Part 22
#unicode
idol အဖွဲ့ဝင်ဖြစ်တဲ့ A ဟာ သူမရဲ့ crazy fanဖြစ်သူ Bရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်
A ဖြစ်သူဟာ သူငယ်ချင်းဖြစ်သူနဲ့ စားသောက်ဆိုင်က ထွက်လာစဥ် Bက ရောက်လာပြီး လက်ထပ်ဖို့ပြောကြားကာ ဆွဲခေါ်သွားခြင်း ဖြစ်ပါတယ်
ဒါ့အပြင် Bက A ဖြစ်သူနဲ့ပတ်သက်ပြီး ရူးသွပ်နေတဲ့ လက်ထပ်ဖို့အကြောင်း ပြန်ပေးဆွဲမယ့်အကြောင်း အစရှိသည့် ခြိမ်းခြောက်စာတွေလည်း ပို့နေခဲ့သူဖြစ်ပါတယ်
Aရဲ့ Agencyကတော့ B ဖြစ်သူကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့တရားစွဲမည် ဖြစ်ကြောင်း ရဲစခန်းမှာ ပြောကြားအမှုဖွင့်ခဲ့ပါတယ်
Hyeri တစ်ယောက် သတင်းကိုကြည့်ရင်း ကျစ်ဆုတ်နေသည်မိသည်
"ကျစ်ကျစ်ကျစ်ကျစ် Idol တွေ ဘဝကလည်း ဒီလို Fanတွေကြောင့် သနားစရာကောင်းလိုက်တာ "
"အင်း ဟုတ်ပါ့ "
Roseanneလည်း ထမင်းသုပ်စားရင်း Hyeriပြောတာကို ထောက်ခံလိုက်သည်
"နင့်ရည်းစား Lisaလည်း နင့်ရည်းစားသာ ဖြစ်မလာရင် B. .. သူ့လိုမျိုး ဖြစ်လာမှာ "
"ဟယ် Unnie ကလည်း သူများချစ်သူကို စွပ်စွပ်စွဲစွဲနဲ့ "
"ဟုတ်တယ်လေ နင်သွားလေရာနေရာမှာ သူက ရှိနေတာ ဒါက ရူးသွပ်တဲ့ Fanတွေက သူတို့ idol နောက် လိုက် stalkနေတာမျိုးနဲ့ တူမနေဘူးလား "
Hyeri စကားကြောင့် Roseanne တွေဝေသွားသည်
ဟုတ် သည်....Lisaက သူမ သွားလေရာ နေရာတွေမှာ အကြောင်းအမျိုးမျိုးနဲ့ရှိနေတတ်သည်
Coffe လာသောက်တာ Roseanne
အဲ့ဟိုတယ်မှာ အလုပ်ကိစ္စကြောင့် အသိတစ်ယောက်နဲ့ လာတွေ့တာ Roseanne. ....
Bambaလေ ကျနော်ပြောပြဖူးတဲ့ ထိုင်းက ငယ်သူငယ်ချင်း သူနဲ့ အဲ့ coffeeဆိုင်မှာ တွေ့ဖို့ချိန်းထားတာ Roseanneလည်း အဲ့မှာ Goeun နဲ့ လာတွေ့တာလား ကျနော်တို့က စိတ်ချင်းဆက်နေတာထင်တယ်
Hyeri ပြောသလို stalkနေတာလား ဒါမှမဟုတ် တိုက်ဆိုင်နေတာများလား....ဘာဘဲဖြစ်ဖြစ် Lisaဘက်က တွေးတော့လည်း ငါ့လိုidolတစ်ယောက်နဲ့ Silent တွဲနေရတော့ စိတ်ပူစရာတွေရှိမှာဘဲလေ...ဒါကြောင့်မို့လို့ လိုက် stalkနေတာလည်းဖြစ်နိုင်ပါတယ်
