Truyen3h.Co

What's wrong with My Exes

Part 19

KimFany059

#unicode

"တောင်းပန်ပါတယ် Roseanne အခွင့်အရေးယူလိုက်သလို ဖြစ်သွားတယ်...."

ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေတဲ့ Roseanneကို စိတ်မထိန်းနိုင်လို့ Lisa ပြွတ်ခနဲ နမ်းလိုက်မိသည်

Lisaမှာ ချက်ချင်း သူ့အမှားကိုသိပြီး တောင်းပန်လိုက်ပေမယ့် Roseanne ဆီက ဘာတုံ့ပြန်မှုမှ မရပေ....

Roseanne စိတ်ဆိုးသွားပြီ ထင်လို့ Lisa ထပ်ပြီး ကြည့်လိုက်တော့ Roseanneမှာ အိပ်မောကျနေသည်

"အာ အိပ်ပျော်နေတာဘဲ တော်သေးတာပေါ့ မဟုတ်ရင် သူ့ကို နမ်းလို့ စိတ်ဆိုးနေလောက်မှာ.... "

Lisa သက်ပြင်းချလိုက်သလို Roseanneလည်း ခိုးပြီး သက်ပြင်းချလိုက်မိသည်

ဘာလို့ဆို Lisa သူမကိုနမ်းလိုက်တာ သိတယ်လေ Lisaက တောင်းပန်စကားပြောပေမယ့် သူမဘက်က ဘယ်လိုတုံ့ပြန်ရမှန်းမသိလို့ အိပ်ချင်ယောင်ဆောင်နေလိုက်ခြင်း ဖြစ်သည်

Lisaလည်း Roseanne ဆံကေသာလေးတွေကို လက်နဲ့ဖွဖွလေး ပွတ်ပေးရင်း

"Roseanne. ....ကျနော်အရမ်းသဘောကျချစ်မြတ်နိုး ရတဲ့ Idolနဲ့ အပြင်မှာ ဒီလိုအတူထိုင်ပြီး မုန့်စားရမယ်လို့လည်း တစ်ခါမှမတွေးဖူးဘူး.....Roseanne ပါးလေးကိုတော့ photocardတွေ ပိုစတာတွေကို ကြည့်ပြီး ခဏခဏ နမ်းဖူးတယ်....ဒါပေမယ့် အပြင်မှာ ဒီလို နမ်းခွင့်ရမယ်လို့ ....မထင်ခဲ့မိဘူး အိမ်မက်တွေတကယ်ဖြစ်လာတာကလည်း ရုပ်ရှင်ဆန်လိုက်တာ.....Tv screen ဖုန်း screenကနေဘဲ ငေးကြည့်ခဲ့ရတဲ့ Roseanneက အခု ကျနော့် ပေါင်ပေါ်မှာ လှဲအိပ်နေတယ်တဲ့လား....."

Lisa တစ်ယောက် အိပ်ချင်ယောင် Roseanneကို ကြည့်ရင်း စိတ်တွေလှုပ်ရှားနေသည်

Roseanneကတော့ အိပ်ချင်ယောင်ဆောင်ရင်း အိပ်ပျော်သွားတယ်

ခဏကြာသောအခါ

"Roseanne ဒီမှာဆက်အိပ်နေလို့မဖြစ်ဘူး ​လေအေးတွေတိုက်လို့ အအေးမိပြီး လည်ချောင်းနာလိမ့်မယ်....... ..."

Roseanneကို အအေးမိမှာဆိုးလို့ Lisa နှိုးလိုက်သည်

"ဟင် ဘယ်အချိန်ရှိသွားပြီလည်း..... "

"ဆယ်နာရီခွဲပြီ ညနက်နေပြီမို့လို့ ပြန်ကြစို့လေ...."

"ဟုတ်လား ဒါဆို ပြန်ကျစို့....."

Lisaတို့ မြစ်ကမ်းဘေးကနေ Roseanneအိမ်သို့ ပြန်လာကြသည်

အိမ်ပြန်လမ်းတစ်လျှောက်လုံး Lisaရဲ့ ခါးကိုဖက်ပြီး Roseanne လိုက်လာသည်

"ကျောပြင်ကြီးက နွေးထွေးလိုက်တာ.... "

"Roseanne တစ်ဘဝလုံးကိုပါ နွေးထွေးမှုပေးနိုင်တယ်သိလား...."

