Truyen3h.Co

What's wrong with My Exes

Part 21

KimFany059

#unicode

Comebackအတွက်
Roseanne တစ်ယောက် နာမည်ကြီး ဟိုတယ်တစ်ခုတွင် Photoshoot ရိုက်ကူးနေသည်

"ကဒ် နောက် ဝတ်စုံတစ်စုံ ထပ်လဲမယ် Roseanne "

Roseanne ဝတ်စုံလဲပြီး မိတ်ကပ်စတိုင်ပါပြောင်းနေစဉ် Hyeriကတော့ ဘေးနားကနေ ပန်ကာသေးသေးလေးကိုကိုင်ကာ ရပ်နေသည်

"ဒီတစ်ခါ comeback Concept က မိုက်တယ်နော် psycho ပုံစံနဲ့ နင်လည်းလိုက်တယ် Roseanne "

Hyeriကပြောတော့ Roseanne ပြုံးလိုက်သည်

"Unnieက Chawကို Psycho လို့ပြောတာလား "

"အယ် အဲ့လိုမပြောပါဘူးနော် ရှင့်ဘာသာ ရှင် ကောက်တွေးလိုက်တာ ကျွန်မ မသိပါ ကျွန်မက ရိုးရိုးသားသား ပြောတာပါ "

"ဟွန့် "

Hyeriကို Roseanne မျက်စောင်းထိုးပစ်လိုက်သည်

"ရိုက်ကူးရေးပြန်စမယ် ဒီတစ်ခါ ရေကူးကန်ဘက် သွားရိုက်ကြမယ် ရေကူးကန်ထဲဆင်းပြီး ကျွန်တော်ပြောတဲ့အတိုင်း ရိုက်မယ်နော် "

ဒါရိုက်တာကရောက်လာပြီး ပြောတော့ Roseanne လည်း Hyeriနဲ့အတူ ရေကူးကန်ဘက်သို့ ထွက်လာသည်

"တော်သေးတယ် နွေရာသီ ဖြစ်နေလို့ မဟုတ်ရင် ရှင်တော့ အအေးဒဏ်ကြောင့် ဖျားနေမှာ"

Hyeriနဲ့ စကားပြောရင်း ဟိုတယ်ရေကူးကန်ဘက်သွားနေစဉ် ဟိုတယ်ထဲက စားသောက်ဆိုင်ထဲတွင် သူမကို ပြုံးပြပြီး လက်ပြနှုတ်ဆက်နေတဲ့ Lisaကို တွေ့လိုက်ရသည်

"Lisa?"

Hyeriမှာ Roseanneစကားကြောင့် Lisaကို မြင်တော့ မျက်မှောင်ကြုတ်ပြီး

"သူ ထပ်ပြီး... နင် နင့် schedule တွေအကြောင်း သူ့ကိုပြောပြထားလား "

"ဒီဟိုတယ်မှာ photoshoot ရိုက်မယ်ဆိုတာဘဲ ပြောပြဖူးတာ ရိုက်မယ့်နေ့တော့ မပြောပြဘူး "

"ဒါဆို သူက ဒီကို ဘယ်လိုရောက်လာတာလည်း "

"မုန့်စားဖို့လာတာနေမှာပေါ့ "

"နင့်ကို stalk နေတာများလား ထားပါ နောက်ကျနေမယ် လာ သွားကြစို့ "

Roseanne ရေကူးကန်ထဲ ရိုက်ကူးရေးပြီးနောက် ရေချိုး အဝတ်အစားလဲ ရေပြောင်အောင် သုတ်ပြီး photoshoot ရိုက်ပြီးလို့ သူမကားပေါ်သို့တက်လာသည်

ကားပေါ်ရောက်တော့ Lisaဆီက Message ဝင်နေတာ တွေ့ပြီး ဖွင့်ဖတ်လိုက်သည်

Photoshootက ဘယ်အချိန်ပြီးမှာလည်း

အခုပြီးပြီ Lisa. ...

