Part 5
#unicode
တီး တောင်!
တံခါး bell သံကြောင့် Roseanne ရုပ်ရှင်ကြည့်နေရာက တံခါးသွားဖွင့်ပေးတော့ ပန်းခြင်းနဲ့အတူရပ်နေတဲ့ Delivery ကောင်လေးတစ်ယောက်ကို တွေ့ရသည်
"Roseanne ဆိုတဲ့ အမလားဗျာ့ "
"ဟုတ်ပါတယ် ကျွန်မက Roseanne ပါ "
"ဟုတ် ဒီပန်းစည်းလေးပို့ခိုင်းလို့ လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါအုံးဗျာ့ "
Delivery သမားပေးတဲ့ ပန်းစည်းလေးကို Roseanne အူကြောင်ကြောင်နဲ့ ယူလိုက်ပြီး စာရွက်လေးတွင် လက်မှတ်ထိုးပေးလိုက်သည်
Delivery သမား ထွက်သွားတော့ Roseanne အိမ်တံခါး ပိတ်ပြီး ပန်းစည်းလေးကို ယူကာ အခန်းထဲသို့ ဝင်သွားသည်
ပန်းစည်းထဲမှာပါတဲ့ စာရွက်လေးကို Roseanne ထုတ်ကြည့်ပြီး ဖတ်လိုက်သည်
ချစ်ရတဲ့ ပန်းကလေးရေ,
ဒီနေ့ကတော့ Roseanneကို ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ တစ်ပတ်ပြည့်သွားပြီ သိလား...တစ်ပတ်ပြည့်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ငါ နှင်းဆီပန်းစည်းလေး လက်ဆောင်ပို့ပေးလိုက်တာ ချစ်တယ်နော် Roseanne "
ဘယ်သူလည်းဆိုတာ ထည့်မရေးထားပေမယ့် အရေးအသားဖတ်ကြည့်တာနဲ့ Jennieဆီကမှန်း Roseanne သိနေတယ်လေ
နှင်းဆီပန်းစည်းလေးကို အနမ်းတွေ ပေးရင်း Roseanne ပြုံးလိုက်မိသည်
Message ဝင်လာသံကြားလို့ Roseanne ဖုန်းကို ဖွင့်ကြည့်တော့ Jennieဆီက Messageဖြစ်နေသည်
"Good Morning Roseanne. ...ပန်းစည်းလေး ရောက်ပြီထင်တယ် sorryနော် တကယ်ဆို ကိုယ်တိုင်လာပို့ချင်တာ Daddyက သူ့အစား Event တစ်ခု တက်ခိုင်းလို့ သွားတက်နေရတာ ပန်းစည်းလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ် ပြီးတော့ Roseanneကို ချစ်တယ်နော် "
Jennie ပို့ထားတဲ့ စာကိုဖတ်ပြီးနောက် Roseanne တစ်ခုခုကို သေချာစဥ်းစားနေသည်
စင်ပေါ်မှာ cat walkလျှောက်နေတဲ့ Modelတွေကို Jennie ကြည့်နေပေမယ့် စိတ်ကတော့ Roseanneဆီမှာ ရောက်နေသည်
တကယ်ဆို အခုချိန် Roseanneကို မနက်စာစားဖို့ ခေါ်သွားပြီး အဖြေတောင်းဖို့ Jennie စဥ်းစားထားတာ သူမအဖေကြောင့် စဥ်းစားထားတာတွေ စီစဥ်ထားတာတွေ ပျက်ကုန်သည်
"Ash ဒီဟာကြီးကလည်း ဘယ်ချိန်ပြီးမယ်မသိဘူး Daddy ကလည်း သူ့သူငယ်ချင်း event မို့ အကြာကြီးနေပေးဖို့ ပြောထားတော့ ထွက်သွားလို့လည်းမရ စိတ်ညစ်လိုက်တာ "
Jennie သက်ပြင်းချလိုက်တုံး message ဝင်လာတဲ့အသံကြောင့် အိတ်ထဲက ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်
Roseanneဆီက messageလည်း မြင်ရော Jennie စိတ်ညစ်နေတာတွေ ပျောက်ပြီး ပြုံးမိသွားသည်
"ဒီနေ့ ညနေ ငါးနာရီလောက် ဟန်မြစ်ဘက်ကို လာခဲ့ပါလား Jennieကို ပြောစရာရှိလို့ ...ဟိုတစ်ခါ တွေ့ခဲ့တဲ့နေရာလေးမှာ စောင့်နေမယ် "
Roseanne ပို့တဲ့ စာကို ဖတ်ပြီး စူပုပ်နေတဲ့Jennie တစ်ယောက် မုန့်ရသွားတဲ့ ကလေးငယ်လေးလို မျက်နှာတွင် အပြုံးတွေပေါ်ထွက်လာသည်
"အား Roseanne ငါ့ကို အဖြေပေးတော့မှာလားမသိဘူး ရင်တွေခုန်လိုက်တာ ညနေအမြန်ရောက်ပါတော့...."