"အယ်.... "

ရုတ်တရက် Lisaက ထိုသို့ပြောသောကြောင့် Roseanne စိတ်လှုပ်ရှားရပြန်သည်

"ဒါကြောင့်မို့လို့ Roseanne စိတ်ညစ်စရာတွေရှိလာလို့ စိတ်မွန်းကြပ်ပင်ပန်းလာရင် ကျနော့်ဆီ ဖုန်းဆက်လိုက်ပါ ဆိုင်ကယ်လျှောက်စီးကြပြီး လျှောက်သွားကြမယ်လေ "

"ဟုတ်ပြီ Lisa တို့ အဲ့အခါကျ ဆက်သွယ်လိုက်မယ်.."

"ဒါဆို... Roseanne စိတ်မညစ်တဲ့အချိန်ကျရင်တော့ တွေ့ခွင့်မရဘူးပေါ့ "

"အယ် အဲ့လိုမဟုတ်ဘူးလေ Lisa ဘဲ စိတ်ညစ်ချိန်တိုင်း ဖုန်းဆက်ဆိုလို့ တို့က.... "

"စတာပါ Roseanneရ.....Roseanne ဘယ်အချိန်မှ ဆက်သွယ်ဆက်သွယ်ပါ ကျနော်ကတော့ Roseanneအတွက်ဆို အမြဲအဆင်သင့်ဘဲ "

"အင်း ကျေးဇူးတင်ပါတယ် Lisa "

Lisa တို့စကားပြောရင်းနဲ့ Roseanne အိမ်သို့ရောက်လာကြသည်

ဆိုင်ကယ်သံကြားလို့ Hyeri အိမ်ထဲကနေ ထွက်လာကြည့်တော့ ကောင်မလေးတစ်ယောက်ကို Roseanneက ရယ်မောပြီး စကားပြောနေတာကို တွေ့ရသည်

Roseanneရဲ့ ထိုအပြုံးတွေ.....မတွေ့ရတာတောင် Hyeri အတွက် အတော်ကြာပြီ....CEOနဲ့ ရည်းစားဖြစ်ခါစက Roseanne အပြုံးတွေ...ဒီလိုမျိုးဘဲ Roseanne ပြုံးနေခဲ့တာ.. .....

"နောက်မှတွေ့မယ်နော် ဂရုစိုက်မောင်းအုံး တာ့တာ.... "

"Ok bye ...."

Lisaလည်း သူမကို လက်ပြနှုတ်ဆက်လိုက်တဲ့ Roseanneကို လက်ပြန်ပြကာနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်သည်

"သူက ဘယ်သူလည်း "

ခြံထဲဝင်လာလာချင်း Hyeriရဲ့ မေးခွန်းကြောင့် Roseanne ခြေလှမ်းတွေ ရပ်တန့်သွားပြီး အပြုံးတွေလည်းပျောက်ကွယ်သွားသည်

"အသိတစ်ယောက်ပါ..."

"CEOနဲ့ စာချုပ်သက်တမ်းမကုန်သေးဘူးနော် မျက်နှာပျက်စရာတွေမလုပ်နဲ့ Roseanne "

"Chawက ဘာလုပ်နေလို့လည်း....."

"နင်ဘာလုပ်လည်းဆိုတာ နင်ကိုယ်တိုင်ဘဲ သိမှာပေါ့ ငါကတော့ ကိစ္စကြီးတွေမဖြစ်ချင်လို့ သတိပေးရုံ Roseanne "

"ကိစ္စကြီးဖြစ်ရအောင် Jisooနဲ့ chawက ​ပျက်သွားပြီလေ...... ဘာ​ဖြစ်ရမှာလည်း တကယ်ဘဲ စိတ်ရှုပ်လိုက်တာ '

Hyeriကို ဆောင့်အောင့်ပြီး အိမ်တံခါးကို Roseanne ဝုန်းခနဲ ပိတ်ချလိုက်သည် ထို့နောက် ဖိနပ်တွေကို ကန်ချွတ်ပြီး သူမအခန်းထဲ ဝင်သွားလိုက်သည်