ဒါဆို အခု အိမ်ကိုပြန်တော့မှာပေါ့နော်

ဟုတ်တယ် Lisa

ဒါဆို အိမ်ရှေ့မှာ ကိုယ် အမဲနံရိုးစွပ်ပြုတ်ထားထားမယ် တံခါးပေါက်မှာချိတ်ထားမှာမို့ ယူသောက်လိုက်နော် ရေကူးကန်မှာ အကြာကြီး ဓာတ်ပုံရိုက်ထားရတော့ နွေးသွားအောင်သောက်လိုက်နော်

နင်မလာဘူးလား Lisa

Bankကို ငွေသွားထုတ်ရမှာမို့လို့ မလာဖြစ်ဘူး မနက်က အဲ့ဟိုတယ်မှာ အလုပ်ကိစ္စကြောင့် အသိတစ်ယောက်နဲ့ လာတွေ့တာ ချစ်င ဒီနေ့ photoshoot ရိုက်ကူးတာလား

အော် အင်း ဟုတ်တယ် ဒီနေ့ရိုက်ဖြစ်တာ အင်းပါ မလာနိုင်လည်း ရပါတယ်

ချစ်တယ်နော်

အင်း ငါရောဘဲ

Roseanneလည်း ပင်ပန်းလို့ ကားပေါ်အိပ်လိုက်လာသည်

သူမအိမ်ကိုပြန်ရောက်လာတဲ့အခါကျရင်တော့ ခြံစည်းရိုး တံခါးတွင်ချိတ်ထားတဲ့ Lisaပေးတဲ အမဲရိုး စွပ်ပြုတ်ကိုတွေ့ရလေသည်

"Roseanne အဲ့တာကြီးမယူနဲ့ ဘယ်ကဟာကြီးမှန်းမသိ ဘေးအိမ်က လွှင့်ပစ်ထားတာဆို ဘယ်လိုလုပ်မလည်း "

Hyeriရဲ့ စကားကြောင့် Roseanneမွာ စွပ်ပြုတ်ယူရင်း တွန့်သွားသည်

"အာ Unnieကလည်း အဲ့တာ Lisa လာပေးတဲ့ စွပ်ပြုတ်ပါ ဘယ်နှယ့် သူများကောင်မလေးပေးတာကို ပြောရက်တာ "

"အော် ငါလည်းမသိဘူးလေဟယ် အကြွင်းအကျန်တွေများ လာချိတ်တာလားလို့ တွေးမိလို့ပါ "

"ဟွန့်...."

Hyeriကို မျက်စောင်းထိုးပြီး Roseanne မှာ စွပ်ပြုတ်ဗူးကိုပိုက်ကာ အိမ်ထဲကို ဝင်သွားသည်

🌃🌃🌃🌃🌃🌃🌃🌃🌃

"Hello Goeun Unnieလား... coffee truck ပို့ပေးလို့ ကျေးဇူးတင်ပါတယ် Unnie ဘယ်နေ့အားလည်း coffeeသွားသောက်ရအောင် Chaw ဝယ်တိုက်မယ် "

Music Video ရိုက်ကူးရေးသို့ coffee truckပို့ပေးတဲ့ Goeunကို ကျေးဇူးတင်တဲ့အနေနဲ့ coffee လိုက်တိုက်ချင်လို့ ဖုန်းဆက်လိုက်သည် 

"အမေလး အချင်းချင်းကို ကျေးဇူးတင်စရာမလိုပါဘူး .....တွေ့ကြတာပေါ့ ရှင်နဲ့ မတွေ့ရတာအတော်ကြာပေါ့ Sundayအားတယ် သောက်နေကြ ကော်ဖီဆိုင်မှာ တွေ့ကြမယ်လေ "

"ဟုတ်ပြီ Unnie ...."