Jennie Eventကနေ အိမ်ကို ပြန်ရောက်ပြီး ရေချိုးအနားယူပြီးနောက် နာရီကိုကြည့်ရင်း စိတ်လှုပ်ရှားနေသည်
လေးနာရီလည်းထိုးရော Jennie ကားသော့ကို ယူပြီး အိမ်ကနေ အမြန်ထွက်လာသည်
ဟန်မြစ်ဘက်ကို Roseanne ကာဗာဆိုထားတဲ့ သီချင်းတွေ နားထောင်လိုက်ညည်းရင်း Jennie ကားမောင်းထွက်လာသည်
တစ်လောက Roseanne နဲ့ တွေ့ခဲ့တဲ့ နေရာကိုရောက်တော့ Hoodie ခေါင်းစွပ်ပန်းရောင်လေးဝတ်ထားပြီး ထိုင်နေတဲ့ Roseanneကို Jennie တွေ့လိုက်ရသည်
"Roseanne ရောက်နေတာကြာပြီလား Sorry ပါနော် လမ်းမှာ ကားနည်းနည်းပိတ်နေလို့ "
Roseanne ထိုင်နေတဲ့ဘေးနား ဝင်ထိုင်ပြီး Jennie တောင်းပန်စကားဆိုလိုက်သည်
"အာ ရပါတယ် မကြာသေးဘူး ခုမှရောက်တာရယ် "
"ဟုတ်....."
Roseanne သူမဘေးနားက အိတ်အမည်းထဲကနေ အချိုရည်နှစ်ဗူးယူကာ Jennie ကို ပေးလိုက်သည်
"အကောင်းစားစားသောက်ဆိုင်က အအေးမတိုက်နိုင်လို့ Jennie ကိုတော့ အားနာပါတယ် "
"အာ မဟုတ်တာ....ရပါတယ် Roseanneရယ်...Roseanne ကျွေးသမျှက ဘာနေနေ ငါ့အတွက် တန်ဖိုးရှိပါတယ်.....အာ ဒါနဲ့ အခု Roseanneက ငါ့ကို အအေးပြန်တိုက်ချင်လို့ ခေါ်တာလားဟင် "
Jennie မျက်နှာငယ်လေးနဲ့မေးတော့ Roseanne ခေါင်းညိတ်ပြသည်
"ဟင်...တခြား ဘာအကြောင်းမှ မပြောချင်ဘူးပေါ့ "
မျက်နှာငယ်လေးနဲ့ထပ်မေးနေတဲ့ Jennieကို Roseanne စချင်လာသောကြောင့် ခေါင်းထပ်ညိတ်ပြလိုက်ပြန်သည်
"အော်....အင်းပါ Roseanneရဲ့ သဘောပါ "
ဝမ်းနည်းသွားတဲ့ Jennie ရဲ့ မျက်နှာလေးကို Roseanne ထပ်ပြီး မကြည့်ရက်တော့ပေ ထို့ကြောင့်....
"စတာပါ Jennie ရယ်....အအေးလေး တိုက်ဖို့ တို့က ဒီထိလာဖို့ခေါ်ပါ့မလား ပြောစရာရှိလို့ ခေါ်တာ "
Roseanneရဲ့ စကားကြောင့် Jennie ဝမ်းနည်းနေရာကနေ မျှော်လင့်ချက်လေး ဝင်လာသည်
"ဟုတ် Roseanne ငါ့ကို ဘာပြောမလို့လည်းဟင် "
"Jennieက တို့ကို တကယ်ချစ်တာမလား "
"ဒါပေါ့ Roseanneကို ငါ တကယ်ချစ်တာပါ "
"တို့လည်း Jennieကို စိတ်ဝင်စားနေမိတယ်....ဒါကြောင့်မို့ Jennie လိုချင်တဲ့ အဖြေလေး ပေးဖို့ လှမ်းခေါ်လိုက်တာပါ "
"ဒါဆို...."