"စိတ်ပျော်နေတာတောင်ပျောက်တယ် တကယ်ဘဲ အား "

Roseanne ရေချိုးခန်းထဲ မျက်နှာ ဝင်သစ်ရင်း အော်ဟစ်လိုက်သည်

သို့သော်လည်း Lisa က သူမကို အနမ်းပေးခဲ့တာကို Roseanne ပြန်သတိရပြီး Lisa နမ်းခဲ့တဲ့နေရာကို ကိုင်ကြည့်နေသည်

အတင့်ရဲလိုက်တာ.... ကြည့်ပါအုံး......ပြီးကျ နမ်းပြီးမှ လာတောင်းပန်နေတယ် လူဆိုးလေးဘဲ

"အားးးးးး ငါကတကယ်ကြီး Roseanneကို နမ်းခဲ့လိုက်တာလား.....ရက်စ် နောက်ဆုံးတော့ နံရံကပိုစတာကို နမ်းခဲ့ရတဲ့အခြေအနေက လွတ်ခဲ့ပြီ..... တော်ပါသေးရဲ့ Roseanneက အိပ်ပျော်နေလို့ မသိလိုက်တာ မဟုတ်ရင် သူစိတ်ဆိုးနေမှာ....Roseanneကို နမ်းခွင့်ရတဲ့ ဒီနှုတ်ခမ်းလေး အရမ်းကံကောင်းတာဘဲ.....နှ​မြောလို့ Roseanneက ဖုန်းဆက်မခေါ်ခင်ထိ သွားမတိုက်ဘဲနေပစ်မယ် "

Lisaတစ်ယောက် ပျော်လွန်းလို့ အခန်းထဲခုန်ပေါက်နေမိသည်

#tbc

#zawgyi

"ေတာင္းပန္ပါတယ္ Roseanne အခြင့္အေရးယူလိုက္သလို ျဖစ္သြားတယ္...."

ပါးေဖာင္းေဖာင္းေလးနဲ႕ခ်စ္စရာေကာင္းေနတဲ့ Roseanneကို စိတ္မထိန္းနိုင္လို႔ Lisa ႁပြတ္ခနဲ နမ္းလိုက္မိသည္

Lisaမွာ ခ်က္ခ်င္း သူ႕အမွားကိုသိၿပီး ေတာင္းပန္လိုက္ေပမယ့္ Roseanne ဆီက ဘာတုံ႕ျပန္မႈမွ မရေပ....

Roseanne စိတ္ဆိုးသြားၿပီ ထင္လို႔ Lisa ထပ္ၿပီး ၾကည့္လိုက္ေတာ့ Roseanneမွာ အိပ္ေမာက်ေနသည္

"အာ အိပ္ေပ်ာ္ေနတာဘဲ ေတာ္ေသးတာေပါ့ မဟုတ္ရင္ သူ႕ကို နမ္းလို႔ စိတ္ဆိုးေနေလာက္မွာ.... "

Lisa သက္ျပင္းခ်လိဳက္သလို Roseanneလည္း ခိုးၿပီး သက္ျပင္းခ်လိဳက္မိသည္

ဘာလို႔ဆို Lisa သူမကိုနမ္းလိုက္တာ သိတယ္ေလ Lisaက ေတာင္းပန္စကားေျပာေပမယ့္ သူမဘက္က ဘယ္လိုတုံ႕ျပန္ရမွန္းမသိလို႔ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္ျခင္း ျဖစ္သည္

Lisaလည္း Roseanne ဆံေကသာေလးေတြကို လက္နဲ႕ဖြဖြေလး ပြတ္ေပးရင္း

"Roseanne. ....က်ေနာ္အရမ္းသေဘာက်ခ်စ္ျမတ္နိုး ရတဲ့ Idolနဲ႕ အျပင္မွာ ဒီလိုအတူထိုင္ၿပီး မုန့္စားရမယ္လို႔လည္း တစ္ခါမွမေတြးဖူးဘူး.....Roseanne ပါးေလးကိုေတာ့ photocardေတြ ပိုစတာေတြကို ၾကည့္ၿပီး ခဏခဏ နမ္းဖူးတယ္....ဒါေပမယ့္ အျပင္မွာ ဒီလို နမ္းခြင့္ရမယ္လို႔ ....မထင္ခဲ့မိဘူး အိမ္မက္ေတြတကယ္ျဖစ္လာတာကလည္း ႐ုပ္ရွင္ဆန္လိုက္တာ.....Tv screen ဖုန္း screenကေနဘဲ ေငးၾကည့္ခဲ့ရတဲ့ Roseanneက အခု က်ေနာ့္ ေပါင္ေပၚမွာ လွဲအိပ္ေနတယ္တဲ့လား....."