Lisa phone သုံးနေတုံး Roseanne ပုံတင်ကြောင်း Instagram ကနေ Noti ဝင်လာသည်

Roseanne  တင်ထားတဲ့ပုံကို ကြည့်တော့ Goeunကို ကျေးဇူးတင်ကြောင်း coffe truckပုံကို Tagတွဲတင်ထားတာကို တွေ့လိုက်ရသည်

ကျေးဇူးတင်ရင် Sundayကျ တွေ့နေကြ Coffee ဆိုင်မှာ coffee လိုက်တိုက်ပါ ^_^

Goeunရဲ့ commentကို ဖတ်ပြီး Lisa မျက်မှောင်ကြုတ်သွားတယ်

ဘာလား နှစ်ယောက်တည်း coffee သွားသောက်မှာလား

Lisa မျက်မှောင်ကြုတ်ပြီး ရေရွတ်ကာ Goeunရဲ့ account ထဲ ဝင်မွှေလိုက်သည်

Goeun သောက်နေကျ coffeeဆိုင်နဲ့ Roseanne ကို tagတွဲတင်ထားတဲ့ coffeeဆိုင်တွေကို စာရင်းပြုစုလိုက်သည်

Sundayမှာတော့ Roseanne တစ်​ယောက် ချိန်းထားတဲ့ Coffee ဆိုင်ကို ရောက်လာသည်

"ငါ ဒီမှာ "

Goeunက လက်ပြတော့ Roseanneလည်း Goeunဆီ သွားလိုက်သည်

Goeunဆီ သွားရင်း သူမရင်းနှီးတဲ့ ရေမွှေးအနံ့ကို Roseanne ရှူရှိုက်မိတော့ ခြေလှမ်းတွေ ရပ်သွားပြီး coffeeဆိုင်ထဲကို လှည့်ပတ်ကြည့်မိသွားတယ်

Goeunနဲ့နှစ်ခုံကျော်လောက်မှာ စာအုပ်ဖတ်နေတဲ့ Lisaကို Roseanne တွေ့တော့ စိတ်ထဲ နည်းနည်း မသက်မသာဖြစ်လာတယ်

သူမ သွားတဲ့နေရာတိုင်းမှာ Lisaက ရှိနေတာ တိုက်ဆိုင်တာထက် ထူးဆန်းလွန်းနေပြီ

Hyeriပြောသလို Lisaက သူမကို stalkနေတာလား

သမီးရည်းစားအချင်းချင်း stalkစရာမလိုဘူး မဟုတ်လား Goeunနဲ့ သူမကလည်း သူငယ်ချင်းတွေဆိုတာ publicကလည်း သိထားပြီးသား

သူမဖန်ဖြစ်တဲ့ Lisaကလည်း သိနေပြီးသားဖြစ်မှာလေ

ဒါပေမယ့် ဘာလို့ Lisaက ဒီကိုရောက်လာနေတာလည်း.... ထပ်ပြီး တိုက်ဆိုင်တာနေမှာပါလေလို့ Roseanne တွေးလိုက်ပြီး Lisaကို တစ်ချက်လှမ်းကြည့်လိုက်သည်

Lisaကတော့ သူမကိုမကြည့်ဘဲ စာဖတ်နေသောကြောင့် Roseanneလည်း မနှုတ်ဆက်ဘဲ Goeunရှေ့ ဝင်ထိုင်လိုက်သည်

Goeunနဲ့ စကားပြောနေပေမယ့်လည်း Roseanne စိတ်ထဲမတင်မကျ ဖြစ်နေပြီး နောက်ကျော မလုံသလိုခံစားရသည်

#tbc

#Zawgyi

Comeback အတြက္ Roseanne တစ္ေယာက္ နာမည္ႀကီး ဟိုတယ္တစ္ခုတြင္ Photoshoot ရိုက္ကူးေနသည္

"ကဒ္ ေနာက္ ဝတ္စုံတစ္စုံ ထပ္လဲမယ္ Roseanne "