Roseanne တွေးတောရင်း Lisa ဘက်ကနေ တွေးပေးနေမိလိုက်သည်
Lisa နင်ဘာလုပ်နေလည်း
Roseanne ရုတ်တရက် Lisaကို သတိရလို့ Lisaဆီ စာပို့လိုက်သည်
အင်း နင့် comeback mvကို ကြည့်နေတာ
Lisaရဲ့ replyကြောင့် Roseanne ကျေနပ်မိပြီး ပြုံးလိုက်မိသည်
ငါ နင့်ကို လွမ်းလို့ လာခေါ်ပါ့လား
ဘယ်သွားမလည်း
နင့်အိမ်....အိမ်မှာဘဲ Netflix ကြည့်ရအောင်
ကောင်းပြီလေ ငါလာခေါ်လိုက်မယ်
Roseanneလည်း စားလက်စကို ထားလိုက်ပြီး အခန်းထဲပြေးဝင်ပါ အဝတ်အစားလဲလိုက်သည်
"Roseanne ဘယ်သွားမလို့လည်း "
"Lisa အိမ်..... "
"သတင်းထောက်တွေကို သတိထားအုံး "
"Nae Unnie "
Hyeriကတော့ ဘယ်လိုမှ Roseanneကို တားမရသောကြောင့် ဘာမှဆက်မပြောဘဲ Roseanne စားထားတဲ့ပန်းကန်ကိုသာ ယူဆေးလိုက်သည်
"အရမ်းလွမ်းနေတာ ခုမှဘဲ တွေ့ရတော့တယ်......"
သူမရင်ခွင်ထဲကနေ ရုပ်ရှင်ကြည့်နေတဲ့ Roseanneကို Lisa ခပ်တင်းတင်းဖက်ထားပြီး ပြောလိုက်သည်
"ငါရောဘဲ ဒီရက်ပိုင်း comeback Promotion ကြောင့် အလုပ်များနေလို့ နင့်ကို အချိန်မပေးနိုင်တဲ့အတွက်တောင် အားနာမိနေတာ "
"အာ မလိုပါဘူး Roseanneရယ် ကိုယ့်ချစ်သူက idolကို နားလည်ပေးရမှာပေါ့ "
"အဲ့တာတွေကြောင့် နင့်ကို ပိုချစ်နေရတာ "
Lisaရဲ့ နှုတ်ခမ်းကို Roseanne မော့နမ်းပြီး ပြောလိုက်သည်
"ပင်ပန်းနေမှာပေါ့ လာ နှိပ်ပေးမယ် "
Lisa ဆောင့်ကြောင့်ထိုင်လိုက်ပြီး Roseanneရဲ့ ပခုံးကိုနှိပ်ပေးနေသည်
"နင့်တစ်အိမ်လုံးမှာလည်း ငါ့ပုံတွေချည်းဘဲ တစ်ခါတစ်ခါ ကိုယ့်ပုံကိုယ်ကြည့်ပြီး လန့်တောင်လန့်တယ် "
"ကိုယ်က Roseanneရဲ့ Biggest fanလေ.....Roseanneနဲ့ ပတ်သက်သမျှအကုန်စုဆောင်းထားတာ.....Roseanne ကိုယ့်ကိုမသိခင်ကတည်းက Roseanne နဲ့မတွေ့ခင်ကတည်းက တစ်ဖက်သတ်ချစ်လာခဲ့တာလေ...."
"အဲ့လောက်တောင်ချစ်တာလား "
"Roseanne ထင်ထားတာထက်ပိုချစ်တယ် "
"အင်း ငါလည်း နင့်ကိုချစ်တယ် ဒါကြောင့်မို့လို့ စိတ်မပူနဲ့ သိလားပြောချင်တာသိတယ်မလား ဘဲပေါက်လေး '
Lisaရဲ့ နှာခေါင်းလေးကို ဆွဲညှစ်ပြီး ပြောလိုက်သည်
"အင်းပါ သိပါတယ်....."