Lisa တစ္ေယာက္ အိပ္ခ်င္ေယာင္ Roseanneကို ၾကည့္ရင္း စိတ္ေတြလႈပ္ရွားေနသည္

Roseanneကေတာ့ အိပ္ခ်င္ေယာင္ေဆာင္ရင္း အိပ္ေပ်ာ္သြားတယ္

ခဏၾကာေသာအခါ

"Roseanne ဒီမွာဆက္အိပ္ေနလို႔မျဖစ္ဘူး ေလေအးေတြတိုက္လို႔ အေအးမိၿပီး လည္ေခ်ာင္းနာလိမ့္မယ္....... ..."

Roseanneကို အေအးမိမွာဆိုးလို႔ Lisa ႏွိုးလိုက္သည္

"ဟင္ ဘယ္အခ်ိန္ရွိသြားၿပီလည္း..... "

"ဆယ္နာရီခြဲၿပီ ညနက္ေနၿပီမို႔လို႔ ျပန္ၾကစို႔ေလ...."

"ဟုတ္လား ဒါဆို ျပန္က်စိဳ႕....."

Lisaတို႔ ျမစ္ကမ္းေဘးကေန Roseanneအိမ္သို႔ ျပန္လာၾကသည္

အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး Lisaရဲ႕ ခါးကိုဖက္ၿပီး Roseanne လိုက္လာသည္

"ေက်ာျပင္ႀကီးက ႏြေးေထြးလိုက္တာ.... "

"Roseanne တစ္ဘဝလုံးကိုပါ ႏြေးေထြးမႈေပးနိုင္တယ္သိလား...."

"အယ္.... "

႐ုတ္တရက္ Lisaက ထိုသို႔ေျပာေသာေၾကာင့္ Roseanne စိတ္လႈပ္ရွားရျပန္သည္

"ဒါေၾကာင့္မို႔လို႔ Roseanne စိတ္ညစ္စရာေတြရွိလာလို႔ စိတ္မြန္းၾကပ္ပင္ပန္းလာရင္ က်ေနာ့္ဆီ ဖုန္းဆက္လိုက္ပါ ဆိုင္ကယ္ေလွ်ာက္စီးၾကၿပီး ေလွ်ာက္သြားၾကမယ္ေလ "

"ဟုတ္ၿပီ Lisa တို႔ အဲ့အခါက် ဆက္သြယ္လိုက္မယ္.."

"ဒါဆို... Roseanne စိတ္မညစ္တဲ့အခ်ိန္က်ရင္ေတာ့ ေတြ႕ခြင့္မရဘူးေပါ့ "

"အယ္ အဲ့လိုမဟုတ္ဘူးေလ Lisa ဘဲ စိတ္ညစ္ခ်ိန္တိုင္း ဖုန္းဆက္ဆိုလို႔ တို႔က.... "

"စတာပါ Roseanneရ.....Roseanne ဘယ္အခ်ိန္မွ ဆက္သြယ္ဆက္သြယ္ပါ က်ေနာ္ကေတာ့ Roseanneအတြက္ဆို အၿမဲအဆင္သင့္ဘဲ "

"အင္း ေက်းဇူးတင္ပါတယ္ Lisa "

Lisa တို႔စကားေျပာရင္းနဲ႕ Roseanne အိမ္သို႔ေရာက္လာၾကသည္

ဆိုင္ကယ္သံၾကားလို႔ Hyeri အိမ္ထဲကေန ထြက္လာၾကည့္ေတာ့ ေကာင္မေလးတစ္ေယာက္ကို Roseanneက ရယ္ေမာၿပီး စကားေျပာေနတာကို ေတြ႕ရသည္

Roseanneရဲ႕ ထိုအၿပဳံးေတြ.....မေတြ႕ရတာေတာင္ Hyeri အတြက္ အေတာ္ၾကာၿပီ....CEOနဲ႕ ရည္းစားျဖစ္ခါစက Roseanne အၿပဳံးေတြ...ဒီလိုမ်ိဳးဘဲ Roseanne ၿပဳံးေနခဲ့တာ.. .....