Roseanne ဝတ္စုံလဲၿပီး မိတ္ကပ္စတိုင္ပါေျပာင္းေနစဥ္ Hyeriကေတာ့ ေဘးနားကေန ပန္ကာေသးေသးေလးကိုကိုင္ကာ ရပ္ေနသည္

"ဒီတစ္ခါ comeback Concept က မိုက္တယ္ေနာ္ psycho ပုံစံနဲ႕ နင္လည္းလိုက္တယ္ Roseanne "

Hyeriကေျပာေတာ့ Roseanne ၿပဳံးလိုက္သည္

"Unnieက Chawကို Psycho လို႔ေျပာတာလား "

"အယ္ အဲ့လိုမေျပာပါဘူးေနာ္ ရွင့္ဘာသာ ရွင္ ေကာက္ေတြးလိုက္တာ ကြၽန္မ မသိပါ ကြၽန္မက ရိုးရိုးသားသား ေျပာတာပါ "

"ဟြန႔္ "

Hyeriကို Roseanne မ်က္ေစာင္းထိုးပစ္လိုက္သည္

"ရိုက္ကူးေရးျပန္စမယ္ ဒီတစ္ခါ ေရကူးကန္ဘက္ သြားရိုက္ၾကမယ္ ေရကူးကန္ထဲဆင္းၿပီး ကြၽန္ေတာ္ေျပာတဲ့အတိုင္း ရိုက္မယ္ေနာ္ "

ဒါရိုက္တာကေရာက္လာၿပီး ေျပာေတာ့ Roseanne လည္း Hyeriနဲ႕အတူ ေရကူးကန္ဘက္သို႔ ထြက္လာသည္

"ေတာ္ေသးတယ္ ႏြေရာသီ ျဖစ္ေနလို႔ မဟုတ္ရင္ ရွင္ေတာ့ အေအးဒဏ္ေၾကာင့္ ဖ်ားေနမွာ"

Hyeriနဲ႕ စကားေျပာရင္း ဟိုတယ္ေရကူးကန္ဘက္သြားေနစဥ္ ဟိုတယ္ထဲက စားေသာက္ဆိုင္ထဲတြင္ သူမကို ၿပဳံးျပၿပီး လက္ျပႏႈတ္ဆက္ေနတဲ့ Lisaကို ေတြ႕လိုက္ရသည္

"Lisa?"

Hyeriမွာ Roseanneစကားေၾကာင့္ Lisaကို ျမင္ေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး

"သူ ထပ္ၿပီး... နင္ နင့္ schedule ေတြအေၾကာင္း သူ႕ကိုေျပာျပထားလား "

"ဒီဟိုတယ္မွာ photoshoot ရိုက္မယ္ဆိုတာဘဲ ေျပာျပဖူးတာ ရိုက္မယ့္ေန႕ေတာ့ မေျပာျပဘူး "

"ဒါဆို သူက ဒီကို ဘယ္လိုေရာက္လာတာလည္း "

"မုန႔္စားဖို႔လာတာေနမွာေပါ့ "

"နင့္ကို stalk ေနတာမ်ားလား ထားပါ ေနာက္က်ေနမယ္ လာ သြားၾကစို႔ "

Roseanne ေရကူးကန္ထဲ ရိုက္ကူးေရးၿပီးေနာက္ ေရခ်ိဳး အဝတ္အစားလဲ ေရေျပာင္ေအာင္ သုတ္ၿပီး photoshoot ရိုက္ၿပီးလို႔ သူမကားေပၚသို႔တက္လာသည္

ကားေပၚေရာက္ေတာ့ Lisaဆီက Message ဝင္ေနတာ ေတြ႕ၿပီး ဖြင့္ဖတ္လိုက္သည္

Photoshootက ဘယ္အခ်ိန္ၿပီးမွာလည္း

အခုၿပီးၿပီ Lisa. ...