"ဒီည မပြန်တော့ဘူး ဒီမှာဘဲ အိပ်တော့မယ် မနက်စောစောမှ ပြန်လိုက်ပို့ပေး "
"အယ် '
"ဘာ အယ်လည်း နင်နဲ့ အိပ်ချင်လို့လေ ဘာလည်း နင်က ငါနဲ့ မအိပ်ချင်ဘူးလား Lisa "
"အာ အဲ့လိုမဟုတ်ပါဘူး အိပ် အိပ်ကြတာပေါ့ "
Lisa တစ်ယောက် Roseanneနဲ့ အတူတူတစ်ကုတင်တည်း အိပ်ရမည်ဖြစ်သောကြောင့် ရင်တွေတုန်နေသည်
"ညတော့ ငါအိပ်ပျော်မယ်မထင်ဘူး Lisa "
"ဘာလို့လည်း "
"တစ်ခန်းလုံး ငါ့ပုံတွေချည်းဘဲကို အဲ့ပုံတွေနဲ့ အကြည့်ချင်းဆုံတာ ခဏခဏဘဲ နင်မကြောက်ဘူးလား Lisa"
"ဟင့်အင်း မကြောက်ပါဘူး Roseanne နဲ့ ရည်းစား မဖြစ်ခင်က ဒီပုံလေးတွေကိုဘဲ နမ်းနေခဲ့ရတာ အခုတော့ Roseanneရဲ့ ပါးဖောင်းလေးကို ကိုယ်တိုင်နမ်းခွင့်ရခဲ့ပြီလေ "
Lisa ပြောပြီး သူမလက်မောင်းပေါ် အိပ်နေတဲ့ Roseanneရဲ့ ပါးလေးကို နမ်းလိုက်သည်
Hyeri အိမ်ရှေ့က ကားရပ်သံကြောင့် ခေါင်းနပန်းကြီးသွားသလိုခံစားရသည်
Lisaက Roseanneကို ဆိုင်ကယ်နဲ့ ပြန်ပို့နေကြလေ ပြီးတော့ Roseanneကလည်း ခုနကမှ Lisaဆီမှာ အိပ်မယ်လို့ စာပို့ထားတာ....
ကားပေါ်က ဆင်းလာတဲ့ Jisooကိုလည်း မြင်ရော Hyeri အငွေ့ပျံပြီး ပျောက်သွားချင်စိတ်များဖြစ်လာသည်
"ကယ်ကြပါ CEO မေးတာကို ငါဘယ်လိုဖြေရမလည်း "
Hyeriလည်း ကြောက်ကြောက်နဲ့ အိမ်တံခါးသွားဖွင့်လိုက်သည်
"CEO နောက်ကျနေပြီကို "
"အင်း ဒီဘက် ပွဲလာတက် ရင်း လမ်းကြုံလို့ မုန့်ဝယ်လာတာ Roseanneနဲ့အတူတူစားပေါ့ အခုတလော comebackကြောင့် Hyeriလည်း ပိုပင်ပန်းရမှာပေါ့ "
"ဟုတ် CEO ကျေးဇူးတင်ပါတယ် "
Jisooလည်း Hyeriကို မုန့်ထုပ်ပေးရင်း အိမ်ထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်
"Roseanne ရော "
သေပြီ ငါဘယ်လိုဖြေရမလည်း Lisa အိမ်သွားအိပ်တယ်လို့ ပြောရမှာလား ဒုက္ခပဲ
"ဟို Roseanneက အပြင်ခဏသွားတယ် "
"Aww Lisaဆိုတဲ့ တစ်ယောက်နဲ့ သွားတွေ့တာလား "
Jisooကပြောတော့ Hyeriတစ်ယောက် ဘာဖြေရမှန်းမသိဖြစ်သွားတယ်
"ဖြေရခက်ရင် မဖြေပါနဲ့ Roseanneလည်း အပြင်ကနေ စားလာမှာဘဲ ဒီမုန့်တွေကို နင်ဘဲ စားလိုက်တော့ Hyeri "
Jisooပြောပြီး ကားပေါ်သို့တက်သွားကာ ကားစက်နှိုးပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားသည်
#tbc
#zawgyi
"အင်း ဟုတ်ပါ့ "
Lisa နင်ဘာလုပ်နေလည်း
ဘယ်သွားမလည်း
"Lisa အိမ်..... "
"Nae Unnie "
"အင်းပါ သိပါတယ်....."
"အယ် '
"ဘာလို့လည်း "
"CEO နောက်ကျနေပြီကို "
"Roseanne ရော "
#tbc
Bạn đang đọc truyện trên: Truyen3h.Co