္ႏွစ္ခြက္ထဲထည့္လိုက္သည္

"Lisa ေသာက္ေလ...."

Roseanne တစ္ေယာက္ Lisaကို ဆိုဂ်ဴခြက္ေပးလိုက္သည္

"Roseanne ၾကည့္ရတာ စိတ္ပင္ပန္းေနတဲ့ ပုံဘဲ အလုပ္ေတြအရမ္းမ်ားလို႔လား....."

"အင္း.... အလုပ္ေၾကာင့္ေရာ.... သူ႕ေၾကာင့္ေရာ....."

"ဟင္ သူ႕ေၾကာင့္ ဟုတ္လား..... သူက ဘယ္သူလည္း "

Lisa သိခ်င္လို႔ ေမးလိုက္သည္

"တို႔ ရည္းစားေဟာင္းပါ...."

Roseanneရဲ႕ စကားေၾကာင့္ Lisa အံ့ၾသသြားတယ္

"ဟမ္ Roseanneမွာ ရည္းစားရွိခဲ့ဖူးတာလား "

"အင္း ရွိခဲ့ဖူးတယ္ Lisaကို ယုံလို႔ ရင္ဖြင့္တာေနာ္.... တို႔မွာ ရင္ဖြင့္စရာမရွိဘူးရယ္ "

ကိုယ္ ခ်စ္ရတဲ့လူတစ္ေယာက္ရဲ႕ ရည္းစားေဟာင္း အေၾကာင္း နားေထာင္ရတာ Lisa အတြက္ေတာ့ အဆင္မေျပေပ   

သို႔ေသာ္လည္း Roseanneမွာ ရင္ဖြင့္စရာလူမရွိဘူးဆိုေတာ့ Lisa နားေထာင္ေပးရမွာေပါ့

"သူနဲ႕ ဘယ္္လိုျဖစ္လို႔ ပ်က္သြားတာလည္း....က်ေနာ့္ကို ယုံယုံၾကည္ၾကည္နဲ႕ ရင္ဖြင့္လို႔ရတယ္ေနာ္ Roseanne. ..စိတ္ခ် က်ေနာ္ ဘယ္သူ႕မွမေျပာျပပါဘူး "

"သူက အရမ္းခ်ဳပ္ခ်ယ္တယ္ အေပါင္းအသင္းေတြနဲ႕ေတြ႕တာလည္း မႀကိဳက္ဘူး အဲ့လိုတအားခ်ဳပ္ခ်ယ္ေတာ့ စိတ္အရမ္းပင္ပန္းလာတယ္ ဒါေၾကာင့္ သူ႕ကိုဖ်က္လိုက္တာ....."

"အင္း ဒါေၾကာင့္ အခုတေလာ Roseanne အရမ္းမြန္းၾကပ္ေနတာကိုး "

"ဟုတ္တယ္ ဒါေပမယ့္ အခု Lisa ေၾကာင့္ စိတ္က လြတ္လပ္သြားသလို ခံစားရၿပီး အဆင္ေျပသြားတယ္"

"ဟုတ္လား ဒါဆို ေရွ႕ေလွ်ာက္ မြန္းၾကပ္ရင္ က်ေနာ့္ကို လွမ္းဆက္သြယ္လိုက္ပါ ဆိုင္ကယ္ေလွ်ာက္စီးၾကမယ္...... "

"ဟုတ္ၿပီ ဆက္သြယ္လိုက္မယ္ "

"Roseanne သြားခ်င္တဲ့ေနရာအကုန္လိုက္ပို႔ေပးမယ္ "

"Aigoo လိမ္မာလိုက္တဲ့ ကေလးေလး "

Roseanne တစ္ေယာက္ Lisaရဲ႕ ပါးႏွစ္ဖက္ကို ဆြဲညွစ္ၿပီး ေျပာလိုက္သည္

"ဟားးးး မူးလာလို႔ ခဏလွဲအိပ္ခ်င္လိုက္တာ Lisaရဲ႕ ေပါင္ေပၚ ခဏအိပ္လို႔ရလား "

"အိမ္ျပန္ၾကမလား "

"ဟင့္အင္း Lisa ေပါင္ေပၚအိပ္ခ်င္တာ "

Roseanne ေျပာၿပီး မုန့္ေတြကို ဖယ္ကာ Lisa ေပါင္ေပၚလွဲအိပ္လိုက္သည္

Lisaမွာ သူမအေပၚဝတ္ဂ်ာကင္ကို ခြၽတ္ၿပီး Roseanne ကို ၿခဳံေပးလိုက္သည္

ထို႔ေနာက္ အိပ္ေနတဲ့ Roseanneကို စိုက္ၾကည့္ရင္း နမ္းခ်င္စိတ္မ်ား ျဖစ္ေပၚလာသည္

Roseanneကို ငါ နမ္းလိုက္ရမလား!

#tbc

Bạn đang đọc truyện trên: Truyen3h.Co