ဒါဆို အခု အိမ္ကိုျပန္ေတာ့မွာေပါ့ေနာ္

ဟုတ္တယ္ Lisa

ဒါဆို အိမ္ေရွ႕မွာ ကိုယ္ အမဲနံရိုးစြပ္ျပဳတ္ထားထားမယ္ တံခါးေပါက္မွာခ်ိတ္ထားမွာမို႔ ယူေသာက္လိုက္ေနာ္ ေရကူးကန္မွာ အၾကာႀကီး ဓာတ္ပုံရိုက္ထားရေတာ့ ႏြေးသြားေအာင္ေသာက္လိုက္ေနာ္

နင္မလာဘူးလား Lisa

Bankကို ေငြသြားထုတ္ရမွာမို႔လို႔ မလာျဖစ္ဘူး မနက္က အဲ့ဟိုတယ္မွာ အလုပ္ကိစၥေၾကာင့္ အသိတစ္ေယာက္နဲ႕ လာေတြ႕တာ ခ်စ္င ဒီေန႕ photoshoot ရိုက္ကူးတာလား

ေအာ္ အင္း ဟုတ္တယ္ ဒီေန႕ရိုက္ျဖစ္တာ အင္းပါ မလာနိုင္လည္း ရပါတယ္

ခ်စ္တယ္ေနာ္

အင္း ငါေရာဘဲ

Roseanneလည္း ပင္ပန္းလို႔ ကားေပၚအိပ္လိုက္လာသည္

သူမအိမ္ကိုျပန္ေရာက္လာတဲ့အခါက်ရင္ေတာ့ ၿခံစည္းရိုး တံခါးတြင္ခ်ိတ္ထားတဲ့ Lisaေပးတဲ အမဲရိုး စြပ္ျပဳတ္ကိုေတြ႕ရေလသည္

"Roseanne အဲ့တာႀကီးမယူနဲ႕ ဘယ္ကဟာႀကီးမွန္းမသိ ေဘးအိမ္က လႊင့္ပစ္ထားတာဆို ဘယ္လိုလုပ္မလည္း "

Hyeriရဲ႕ စကားေၾကာင့္ Roseanneမြာ စြပ္ျပဳတ္ယူရင္း တြန႔္သြားသည္

"အာ Unnieကလည္း အဲ့တာ Lisa လာေပးတဲ့ စြပ္ျပဳတ္ပါ ဘယ္ႏွယ့္ သူမ်ားေကာင္မေလးေပးတာကို ေျပာရက္တာ "

"ေအာ္ ငါလည္းမသိဘူးေလဟယ္ အႂကြင္းအက်န္ေတြမ်ား လာခ်ိတ္တာလားလို႔ ေတြးမိလို႔ပါ "

"ဟြန႔္...."

Hyeriကို မ်က္ေစာင္းထိုးၿပီး Roseanne မွာ စြပ္ျပဳတ္ဗူးကိုပိုက္ကာ အိမ္ထဲကို ဝင္သြားသည္

"Hello Goeun Unnieလား... coffee truck ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္ Unnie ဘယ္ေန႕အားလည္း coffeeသြားေသာက္ရေအာင္ Chaw ဝယ္တိုက္မယ္ "

Music Video ရိုက္ကူးေရးသို႔ coffee truckပို႔ေပးတဲ့ Goeunကို ေက်းဇူးတင္တဲ့အေနနဲ႕ coffee လိုက္တိုက္ခ်င္လို႔ ဖုန္းဆက္လိုက္သည္ 

"အေမလး အခ်င္းခ်င္းကို ေက်းဇူးတင္စရာမလိုပါဘူး .....ေတြ႕ၾကတာေပါ့ ရွင္နဲ႕ မေတြ႕ရတာအေတာ္ၾကာေပါ့ Sundayအားတယ္ ေသာက္ေနၾက ေကာ္ဖီဆိုင္မွာ ေတြ႕ၾကမယ္ေလ "

"ဟုတ္ၿပီ Unnie ...."