"အွန်း တို့လည်း Jennieကို ချစ်မိနေပြီ....."
Jennieမှာ Roseanneရဲ့ စကားကြောင့် အရမ်းပျော်သွားပြီး Roseanne ကို ဖက်လိုက်သည်
နေဝင်ချိန်ကို Jennieတို့ အတူကြည့်ရင်း Roseanneကို Jennie ဘယ်လောက်သဘောကျခဲ့ကြောင်း မမောနိုင်မပန်းနိုင်ပြောပြနေသည်
"ကဲ ရှင်းပါအုံး John.... Moonရဲ့ မန်နေဂျာအဖြစ် ရှင့်ကို ခန့်ထားတာ ဒီလိုစောက်ပြဿနာတွေ ထွက်မလာအောင် တားဖို့ ခန့်ထားတာနော်.... ရှင် အလုပ်ကို ဘယ်လိုလုပ်နေတာလည်း "
KJ Entertainment မှ CEO ဖြစ်တဲ့ အမျိုးသမီးတစ်ဦးသည် သူမရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေသည့် အမျိုးသားတစ်ဦး၏ မျက်နှာသို့ သတင်းစာနဲ့ ပစ်ပေါက်လေသည်
"ကျွန်တော် တောင်းပန်ပါတယ် CEO. ..ကျွန်တော် မသိလိုက်လို့ပါ "
"မသိလိုက်လို့ ဟုတ်လား ရှင်က သူ့အနားမှာ မရှိဘဲ ဘယ်အလေလိုက်နေလို့ ဒီကိစ္စတွေဖြစ်သွားတာကို မသိရတာလည်း....ခုကိစ္စကြောင့် ကျွန်မတို့ entertainment ဘယ်လောက်တောင် နာမည်ကျသွားမလည်း...."
"တောင်းပန်ပါတယ် CEO... '
"တောင်းပန်တယ်ဆိုတဲ့ စကားနဲ့ အားလုံးဖြေရှင်းနိုင်မှာ မဟုတ်ဘူး ရှင် ထွက်သွားတော့....အော် မသွားခင် ငွေစာရင်းဌာနကနေ ရှင့်ရဲ့ လစာသုံးလစာပါ ယူသွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့ နော် "
CEO အမျိုးသမီးမှာ ပြောပြီးနောက် Johnကို ကျောပေးကာ တစ်ဖက်သို့ လှည့်လိုက်သည်
CEOဘေးနားက အတွင်းရေးမှူးမှာလည်း Johnကို ရုံးခန်းထဲကနေ ဆွဲထုတ်လိုက်သည်
"Trouble Maker Moonနဲ့ စာချုပ်သက်တမ်း ဘယ်နေ့ကုန်မှာလည်း "
"နောက်လဆို ကုန်ပါပြီ CEO "
"သူ့ကို ဖြုတ်ပြီး နောက်ထပ် Artist ရှာထားပေးပါ "
"အခုတလော အွန်လိုင်းမှာ Cover Songတွေဆိုရင်း နာမည်ရနေတဲ့ ကောင်မလေးတော့ရှိတယ် သူ့ကို မြေတောင်မြှောက်ပေးရင် အဆင်ပြေနိုင်ပါတယ် CEO "
"ကောင်းပြီ အဲ့ကောင်မလေးရဲ့ အကြောင်း စုံစမ်းပေးပြီး သူဆိုထားတဲ့ cover songတွေ ငါ့ဆီ mailပို့ပေးပါ မင်းလည်း ရုံးဆင်းလို့ရပြီ "
CEOမှာ ပြောပြီး သူမရဲ့ အိတ်ကို ယူကာ Entertainment က ထွက်လာခဲ့သည်
#Tbc
#zawgyi
တီး ေတာင္!