"ေနာက္မွေတြ႕မယ္ေနာ္ ဂ႐ုစိုက္ေမာင္းအုံး တာ့တာ.... "

"Ok bye ...."

Lisaလည္း သူမကို လက္ျပႏႈတ္ဆက္လိုက္တဲ့ Roseanneကို လက္ျပန္ျပကာႏႈတ္ဆက္ၿပီး ထြက္လာခဲ့လိုက္သည္

"သူက ဘယ္သူလည္း "

ၿခံထဲဝင္လာလာခ်င္း Hyeriရဲ႕ ေမးခြန္းေၾကာင့္ Roseanne ေျခလွမ္းေတြ ရပ္တန့္သြားၿပီး အၿပဳံးေတြလည္းေပ်ာက္ကြယ္သြားသည္

"အသိတစ္ေယာက္ပါ..."

"CEOနဲ႕ စာခ်ဳပ္သက္တမ္းမကုန္ေသးဘူးေနာ္ မ်က္ႏွာပ်က္စရာေတြမလုပ္နဲ႕ Roseanne "

"Chawက ဘာလုပ္ေနလို႔လည္း....."

"နင္ဘာလုပ္လည္းဆိုတာ နင္ကိုယ္တိုင္ဘဲ သိမွာေပါ့ ငါကေတာ့ ကိစၥႀကီးေတြမျဖစ္ခ်င္လို႔ သတိေပး႐ုံ Roseanne "

"ကိစၥႀကီးျဖစ္ရေအာင္ Jisooနဲ႕ chawက ပ်က္သြားၿပီေလ...... ဘာျဖစ္ရမွာလည္း တကယ္ဘဲ စိတ္ရႈပ္လိုက္တာ '

Hyeriကို ေဆာင့္ေအာင့္ၿပီး အိမ္တံခါးကို Roseanne ဝုန္းခနဲ ပိတ္ခ်လိဳက္သည္ ထို႔ေနာက္ ဖိနပ္ေတြကို ကန္ခြၽတ္ၿပီး သူမအခန္းထဲ ဝင္သြားလိုက္သည္

"စိတ္ေပ်ာ္ေနတာေတာင္ေပ်ာက္တယ္ တကယ္ဘဲ အား "

Roseanne ေရခ်ိဳးခန္းထဲ မ်က္ႏွာ ဝင္သစ္ရင္း ေအာ္ဟစ္လိုက္သည္

သို႔ေသာ္လည္း Lisa က သူမကို အနမ္းေပးခဲ့တာကို Roseanne ျပန္သတိရၿပီး Lisa နမ္းခဲ့တဲ့ေနရာကို ကိုင္ၾကည့္ေနသည္

အတင့္ရဲလိုက္တာ.... ၾကည့္ပါအုံး......ၿပီးက် နမ္းၿပီးမွ လာေတာင္းပန္ေနတယ္ လူဆိုးေလးဘဲ

"အားးးးးး ငါကတကယ္ႀကီး Roseanneကို နမ္းခဲ့လိုက္တာလား.....ရက္စ္ ေနာက္ဆုံးေတာ့ နံရံကပိုစတာကို နမ္းခဲ့ရတဲ့အေျခအေနက လြတ္ခဲ့ၿပီ..... ေတာ္ပါေသးရဲ႕ Roseanneက အိပ္ေပ်ာ္ေနလို႔ မသိလိုက္တာ မဟုတ္ရင္ သူစိတ္ဆိုးေနမွာ....Roseanneကို နမ္းခြင့္ရတဲ့ ဒီႏႈတ္ခမ္းေလး အရမ္းကံေကာင္းတာဘဲ.....ႏွေျမာလို႔ Roseanneက ဖုန္းဆက္မေခၚခင္ထိ သြားမတိုက္ဘဲေနပစ္မယ္ "

Lisaတစ္ေယာက္ ေပ်ာ္လြန္းလို႔ အခန္းထဲခုန္ေပါက္ေနမိသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co