Lisa phone သုံးေနတုံး Roseanne ပုံတင္ေၾကာင္း Instagram ကေန Noti ဝင္လာသည္

Roseanne  တင္ထားတဲ့ပုံကို ၾကည့္ေတာ့ Goeunကို ေက်းဇူးတင္ေၾကာင္း coffe truckပုံကို Tagတြဲတင္ထားတာကို ေတြ႕လိုက္ရသည္

ေက်းဇူးတင္ရင္ Sundayက် ေတြ႕ေနၾက Coffee ဆိုင္မွာ coffee လိုက္တိုက္ပါ ^_^

Goeunရဲ႕ commentကို ဖတ္ၿပီး Lisa မ်က္ေမွာင္ၾကဳတ္သြားတယ္

ဘာလား ႏွစ္ေယာက္တည္း coffee သြားေသာက္မွာလား

Lisa မ်က္ေမွာင္ၾကဳတ္ၿပီး ေရ႐ြတ္ကာ Goeunရဲ႕ account ထဲ ဝင္ေမႊလိုက္သည္

Goeun ေသာက္ေနက် coffeeဆိုင္နဲ႕ Roseanne ကို tagတြဲတင္ထားတဲ့ coffeeဆိုင္ေတြကို စာရင္းျပဳစုလိုက္သည္

Sundayမွာေတာ့ Roseanne တစ္ေယာက္ ခ်ိန္းထားတဲ့ Coffee ဆိုင္ကို ေရာက္လာသည္

"ငါ ဒီမွာ "

Goeunက လက္ျပေတာ့ Roseanneလည္း Goeunဆီ သြားလိုက္သည္

Goeunဆီ သြားရင္း သူမရင္းႏွီးတဲ့ ေရေမႊးအနံ႕ကို Roseanne ရႉရွိုက္မိေတာ့ ေျခလွမ္းေတြ ရပ္သြားၿပီး coffeeဆိုင္ထဲကို လွည့္ပတ္ၾကည့္မိသြားတယ္

Goeunနဲ႕ႏွစ္ခုံေက်ာ္ေလာက္မွာ စာအုပ္ဖတ္ေနတဲ့ Lisaကို Roseanne ေတြ႕ေတာ့ စိတ္ထဲ နည္းနည္း မသက္မသာျဖစ္လာတယ္

သူမ သြားတဲ့ေနရာတိုင္းမွာ Lisaက ရွိေနတာ တိုက္ဆိုင္တာထက္ ထူးဆန္းလြန္းေနၿပီ

Hyeriေျပာသလို Lisaက သူမကို stalkေနတာလား

သမီးရည္းစားအခ်င္းခ်င္း stalkစရာမလိုဘူး မဟုတ္လား Goeunနဲ႕ သူမကလည္း သူငယ္ခ်င္းေတြဆိုတာ publicကလည္း သိထားၿပီးသား

သူမဖန္ျဖစ္တဲ့ Lisaကလည္း သိေနၿပီးသားျဖစ္မွာေလ

ဒါေပမယ့္ ဘာလို႔ Lisaက ဒီကိုေရာက္လာေနတာလည္း.... ထပ္ၿပီး တိုက္ဆိုင္တာေနမွာပါေလလို႔ Roseanne ေတြးလိုက္ၿပီး Lisaကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္

Lisaကေတာ့ သူမကိုမၾကည့္ဘဲ စာဖတ္ေနေသာေၾကာင့္ Roseanneလည္း မႏႈတ္ဆက္ဘဲ Goeunေရွ႕ ဝင္ထိုင္လိုက္သည္

Goeunနဲ႕ စကားေျပာေနေပမယ့္လည္း Roseanne စိတ္ထဲမတင္မက် ျဖစ္ေနၿပီး ေနာက္ေက်ာ မလုံသလိုခံစားရသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co