တံခါး bell သံေၾကာင့္ Roseanne ႐ုပ္ရွင္ၾကည့္ေနရာက တံခါးသြားဖြင့္ေပးေတာ့ ပန္းျခင္းနဲ႕အတူရပ္ေနတဲ့ Delivery ေကာင္ေလးတစ္ေယာက္ကို ေတြ႕ရသည္
"Roseanne ဆိုတဲ့ အမလားဗ်ာ့ "
"ဟုတ္ပါတယ္ ကြၽန္မက Roseanne ပါ "
"ဟုတ္ ဒီပန္းစည္းေလးပို႔ခိုင္းလို႔ လက္ခံရရွိေၾကာင္း လက္မွတ္ထိုးေပးပါအုံးဗ်ာ့ "
Delivery သမားေပးတဲ့ ပန္းစည္းေလးကို Roseanne အူေၾကာင္ေၾကာင္နဲ႕ ယူလိုက္ၿပီး စာ႐ြက္ေလးတြင္ လက္မွတ္ထိုးေပးလိုက္သည္
Delivery သမား ထြက္သြားေတာ့ Roseanne အိမ္တံခါး ပိတ္ၿပီး ပန္းစည္းေလးကို ယူကာ အခန္းထဲသို႔ ဝင္သြားသည္
ပန္းစည္းထဲမွာပါတဲ့ စာ႐ြက္ေလးကို Roseanne ထုတ္ၾကည့္ၿပီး ဖတ္လိုက္သည္
ခ်စ္ရတဲ့ ပန္းကေလးေရ,
ဒီေန႕ကေတာ့ Roseanneကို ခ်စ္တယ္လို႔ ဖြင့္ေျပာခဲ့တာ တစ္ပတ္ျပည့္သြားၿပီ သိလား...တစ္ပတ္ျပည့္သြားတဲ့ အထိမ္းအမွတ္အေနနဲ႕ ငါ ႏွင္းဆီပန္းစည္းေလး လက္ေဆာင္ပို႔ေပးလိုက္တာ ခ်စ္တယ္ေနာ္ Roseanne "
ဘယ္သူလည္းဆိုတာ ထည့္မေရးထားေပမယ့္ အေရးအသားဖတ္ၾကည့္တာနဲ႕ Jennieဆီကမွန္း Roseanne သိေနတယ္ေလ
ႏွင္းဆီပန္းစည္းေလးကို အနမ္းေတြ ေပးရင္း Roseanne ၿပဳံးလိုက္မိသည္
Message ဝင္လာသံၾကားလို႔ Roseanne ဖုန္းကို ဖြင့္ၾကည့္ေတာ့ Jennieဆီက Messageျဖစ္ေနသည္
"Good Morning Roseanne. ...ပန္းစည္းေလး ေရာက္ၿပီထင္တယ္ sorryေနာ္ တကယ္ဆို ကိုယ္တိုင္လာပို႔ခ်င္တာ Daddyက သူ႕အစား Event တစ္ခု တက္ခိုင္းလို႔ သြားတက္ေနရတာ ပန္းစည္းေလးကို သေဘာက်မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ၿပီးေတာ့ Roseanneကို ခ်စ္တယ္ေနာ္ "
Jennie ပို႔ထားတဲ့ စာကိုဖတ္ၿပီးေနာက္ Roseanne တစ္ခုခုကို ေသခ်ာစဥ္းစားေနသည္
စင္ေပၚမွာ cat walkေလွ်ာက္ေနတဲ့ Modelေတြကို Jennie ၾကည့္ေနေပမယ့္ စိတ္ကေတာ့ Roseanneဆီမွာ ေရာက္ေနသည္
တကယ္ဆို အခုခ်ိန္ Roseanneကို မနက္စာစားဖို႔ ေခၚသြားၿပီး အေျဖေတာင္းဖို႔ Jennie စဥ္းစားထားတာ သူမအေဖေၾကာင့္ စဥ္းစားထားတာေတြ စီစဥ္ထားတာေတြ ပ်က္ကုန္သည္
"Ash ဒီဟာႀကီးကလည္း ဘယ္ခ်ိန္ၿပီးမယ္မသိဘူး Daddy ကလည္း သူ႕သူငယ္ခ်င္း event မို႔ အၾကာႀကီးေနေပးဖို႔ ေျပာထားေတာ့ ထြက္သြားလို႔လည္းမရ စိတ္ညစ္လိုက္တာ "
Jennie သက္ျပင္းခ်လိဳက္တုံး message ဝင္လာတဲ့အသံေၾကာင့္ အိတ္ထဲက ဖုန္းကို ထုတ္ကာ ၾကည့္လိုက္သည္
Roseanneဆီက messageလည္း ျမင္ေရာ Jennie စိတ္ညစ္ေနတာေတြ ေပ်ာက္ၿပီး ၿပဳံးမိသြားသည္
"ဒီေန႕ ညေန ငါးနာရီေလာက္ ဟန္ျမစ္ဘက္ကို လာခဲ့ပါလား Jennieကို ေျပာစရာရွိလို႔ ...ဟိုတစ္ခါ ေတြ႕ခဲ့တဲ့ေနရာေလးမွာ ေစာင့္ေနမယ္ "
Roseanne ပို႔တဲ့ စာကို ဖတ္ၿပီး စူပုပ္ေနတဲ့Jennie တစ္ေယာက္ မုန့္ရသြားတဲ့ ကေလးငယ္ေလးလို မ်က္ႏွာတြင္ အၿပဳံးေတြေပၚထြက္လာသည္
"အား Roseanne ငါ့ကို အေျဖေပးေတာ့မွာလားမသိဘူး ရင္ေတြခုန္လိုက္တာ ညေနအျမန္ေရာက္ပါေတာ့...."
Jennie Eventကေန အိမ္ကို ျပန္ေရာက္ၿပီး ေရခ်ိဳးအနားယူၿပီးေနာက္ နာရီကိုၾကည့္ရင္း စိတ္လႈပ္ရွားေနသည္
ေလးနာရီလည္းထိုးေရာ Jennie ကားေသာ့ကို ယူၿပီး အိမ္ကေန အျမန္ထြက္လာသည္
ဟန္ျမစ္ဘက္ကို Roseanne ကာဗာဆိုထားတဲ့ သီခ်င္းေတြ နားေထာင္လိုက္ညည္းရင္း Jennie ကားေမာင္းထြက္လာသည္
တစ္ေလာက Roseanne နဲ႕ ေတြ႕ခဲ့တဲ့ ေနရာကိုေရာက္ေတာ့ Hoodie ေခါင္းစြပ္ပန္းေရာင္ေလးဝတ္ထားၿပီး ထိုင္ေနတဲ့ Roseanneကို Jennie ေတြ႕လိုက္ရသည္
"Roseanne ေရာက္ေနတာၾကာၿပီလား Sorry ပါေနာ္ လမ္းမွာ ကားနည္းနည္းပိတ္ေနလို႔ "
Roseanne ထိုင္ေနတဲ့ေဘးနား ဝင္ထိုင္ၿပီး Jennie ေတာင္းပန္စကားဆိုလိုက္သည္
"အာ ရပါတယ္ မၾကာေသးဘူး ခုမွေရာက္တာရယ္ "
"ဟုတ္....."
Roseanne သူမေဘးနားက အိတ္အမည္းထဲကေန အခ်ိဳရည္ႏွစ္ဗူးယူကာ Jennie ကို ေပးလိုက္သည္
"အေကာင္းစားစားေသာက္ဆိုင္က အေအးမတိုက္နိုင္လို႔ Jennie ကိုေတာ့ အားနာပါတယ္ "
"အာ မဟုတ္တာ....ရပါတယ္ Roseanneရယ္...Roseanne ေကြၽးသမွ်က ဘာေနေန ငါ့အတြက္ တန္ဖိုးရွိပါတယ္.....အာ ဒါနဲ႕ အခု Roseanneက ငါ့ကို အေအးျပန္တိုက္ခ်င္လို႔ ေခၚတာလားဟင္ "
Jennie မ်က္ႏွာငယ္ေလးနဲ႕ေမးေတာ့ Roseanne ေခါင္းညိတ္ျပသည္
"ဟင္...တျခား ဘာအေၾကာင္းမွ မေျပာခ်င္ဘူးေပါ့ "
မ်က္ႏွာငယ္ေလးနဲ႕ထပ္ေမးေနတဲ့ Jennieကို Roseanne စခ်င္လာေသာေၾကာင့္ ေခါင္းထပ္ညိတ္ျပလိုက္ျပန္သည္
"ေအာ္....အင္းပါ Roseanneရဲ႕ သေဘာပါ "
ဝမ္းနည္းသြားတဲ့ Jennie ရဲ႕ မ်က္ႏွာေလးကို Roseanne ထပ္ၿပီး မၾကည့္ရက္ေတာ့ေပ ထို႔ေၾကာင့္....
"စတာပါ Jennie ရယ္....အေအးေလး တိုက္ဖို႔ တို႔က ဒီထိလာဖို႔ေခၚပါ့မလား ေျပာစရာရွိလို႔ ေခၚတာ "
Roseanneရဲ႕ စကားေၾကာင့္ Jennie ဝမ္းနည္းေနရာကေန ေမွ်ာ္လင့္ခ်က္ေလး ဝင္လာသည္
"ဟုတ္ Roseanne ငါ့ကို ဘာေျပာမလို႔လည္းဟင္ "
"Jennieက တို႔ကို တကယ္ခ်စ္တာမလား "
"ဒါေပါ့ Roseanneကို ငါ တကယ္ခ်စ္တာပါ "
"တို႔လည္း Jennieကို စိတ္ဝင္စားေနမိတယ္....ဒါေၾကာင့္မို႔ Jennie လိုခ်င္တဲ့ အေျဖေလး ေပးဖို႔ လွမ္းေခၚလိုက္တာပါ "
"ဒါဆို...."
"အြန္း တို႔လည္း Jennieကို ခ်စ္မိေနၿပီ....."
Jennieမွာ Roseanneရဲ႕ စကားေၾကာင့္ အရမ္းေပ်ာ္သြားၿပီး Roseanne ကို ဖက္လိုက္သည္
ေနဝင္ခ်ိန္ကို Jennieတို႔ အတူၾကည့္ရင္း Roseanneကို Jennie ဘယ္ေလာက္သေဘာက်ခဲ့ေၾကာင္း မေမာနိုင္မပန္းနိုင္ေျပာျပေနသည္
"ကဲ ရွင္းပါအုံး John.... Moonရဲ႕ မန္ေနဂ်ာအျဖစ္ ရွင့္ကို ခန့္ထားတာ ဒီလိုေစာက္ျပႆနာေတြ ထြက္မလာေအာင္ တားဖို႔ ခန့္ထားတာေနာ္.... ရွင္ အလုပ္ကို ဘယ္လိုလုပ္ေနတာလည္း "
KJ Entertainment မွ CEO ျဖစ္တဲ့ အမ်ိဳးသမီးတစ္ဦးသည္ သူမေရွ႕တြင္ ေခါင္းငုံ႕ကာ ရပ္ေနသည့္ အမ်ိဳးသားတစ္ဦး၏ မ်က္ႏွာသို႔ သတင္းစာနဲ႕ ပစ္ေပါက္ေလသည္
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ CEO. ..ကြၽန္ေတာ္ မသိလိုက္လို႔ပါ "
"မသိလိုက္လို႔ ဟုတ္လား ရွင္က သူ႕အနားမွာ မရွိဘဲ ဘယ္အေလလိုက္ေနလို႔ ဒီကိစၥေတြျဖစ္သြားတာကို မသိရတာလည္း....ခုကိစၥေၾကာင့္ ကြၽန္မတို႔ entertainment ဘယ္ေလာက္ေတာင္ နာမည္က်သြားမလည္း...."
"ေတာင္းပန္ပါတယ္ CEO... '
"ေတာင္းပန္တယ္ဆိုတဲ့ စကားနဲ႕ အားလုံးေျဖရွင္းနိုင္မွာ မဟုတ္ဘူး ရွင္ ထြက္သြားေတာ့....ေအာ္ မသြားခင္ ေငြစာရင္းဌာနကေန ရွင့္ရဲ႕ လစာသုံးလစာပါ ယူသြားၿပီး ဘယ္ေတာ့မွ ျပန္မလာနဲ႕ေတာ့ ေနာ္ "
CEO အမ်ိဳးသမီးမွာ ေျပာၿပီးေနာက္ Johnကို ေက်ာေပးကာ တစ္ဖက္သို႔ လွည့္လိုက္သည္
CEOေဘးနားက အတြင္းေရးမႉးမွာလည္း Johnကို ႐ုံးခန္းထဲကေန ဆြဲထုတ္လိုက္သည္
"Trouble Maker Moonနဲ႕ စာခ်ဳပ္သက္တမ္း ဘယ္ေန႕ကုန္မွာလည္း "
"ေနာက္လဆို ကုန္ပါၿပီ CEO "
"သူ႕ကို ျဖဳတ္ၿပီး ေနာက္ထပ္ Artist ရွာထားေပးပါ "
"အခုတေလာ အြန္လိုင္းမွာ Cover Songေတြဆိုရင္း နာမည္ရေနတဲ့ ေကာင္မေလးေတာ့ရွိတယ္ သူ႕ကို ေျမေတာင္ျမႇောက္ေပးရင္ အဆင္ေျပနိုင္ပါတယ္ CEO "
"ေကာင္းၿပီ အဲ့ေကာင္မေလးရဲ႕ အေၾကာင္း စုံစမ္းေပးၿပီး သူဆိုထားတဲ့ cover songေတြ ငါ့ဆီ mailပို႔ေပးပါ မင္းလည္း ႐ုံးဆင္းလို႔ရၿပီ "
CEOမွာ ေျပာၿပီး သူမရဲ႕ အိတ္ကို ယူကာ Entertainment က ထြက္လာခဲ့သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co